Saturday, 14 April 2012
Tuesday, 27 March 2012
ကျေးဇူးအတင်ခံချင်ပေမဲ့ ဒို့ ကတော့မတင်နိုင်သေးပါ
တသက်နှစ်ကျွန်းပြန် အတီးမန်းငြိမ်းမောင်ကို ဗမာကြံ့ ဖွတ်အစိုးရ ငြိမ်းကိုယ်စားလှယ်တွေက .. မိခင်ကေအင်န်ယူအဖွဲ့ ထံကို ပြန်လည်အပ်နှံခဲ့ပါပြီ။ တီးမန်းငြိမ်း မပြန်လွတ်ခင်ကတည်းက ဗမာစစ်ဗိုလ်ချုပ်တွေ ဒီလိုမျိုးဇာတ်ညွှန်းရေးမယ်ဆိုတာ လူအများကြိုတင်ခန့် မှန်းပြီးသားပါ။
အမှန်တော့ ဒီလိုဇာတ်ညွှန်းတွေဟာ ရိုးနေပြီးလို့ ပြောရမှာပါ။ တီးမန်းငြိမ်းကို သူတို့ လက်ထဲရောက် တာနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအမျိုးမျိုးညှင်းဆဲ သူတို့ လိုချင်တဲ့အချက်၊ ပွိုင့်ကို ရအောင်စစ်ဆေး အကွက်ဆင်ယူ၊ အပေးအယူလုပ် တကယ်ပိုင်နိုင်ပြီးလို့ မှတ်ယူပြီးမှ ဒီလိုမျိုးပြန်လွတ်ပေးလိုက်တာပါ။
တရားစီရင်အမိန့် ချတဲ့သူက အမြင့်ဆုံးပြစ်ဒဏ်ချပြလိုက် ပြီးမှ ဇာတ်လိုက်မင်းသား ရုပ်သေးသမ္မတ သိန်းစိန်က မိမိမှာ သမ္မတပါဝါအပြည့်ရှိကြောင်း ပြသလိုတဲ့အနေနဲ့  သဘောထားကြီးကြီးနဲ့  တရားခံကို ကွင်းလုံးကျွတ်ပြန်လွတ်ပေးလိုက် ကျေးဇူးကုဋေကဋာအတင်ခံ...ဒါဘဲ... တကယ်တော့ ဒီလိုမျိုး ဖမ်းဆီးတာ၊ ပြစ်ဒဏ်ချတာ၊ ညှင်းဆဲတာ၊ ပြန်လွတ်တာတွေဟာ ဇာတ်ညွှန်းဆရာတယောက်ဖြစ်တဲ့ ကန့် လန့် ကါနောက်ကို ၀င်ပုန်းနေတဲ့ ဗမာစစ်အာဏာရှင် မုဒိမ်းစစ်တပ်ခေါင်းဆောင် ကောက်ကျစ် ယုတ်မာကောင် သန်းရွှေက ရေးဆွဲထားတာဖြစ်ပါတယ်။ မသိရင်တော့ ဒီသမ္မတက လုပ်ပိုင်ခွင့်အပြည့်ရှိ တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တကယ်ဖေါ်ဆောင်နေတယ်လို့ ထင်မှတ်နိုင်ပါတယ်။
အတီးမန်းငြိမ်းကို ကေအင်န်ယူနဲ့ ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ဇန္န၀ါရီလက ဘားအံမြို့ အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးကတည်းက ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပြန်လွတ်ပေးမယ်ဆိုပေမဲ့ တရားရုံးအကြိမ်ကြိမ်တက်ပြီးမှ အခုလိုမျိုး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့် နဲ့ ပြန်လွတ်ပြလိုက်တာပါ ......ဒီလိုမျိုးလုပ်ဆောင်တာဟာ ရန်သူဟာ ကေအင်န်ယူကို စိတ်ဓါတ်စစ်ဆင်ရေးအရ အရင်သွေးတိုးစမ်းလိုက်တဲ့သဘောပါဘဲ။ အရင်ညစ်ကြည့်တယ်.အရေထွက်
လာမလား..ဘယ်လိုပြန်တုံ့ ပြန်လာမလဲပေါ့..
အတီးမန်းငြိမ်းကို ထောင်ထဲကနေ သွားခေါ်ထုတ်ပြီး နေပြည်တော်အထိခေါ်သွားတာလဲ လူတယောက် ကို ခြေတွေ၊လက်တွေ ချည်ပြီးတုတ်ပြီးမှ စကားပြောတဲ့သဘော သက်ရောက်တဲ့အတွက် တရားမျှတ တဲ့ ပြောဆိုနွေးမှုမျိုးလို့ ဆိုလို့ မရပါဘူး။ ဒါအထက်စီးကနေ ဆက်ဆံတာဘဲ။
အတီးမန်းငြိမ်းပြန်လည်လွတ်မြောက်လာတာကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေအပါအ ၀င် ပြည်သူ အများက ၀မ်းသာတယ် ကြိုဆိုတယ်လို့ ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် လွတ်ပေးသူ ဗမာစစ်အာဏာရှင် ကို ကျေးဇူးတင်တယ်လို့  ထုတ်ဖေါ်ပြောကြတယ်။ ဒါဟာလည်းလဲ နိုင်ငံရေးအရသံခင်းတမံခင်း စကား
အရ``ကျေးဇူးတင်တယ်`` ဆိုတဲ့စကားကို ပြောဆိုရတာဖြစ်တယ်လို့ နားလည်မိတယ်။ တကယ်တမ်း ကျတော့ ဒီကောက်ကျစ်ယုတ်မာတဲ့ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ ပြော
ဆိုဖို့ အလွန်စောနေသေးသလို သူတို့ နဲ့ ထိုက်တန်တဲ့စကားမလည်းမဟုတ်ပါဘူး။
နိုင်ငံကို မတရားအာဏာသိမ်းယူ၊ သူတို့ နဲ့ ဆန့် ကျင်ဘက်လူတွေကို မတရားဖမ်းဆီးထောင်ဒဏ်နှစ်
ရှည်ချ၊ မသေမချင်းညှင်းဆဲ၊ သေတဲ့သူကသေ၊ မသေတဲ့သူတွေကိုအ၀ညှင်းဆဲပြီးမှ ပြန်လွတ်ပေးလိုက်။ ပြန်လည်လွတ်မြောက်တဲ့သူတွေက ဗမာစစ်အာဏာရှင်တွေကို ပြန်လည်ကျေးဇူးတင်၊ စစ်အာဏာရှင်
တွေကလည်း သူတို့ ကိုသူတို့ တကယ်ကျေးဇူးရှင်ကြီးတွေလို မှတ်ယူနေကြပြီး ဗမာစစ်အာဏာရှင် လက်အောက်က မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူ့  အဖွဲ့ အစည်းက ဒီလိုဘဲသံသရာလည်နေပါတယ်။
ဒါကတော့ ဗမာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သား(လက်နက်မကိုင်တဲ့သူ)တွေရဲ့  ဖြစ်ပျက်နေ
တဲ့အကြောင်း တရားတွေပါ။
ကျနော်တို့ တိုင်းရင်းသားအင်သားစုတွေကျတော့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ဗမာစစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး အညိုးကြီးစွာနဲ့ မုဒိမ်းကျင့်၊ မတရားဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက် စတာတွေ နေ့ စဉ်နဲ့ အမျှ ပြုလုပ်နေတယ်။ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေတွေ မတရား
ကျူးကျော် ခံနေရတယ်။ ကိုယ့်နယ်မြေက သယံဇာတတွေ ထုတ်ယူသိမ်းဆည်းခြင်း နေ့ တိုင်းလိုလို
ခံနေရတယ်။ဒါကြောင့် ယခု ကျနော်တို့ ခေါင်းဆောင်တယောက် ပြန်လည်လွတ်မြောက်လာရုံနဲ့  ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်လို့ လုံးဝမဖြစ်သေးဘူး။ ကျနော်တို့ သွေးကြွေးတွေ သမိုင်းကြွေးတွေအများကြီး(အများကြီး)ကျန်နေတယ်။
မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုတွေ တကယ်ကျေးဇူးအတင်ခံချင်တယ်ဆိုရင် မတရားကျူးကျော် ခံရတဲ့ ကျနော်တို့ နယ်မြေကနေ အမြန်ဆုံးထွက်ခွါသွားပါ။ ပြည်တွင်းစစ်အတွင်းမှာ (နှစ်ဦးနှစ်ဘက် စစ်သားတွေ ကျဆုံးတာ စစ်ပွဲရဲ့ သဘောအရ သဘာဝကျပေမဲ့) ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်
