Thursday 26 May 2011
ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ
ဒီရက်ပိုင်းအတွင်း ဗမာဖက်ဆစ်အစိုးရကိုဖါးပြီး ကရင်သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဦးစော ပလာတူးနဲ့ ကရင်လူမျိုးကိုချစ်မြတ်နိုးတဲ့ ပြည်တွင်းနေကရင်ခေါင်းဆောင်များက ဗမာဖက်ဆစ်အစိုးရ နဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စအကြောင်း ပြောဆိုဆွေးနွေး တဲ့ မှတ်တမ်းဗွီဒီယိုခွေတွေကို သတင်းစာမျက်နှာတွေပေါ်မှာတွေ့ လိုက်ရတယ်။
တကယ်တော့ကရင်အမျိုးသားအစည်းအရုံးကေအင်န်ယူ နဲ့  ဗမာဖက်ဆစ်အစိုးတို့ငြိမ်းချမ်းရေးဆွေး   
နွေးဖို့ ကိစ္စကို ကျနော်နယ်စပ်မှာနေစဉ်ကတည်းက ကြားခဲ့၊ သိခဲ့ မြင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုံးက ဦးစောပလာတူးတို့  ဒေါက်တာစိုင်းမွန်သါတို့  တီးမသေတို့ တင်မကပါဘူး။ ပြည်တွင်းမှာနေတဲ့ နယ်မြေခံ၊
ဒေသခံကရင်လူမျိုးတွေရဲ့  လေးစားခံရ၊အထင်ကရ ဘာသာရေးခေါင်းဆောင်တွေကအစ ဗမာဖက်ဆစ်အ စိုးရရဲ့ အလိုတော်ကျ ငြိမ်းချမ်းရေးကိုယ်စားလှယ်(ပွဲစား)တွေခြေချင်းလိမ်နေကြပါတယ်။
 အခုဒီဆွေးနွေးပွဲမှတ်တမ်းထဲက ဦးစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ လှုပ်ရှားမှု (လုပ်စား) မရှိခင် အရင်ရှေးကျတဲ့ပွဲစားတို့ ရဲ့ လှုပ်ရှားမှုဖြစ်ရပ်တခုကို ဒီနေရာမှာအလျဉ်းသင့်လို့  ပြန်လည်ဝေငှချင်ပါတယ်။ အဲဒီတုံးက ဗမာထောက်လှန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဘုန်းမီးတောက်တဲ့အချိန်၊သူရဲ့ အစီအစဉ် နဲ့  ပြည်တွင်းက    အထင်ကရ ကရင်ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
ဖြစ်ကေအင်န်ယူထံကိုလွတ်လာပါတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကရင်အမျိုးသား စည်းလုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲနဲ့ လည်း တိုက်ဆိုင်တော့(တမင်ရည်ရွယ်ပြီး အဲဒီအချိန်ကိုရွေးပြီး ကိုယ်စား လှယ်လွတ် လာတာလည်းဖြစ်နိုင်) နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းတွေအပါအ၀င် ၊ ကရင်အဖွဲ့ ကိုယ်စားလှယ်တွေ စုံစုံလင်လင် တက်ရောက်လာကြတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုယ်စား လှယ်တို့ ရဲ့  အာဘော်အရ
ကေအင်န်ယူ အဖွဲ့ အနေနဲ့ လိုချင်တာကိုသာပြော အတတ်နိုင်ဆွေးနွေး ပေးမှာဖြစ်ကြောင်း၊
ကေအင်န်ယူနှင့်ဒီကေဘီအေတို့  ပူပေါင်းပြီး လာမည့်နှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေါ့ကရိတ်မြို့ မှာ ကရင်ပြည်သူလူထုများနဲ့ အတူတကွပါဝင်ဆင်နွဲနိုင်အောင်၎င်းတို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း ယခုဆွေးနွေးသည့်အကြောင်းအရာများကို ဗိုလ်ချုပ် ခင်ညွန့် ထံအကုန်ပြန်လည် အစီရင်ခံပေးမှာဖြစ်ကြောင်းအာပေါင်အာရင်း သန်သန်နဲ့ တင်ပြဆွေးနွေးသွားတယ်။
