Saturday 26 November 2011



ရှမ်းနှစ်သစ်ကူးပွဲတော် ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ

Karentimes...26/11/2011



ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ နတ်တော်လဆန်း ၁-ရက်နေ့ တွင် ကျရောက်သော ရှမ်းတိုင်းရင်းသားတို့ ၏ နှစ်သစ်ကူးနေ့ ကို ဒိန်းမတ်နိုင်ငံရောက်၊ ရှမ်းတိုင်းရင်းသားများက
နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် Lemvig Kristne Center, LEMVIG  
အရပ်တွင်ကျင်းပကြကြောင်းသိရသည်။အခမ်းအနားအစီအစဉ်အရ ရှမ်းအမျိုးသားအလံနှင့် 
ဒိန်းမတ်နိုင်ငံတော် အလံတော်အား အလေးပြုခြင်းနှင့် အမျိုးသားသီချင်းများသီဆိုခြင်း၊ ရှမ်းနှစ်သစ်ကူးနေ့  ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ ဖတ်ကြားခြင်းများ ပြုလုပ်ပါသည်။

          အခမ်းအနားတွင် ဒိန်းမတ်လူမျိုးများ၊ ထိုင်းလူမျိုးများနှင့် မြန်မာတိုင်းရင်းသားလူမျိုးများ စုံလင်စွာတက်ရောက်ကြပြီး၊ ရှမ်းရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများအပါအ၀င်၊ အခြားတက်ရောက်သည့်တိုင်းရင်းသားများမှလည်း ငှင်းတို့ ၏ ရိုးရာယဉ်ကျေးမှုအက၊ တေးသီချင်း
များဖြင့် ကပြသီဆိုကြသည်။

ပွဲတော်ဦးစီးကျင်းပသူ ကိုစိုင်းရွှေမြင့်က`` ကျနော်တို့ ရှမ်းလူမျိုးတွေ ဒီဒိန်းမတ်နိုင်ငံမှာ ရောက်လာတာ သိပ်ပြီးတော့မများသေးဘူး ဒါပေမဲ့ ဒီကျနော်တို့ နှစ်သစ်ကူးပွဲမှာ ညီအစ်ကိုတိုင်းရင်းသားလူမျိုးတွေနဲ့  
ဒီက ဒိန်းမတ်နိုင်ငံသားတွေ စုံစုံလင်လင်နဲ့ ခင်မင်ရင်းနှီးစွာ တက်ရောက်အားပေးတာ၊ ၀ိုင်းဝန်းလုပ်ဆောင်တာ တွေ့ ရတဲ့ အတွက် ကျနော်အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်
ကျေးဇူးလည်းအများကြီးတင်ပါတယ်``ဟုပြောကြားသွားပါသည်။

ပွဲတော်သို့ တက်ရောက်သည့် ရှမ်းတိုင်းရင်းသူ နန်းခန်းက`` ကျမတို့ ကိုယ့်နှစ်သစ်ကူးပွဲကို ဒီနိုင်ငံမှာရောက်လာတဲ့ ရှိတဲ့သူနဲ့  စိတ်တူကိုယ်တူနဲ့ ပွဲတော်ဖြစ်မြောက်အောင် လုပ်နိုင်တာ ကျမအရမ်းဝမ်းသာတယ်...ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင်တော့ ကိုယ့်နှစ်သစ်ကူးပွဲတော်ကျင်းပတော့မယ်
ဆိုရင် လူကြီးတွေကဘဲဦးစီးဦးဆောင်ကျင်းပပါတယ်..ကျမတို့ လူငယ်တွေဆိုတော့ ရိုးရာယဉ်ကျေးမှု အကတွေ ဖျော်ဖြေတင်ဆက်တဲ့ဘက်မှာ ၀ိုင်းဝန်းလုပ်ဆောင်ပါတယ်..။အခုကျမတို့ ဘယ်နေရာ ဘဲရောက်ရောက် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းဖေါ်ထုတ်နိုင်ရမယ်...ဒီရိုးရာယဉ်ကျေးမှုတွေ ဆက်လက်ထိန်းသိမ်းဖို့ ကလည်း ကျမတို့ လူငယ်တွေက ပုခုံးပြောင်းတာဝန်ယူရမှာဖြစ်တယ်`` ဟုပြောကြားသွားပါသည်။

ဗုဒ္ဒသာသနာတော်ကြီး နန်းချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ(နတ်တော်လ)မှ စပြီး ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၆- ခုနှစ်သို့ ဝင်ခဲပြီဖြစ်ပါသည်။ ထိုနှစ် ထိုလကို အစွဲပြု၍ နတ်တော်လဆန်း()ရက်နေ့ ကို ရှမ်းနှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ကြပါသည်။

ပွဲတော်ဓါတ်ပုံများ ဆက်လက်ကြည့်ရှုနိုင်ပါသည်။.....
Karentimes











Sunday 6 November 2011


အပစ်ရပ်ခြင်းမဟုတ် အားမွေးတာပါ

ဆောင်းပါးရှင်....ဆား
07/11/2011


                 