ခံရမှု ၊မုဒိမ်းမှု ၊ အထမ်းသမားပေါ်တာခိုင်းစေမှု ၊ ပြည်သူအိုးအိမ် ဆည်းစိမ်တွေ ခိုးယူလုယက်၊ မီးရှို့ ဖျက်ဆီးခံရမှု၊သယံဇာတတွေခိုးယူမှု စတဲ့အမှုပေါင်းများစွာ(များစွာ)တွေမှာ ကျူးလွန်ခဲ့တဲ့ ဗမာစစ်အာဏာရှင် တပ်မှူးတပ်သား၊ စစ်ဗိုလ်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းလုပ်ပါ။ ဆုံးရှုံးသွားတဲ့ကရင်ပြည်သူတို့ ရဲ့ အသက်၊အိုးအိမ်ဆည်းစိမ်းတွေကိုစစ်တမ်းကေါက်ပြီး လျော်ကြေးပြန်
လျော်ရမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ်
ယုတ်မာတဲ့ နဂိုလ်မူလအကျင့်တွေကို ပယ်ဖျက်ပြီး စေတနာအမှန်တဲ့ လုပ်ပါ။
လာမယ့်ဧပြီလဆန်းပိုင်းမှာ ဗမာစစ်အုပ်စုရဲ့ ရုပ်သေးအစိုးရ ငြိမ်းကိုယ်စားလှယ်တွေနဲ့ သွားတွေ့ ဖို့ 
ကျနော် တို့ ကရင်အမျိုးသားခေါင်းဆောင်တွေ အပေါ်ကပြောခဲ့တဲ့အချက်တွေကိုလည်း ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ရင်လောက်မှန်းမှ ဒူးလောက်ကျမယ်။
ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့  ရန်သူက ယုံကြည်နိုင်လောက်တဲ့၊ ယုတ်တိရှိတဲ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မတွေ့ ရသေးပါ။ ရှေ့ နောက်ညီတဲ့ပြောဆို လုပ်ဆောင်ချက်တွေလည်း တချက်မှမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေက ဒီစစ်အာဏာ ရှင်အစိုးရကို နောက်ကြောင်းပြန်မလှည့်စေလိုမှု ၊ လမ်းကြောင်းမှန်ရောက်စေလိုမှုနဲ့  ရှေ့ တိုးလိမ့်နိုးနိုး နဲ့ သီးခံနေတာသာဖြစ်တယ်။ ရန်သူဘက်ကလည်း ဒါကို နှောကြေနေပါတယ်။ နည်းနည်းရိုင်းရိုင်းလေး
ပြော ရရင် ``သူများကုန်းပြလေ သူလည်းလိုးလေပါဘဲ``။
အချို့ က ဗမာသိန်းစိန်အစိုးရဟာ အထက်ကပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲသေးဘူးလို့  သုံးသပ်ကြတယ်။ တကယ်တော့ ဒေါ်စုအပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကိုနည်းအမျိုးမျိုးနဲ့ 
နှောက်ယှက်စော်ကါးမှု၊ဘုန်းကြီးသံဃာတော်တွေကို တရားဟောခွင့်ပိတ်ပင်မှု၊ ကျောင်းမှနှင်ထုတ်မှု၊ အထက်ကအပစ်ရပ်တယ်ပြောပြီး ရှေ့ တန်းစစ်မျက်နှာတွေမှာ စစ်အင်အားတိုးချဲ့ မှု ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနဲ့ နေ့ စဉ်နဲ့ အမှု တိုက်ပွဲတွေဖြစ်ပွါးမှု...စတာတွေဟာ ပြောင်းလဲလာပါတယ် ဆိုတဲ့ အထက်ကလူတွေ အမိန့် ပေး စေခိုင်းမှုမပါဘဲနဲ့ ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး။
ရန်သူဟာ သူ့ ရဲ့ ပြိုင်ဘက်တွေကို ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲကနေ သူ့ ရဲ့ ထောင်ချောက်ထဲကို မရမက ဖြည်းဖြည်းခြင်း ဆွဲခေါ်သွားတာသာဖြစ်တယ်။ ဒါကိုကျနော်တို့ ခေါင်းဆောင်တွေ ဓမ္မဓိဌာန် ကျကျတွေးပြီး အမျိုးသားရေးကို ရှေ့ ဆက်ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
အတီးမန်းငြိမ်းမောင်ကို ရန်သူကပြန်လွတ်ပေးလိုက်လို့  ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်ဆွေးနွေး
ရမယ် လက်မှတ်ထိုးရမယ်လို့  မဟုတ်ပါဘူး။တကယ့်ပကတိသဘောတရားအရ တွေးပြီး
ရှေ့ ဆက်လျှောက်သင့်မှသာ လျှောက်ပါ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်အဖွဲ့ အစည်းက ချမှတ်ထားတဲ့လမ်းစဉ် ဗျူဟာတွေအတိုင်း လိုက်လျောညီထွေမှုရှိမှသာ ရန်သူနဲ့ ဆက်လက်တွေ့  ဆုံသင့်ကြောင်းပါ။
ဆား
27/03/2012.
www.karentimes.blogspot.com
Tuesday, 20 March 2012
မ၀ံ့မရဲနဲ့ ရေးလိုက်တယ်
ခုတလောကရင့်ရေးရာနဲ့ ပါတ်သက်တဲ့သတင်းတွေထဲမှာပြီးခဲ့တဲ့ဖေဖေါ်ဝါ ရီလ လည်လောက်
က ``ဘာသာရေးနှီးနှောဖလှယ်ပွဲ``ဆိုတဲ့သတင်းဟာ ကျနော်အတွက်စိတ်ဝင်စားစရာ
သတင်း တပုဒ်ဖြစ်ခဲ့ပါတယ်။စိတ်ဝင်စားမိတယ်ဆိုတာက ဒီလိုနှီးနှောဖလှယ်ပွဲမျိုး ဖြစ်စေချင်တဲ့ဆန္ဒ၊ ကျနော့်မှာ အချိန်ကြာမြင့်စွာကတည်းက ရှိထားလို့ ပါ။ ဒီလိုမျိုးနှီးနှောဖလှယ်ပွဲမျိုး ကရင်အမျိုးသားထုကြားမှာ မရှိမဖြစ်အလွန်လိုအပ်လှပါတယ်။
ဒီနှီးနှောဖလှယ်ပွဲမှာ ပြည်တွင်း၊ပြည်ပကဘာသာရေးခေါင်းေ
ဘာသာရေးခေါင်းဆောင်တွေ၊ ထိုင်းနိုင်ငံက ကရင်ဘာသာရေးခေါင်းဆောင်တွေပါ စုံလင်စွာ
တက်ရောက်တဲ့အတွက် အလွန်အားရစရာကောင်းတဲ့ တွေ့ ဆုံပွဲတခုလို့ မြင်မိပါတယ်။
အမျိုးသားစည်းလုံးညီညွတ်မှု အတွက် ကရင်ဘာသာရေးခေါင်းဆောင် သိက္ခာတော်ရဆရာတွေ၊ ဘုန်းတော်ကြီးတွေများက အမျိုးသားရေးအပေါ် ရတဲ့မအေးဖြစ်ရပြီး ဒီလိုနှီးနှောဖလှယ်ပွဲ ကျင်းပကြတာ
လို့  သုံးသပ်မိပါတယ်။
ကျနော်တို့ ကရင်တော်လှန်ရေးအင်အားစုကြီးဘာသာရေးကိုအကြောင်းပြပြီး ၉၄/၉၅ ခုနှစ်က
ကမ္ဘာသိ ခွဲထွက်မှုဖြစ်ပွါးပြီးကတည်းက ကရင်မျိုးနွယ်စုတွင်းမှာ လက်နက်ကိုင်အင်အားစု
များသာမက ပြည်သူတွေကပါ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ခဲ့ပါတယ်။ ငှင်းနောက်ပိုင်း အမြင်ကျယ်တဲ့
ဘာသာရေးကောင်းဆောင် တွေ အမျိုးကိုချစ်တဲ့လူပုဂ္ဂိုလ်တွက အမျိုးသားပြန်လည်စည်း
လုံးညီညွတ် ဖို့ အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဥပမာ..ပြည်တွင်းမှာ ကရင်ဘာသာရေးခေါင်းတွေ၊
မျိုးချစ်အရပ်ဘက်လူပုဂိုလ်တွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့် က KPC ကို ဖွဲ့ စည်းခဲ့ပါသေးတယ်။
ဘယ်လောက်အထိ ထိရောက်မှုရှိလဲတော့ မသိပါ။
ဒီဖေဖေါ်ဝါရီလတုံးက နယ်စပ်တနေရာမှာကျင်းပတဲ့ဘာသာရေးနှီးနှောဖလှယ် ပွဲကျတော့
ပြည်တွင်းပြည်ပကဘာသာရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးနယ်မြေက ဘာသာရေးခေါင်း
ဆောင်တွေအပြင်ကေအင်န်ယူအဖွဲ့ ကပါ တက်ရောက်တဲ့အတွက် မျှော်လင့်ချက်တခု
ထားမိတာအမှန်ပါဘဲ။
ထားမိတာအမှန်ပါဘဲ။