 ဒါပေမဲ့ သူတို့ ပြည်တွင်းကိုပြန်သွားပြီးမကြာခင်မှာဘဲ ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါ တွေ အစွယ် ရိုက်ချိုးခြင်းခံ လိုက်ရတော့ လာပြောသမျှစကားတွေလည်း ဘာမှအရာမ၀င်ဖြစ်သွားတယ်။ နှီးနှောဖ လှယ်ပွဲမှာ လာရောက်သွားတဲ့ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေလည်း အနည်းနဲ့ အများတော့ သင်ခန်းစာရ ကြမယ်ထင်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာသူတို့ လာတုံးကတိုက်ဆိုင်မှုတခုကိုလည်းခုထိကျနော် 
မှတ်မိနေသေးတယ်။
အဲဒီနှီးနှောဖလှယ်ပွဲမှာရောက်တဲ့ နိုင်ငံခြားက ကရင်ကိုယ်စားလှယ် အကိုကြီးတယောက်ပါ  (နာမည်မမှတ်မိတော့)ပြည်တွင်းကငြိမ်းကိုယ်စားလှယ်တွေကဗမာစစ်ဗိုလ်ချုပ်
အယုံသွင်းခြင်းကိုခံလိုက်ရပြီးနှီးနှောဖလှယ်ပွဲမှာ မက်လုံးစကားတွေအများကြီး ပြောလာတော့ 
သူကမေးခွန်းထုတ်လိုက်တာပါ။ “ဗမာတွေက သူတို့ အာဏာရှိတဲ့အချိန်ဆို တမျိုးပြောတယ်  ကျနော်တို့ ကရင်တွေကို အပေါ်စီးကနေ ဆက်ဆံတယ်ကလိမ်ကကျစ်အကြမ်းဖက်တဲ့နည်းနဲ့ တိုက်တယ်တိုက်လို့ မရရင်မက်လုံး တွေပေးပြီးစည်းရုံးတယ်။ ဂတိတွေလည်းအမျိုးမျိုးပေးတယ်နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူးအချိန်မရွေး ဖြုတ်ထုတ်သတ်ခံရနိုင်တယ်
 နမူနာအရ ဗမာဝန်ကြီးချုပ်ဦးနုက ကရင်တွေတိုင်းပြည်လိုချင်ရင်တိုက်ယူလို့ ပြောသွားတယ်ဒါပေမဲ့  သူရာထူးပြုတ်တဲ့အခါကျတော့ ကရင်နယ်မြေဆီကို ထွက်ပြေးလာရတယ်….အခုလဲ ဗမာစစ်ဗိုလ်ချုပ် ခင်ညွန့် က ဂတိတွေအမျိုးမျိုးပေးနေတယ် တဖက်မှာလည်းကရင်တွေကိုနည်းအမျိုးမျိုးနဲ့  ညှဉ်းပန်းနှိပ်စက် တယ်တနေ့ ကျရင် ဗမာအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ပွဲထဲပါသွားရင် သူလည်းကျနော်တို့ ကရင်တွေ ဆီမပြေးလာနိုင်ဘူးလို့ မပြောနိုင်ဘူးတဲ့။
  ဒါလည်းမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူးသန်းရွေသာ ခင်ညွန့် ကို အကျယ်ချုပ်မထားဘဲ ရာထူး ဘဲဖြုတ်ထားရင် အထက်က နိုင်ငံခြားက ကိုယ်စားလှယ်ပြောသလို ကရင်တွေဆီမပြေးလာနိုင်ဘူး လို့ ပြော လို့ မရဘူး။ မယုံရင် ခင်ညွန့် ကို အခု အိမ်အကျယ်ချုပ်ကနေလွှတ်ကြည့်ပါလား…… ထားးပါတော့ ဒါကဟိုးလွန်ခဲ့ တဲ့ ခင်ညွန့် ရာထူးမပြုတ်ခင်က အနေအထားပါ။
……………………………………………………………………………………………………………
 အခုပြောချင်တာကစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မှတ် တမ်း ဗွီဒီယိုခွေနဲ့ 
ပတ်သက်တာပါ။ အရင်ဆုံးပြောချင်တာက ကရင်လူမျိုးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပါ။ ကရင်လူမျိုးတို့ ရဲ့ 
ပင်ကိုယ်စရိုက်က ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးတဲ့လူမျိုးတမျိုးပါ။ 
ကရင်တွေ အေးဆေး နေချင်လို့ လူတွေရှုတ်တဲ့နေရာမှာမနေချင်လို့ 
လူရှုတ်တွေကိုရှောင်ရင်းနဲ့ . ယနေ့ လက်ရှိကရင်လူမျိုး တွေရဲ့  နေရပ်ဌာနေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။ တဖက်ကလည်း ခေတ်အဆက်ဆက် အာဏာရတဲ့ လူမျိုးတွေရဲ့ အနိုင်ကျင့်မှုကိုမခံနိုင်တော့လို့ ရှာင်တာ 