အဆောက်အဦတခု တည်ဆောက်တဲ့နေရာမှာ အခြေခံအုပ်မြစ်ခိုင်မာမှုက အရေးအကြီး
ဆုံးဖြစ်ပါတယ်။ ကရင်လူမျိုးတွေခိုင်မာတဲ့စည်းလုံးညီညွတ်မှုအတွ က် ကိုးကွယ်ယုံကြည်မှုများပြားတဲ့၊
မျိုးနွယ်စုများပြားတဲ့ အခြေခံအကြောင်းရင်းများစွာထဲက အခြေခံအကျဆုံးဖြစ်တဲ့ တူညီတဲ့အမျိုး
မျိုးနွယ်စုများပြားတဲ့ အခြေခံအကြောင်းရင်းများစွာထဲက အခြေခံအကျဆုံးဖြစ်တဲ့ တူညီတဲ့အမျိုး
သားရေးအမြင်ရှိဖို့ ဆိုတဲ့အခြေခံအုပ်မြစ် ခိုင်မာမှသာ ရှေ့ ဆက်ခရီးလျှောက်လှမ်းနိုင်မယ်။ ကိုးကွယ်ယုံကြည်မှု၊ မျိုးနွယ်စုများတဲ့ကျနော်တို့  ကရင်လူမျိုးတွေ သူ့ ဘာသာသူနေ၊ ကိုယ့်ဘာသာ
ကိုယ်နေ၊ ဒီလိုမျိုးမလုပ်ဘဲ တဦးနဲ့ တဦး စကားပြောဆို၊ ၀င်ထွက်သွားလာ၊ အမျိုးသားရေးအကြောင်းတွေ အချင်းချင်းပြောဆိုဆွေးနွေး၊ ချစ်ခင်ရင်းနှီးမှု နားလည်မှုတွေရှိမှ တူညီတဲ့အမျိုးသားရေးအမြင်ရှိလာ မှာဖြစ်တယ်။
အချို့ က အခြေခံကျတဲ့အုတ်မြစ်ကို ခိုင်မာအောင်အရင်မတည်ဆောက်ဘဲမသိကျိုးကျွံလုပ်ပြီး
အဆင့်ကျော်သွားကြတယ်၊ ပန်းတိုင်ခရီးကိုကိုယ့်ဘာသာကိုယ်သွားလဲ ရောက်နိုင်တာဘဲလို့ 
ခံယူပြီး လျှောက်သွားကြတယ်။နောက်ဆုံးတော့ ဆွဲစားခြင်းခံလိုက်ရတာဘဲ။
ကရင်လူမျိုးတွေစည်းလုံးညီညွတ်မှုအတွက် ကရင်အဖွဲ့ ပေါင်းများစွာစည်းဝေးလုပ်တဲ့ေ နရာ
မှာ၊ နှီးနှောဖလှယ်ပွဲတွေမှာ ကရင်လူမျိုးစည်းလုံးညီညွတ်ဖို့ အတွက် ပုဂိုလ်စွဲ၊၀ါဒစွဲ၊ အဖွဲ့ အ
စည်းဂိုဏ်းဂနစွဲ၊ ကိုးကွယ်ယုံကြည်မှုဘာသာစွဲများ မထားရန်ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိ
ပါတယ်။ ဒါပေမဲ့လက်တွေ့ မှာ အကောင်အထည်ပေါ်လာတာ သိပ်မတွေ့ ရပါဘူး။အဟန့် အ
တားတွေလည်း အများကြီးတွေ့ မြင်ရပါတယ်။ ကိုးကွယ်မှုဘာသာကွဲပြားမှုကြော င့်
အမျိုးသားစည်းလုံးညီညွတ်မှု အဟန့် အတားက အခုထိ ကြီးစိုးနေဆဲပါ။ဒီလိုဖြစ်ရတဟာ
အမျိုးသားစည်းလုံးညီညွတ်မှု အဟန့် အတားက အခုထိ ကြီးစိုးနေဆဲပါ။ဒီလိုဖြစ်ရတဟာ
ဘာသာပေါင်းစုံက တချို့ ကရင့်ဘာသာရေးခေါင်းဆောင်တွေ အမျိုးသားရေးအပေါ် တွေးခေါ်မှု လွှဲချော်နေတယ်လို့ ဘဲ ဆိုရမှာပါ။
တကယ်တော့ ယနေ့ ကရင်လူငယ်တွေရဲ့ ဦးနှောက်ထဲ၊ အသွေးအသားထဲမှာ ဘာသာရေးအ
စွဲတွေ များစွာ စွဲကပ်နေတယ်ပါတယ်။ ဒီလိုဖြစ်ရတာလဲ အမျိုးသားရေးကို ဦးစီးဦးဆောင်လုပ်သူ၊
သက်ဆိုင်ရာဘာသာရေးခေါင်းဆောင် တချို့ ရဲ့ မှိုင်းတိုက်မှု ဒဏ်ကြောင့်ဆိုရင်မမှားပါဘူး။အချို့ 
သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်
ဆိုရင် သာဓုခေါ်သံကြားရင် နားခါးတယ်၊```အာမေ.``.လို့ အသံကြားရင် နားခါးတယ်ဆိုတဲ့အထိရှိလာ
ပါတယ်။
ဒီကေဘီအေခွဲထွက်ခါစက ငှင်းတို့ ရဲ့ ကြီးစိုးတဲ့ဒေသတွေမှာ ``ငါတို့ ရဲ့ ဘာသာသာသနာ
ကိုကါကွယ်(လက်နက်နဲ့ )ရမယ်။ကေအင်န်ယူရဲ့ လုပ်ရပ်ဟာ အလုပ်မဖြစ်ဘူး...သူတို့ တွေက
မျက်စိမှိတ်သမားတွေ(ခေါင်းပေါင်းမဲအုပ်စုလို့ လဲခေါ်)``လို့ လူငယ်တွေရဲ့ ခေါင်းထဲမှာ
ရိုက်သွင်းခြင်းခံခဲ့ရပါတယ်။
တကယ်တော့ဘာသာတရားဆိုတာ လက်နက်တွေ အာဏာတွေနဲ့ ကါကွယ်လို့ မရသလို၊
တိုက်ယူလို့ လဲမရပါဘူး။ ရရင်လဲ အပေါ်ရံလောက်သာရမယ်။ ဘာသာတရားဆိုရာ
အလွန်နက်ရှိုင်းပြီး ဘာသာရေးရဲ့ အဆုံးအမတွေ မိမိတို့ ရဲ့ ရင်ထဲ၊နှလုံးသားထဲမှာ
ကိန်းအောင်းဝင်ပြီး တကယ်ကျင့်ကြံနေထိုင်နိုင်မှသာလျှင် သင့်တော်ပါတယ်။
အပေါ်ရံယုံကြည်ကိုးကွယ်မှုအနေနဲ့ တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။
ဒီဘက်တော်လှန်ရေးနယ်မြေမှာလဲ ဘာသာဝင်အတူတူဖြစ်ပေမဲ့ ကိုယ့်အသင်းက သူ
့အသင်းထက် ခေါင်းတလုံးပိုသာတယ်လို့ ခံယူသူလဲရှိပါတယ်။ဒါဟာကောင်းတဲ့ 
အလားအလာမဟုတ်ပါ။
ဒီဘက်တော်လှန်ရေးနယ်မြေမှာလဲ ဘာသာဝင်အတူတူဖြစ်ပေမဲ့ ကိုယ့်အသင်းက သူ
့အသင်းထက် ခေါင်းတလုံးပိုသာတယ်လို့ ခံယူသူလဲရှိပါတယ်။ဒါဟာကောင်းတဲ
အလားအလာမဟုတ်ပါ။
ကေအင်န်ယူ မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ခါင်းဆောင်တယော က်က
``ကရင်လူမျိုးတွေအားလုံး.... ..........ဘာသာဝင်ဖြစ်ရင် ကရင်တိုင်းပြည်ရတာကြာပြီ``
လို့  မဆင်မခြင်လူသိရှင်ကြားဖွင့်ပြောခဲ့ဘူးပါ တယ်။ အဲဒီစကားကြောင့် ကိုးကွယ်ယုံကြည်မှု
ဘာသာများတဲ့ ကရင်လူမျိုးတွေကြားမှာ အလွန်ဂရက်ရိုက်ခတ်သွားပါတယ်။နော က်ဆုံးတော့ အဲဒီခေါင်းဆောင်ဆိုတဲ့လူလည်း ပြည်ပြေးဘ၀ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားကိုမထွက်ခင် ဘန်ကောက်နယ်
ဘာသာများတဲ့ ကရင်လူမျိုးတွေကြားမှာ အလွန်ဂရက်ရိုက်ခတ်သွားပါတယ်။နော
မှာစာရေးသူကိုယ်တိုင် အခမ်းအနားမှူးလုပ်ပေးတဲ့ ကရင်လူထုတွေ အစည်းအဝေးတခုမှာ
အဲဒီခေါင်းဆောင်ဆိုတဲ့လူက ``ငါ ကရင့်အမျိုးသားတော်လှန်ရေးလုပ် ခဲ့တာ မှန်တယ်...ဒါပေမဲ့
ကရင်ပြည်သူတွေကိုငါဘာမှမလုပ်ပေး နိုင်ခဲ့ဘူး...အထူးသဖြင့်ကရင်လူ ငယ်တွေအတွက်ကို...``.
အဲဒီခေါင်းဆောင်ဆိုတဲ့လူက ``ငါ ကရင့်အမျိုးသားတော်လှန်ရေးလုပ်
ကရင်ပြည်သူတွေကိုငါဘာမှမလုပ်ပေး
ဆိုပြီးကရင်လူငယ်တွေကို ပြန်လည်တောင်းပန်ပြီး သူ့ ရဲ့ မျက်ဝန်းမှာ မျက်ရေတွေစီးဆင်းတဲ့ မြင်ကွင်း
ကို....ခုထိစာရေးသူ မြင်ယောင်နေဆဲပါဘဲ.....
ဒါဟာ ဘာကြောင့်ဖြစ်လဲဆိုတော့..အမျိုး သားတော်လှန်ရေးလုပ်ပြီး.တော်လှ န်ရေးရဲ
့မှန်ကန်တဲ့ အခြေခံသဘောတရားကို နားမလည်လို့ ဖြစ်တယ်။
.............................. ................
ဒါဟာ ဘာကြောင့်ဖြစ်လဲဆိုတော့..အမျိုး
့မှန်ကန်တဲ့ အခြေခံသဘောတရားကို နားမလည်လို့ ဖြစ်တယ်။
..............................