လည်းပါတယ်။ကျနော်တို့  ဘိုးစဉ်ဘောင်ဆက်ကမြန်မာပြည်အနှံ့ ၊ထိုင်းနိုင်ငံ မှာလည်း ချစ်မိုင်ဒေသ အပါအ၀င် နေရာအနှံ့  မှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်းသိမှာပါ။
ကရင်ပြည်ကိုစတင်တောင်းဆိုတဲ့အချိန်တုံးကလည်းငြိမ်းချမ်းစွာ ဆန္ဒပြီးတော့ တောင်းဆိုတယ်ဗမာတွေ ကမပေးချင်လို့ အကြမ်းနည်းနဲ့ ဖြိုခွဲတော့ ကရင်တွေက ကိုယ့်အသက်အိုးအိမ်ကိုကါကွယ်တဲ့အနေနဲ့  ရရာလက်နဲ့ ဆွဲကိုင်ပြီးတော့ ပြန်လည်တိုက်ခိုက်ရတာပါ။ အဲဒီအချိန်ကစပြီးယနေ့ အထိ ကျနော်တို့  ကရင်တွေ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ အဆင်သင့်အနေအထား မှာ အမြဲတမ်းရှိတယ်။
နောက်တခုကတော့ ဗမာလူမျိုးနဲ့ မြန်မာပြည်သမိုင်းကိုလည်းကျနော်တို့ ပြန်လည်လေ့ လာဖို့ လိုတယ်။ 
မြန်မာပြည်သမိုင်းတင်တဲ့အချိန်ကစပဒေသရာဇ်ခေတ်အဆက်ဆက်မှာ   နန်းတွင်း ပုန် ကန်မှုတွေ.. အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ ဆိုလိုတာက ဗမာ လူမျိုးတွေဟာ သူတို့ အချင်းချင်းတွေတောင်မှ သစ္စာရှိကြတဲ့လူမျိုးမဟုတ်ဘူး။အရင်ဦးတဲ့သူအနိုင်ယူကြေး ဘဲဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကိုကြည့်မလား၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းမှု၊ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပေါင်းပါများ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဗမာလူမျိုးတွေရဲ့  ထင်ရှားတဲ့စရိုက်သါဓက တွေဘဲဖြစ်တယ်။ ဗမာလူမျိုးတွေရဲ့ အတွင်းစိတ်သဏ္ဍန်အကြောင်းတွေ ပြောရင်တော့ကုန်မှာမဟုတ်ဘူး.. ဗမာတွေအချင်း ချင်းတောင် အဝေမတည့်ဘဲနဲ့  အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီး နယ်မြေခွဲ
ဝေပေးမယ်ဆိုတာ အိပ်မက်တောင် သွားမမက်လိုက်ပါနဲ့ ….
ဒါကိုသိသိရင်းနဲ့  ဦးစောပလာတူးနဲ့ အဖွဲ့ က ဘာဖြစ်လို့ ငြိမ်းချမ်းရေးကိစ္စကို ဇွတ်အ တင်းလုပ်နေရတာလဲ… .ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေပြီး ငှင်းတို့ ဆီက စီးပွါးရေးအခွင့် အရေးမြိုး မြိုးမြက်မြက် ရတာလောက် နဲ့   ကိုယ့်ကိုယ်ကို ဟုတ်လောက်ပြီလို့ ထင်နေကြတယ်။
ဆွေးနွေးပွဲမှတ်တမ်းခွေထဲက တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ စကားအသွား အလာအရ… .ကေအင်န်ယူအဖွဲ့ ဟာစည်းလုံးညီညွတ်မှုမရှိဘူးလို့ လည်းသုံးသပ်ကြတယ်။ဒါဆိုကိုယ့်ကိုယ်ကို  ကရင်လူမျိုးကိုချစ်တဲ့ကရင်တယောက်အနေနဲ့  ကရင်တမျိုးသားလုံးအတွက် အသက် ..သွေး ချွေး 
တွေပေးဆပ်နေတဲ့ ကေအင်န်ယူအဖွဲ့ အစည်းကို စည်းလုံးညီညွတ်မှုရှိအောင် ၀ိုင်းဝန်းညှိနှိုင်း 
ပေးရမဲ့တာဝန်မရှိဘူးလားဒီတာဝန်ကို မသိတဲ့အပြင် မလုပ်တဲ့အပြင် ကိုယ့်ရဲ့ အမျိုးသားတော် 
လှန်ရေး အဖွဲ့ ကို မရမကဖက်ထုတ်သေးတယ်
နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ပနိုင်ငံတခုခုမှာလဲမလုပ်၊ သတင်းထုတ်ပြန် ကြေငြာချက်တွေ
လည်းမဟုတ်ဘူးဆိုတော့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ဟာ သူခိုးကျပိုးလိုမျိုး အိမ်နောက်ဖေး အပေါက်ကနေ  ၀င်ပြီး ကေအင်န်ယူကိုဖက်ထုတ်ဖို့ ကြိုးစားနေတဲ့ ကလိမ်ကကျစ် လုပ်ရပ်သါဖြစ် ပါတယ်။ တဖက်လူက လိမ်လို့  လိမ်မှန်းမသိတာလားသိသိရင်းနဲ့  မိမိကိုယ်ကျိုးအတွက် ကိုယ့်အမျိုးသားကို လက် ညိုးထိုးရောင်း  စားချင်တာလား ဆိုတာကိုယ့်ကိုယ်ကိုဘဲပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။
ဦးစောပလာတူးရဲ့ ပြောစကားအရ ကရင်လူမျိုးတို့ ရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို သူတယောက်ဘဲ အသိဆုံးသူဘဲကယ်တယ်ပေးဖို့အစွမ်းဆောင်နိုင်ဆုံးလူပုဂ္ဂိုလ်ဖြစ်သလိုလို….ဒီနေရာမှာ လည်း အကြောင်းတိုက်ဆိုင်လို့  တခုလောက်ထပ်ပြောချင်သေးတယ်….2003 ခုနှစ် ကရင်နှီးနှောဖ လှယ်ပွဲကပါ ..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်… “ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်လို့  ဆိုပြီး ယောက်ျားတန်မဲ့ ရင်တွေဆို့ တက်လာပြီး မျက်ရည်တွေလည်း ပေါက်ပေါက်ကျခဲ့တယ်။ ဆိုလိုတာက ဗမာလူမျိုးတွေရဲ့ လက်အောက်မှာနေနေရတဲ့ ကရင်လူမျိုးတွေ ဘယ်လောက် ထိဖိနှိပ်မှုခံရ သလဲဆိုတာ ကရင်လူမျိုးတွေဘဲသိပါတယ်နောက်တခုက ဗမာတွေက ဘယ်လောက်ဘဲငြိမ်း ချမ်းရေး စကား ဆိုဆို သူတို့ ရဲ့ ပင်ကိုယ်စရိုက် ကောက်ကျစ်တဲ့အကျင့်တွေကြောင့် ဘယ်တော့မှ ငြိမ်းချမ်း 
 ရေးအစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာလဲ..သိနေလို့ ပါ။
………………………………………………….
အခုတော့ ဦးစောပလာတူး၊ ဒေါက်တာစိုင်းမွန်သာ နဲ့ တီးမသေတို့ ရဲ့ ကျေးဇူးတော် ကြောင့် အဖူ့ ထိန်မောင်လည်းသမိုင်းကွေးသွားပါပြီ….နောင်တတွေလည်းတပွေ့ တပိုက်ကြီးရသွားတယ် တကယ်တော့  မြန်မာပြည်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးလောကမှာ အချို့ တိုင်းရင်း သားအင်အားစုတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ပြည်တွင်းပြည်ပနေ ၄င်းတို့ ရဲ
့မြေ  ပေါ်မြေအောက်ပြည်သူ့ အမျိုးသားရေးအင်သားစုတွေနဲ့ ဟန်ချက်ညီညီပိရိစွာနဲ့ အမျိုးသားရေးကို ဆက် သွယ်လုပ်ဆောင်ကြတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကျတော့ ဟန်ချက်ညီညီမလုပ်ဆောင် တဲ့အပြင် ကိုယ့်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကို ပေါ်တင်ကြီး ခွဲပြစ်ဖို့ ကြိုးစားတာ အလွန် ၀မ်းနည်းစရာ ကောင်းတဲ့လုပ်ရပ်ပါ။
နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ   အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း (ယခင်ဒီကေဘီအေ နဲ့ ကေအင်န်ယူ တို့ ဖြစ်တဲ့တိုက်ပွဲတွေဖြစ်တဲ့ပြသနာတွေ ကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင် မရှိသလောက် ဖြစ်နေတာလဲ  အဖြေရှာရခက်တဲ့မေးခွန်းတခုပါ။
မန်းအာကါထက်
25/06/2011.