ဖေဖေါ်ဝါရီလတုန်းက ဘာသာရေးနှီးနှောဖလှယ်ပွဲလိုမျိုး၊ ပြည်တွင်းမှာလဲ
ကျင်းပစေချင်သလို၊ အထူးသဖြင့် အခြားနိုင်ငံတကါမှာရောက်နေတဲ့
ကရင်အသိုင်းအ၀ိုင်းတွေကြားမှာလဲ ကျင်းပစေချင်ပါတယ်။အခုအချိန်အခါ မှာ
နိုင်ငံတကါမှာ ခေတ်ပညာသင်ယူနေတဲ့ ကရင်လူငယ်တွေများစွာရှိပါတယ်။
ခေတ်ပညာတတ်တွေဖြစ်ပြီး အမျိုးသားရေးအပေါ်ခံယူချက်မလွှဲဖို့ အထူးလိုအပ်လှပါတယ်။
ကျင်းပစေချင်သလို၊ အထူးသဖြင့် အခြားနိုင်ငံတကါမှာရောက်နေတဲ့
ကရင်အသိုင်းအ၀ိုင်းတွေကြားမှာလဲ ကျင်းပစေချင်ပါတယ်။အခုအချိန်အခါ
နိုင်ငံတကါမှာ ခေတ်ပညာသင်ယူနေတဲ့ ကရင်လူငယ်တွေများစွာရှိပါတယ်။
ခေတ်ပညာတတ်တွေဖြစ်ပြီး အမျိုးသားရေးအပေါ်ခံယူချက်မလွှဲဖု
နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကရင်လူငယ်တွေကြားမှာ ..............ဘာသာ ကရင်လူငယ်များတွေ့ ဆုံပွဲတွေမှာ အခြားဘာသာက ကရင်လူငယ်တွေ ခွဲခြားဆက်ဆံ
ခံရတာ၊ ပူးပေါင်းပါဝင်မှုမရှိတာ၊ပူးပေါင်းပါဝင်ခွင့်မရတာတွေဟာ မဖြစ်သင့်တဲ့ကိစ္စတခုဖြစ်သလို၊
.(...........)ဘာသာဝင်ပွဲတော်တွေ မှာလဲ အခြားဘာသာဝင်ကရင်လူငယ်တွေက ပါဝင်ဖို့  အဟန့် အတားရှိတာဟာလဲ လုံးဝမဖြစ်သင့်တဲ့ကိစ္စတခုပါ။
.(...........)ဘာသာဝင်ပွဲတော်တွေ
ဒီလိုမျိုးလုပ်ဆောင်ခြင်းဟာ ရန်သူရဲ့ ထိုးနက်ချက်လို့ ထပ်စွပ်စွဲနေသေးရင်လုံးဝမှားသွ
ဒါဟာ ကိုယ့်လူမျိုးစည်းလုံးညီညွတ်ဖို့ ၊ တိုးတက်ဖို့ အတွက် ကိုယ်ကိုယ်တိုင် ဘောင်ခတ်လိုက်တာ
(ဆွဲချ)လိုက်တြာ ဖစ်ပါတယ်။အချို့ နေရာတွေမှာ လူငယ်သဘောသဘာဝအရ ဘာသာရေးပွဲတော်
တွေမှာ အတူတကွဆင်နွှဲကြမယ်၊ အားကစားပွဲတွေမှာလဲ အတူတကွပါဝင်ယှဉ်ပြိုင်ကြမယ်...
သမီးရည်းစားကိစ္စတွေက အဆုံး နီးစပ်ချင်ပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ လှည်းအိုကြီးတွေက ယိုင်တိယိုင်တိုင်သွားနေတဲ့ သူတို့ ရဲ့ လမ်းကြောင်းတွေမှာဘဲ လူငယ်တွေကို ဆက်သွားစေဖို့  မိုင်းတိုက်နေပါတယ်။
နိုင်ငံကြီးတွေမှာ နေထိုင်ခွင့်ရတာကို ဘ၀င်မြင့်နေစရာမဘိုဘဲ ကိုယ်ဘာကြောင့်ဒီကိုရောက်လာသလဲ၊ ကိုယ်ဘယ်အကြောင်းနဲ့ ဒီကိုရောက်လာလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ကိုယ့်လူမျိုးတွေရဲ့ 
အချင်းချင်းသဘောထားမကြီးမှြုေ ကာင့်လဲ လူမျိုးခြားတွေကြားမှာ သိက္ခကျ၊ အရှက်ရစေပါတယ်။
ကမ္ဘာ့ခေတ်ရေစီးကြောင်းက မြန်ဆန်ပါတယ်။ အထူးသဖြင့် အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ
ရဲ့ နိုင်ငံရေးခေတ်ရေစီးကြောင်းက ပိုပြီးမြန်ဆန်ပါတယ်။ကရင်လူမျိုးတွေဟာ ပြည်ထောင်စုမြန်
မာနိုင်ငံရဲ့ တိုင်းရင်းသားတခုဖြစ်တဲ့အတွက် အခြားတိုင်းရင်းသား လူမျိုးတွေကနိုင်ငံကို
ဘယ်လိုဦးဆောင်ရမလဲ( ဘယ်လိုအုပ်ချုပ်ရမလဲ).... ပြည်သူတွေ၊ကိုယ့်လူမျိုးတွေကို
ဘယ်လိုပေးဆပ်ရမယ်ဆိုတဲ့တွေးခေါ်လုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ကရင်လူမျိုးတွေက
(အားလုံး ကိုမဆိုလို)၊အထူးသဖြင့် ကရင်လူငယ်တွေက ကိုးကွယ်မှုအစွဲ၊ မျိုးနွယ်စုအစွဲ ကနေ
ရုန်းမထွက်နိုင်သေးဘူးဆိုရင်ြ ဖင့်.......အနာဂါတ်ကရင်လူမျိုးေ တွအတွက်
ရုန်းမထွက်နိုင်သေးဘူးဆိုရင်ြ
ဆက်မတွေးရဲလောက်အောင်ဘဲ....
ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးခေတ်တုန်းက နိုင်ငံခြားကဘွဲ့ ရလာတဲ့ ကရင်ပညာတတ်တွေ လက်ချိုးပြီးရေတွက်ယူလို့ ရတယ်။ ဒါပေမဲ့ သူတို့ တွေဟာ အမျိုးသားရေးကို ထိပ်ထိပ်ကျဲ ဦးစီးဦးဆောင်လုပ်နိုင်တယ်။ ယနေ့ နိုင်ငံတကါဘွဲ့ ရကရင်တွေ ရာဂဏန်းမက
ထောင်ဂဏန်းလောက်ရှိတယ် ။ဒါပေမဲ့ လူငယ်ပညာတတ်တွေဟာ လမ်းကြောင်းလွှဲချော်ပြီး သမိုင်းပေးအမျိုးသားရေးတာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် ညံ့လွန်းရာကျသွားမယ်။
ကိုးကွယ်ယုံကြည်မှုနဲ့ မျိုးနွယ်စုများပြားတဲ့ ကရင်လိုမျိုးတွေ ကောင်းကင်နိုင်ငံတော်၊
နိဗာန်တွေကို မမြင်တွေ့  မသွားရောက်ခင်မှာ ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်ပြည်ကို
နိဗာန်တွေကို မမြင်တွေ့  မသွားရောက်ခင်မှာ ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်ပြည်ကို
အရင်မြင်တွေ့ ၊အရင်သွားရောက်စေချင်လို့ ဒီစာစုကိုရေးဖြစ်တာပါ။ ဒီလိုရေး တာ
လဲ ကိုယ့်လူမျိုးရဲ့ အနာအဆာတွေကိုရှာဖွေဖေါ်ထုတ်ရေးသားတာမဟုတ်ဘဲ
အပြုသဘောနဲ့ ရေးသားခြင်းကြောင်း ရိုးသားစွာ ၀န်ခံလိုတယ်။
ကရင်လူမျိုးတွေအနေနဲ့ ကိုယ့်ရဲ့ အခြေအနေအမှန်၊ ကိုယ့်ရဲ့ အားနည်းချက် အမှန်ကို
ကိုယ်မြင်နိုင်ရမယ်။ မြင်တဲ့အတိုင်းလဲ ကိုယ်လက်ခံနိုင်မှ ကိုယ်ပြုပြင်လို့ ရမယ်...
ကိုယ်မြင်နိုင်ရမယ်။ မြင်တဲ့အတိုင်းလဲ ကိုယ်လက်ခံနိုင်မှ ကိုယ်ပြုပြင်လို့ ရမယ်...
ကိုယ့်ရဲ့ လိုအပ်ချက်တွေကို မပြောမဆို၊ မပြုပြင်၊ မပြန်လည်သုံးသပ်ဘဲနဲ့ တော့ ဘယ်တော့မှတိုးတက်လာမှာမဟုတ်ပါဘူး။
အခုရေးသားတင်ပြချက်တွေဟာ ပါးပါးလေးဘဲရှိပါသေးတယ်။ထူထူလေး ရေးဖို့ ကလည်း မ၀ံမရဲဖြစ်နေပါတယ်။ ဒီလိုဖြစ်တာလည်း ရလာခဲ့တဲ့သင်ခန်းစာတွေကြောင့်မို့ ပါ။
ဒီပါးပါးလေးကိုဘဲ ရေလဲသုံးပြီးဆက်တွေးခေါ်လို့ ရပါတယ်။
နောက်တခုက ရန်သူဟာ ကိုယ့်ရဲ့ အကြောင်း၊ ကိုယ့်ရဲ့ အားနည်းချက်ကို
သာမန်ကိုယ့်လူမျိုးတယောက်ထက် ပိုသိတယ်၊ ပိုမြင်တယ်ဆိုတာ
ကိုယ်ကြပ်ကြပ်သတိထားရပါမယ်။
သာမန်ကိုယ့်လူမျိုးတယောက်ထက် ပိုသိတယ်၊ ပိုမြင်တယ်ဆိုတာ
ကိုယ်ကြပ်ကြပ်သတိထားရပါမယ်။
.............................