Sunday 8 May 2011
နွေဦး အတာသင်္ကြန်နှင့် ဥရောပပိတောက်
ဥရောပပိတောက်တောမှ ရင်သွေးငယ်များ
ဒီနေရာဒီဒေသကို ရောက်လာတာ ၆ နှစ်ဝန်းကျင်လောက်ပြည့်ခဲ့ပါပြီ။ပျာ်ရွှင်မှုရှိလား မရှိလားတော့ကိုယ့်ကိုယ်ကိုခုထက်ထိ တိကျတဲ့အဖြေမရသေးပါဘူး။အခြေအနေ၊ အနေအထားတခု အရသါ နေသွားတယ် လို့ ကိုယ့်ကိုယ်ကို နားလည်နေမိတယ်။ အပူပိုင်းဒေသကလာတဲ့သူတွေ ဒီလိုမျိုးဥရောပ အအေးပိုင်းဒေ သတွေမှာ ရောက်လာရင်အနည်းနဲ့ အများတော့ စိတ်တွေ ထိုင်းမှိုင်းမှုတွေရှိမှာ ဘဲလို့ ယျေဘူယအားဖြင့် မှတ်ယူလို့ ရမယ်ထင်ပါတယ်။ 
ရာသီဥတုကါလပေါ်မူ တည်ပြီး နေ့ တာ၊ ညတာအချိန်ကွာဟမှုတွေကလည်း ဒုက္ခတမျိုး ။နေတာရှည်ရင် လဲရှည်လွန်းတယ်၊ ညတာရှည်ပြန်တော့လည်း ရှည်လွန်းပြန်ရော။ ညတာရှည်တဲ့အချိန်ဆိုရင် ညနေ၃.နာရီဝန်းလောက် ဆိုနေ၀င်ပြီး မနက် ၉. နာရီခွဲလောက်မှနေစထွက်တာ။ ရာသီဥတုဆိုးတဲ့အချိန်၊
နေမမြင် ရတဲ့နေ့ ဆိုရင်တော့၂၄ နာရီပတ်လုံး ညအချိန်ကြီးပါဘဲ။အဲနေ့ တာရှည်တဲ့ အချိန်
ဆိုပြန်တော့လည်းည၁၁. နာရီလောက်မှနေ ၀င်ပြီးတော့ မနက် ၄ နာရီလောက်ဆို နေပြန် ထွက်ပြန်ရော။
ဆောင်းတွင်းကာလတုံးကဆို အပြင်တခါခါထွက်ရင် ကိုယ့်ကိုယ်ကို ကေါက်ညှင်းထုပ် ထုပ်သလို အ၀တ်အစားနှစ်ထပ်၊သုံးထပ် ပြီးတော့ အနွေးထည်ခပ်ထူထူ၊ ဒါတွေမကသေး ဦးထုပ်၊ခေါင်းစွပ် အပြင် လည်ပင်းမှာပတ်တဲ့ပုဝါတထည်ပါပတ်ပေးရပါသေးတယ်။ ဒါတောင်ရာသီဥတု ဆိုးတဲ့အချိန်၊နှင်းမုန်တိုင်း 
ကျတဲ့အချိန်၊ အပူချိန်တကယ်ကျတဲ့အချိန်နဲ့ တိုးရင် ဒီအ၀တ်အစားကဘယ်လိုမှမကာကွယ်နိုင်ဘူး။  
  တခါတလေကိုယ့်နှာခေါင်းနဲကိုယ်တောင်ကိုယ်မသိတော့တဲ့ အချိန်ဖြစ်သွား တတ်ပါတယ်။
လအေးဓါတ်ကိုရှူရင်းနဲ့  အသက်ရှူလမ်းကြောင်းအေးလွန်းပြီး ကိုယ့်ကိုယ်ကိုနေမထိ ထိုင်မသာဖြစ်ခဲ့ဘူးတာ   လည်းရှိပါတယ်။  တပါတ်၊ဆယ်ရက် ရေခဲတွေ ဆက်တိုက်ကျပြီး လနဲ့ ချီပြီးနေမင်းကြီးမတွေ့ ရတာလည်းကြုံခဲ့ရပါတယ်။    အအေးဒဏ်လွန်  ကဲတဲ့ ဆောင်းရှည် ကါလကို ဖြတ်ကျော်ရင်း အခုနွေဦးရာဦရောက် မှနေရောင်လေးတွေမြင်ရပြီး တဆောင်းတွင်းလုံး ထိုင်းမှိုင်းခဲ့တဲ့ စိတ်ဟာလည်းတဖြည်းဖြည်းနဲ့ ကြည်လင်လာပါတော့တယ်။
အနောက်နိုင်ငံတွေမှာ နွေ၊ နွေနှောင်း၊ ဆောင်းနဲ့ နွေဦးလို့ ရာသီဥတု လေးမျိုးထဲက နေချင်စဖွယ်
အကောင်းဆုံးလို့ ဆိုရင်ဒီလိုနွေဦးရာသီလိုပြောရမှာပါ။တဆောင်းလုံးအိမ်ထဲမှာကွေးနေရာကနေ
နွေဦးရဲ့ နေရောင်ခြည်တွေကြောင့်စိတ်တွေဟာ အလိုလိုနဲ့ ကြည်လင် လာပါတယ်။
သစ်ပင်ပန်းပင်တွေ လည်း အဖူးသစ်၊ အရွက်သစ်တွေထွက် လာတဲ့အချိန်တွေပါ။ ဖူးသစ် ပွင့်သစ်တွေကိုကြည့်ရှု့ ရင်းနဲ့ ကြည်လင်တဲ့ စိတ်တွေ တိုးလို့ နေပါတယ်။
အပူပိုင်းဒေသက သစ်ပင်ပန်းပင်တို့ ရဲ့ သဘာဝက နွေဦးရောက်ပြီဆို ရွက်ဝါတွေကြွေသွားကြတယ်။ ဒါပေမဲ့လို့ အေးတဲ့ ဒီဘက်ဒေသတွေမှာကျတော့ သစ်ပင်ပန်းပင်တွေက နွေနှောင်းကတည်းက ရွက်ဝါကြွေပြီး တဆောင်းတွင်းလုံးအပင်ကတုံးနဲ့ နေရာကနေ ဒီလိုအချိန်ခါနွေဦးရောက်မှ ရွက်သစ်တွေပြန်ဝေ၊ ပွင့်ဖူးလေးတွေ ပြန်လည်ဖူးပွင့်နိုင်တာပါ။
အနာဂါတ်ရင်သွေးငယ်များ အတာသင်္ကြန်ပွဲတော်အမှတ်တရ
ဒီလိုဖူးပွင့်လာတဲ့ ပန်းပင်တွေထဲမှာ ဥရောပပိတောက်    (တကယ်ဆိုအခြားအနောက်နိုင်ငံတွေမှာလည်းရှိ) လို့ ခေါ်ရလောက်အောင် အာရှပိတောက်ပန်းနဲ့ ခွဲခြားလို့ မရလောက်အောင်ကိုတူတဲ့ ပန်းတမျိုးရှိပါတယ်။ ဒီပန်းလေးဟာ ကိုယ့်ရိုးရာ     သင်္ကြန်ရဲ့ အလွမ်းပြေ ပိတောက်ပန်းလို့ ဆိုရမလိုပါဘဲ။ ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ရဲ့ ကြင်သူသက်ထားလေးကလည်း သင်္ကြန်ပွဲလေးနွဲချင်တယ်တဲ့ ။ အတော်လောက်ဘဲ သင်္ကြန်ပွဲမှာ ယိမ်းသွားကတော့ အိမ်နားကဥရောပ ပိတောက်ပန်းတွေနဲ့ ဆင်ပေး လိုက်တော့ အတော်လေးအဆင်ပြေသွားပါတယ်။ ခါတိုင်းနှစ် ဧပြီလက ဒီနှစ်လောက်မပူပါဘူး။ ဒီနှစ်တော့ အပူချိန်က ၂၀ ဒီဂရီဝန်းကျင်လောက်ရှိတော့ အတာသင်္ကြန်တော်ဆင်နွဲတာ အတော်လေး အဆင်ပြေသွားတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အမိမြေ အတာသင်္ကြန်ပွဲတော်အလွမ်းပြေပေါ့ဗျာ…
ချယ်ရီတွေရဲ့ ရနံ့ တောထဲမှာလည်း နေချင်စဖွယ်ကောင်းတဲ့နွေဦးရာသီပါ။
မန်းအာကါထက်
၂၅ .၀၄ .၂၀၁၁။
ကျနော်သိသော ဖူ့ တာမိက် (ဖူ့ တာမိက်ဘလော့၂ နှစ်ပြည့်အမှတ်တရ)
ဖူ့ တာမိက်ဘလော့ဂ် စတည်ထောင်ပြီးနှစ်ဝက်လောက်မှစပြီး ယနေ့ အထိ မကြာခဏဆို သလို ၀င်ရောက်ကြည့်ရှုအားပေးဖြစ်ပါတယ်။ အရေးအသားတင်ပြပုံကအစ တမူထူးခြားတယ်လို့ ဆိုနိုင် ပါတယ်။ တကယ်တော့ဖူ့ တာမိက်ဘလော့ဂ် မပေါ်ခင်ဖူ့ တာမိက်စာစောင်ကို ကျနော် ဘန်ကောက် မှာနေစဉ်ကတည်းကလည်း ဖတ်ရှုခဲ့ဘူးပါတယ်။
ပထမအချက်အနေနဲ့ ကျနော်ပြောချင်တာက  ဖူ့ မိက်စာစောင်ရော ဖူ့ တာမိက် ဘလော့ဂ် ရော ပင်တိုင်ခံစာရေးဆရာမင်းစိုးစံ  ( အဝေးရောက်ကရင်ဒုက္ခသည်တစ်ဦး)နဲ့  ပါတ်သက်တာပါ။ ကျနော်ရဲ့  အကိုကြီးအရွယ်လောက်ရှိတဲ့  မင်းစိုးစံဟာ စာပေ၀ါသနာကြီး သူတဦးဖြစ်ပြီး၊ ကရင့် အမျိုးသား နဲ့ စာပေ ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးသူ၊    ထိန်းသိမ်းမြှင့်တင်သူ တဦးလည်းဖြစ်ပါတယ်။  အမှန်တရားကို ချစ် မြတ်နိုးသူ၊ မဟုတ်မခံသူ၊      ရိုးသားဖြောင့်မတ်သူတဦးလည်းဖြစ်တယ်။