ဖေဖေါ်ရီလက ကျင်းပတဲ့ ဘာသာရေးနှီးနှောဖလှယ်ပွဲကို ကမကထပြုလုပ်ပေးတဲ့
ဂျပန်နိုင်ငံက ဘာသာရေးအဖွဲ့ ကို ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာပြောကြားလိုပါတယ်..... ..
ဂျပန်နိုင်ငံက ဘာသာရေးအဖွဲ့ ကို ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာပြောကြားလိုပါတယ်.....
ဒီထက်မက နိုင်ငံတကါအဆင့် ဘာသာရေးခေါင်းဆောင်တွေ တွေ့ ဆုံတဲ့နှီးနှောဖလှယ်ပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး တခုတည်းသောကရင့်အမျိုးသားအလံတော်ကြီးအောက်မှာ ကရင်တမျိုးသားလုံးပြန်လည်စုစည်းနိုင်ပါစေလို့ ဆန္ဒပြုရင်း...
အားလုံးကိုလေးစားလျှက်...
မန်းပစ်တိုင်းထောင်
www.karentimes.blogspot.com
Sunday, 18 March 2012
ငြိမ်းချမ်းရေးလက်ဆောင်လား စစ်ပွဲရာဇသံလား?
ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့  ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်
အဖွဲ့ တို့  ငြိမ်းချမ်းရေးပဏာမလက်မှတ်ထိုးပွဲမှာ ကြံ့ ဖွတ်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ က
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကေအင်န်ယူခေါင်းဆောင် မန်းငြိမ်းမောင်ကိုငြိမ်းချမ်းရေး
လက်ဆောင်အဖြစ် ပြန်လွှတ်ပေးဖို့ နှုတ်ဂတိပေးသွားခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့ မှာတော့ မန်းငြိမ်းမောင်ဟာငြိမ်းချမ်းရေးလက်ဆောင်ပစ္စည်းတခုအဖြစ် သတ်မှတ်ခြင်းမခံရဘဲအကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးခံရပြီး နောက်ဆုံးတော့အမြင့်ဆုံးထောင်ဒဏ်တသက်
တကျွန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
တကယ်တော့ ကေအင်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဟာရန်သူဗမာစစ်အုပ်စုနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားကတည်းကကိုယ့်ကိုယ်ကို အနိမ့်ဈေး(လျော့ဈေး)နဲ့ 
သွားထိုးအပ်သလို ဖြစ်နေပါတယ်လို့ အချို့ က ဝေဖန်သုံးသပ်ကြပါတယ်။
ကိုယ့်ဘက်က ဘာအချက်တွေကိုဦးစားပေးဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်တွေ
မရှိသလိုပါဘဲ...သွားရောက်တဲ့နေ့ ညမှာဘဲ ၇န်သူနဲ့ ပုခုံးချင်ဖက် စားသောက်ကြ
နောက်တနေ့ မနက်ကျတော့မိနစ်ပိုင်းအတွင်းစားပွဲဝိုင်းမှာ အလာဘ သလာဘစကားပြော ပြီးတော့
အဆင်သင့်ရိုက်ထားတဲ့ ကွန်ပျူတာစာရွက်ပေါ်မှာ လက်မှတ်ကိုယ်စီထိုးကြ ...ဒါလား
ငြိမ်းချမ်းရေးဆွေးနွေးပွဲ......(အေးပေါ့လေ...သွားတဲ့လူတစုကလည်း အမျိုးသားရေးကို ရောင်းစားချင်တဲ့လူတချို့ ပါဝင်နေတာကိုး)။
ရန်သူဘက်ကိုယ်စားလှယ်က..``.မင်းတို့ ဘက်က ကေအင်န်ယူနဲ့ ပါတ်သက်တဲ့ အကျဉ်းသားတွေရှိရင် စာရင်းတင်ပြ ကျနော်တိုလွှတ်ပေးမယ် ``လို့ ပြောလာမှဘဲ...အဲဒီအချက်ကို
ကိုယ်စားလှယ်တော်ကြီးတွေက ပြန်သတိရပုံရပါတယ်။အဲဒါနဲ့ ဌာနချုပ်ကိုပြန်ရောက်ပြီးနောက်ပိုင်း စားရင်းတွေအပူတပြင်းလိုက်ကောက်ပြီးရန်သူဆီပြန်ပို့ ပေးတယ်လို့ ကြားရပါတယ်...အဲဒီလောက်ထိ
ကိုယ်စားလှယ်တော်ကြီးတွေကအမျှော်အမြင်ကြီးကြတာ..မန်းငြိမ်းမောင်ကိစ္စကိုတော့ ဆွေးနွေးပွဲမှာ
အလာဘသလာဘ စကားတွေပြောပြီး စကားလမ်းကြောင်းတိုက်ဆိုင်လာလို့ 
သာ ပြောဖြစ်ပုံရပါတယ်...ဒါပေမဲ့ ရန်သူကိုယ်စားလှယ်ဘက်က
မဆိုင်းမတွပါဘဲ...မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ်
ပြန်လွှတ်ပေးမယ်လို့ နှုတ်ဂတိပေးလိုက်ပါတယ်....
တကယ်တော့လည်းအဲဒီဆွေးနွေးပွဲမှာ ကိုယ့်ကေအင်န်ယူကိုယ်စားလှယ်တွေက
ဘာဘဲတောင်း ဆိုတောင်းဆို ရန်သူကိုယ်စားလှယ်တွေက ပေးဖို့ အဆင်သင့်ပါ
ဘဲ...ရန်သူဘက်က ဘာနဲ့ မှရင်းစရာမလိုဘဲ အပေါ့ပါးဆုံး လေနဲ့ ဘဲရင်းရတာကိုး...ရန်သူရဲ့ အလိုချင်
ဆုံးက သူတို့ နဲ့ အကြီးမားဆုံးတော်လှန်ဆန့် ကျင်ဘက်အဖွဲ့ ကြီးတဖွဲ့ ရဲ့ 
ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ စာရွက်တရွက်ဘဲ...အခြားဘာမှမလို
....လုံလောက်ပြီး...ရန်သူ့ အတွက် အကျိုးအမြတ်ကတော့ အတုံးအခဲကြီးကြီးနဲ
့ရသွားပြီး ကိုယ့်ဘက်ကပေးဆပ်လိုက်ရတာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။
ရန်သူနဲ့ ကိုယ်နဲ့ တိကျ၊ သေချာရေရာတဲ့အပေးအယူမရှိဘဲ...လက်မှတ်ထိုးလိုက်တာက ကိုယ့်ကိစ္စ(ကိုယ့်အမှားလို့မဆိုလိုချင်ပါ)။ရန်သူဟာ ဂတိတည်တဲ့ လူမျိုးမဟုတ်မှန်းလဲ ကိုယ့်မျိုးဆက်နဲ
့ချီပြီး သင်ခန်းစာတွေ အများကြီးရခဲ့ပါပြီး...
``အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဗမာစစ် အစိုးရကို ယုံမိပြီ၊အခြေအနေမကောင်းတော့တဲ့အခါ နောက်တခေါက်
တောခိုဖို့ အတွက် ခိုစရာတောတွေ မရှိတော့ရင် မိမိရော မိမိလူမျိုး မျိုးဆက်တွေပါ ဒီကမ္ဘာမြေပေါ်မှာ ပျောက်ဆုံးဖို့ ကိန်း ဆိုက်ရောက်မှာသေချာတယ်``
ရန်သူက ကေအင်န်ယူနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆက်လက်ဆွေးနွေးဖို့ 
နှစ်ဖက်စလုံးက ခြေလှမ်းတွေ ဆက်လှမ်းနေချိန်မှာကေအင်န်ယူခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ကိုတော့အမြင့်ဆုံးထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တာဟာ ရန်သူစစ်အုပ်စုက
ကေအင်န်ယူအပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကရင်လက်နက်ကိုင်အင်အားစုတွေရဲ့ နားရွက်ကို တံတွေးစွတ်လိုက်တာဖြစ်ပါတယ်။သွေးတိုးစမ်းတဲ့သဘောပါ။`` မင်းတို့ ကရင်တွေ
ဘာတတ်နိုင်သေးလဲပေါ့.``..ဒီသက်သေသာဓကတွေဟာ ယနေ့ ကရင်လူမျိုးအကျိုးကို
သယ်ပိုးပါတယ်ဆိုတဲ့ ကရင်လက်နက်ကိုင်အင်အားစုတွေ၊နိုင်ငံရေးအင်အားစုတွေ
၊ကရင်ပြည်သူတွေ သေချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။`` မင်းတို့ ကရင်တွေကို
ငါတို့ မဟာဗမာတွေက လုပ်ချင်တိုင်းလုပ်လို့ ရတယ်``ဆိုတဲ့အထာနဲ့ စော်ကားမော်ကားလုပ်သွား
တာကိုဒီလိုဘဲလက်ပိုက်ကြည့်နေမလား...