အမှန်စင်စစ်မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)ဟာ ကျနော်နဲ့ ဘန်ကောက်မှာ မတွေ့ ခင်ကတည်းက ထိုင်းမြန်မာနယ်စပ်ဟွေ့  ခလုတ်ဒုက္ခသည်စခန်းမှာနေတဲ့ 
ဒုက္ခသည်တဦးပါ။ဘန်ကောက်ကို ရောက်လာတာကတော့ နှစ်ထပ် ကွမ်းဒုက္ခသည်အနေနဲ့ 
ရောက်လာခြင်းဖြစ်ပါတယ်။ (တတိယနိုင်ငံရောက်တော့ သုံးထပ်ကွမ်းဒုက္ခ သည်လို့ ခေါ်ရင်ရ မလားမသိဘူး)။    ဒါကြောင့်မို့  သူရဲ့ စာပေအရေးအသါးနဲ့ ပတ်သက်ပြီး အချို့ ဆိုရင် သူကိုယ်တိုင်ကြုံတွေ့  ဖြတ်သန်း လာရတဲ့  အတွေ့ အကြုံတွေ၊    သူ့ ရဲ့ ပတ်ဝန်းကျင်မှာ
(ယခုလက်ရှိ နေတဲ့ နေရာအပါ အ၀င်) ဖြစ်ပေါ် ခဲ့တဲ့ လူမှုအသိုင်း အ၀ိုင်းအချို့ ရဲ့  လွှဲချော်မှုအကြောင်းတွေ၊ မတရားမှုတွေကို ထင်ဟပေါ်လွင်စေပါ တယ်။ အချို့ အရေးအသားမှာ ဆိုရင်လည်း ကရင်လူမျိုးတွေရဲ့ စရိုက်
လက္ခဏာတွေနဲ့ ပတ်သက်တဲ့ ရှေး ဟောင်းနှောင်းဖြစ် အဖြစ်သနစ်လေးတွေ တစိတ်တဒေသအနေနဲ့ စုစည်းတင်ပြသွားတာလည်း အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။
ဒုတိယအချက်ကတော့ ဘလော့ဂ်မှာတင်ထားတဲ့ လှုပ်ရှားမှုပုံရိပ်နဲ့ ပါတ်သက်တာပါ။ အထူးသဖြင့် ကရင်ရိုးရာယဉ်ကျေးမှုပွဲတော်ပုံရိပ်တွေပါ။ ရိုးရာယဉ်ကျေးမှု ဆိုတဲ့စကားလုံးနဲ့ အညီ အနှစ်သာ ရပြည့်ဝစွာနဲ့ ကျင်းပသွားတာတွေ့ ရတယ်။ ဒီနေရာမှာ ကျနော်အနည်းငယ်တင်ပြ ချင်ပါတယ်။   နိုင်ငံတကါမှာ ရောက်နေတဲ့ ကျနော်တို့ ကရင်တွေ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အပါအ၀င် ပွဲတော်တွေ ကျင်းပတဲ့နေရာမှာ အချို့ ဆိုရင် ဟေးလေးဝါးလေးနဲ့ ပွဲတော်ဟာ  ပြီးသွားတယ်။
ဒါပေမဲ့ ကိုယ့်လူမျိုးနဲ့  ပါတ်သက် တဲ့ ရိုးရာယဉ်ကျေးမှုအပါအ၀င် ကိုယ်ပိုင်ဝိသေသလက္ခဏာတွေ ဘာတခုမှတင်ပြသွားတာလည်းမတွေ့  ဘူး။ အမှန်တကယ်နိုင်ငံခြားသားတွေကိုမိမိတို့ ရဲ့ ကိုယ်ပိုင်  စာပေ၊
ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ၊ ကိုယ်ပိုင်အဆိုအကတွေ၊
ကိုယ်ပိုင်တူရိယာဂီတတွေနဲ့ မိတ်ဆက် ပြသရမှာဖြစ်ပါတယ်။အုပ်စုများလူမျိုးခြားကြားမှာနေနေရတဲ့ လူနည်းစုများအဖို့  ကိုယ့်လူမျိုးမပျောက်ကွယ်သွားအောင်သတိကြီး စွာနဲ့ နေရမှာဖြစ်ပါတယ်။ကိုယ်ပိုင်နိုင်ငံမရှိတဲ့ လူမျိုးတမျိုးအဖို့  ဒီလိုမျိုးတတိယနိုင်ငံတွေမှာကိုယ့်လူမျိုးတွေကိုသေချာမထိန်းသိမ်းဘူးဆိုရင်တော့
အလိုလိုနေရင်းနဲ့  ပြတိုက် ထဲရောက်လို့ ရောက်မှန်းမသိဖြစ်သွားမှာအသေအချာပါဘဲ။
ဖူ့ တာမိက်ဘလော့ဂ်မှာ ကရင်လူမျိုးရဲ့ စာပေ၊ရိုးရာယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းစဉ်လာ အ ငွေ့ အသက်တွေ အပြည့်နဲ့  ဝေေ၀ဆာဆာတင်ပြပေးသွားတာတွေ့ ရပါတယ်။
ကရင်ဘလော့ဂ်တွေနဲ့ ပါတ်သက်ပြီး ဖူ့ တာမိက်ဘလော့ဂ်ဟာ သူ့ ရဲ့ ကိုယ်ပိုင်အရေး အသားတွေ မကြာခဏဆိုသလို ပို့ စ်အသစ်တွေ တင်ပေးလေ့ရှိတာတွေ့ ရတယ်။ ကရင်ဘလော့ဂ်တွေရဲ့ အရအတွက်ဟာ အတိုင်းအတာ တခု အထိတော့ရှိပါတယ်။အရေအတွက်ပေါ်မူတည်ပြီး ကရင်အမျိုးသား ရေး၊ လူမှုရေးရာ အရေးအသါးတွေ  များများနဲ့ စုံစုံလင်လင်တင်ပြပေးနိုင်ရင်တော့ ၀မ်းပန်းတ သာ ကြိုဆို စောင့်မျှော်ဖတ်ရှုနေမယ်။ 
  ကျနော်တို့ ကရင်လူမျိုးတို့ ရဲ့ အမျိုးသားရေး ၊နိုင်ငံရေး၊ လူမှုရေး    အကြောင်းတွေ က စာဖွဲ့ ဖို့  အတွက် ကုန်ကြမ်းတွေတပုံတပင်ကြီးရှိပါတယ်။ တခုရှိတာက ကျနော်တို့ ကရင်တွေက လက် တွေ့  အ လုပ်တွေမှာဘဲ အားသန်ပြီး ကိုယ်လုပ်တဲ့ အလုပ်ကို စာပေတွေနဲ့ မှတ်တမ်းတင်ရေးသားဖို့ ၊ စာ တွေဖွဲ့ ဖို့ အားနည်း တာတွေ့ ရပါတယ်။ အခြား လူမျိုးတွေလို တပဲလောက်လုပ်ရင် တလှည်းလောက် စာမဖွဲ့ နိုင်သည့်တိုင် ကိုယ်လုပ်သလောက်စာဖွဲ့  နိုင်ရင်လည်း အတိုင်းထက်အလွန်ဝမ်းသာမှာပြီ။ ကရင် လူမှုနယ်ပယ် အသီးသီးမှာ မိမိတို့ ရဲ့ အတွေ့  အကြုံတွေ ၊အမြင်တွေ ရေးသားတင်ပြခြင်းအားဖြင့်လည်း ကရင်အမျိုးသား ထုတွေ အတွင်း နားလည်မှု၊ယုံ ကြည်မှု၊ စည်းလုံးမှုတွေ တနည်းတဖုံအားကောင်းလာ မယ် ထင်ပါတယ်။
ဖူ့ တာမိက်ဆိုတဲ့ မူရင်းနာမည်ပိုင်ရှင်က တကယ့်အထင်ကရ  ကရင်စာဆိုတော် ရဟန်းအာဇာနည် တပါးရဲ့ နာမည်ပါ။            အရှေ့ ပိုးကရင်စာပေယဉ်ကျေးမှုတွေဖေါ်ထုတ်ထိန်းသိမ်းတဲ့ နေရာမှာ
အလွန်ကျေးဇူးတရားကြီးမား            လှတဲ့ဆရာတော် တပါးဖြစ်ပါတယ်။  ဖူ့ တာမိက်ဘဘော့မှာလည်း ကရင်စာပေ၊ရိုးရာယဉ်ကျေးမှုကို ဖ်ါထုတ်ထိန်းသိမ်းတဲ့  ဘလော့တခုဖြစ်တဲ့အတွက်ဖူ့တာမိက်ဆိုတဲ့နာမည်နဲ
့အလွန်လိုက်ဖက်လှပါတယ်။
ဘလော့ဆိုတာကကိုယ်ပိုင် မှတ်စုဟုတ်သလိုမီဒီယာတခုအနေနဲ့ လည်းသုံးလို့ ရတဲ့ အတွက် ဖူ့ တာမိက် ဘလော့အနေနဲ့ အမျိုးသားရေးအတွက် လိုအပ်သော ကွက်လပ်များဆထက် တပိုးအစဉ် အမြဲ  ဖြည့်စွက်ပေးနိုင်ပါစေ။။…
မန်းဒက်ဒိုး
၁၁၊၀၄၊၂၀၁၁။