.အထူးသဖြင့်မျိုးချစ်လက်နက်ကိုင်အင်အားစုတွေကို
ပြောချင်ပါတယ်။ တော်လှန်ရေးအမျိုးသားခေါင်းဆောင်တယောက် ဒီလိုမျိုးမတရားအနိုင်ကျင့်ခံရတာကို ကိုယ့်နဲ့ မဆိုင်ဘူး။ ကိုယ်တို့ ကတော့ ရန်သူပေးတဲ့အခွင့်အရေးကို ``အခွင့်သာတုန်း တထမ်းစာဘဲဖြစ်ဖြစ် တနပ်စာဘဲဖြစ်ဖြစ် ရတုန်းအရင်ယူထားလိုက်ရမှ`` လို့ မခံယူလိုက်မိပါနဲ့ ။တနေ့ ကျရင် ဒီလိုမျိုးမတရားအနိုင်ကျင့်ခံရတဲ့အဖြစ်မျိုးကိုယ့်အလှည့်မရောက်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
မဟာဗမာစစ်အင်အားစုတွေရဲ့ အဓိကရန်သူဟာ ကိုယ့်ကရင်လူမျိုးပါလို့ ဒီနေရာမှာ
ထပ်လောင်းပြောချင်ပါတယ်။ ကိုယ့်ကရင်လူမျိုးတွေ အားလုံးပျက်သုန်းသွားအောင်
ရန်သူကအကွက်ကျကျစီစဉ်နေပါတယ်....ကိုယ့်ကို မက်လုံးတွေအချို့ ပေးပေမဲ
့တနေ့ ကျရင် အဲဒီမက်လုံးတွေဟာ ကိုယ့်အတွက်အဆိပ်အတောက်တွေ
ဖြစ်သွားမယ်ဆိုတာ ကြိုတင်တွေးထားဖို့ လိုပါမယ်။
အခုလဲ ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ တချို့ ကုပ္ပဏီပိုင်ရှင်တွေဖြစ်သွားကြတယ်၊ အဖူ့ ထိန်မောင်ခေါင်းဆောင်တဲ့ငြိမ်းအဖွဲ့  လုပ်ကွက်တွေအများကြီးရသွားတယ်၊ မနေ့ တနေ့ ကမှ ငြိမ်းချမ်းရေးလက်မှတ်ထိုးသွားတဲ့ဗိုလ်မှူးစောလားပွယ်ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ တွေလဲ စီးပွါးရေးအတွက်ဆိုင်းပြင်းနေတယ်...(ပြီးခဲ့တဲ့ရက် သတင်းတွေမှာမြ၀တီ..မဲဆောက်
လိုင်းကါးထောင်တာ)။ နောက်ဆုံးတော့ ပုထုဇဉ်ရဲ့ သဘောသဘာဝအရ
ငွေတွေ ဆည်းဇိမ်တွေ အဆိပ်တက်လာပြီးဆိုရင် ဘယ်သူ
့မှအမျိုးသားရေးအကြောင်းပြောလာမှာမဟုတ်တော့ပါ။မယုံရင် အရင်
ငြိမ်းယူထားတဲ့လူတွေဆီမှာ တီးခေါက်ကြည့်လိုက်ပါ။ ၉၉ ရာခိုင်နှုန်းလောက်က
အမျိုးသားရေးကိုဘန်းပြပြီး ကိုယ်ကျိုးရှာသမားတွေပါဘဲ...
ရန်သူကပေးတဲ့မစို့ မပို့ အခွင့်အရေးနဲ့ ကျေနပ်အားရနေမယ်ဆိုရင် ကိုယ့်တ၀မ်းစာတော့စားရမယ် ။ ဒါပေမဲ့ နောင်လာမယ့်မျိုးဆက်သစ်တွေကို ကျွန်ဇာတ်သွင်းရာရောက်သွားတဲ့ တရားခံတွေ ဖြစ်သွားပါမယ်။ဒီအချက်ကို မျိုးချစ်လက်နက်ကိုင် ကိုယ့်လူမျိုးအင်အားစုတွေ သေချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
ယနေ့ ကရင်အမျိုးသားလက်နက်ကိုင်အင်အားစုကြီး သုံးဖွဲ့ စလုံးက ရန်သူနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းပေါ် ရောက်နေပါတယ်။ ဒီသုံးဖွဲ့ စလုံးက သူ့ ထက်ငါ အရင်၊ ရန်သူပေးတဲ့အခွင့်အရေးတွေကို ပိုရလိုချင်နိုးနဲ့  ခြေလှမ်းလှမ်းနေရင်တော့ ရန်သူရဲ့ ထောင်ချောက်ထဲကို မလွှဲဧကန် ရောက်မှာဖြစ်ပါတယ်။
ယနေ့ ရှိနေတဲ့ကိုယ့်လက်နက်ကိုင်အင်အားစုတွေ အင်အားစုကြီးတခုအဖြစ် မပြန်လည်တည်ဆောက်နိုင်ဘူးဆိုရင် နောက်နောင်ပြန်လည်တည်ဆောက်နိုင်စရာလမ်းစ အလှန်းဝေးနေသလို လက်ရှိအင်အားစုခွဲတွေကလည်း ပျောက်ဆုံးဖို့ သာရှိပါတော့တယ်။
မဟာဗမာစစ်အစိုးရရဲ့ အပေါ်ရံတိုးတက်ပြောင်းလဲမှု ဟန်ဆောင် ပြသနေတာကို နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေအဟုတ်မှတ်ပြီး ယုံကြည်မိရင်တော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်သွားပါမယ်။ အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဗမာစစ်အစိုးရကို ယုံမိပြီ၊ အခြေအနေမကောင်းတော့တဲ့အခါ နောက်တခေါက် တောခိုဖို့ အတွက် ခိုစရာတောတွေမရှိတော့ရင် မိမိရော မိမိလူမျိုး မျိုးဆက်တွေပါ ဒီကမ္ဘာမြေပေါ်မှာ ပျောက်ဆုံးဖို့ ကိန်း ဆိုက်ရောက်မှာသေချာတယ်။
ကရင်လူမျိုးတွေအတွက် အမျိုးသားအောင်မြင်မှုပန်းတိုင် လက်တကမ်းမှာရှိနေပါတယ် ။ ညီအစ်ကိုချင်း စည်းလုံးညီညွတ်ရင် တမင်းတလုတ်နဲ့  ၀အောင်အတူဝေမျှစားသောက်နိုင်ပါတယ်။ ကိုယ့်လူမျိုးအင်အားစုတွေ ကောင်းသောသမိုင်းကြောင်းတွေရေးဖို့ အချိန်မနှောင်းသေးပါဘူး...ရန်သူပေး
တဲ့မက်လုံးကို မမက်မောလိုက်မိပါနဲ့ ။
လက်တွေ့ ကျကျစဉ်းစားမယ်ဆိုရင် ယခု ကရင်သုံးဖွဲ့ လုံး ရန်သူနဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့အချိန်မှာ အမျိုးသားခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို မတရားအနိုင်ကျင့်စော်ကားတာဟာ ရန်သူက ကိုယ့်ကို လူရာမသွင်းကြောင်းသက်သေသါဓကဘဲ။
ဗဒိုမန်းငြိမ်းမောင်ကို ဗမာစစ်အုပ်စုက ငှင်းတို့ ရဲ့ အရင်ဂတိအတိုင်း ငြိမ်းချမ်းရေးလက်ဆောင်အနေနဲ့ ကရင်တွေကို ပေးခြင်းမဟုတ်ဘဲ စစ်ရေးရာဇသံအနေနဲ့ ပေးခြင်းဖြစ်တဲ့အတွက်ကြောင့် ကိုယ့်လက်ပေါ်မှာရှိတဲ့လက်နက်နဲ့  ဗမာစစ်အစိုးရရဲ့ စစ်ရေးရာဇသံကို ဘယ်လိုတုံ့ ပြန်မလဲဆိုတာ ကိုယ့်ကိုယ်ကို သိသင့်ပြီဖြစ်ပါကြောင်း....
မန်းဒဲ့ဒိုး
karentimes.blogspot.com
Friday, 17 February 2012
လာလည်သူမိတ်ဆွေများသို့ 
…..
ဤ ဘလော့ဂ်အား စတင်ဖန်တီးခဲ့သည်မှာ ဒီ 2012 ဖေဖေါ်ဝါရီလဆိုရင် (1) ပြည့်ပြီဖြစ်
ပါသည်။ မှတ်မှတ်ရရနဲ့ ဘလော့ဂ်စာမျက်နှာပေါ် တင်ဖြစ်သည့် ပထမဆုံးကိုယ်ပိုင်ရေး
ပါသည်။ မှတ်မှတ်ရရနဲ့ ဘလော့ဂ်စာမျက်နှာပေါ် တင်ဖြစ်သည့် ပထမဆုံးကိုယ်ပိုင်ရေး
ပို့ စ်မှာ အမျိုးသားခေါင်းဆောင် ပဒိုမန်းရှားလာဖေါင် အတွက် အမှတ်တရဖြစ်ပြီး.....ယခု
တနှစ်ပြည့်သည့် အချိန်ကါလ နောက်ဆုံးပို့ စ်မှာလဲ ပဒိုမန်းရှာအတွက် အမှတ်တရပို့ စ်ပင်
ဖြစ်ပါသည်။
တနှစ်ပြည့်သည့် အချိန်ကါလ နောက်ဆုံးပို့ စ်မှာလဲ ပဒိုမန်းရှာအတွက် အမှတ်တရပို့ စ်ပင်
ဖြစ်ပါသည်။
ဘလော့ဂ်စတင်တည်ထောင်ကတည်းက ခုထိအပြင်အဆင်ကို ဘလော့ဂ်တခုရဲ့  အင်္ဂါရပ်နဲ့ 
မတူတာကို လည်းအားလုံးအား တောင်းပန်ပါသည်။ စာရေးတတ်သည်မဟုတ်ဘဲ ၀ါသနာအရရေးခြင်းသာဖြစ်ပြီး ချွတ်ယွင်းချက်များကို ခွင့်လွတ်စေချင်ပါသည်။ အမျိုးသားရေး
အတွက် အုပ်တချပ်သဲတပွင့်အတွက် ၀င်ရောက်ထမ်းဆောင်ခြင်းဟုခံယူပြီး ဤဘလော့ဂ်အား ဖန်တီးခြင်းဖြစ်ပါသည်။
မတူတာကို လည်းအားလုံးအား တောင်းပန်ပါသည်။ စာရေးတတ်သည်မဟုတ်ဘဲ ၀ါသနာအရရေးခြင်းသာဖြစ်ပြီး ချွတ်ယွင်းချက်များကို ခွင့်လွတ်စေချင်ပါသည်။ အမျိုးသားရေး
အတွက် အုပ်တချပ်သဲတပွင့်အတွက် ၀င်ရောက်ထမ်းဆောင်ခြင်းဟုခံယူပြီး ဤဘလော့ဂ်အား ဖန်တီးခြင်းဖြစ်ပါသည်။
ဘလော့ဂ်သက်တမ်းတနှစ်ပြည့်မှာ အထိမ်းအမှတ်အဖြစ် လာလည်သူ ချစ်သောညီအစ်ကို ၊ ချစ်မိတ်ဆွေများထံမှ အမှတ်တရစကား၊ ကဗျာ ၊ စာစုများ ကို လေးစားစွာတောင်းခံ
အပ်ပါသည်။
အပ်ပါသည်။
ထို့ အတူ...ဤဘလော့ဂ်တွင် ဖေါ်ပြသော အကြောင်းအရာ ၊ အရေးအသားများနဲ့ 
ပါတ်သက်၍ ဝေဖန်အကြံပေးမှုများ ပေးနိုင်ပါသည်။
ပါတ်သက်၍ ဝေဖန်အကြံပေးမှုများ ပေးနိုင်ပါသည်။
အားလုံးကိုလေးစားလျှက်
Karentimes@blogspot.com ၀ိုင်းတော်သားများ..
ဆက်သွယ်ရန်...karentime2012@gmail.com
Thursday, 16 February 2012
အာဇာနည်သူရဲကောင်းအား ဦးညွတ်အလေးပြုခြင်း
မန်းအာကါထက်...
``ဟာ..ဦးလေးကလဲ ပန်းတွေအများကြီးဝယ်လာတယ်... ဘယ်သူတွေကိုလိုက်ပေးမလို့ လဲ``
ဈေးထဲက ပန်းလေးတစည်းဝယ်လာတာကို တရပ်ကွက်တည်းနေ ကောင်လေးတယောက်က ကျနော့်အား မေးမြန်းခြင်းဖြစ်ပါတယ်...
``ဘယ်သူ့ ကိုမှ ပေးဖို့ အတွက်မဟုတ်ဘူးတူလေးရာ...ဘုရားကပ်လှူဖို့ အတွက်ဝယ်လာတာပါ````
လို့ မြန်ဖြေလိုက်မိတယ်....
ဒီကောင်လေးက ကျနော်အားမေးချင်ရင်လဲ မေးစရာပါ...ဒီနေ့ ဟာ ဖေဖေါ်ဝါရီလ 14-ရက်နေ့ ဆိုတော့ ချစ်သူများနေ့ လို့  လူတွေသတ်မှတ်ကြတယ်လေ.. ဒီကောင်လေးရဲ့ အရွယ်ဟာ လူပျိုပေါက်စလေး ဆိုတော့ ဖေဖေါ်ဝါရီလ 14-ရက်နေ့ မှာ ပန်းတွေဝယ်သူတိုင်း၊ ပန်းတွေကိုင်သူတိုင်း ချစ်သူ များနေ့ နဲ့ ပါတ်သက်တယ်လို့ ထင်မြင်ခဲ့တဲ့သူ့ ရဲ့ အတွေးကို ကျနော်အပြစ်မတင်ချင်ပါဘူး... ။နောက်တခုကတော့ ကိုယ်ဘယ်နေရာဘဲရောက်ရောက် အုပ်ထိန်းသူမိဘတွေက ကိုယ်မွေးထုတ်လာတဲ့ကလေးတွေကို အနည်းဆုံးတော့ ကိုယ်ဟာ ဘာလူမျိုးလဲ၊ ဘယ်ကလာလဲဆိုတာ မိတ်ဆက်ပေးသင့်ပါတယ်။
လက်ရှိကျနော်တို့ နေတဲ့အရပ်မှာ ကိုယ့်ရပ်ကိုယ့်မြေမဟုတ်တော့ အခြားယဉ်ကျေးမှုတွေ၊
ရိုးရာတွေ လူမှုအသိုင်းအ၀ိုင်းထဲမှာ လာရောက်ထိတွေ့  ရောယှက်နေမှာဘဲ..
.ဒါဟာ သဘာဝတရားတခုပါ။
..........................
ကျနော့်အသက်အရွယ်က ချစ်သူများနေ့ ကို ဆင်နွှဲရမယ့်အရွယ်လဲမဟုတ်သလို... ချစ်သူများနေ့ နဲ့ ပါတ်သက်ပြီး ဘာမှခံစားချက် မရှိခဲ့ဘူးတာအမှန်ပါ။ဒါပေမဲ့ ကျနော်ခံစားခဲ့ဘူးတာက ဖေဖေါ်ဝါရီလ 14-ရက်နဲ့ ပါတ်သက်တာပါ။ ချစ်သူများနေ့ လုံးဝ (လုံးဝ)မဟုတ်ရပါ။ ကျနော်လေးစားရသော၊ ချစ်ခင်ရသော ၊ ကရင်တမျိုးသားလုံး
ချစ်ခင်လေးစားရသော၊ ဒီမိုကရေစီဘက်တော်သားတွေ ချစ်ခင်လေးစားရသော စံပြအမျိုးသားခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းရှားလာဖေါင် တယောက် မဟာလူမျိုးကြီး
ဝါဒသမားနဲ့  အမျိုးသားသစ္စာဖေါက်တို့  ပူးပေါင်းကြံစည်လုပ်ကြံမှု ခံလိုက်ရတဲ့ ဖေဖေါ်ဝါရီလ 14-ရက်နေ့ ဖြစ်ပါတယ်....အခုဆိုရင် အတီးပဒိုမန်းရှာတယောက် လူ့ လောက ကနေထွက်ခွါ
သွားတာ (၄)နှစ်ပြည့်ခဲ့ပါပြီး...ကျနော်အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားရေးကို
ချစ်ခင်မြတ်နိုးသော၊ ဒီမိုကရေစီကိုတန်ဖိုးထားသောသူများ အမြဲသတိရမှာပါ။ ကျနော့်အနေနဲ့ 
အထူးသဖြင့် လက်ရှိကရင်လူမျိုးတွေရဲ့ အနေအထားအရ အတီးမန်းရှာကို ပိုပြီးတော့
သတိရနေမိတယ်။
အတီးပဒိုမန်းရှာတယောက် လက်ရှိအသက်ရှင်အုံးမယ်ဆိုရင်...ကရင်လူမျိုးတွေရဲ့  အင်အားစုအနေအထားဟာ တမျိုးတဖုံဖြစ်မှာသေချာတယ်..။ အတီးမန်းရှာရှိစဉ်တုံးကတော့ ကောက်ကျစ်ယုတ်မာတဲ့ မဟာလူမျိုးကြီးဝါဒတွေဟာ ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကြီး ကေအင်န်ယူကို လှည့်စားဖို့  ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုးသားမှုမရှိတဲ့ မဟာလူမျိုးကြီးဝါဒသမားတွေဟာ အတီးမန်းရှာရဲ့ ကြီးမားတဲ့အမျှော်အမြင်ကြောင့် ကေအင်န်ယူကို မလှည့်စားနိုင်ခဲ့ဘူး။ အတီးမန်းရှာနဲ့  စားပွဲဝိုင်းပေါ်မှာ စကားယှဉ်ပြောနိုင်ဖို့  ဗမာစစ်အုပ်စုမှာ ဘယ်သူမှမရှိတာလဲပါတယ်။
မဟာလူမျိုကြီးဝါဒသမားတွေက ငှင်းတို့ ရဲ့  ကောက်ကျစ်ယုတ်မာမှုနည်းအမျိုးမျိုးနဲ့  မိခင်အဖွဲ့ အစည်းကြီးကေအင်န်ယူရဲ့  အိမ်ရှေ့ ငြိမ်းချမ်းရေးတံခါးပေါက်ကနေ တည့်တည့်မ၀င်
လာရဲဘဲ ...နောက်ဖေးအပေါက်ကနေ သူခိုးဂျပိုးတို့ ရဲ့ ကောက်ကျစ်ယုတ်မာမှုလမ်းစဉ်အတိုင်း အမျိုးသားရေးမရင့်ကျက်သူတွေကို စည်းရုံးဖဲ့ယူလိုက်တယ်။
ဖဲ့ချွေစည်းရုံးခြင်းခံလိုက်ရတဲ့ အမျိုးသားသစ္စာဖေါက်တွေက မိခင်ကေအင်န်အဖွဲ့ အစည်းကို ပြန်
လည် တိုက်ခိုက်လာတာသာမက အတီးမန်းရှာလို တန်းဖိုး
မဖြတ်နိုင် တဲ့ အမျိုးသား ခေါင်းဆောင်ကောင်းတယောက်ကိုပါ လုပ်ကြံရက်တယ်ဆိုတာ အလွန်ကိုမှ ရွံစရာကောင်းပါတယ်။ရင်နာစရာလည်းကောင်းပါတယ်။
အတီးမန်းရှာမရှိတော့တဲ့ နောက်မှာ ကောက်ကျစ်ယုတ်မာတဲ့မဟာလူမျိုးကြီးတွေနဲ့ အမျိုးသား
သစ္စာဖေါက်တို့ ပိုပြီးနီးကပ်မှုတွေရှိလာပါတယ်။ အခုတော့ ကောက်ကျစ်ယုတ်မာတဲ့မဟာ လူမျိုးကြီးဝါဒသမားတွေက ယခင်ကလို နောက်ဖေးပေါက်ကနေ ခိုးကြောင်ခိုးဝှက် မ၀င်လာတော့ ဘဲ....အတင့်ရဲစွာနဲ့  အိမ်ရှေ့ တည့်တည့်ကို ၀င်လာနေပါပြီး။။။ အတီးမန်းကို လုပ်ကြံတုန်းက ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသားသစ္စာဖေါက်တွေလဲ ကရင့်အမျိုးသားရေး၊ကရင့်ကံကြမ္မာကို ရောင်းစား ဖို့  ခြေလှမ်းတွေ အလွန်သွက်နေပါတယ်။
ဗမာစစ်အုပ်စုတို့  ဒီတချီလှမ်းတဲ့ခြေလှမ်းမှာ ဗမာစစ်အုပ်စုရဲ့ ပရိယာယ်ကျော့ကွင်းထဲမှာ ကိုယ့်အမျိုးသားအင်အားစုတွေ တစိတ်တပိုင်း ပါသွားမယ်ဆိုရင် … …....အမျိုးသားရဲ့ ကံကြမ္မာဟာ ဆက်မတွေးရဲတော့ဘူး.....ဒီအချိန်မှာ တမျိုးသားလုံးကို ဦးစီးဦးဆောင်ပြုနိုင်တဲ့၊
သြဇာတိကမ ကြီးမားတဲ့ခေါင်းဆောင်ကောင်းတယောက် လိုအပ်နေတာအမှန်ပါဘဲ။
သြဇာတိကမ ကြီးမားတဲ့ခေါင်းဆောင်ကောင်းတယောက် လိုအပ်နေတာအမှန်ပါဘဲ။
…...............................................
အတီးမန်းရှာကျဆုံးသွားတဲ့ ဖေဖေါ်ရီလ 14-ရက်နဲ့ ကရင်လူမျိုးတို့ အတွက် အမျိုးသားရေးလမ်းဆုံလမ်းခွဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ အတီးမန်းရှာကို အလွန်သတိရလွန်းဆွတ်မိပြီး ရင်ထဲမှာလဲ အကြိမ်ကြိမ်ဦးညွတ်အလေးပြုမိပါတယ်။
...................................................
...................................................
ဈေးမှာဝယ်လာတဲ့ပန်းစည်းကို ဘုရားမှာ ကပ်လှူပြီး ကျနော်သတိရလွမ်းဆွတ်တဲ့ ဖထီးအတီးမန်းရှာတယောက် ရောက်ရာဘုံဘ၀မှာ သာဓုခေါ်နိုင်ပါစေ။...
အတီးမန်းရှာရေ....အမျှ....အမျှ....အမျှ......
မန်းအာကါထက်
ဖေဖေါ်ဝါရီလ ၁၄ ရက်၊ ၂၀၁၂။
www.karentimes.blogspot.com
Saturday, 4 February 2012
ဒိန်းမတ်နိုင်ငံတွင် လူမှုထောက်ပံ့ငွေများတိုးမြှင့်
Karentimes..
ဒိန်းမတ်နိုင်ငံတွင် ပြောင်းရွေ့ နေထိုင်သော ဒုက္ခသည်များအား ယခုဖေဖေါ်ဝါရီလ ၁-ရက်နေ့ 
မှစ၍ လူမှုထောက်ပံ့ငွေများ တိုးမြင့်ပေးကြောင်းသိရသည်။ ထိုသို့ တိုးမြင့်ပေးရာတွင် ယခင်လူပျိုလူလွတ်များအတွက် ထောက်ပံကြေး လေးထာင်ခရူနာ ၀န်းကျင်မှ ယခု ရှစ်ထောင်ခရူနာခန့် သို့ လည်းကောင်း၊ ခလေးရှိမိသားစုများအတွက် ယခင် ထောက်ပံကြေး ငါးထောင်ခရူနာဝန်းကျင်မှ ယခု ခရူနာတစ်သောင်းနီးပါးစီခန့်  ရရှိကြကြောင်း သိရသည်။
အဆိုပါငွေပမာဏသည် အခွန်ပေးဆောင်ပြီး ကျန်ရှိသည့်ငွေဖြစ်သည်။
ယခုထောက်ပံ့ကြေးတိုးမြင့်မှုနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံတွင် တနှစ်ခွဲခန့် ပြောင်းရွေ့ နေထိုင်သည့် ကိုသိန်းမှူးက`` ထောက်ပံ့ကြေးပိုရတာလဲ ဘာမှအခြေအနေသိပ်မထူးလာဘူး..ဘာကြောင့်လဲဆိုတော့
အရင်တုံးကထောက်ပံ့ကြေးရနည်းတာတော့ဟုတ်တယ်...အိမ်ငှားခအတွက် အိမ်ငှားခအကူငွေပေးတဲ့ဌာနရှိတယ်...အခုတော့ အဲဒီဌာနက ကျနော်တို့ ကို အိမ်ငှားခ အကူငွေ မဖြစ်စလောက်ဘဲပေးတော့တယ်...နောက်တော့ ကျနော်တို့ ခလေးတွေအတွက် ကျောင်းချိန်ပြင်ပ ခလေးထိန်းခလဲ ကိုယ့်ဘာသာဘဲပေးရတယ်..ကျနော်တို့ အတွက် ဒိန်းမတ်ဘာသာစကားကျောင်း
သွားဖို့ လဲ ကိုယ့်ခရီးစရိတ်နဲ့ ကိုယ်သွားနေရတယ်``လို့ ပြောသွားပါသည်။
တယောက်တည်းသမား ကိုထက်က`` အင်း...အခုတော့ နည်းနည်းခံသာသွားတယ်လို့  ဘဲပြောရမှာပေါ့...အရင်ထောက်ပံ့ကြေးက အိမ်ငှားခတွေနှုတ်ပြီး စားဖို့ သောက်ဖို့ အတွက် တစ်ထောင်ခရူနာကျော်ကျော်လောက်ဘဲရတယ်...အလုပ်လဲရှာလို့ လဲမရ... အဲဒီထောက်ပံကြေးနဲ့ ဘဲ မလောက်မငှနဲ့ အသက်ဆက်ရတာပေါ့..အခုတော့အိုကေသွားတာပေါ့နော်``.လို့ ပြောသွားပါသည်။
ဒိန်းမတ်နိုင်ငံ၏ လူမှုထောက်ပံငွေ တိုး/လျှော့မှုနှင့် ပါတ်သက်၍ လက်ရှိအာဏာရ နိုင်ငံရေးပါတီ
ပေါ်တွင် မူတည်ကြောင်းနှင့် ယခုလက်ရှိအာဏာရသည့်ပါတီသည် နိုင်ငံခြားသား၊ ဒုက္ခသည်များ
အပေါ် အလွန်စာနာမှုရှိကြောင်း သွားရောက်အခြေချသည့် ဒုက္ခသည်များက ရှုမြင်ကြသည်။
ဒိန်းမတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုအနည်းဆုံးစာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်ပြီး
လုပ်အားခကောင်းသည့်နိုင်ငံတနိုင်ငံလည်းဖြစ်သည်။ လက်ရှိတွင် သာမန်အလုပ် လုပ်အားခ
တနာရီလျှင် 100 ခရူနာ(ကန်ဒေါ်လာ 17.6 ခန့် )၀န်းကျင်ရှိသည်။ သို့ သော် အခွန်ပေးဆောင် ရာတွင်လဲ စံချိန်တင်လောက်သည့် နိုင်ငံဖြစ်သည်။
EU အဖွဲ့ ဝင်နိုင်ငံတနိုင်ငံဖြစ်သည့် ဒိန်းမတ်နိုင်ငံသည် လူသားချင်းစာနာထောက်ထားသည့်
အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ ဒုက္ခသည်များကို ခေါ်ယူနေထိုင်ခွင့်ပေးခြင်း၊ မိမိ၏နိုင်ငံတွင် နိုင်ငံရေး
ခိုလှုံခွင့် လာရောက်တောင်းခံသူများအား လက်ခံခိုလှုံခွင့်ပေးသည့် နိုင်ငံများအနက် တနိုင်ငံအပါအ၀င်ဖြစ်သည်။သို့ သော် နိုင်ငံခြားသား၊ဒုက္ခသည်များ နိုင်ငံသားရရှိရန်အတွက်
ဒုက္ခသည်များ လက်ခံသော အခြား နိုင်ငံများထက် ပို၍ခက်ခဲကြောင်းသိရသည်။ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပါတ်သက်၍ သွားကုသမှုမှလွှဲ၍
ကျန်သည့် ကျန်းမာရေးဝန်ဆောင်မှုအားလုံး အခမဲ့ဖြစ်သည်။သို့ သော်
အသက် ၁၈-နှစ်အောက်ရှိ ခလေး လူငယ်များအား သွား အခမဲ့ ကုသသည်။
ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံမှဒုက္ခသည်များကို ၂၀၀၀/၁ ခုနှစ်ဝန်းကျင်နှင့် ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှတဆင့် ခေါ်ယူပြီး ထိုနောက်ပိုင်းတွင် မလေးရှားနိုင်ငံမှတဆင့် နှစ်စဉ်ခေါ်ယူလျှက်ရှိသည်။
Subscribe to:
Posts (Atom)