                 ခုတလော မြန်မာနိုင်ငံရေးဟာ အဖြစ်အပျက်တွေ(ပြောင်းလဲမှုလို့ မဆိုလို) ဖြစ်ပေါ်မှု များပြားစွာ၊ မြန်ဆန်စွာ ဖြစ်ပေါ်နေပါတယ်။ ဗမာစစ်အာဏာရှင်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လျော်မှုအချို့ တွေပေးလာမှု၊ နိုင်ငံရေးအကျဉ်းသားတွေအနည်းအကျဉ်း လွှတ်ပြပေးမှု၊ ကမ္ဘာနိုင်ငံအနှံ့ က ၀န်ကြီးဝန်လေးတွေကို ပြည်ဝင်ခွင့်ပေးပြီး လက်ခံတွေ့ ဆုံမှုတွေဘဲဖြစ်ပါတယ်။
ပိုပြီးရှေ့ နောက်မညီ ဖြစ်ပေါ်မှုကတော့ မဟာလူမျိုးကြီးဝါဒကို ထောင့်လျှောက်ကျင့်သုံးပြီး၊ တန်းတူ ညီမျှရေးကို တောင်းဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို အပစ်အခတ်ရပ်စဲလိုက်၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်လိုက်၊ တသက်လုံးကျွန်ဇာတ်သွင်းဖို့  နယ်ခြားစောင့်တပ်ကို ဖွဲ့ ခိုင်း လိုက်နဲ့ .....လိုချင်တဲ့ပုံစံအတိုင်း မရရင် စစ်ပြန်တိုက်လိုက်နဲ့ ... တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ သာယာလှပတဲ့တိုင်းပြည်ကြီး၊ သယံဇာတပေါကြွယ်ဝတဲ့တိုင်းပြည်ကြီးဟာ အစဉ်အမြဲဘဲ ရုပ်ဆိုးအကျဉ်း တန်နေပါတယ်။ ဒီလိုဖြစ်ရတာလဲ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးတဲ့ဗမာလူမျိုးတစုကြောင့်လို့ ဆိုရင်လဲ မှားမယ်မထင်ပါ။


             အခုလဲလာပြန်ပါပြီ တကျော့်ပြန်....မဟာလူမျိုးကြီး စစ်ဝါဒီဗိုလ်ချုပ်ကြီးတို့ ကျင်းပတဲ့
2010 ရွေးကောက်ပွဲနေ့ မှာ...မဟာဝါဒီစစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်မှူးစောလားပွယ်
ဦးစီးတဲ့ ဒီကေဘီအေတပ်ဖွဲ့ နဲ့ မဟာဝါဒီစစ်အုပ်စုတို့  အပစ်အခတ်ရပ်စဲတဲ့စာချုပ်ချုပ်ဆိုလိုက်ပြီတဲ့...
ဒီကိစ္စနဲ့ ပါတ်သက်ပြီး အကောင်းမြင်တဲ့လူရှိသလို ဝေဖန်ကဲ့ရဲ့ သံတွေလဲ ဆူညံစွာထွက်ပေါ်လာပါတယ်။ ဗိုလ်မှူးချုပ်စောလာပွယ်တော့သွားပြီ....၊ ကရင်တွေစိတ်မှတ်မရှိကြသေးဘူးလား...၊ ကောက်ကျစ်
ယုတ်မာတဲ့ ဗမာတွေကို သွားယုံသေးတာပေါ့....၊ဘာကြောင့် ကေအင်န်ယူနဲ့ ပူးတွဲပြီး ဗမာစစ်အုပ်စုကို အမျိုးသားတန်းတူရေးကိစ္စကိုမပြောတာလဲ....စသည်ဖြင့်....စသည်ဖြင့်ပေါ့....


မြန်မာနိုင်ငံရေးမှာ ခုတလော ဖြစ်ပေါ်မှုတွေဟာ အလွန်ရှုပ်ထွေးတယ်လို့ ဆိုရမှာပါ။
ဘယ်လောက်ဘဲရှုပ်ထွေးနေပါစေ...မဟာဗမာလူမျိုးတို့ ရဲ့ ကောက်ကျစ်ယုတ်မာမှု၊ညစ်ပတ်မှုတွေ
ကို နှောကြေထားဖို့ လိုပါတယ်။ အမျိုးသားတော်လှန်ရေးကြီးကလဲ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လာပြီဘဲ...ဒီတခါလဲ အလှည့်စားခံရသေးရင် ရန်သူတော်တာမဟုတ်ဘဲ၊ ကိုယ်ညံ့တာဘဲ မှတ်ယူရ
မှာပါ။
........................................
ဗိုလ်မှူးစောလားပွယ်ဦးစီးတဲ့ ဒီကေဘီအေအုပ်စုတွေ မဟာဗမာစစ်အုပ်စုပ်တွေကို ပြန်လည် တိုက်ခိုက်တဲ့နေ့ ကစလို့ ကရင်တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအပြန်အလှန်နားလည်မှု ၊ပေါင်းစည်းမှုတွေရှိလာတယ်။ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေလဲ အမျိုးသားရေးစိတ်ဓါတ်တွေ ပိုပြီးတက်ကြွလာပြီး စည်းလုံးမှုအင်အားပိုကောင်းလာတယ်။အခြားတိုင်းရင်းသားတော်လှန်ရေးအင်အား စုတွေ နိုင်ငံရေးအင်အားစုတွေလဲ ဗိုလ်မှူးစောလားပွယ်ကို အားပေးထောက်ခံတယ်၊ ကူညီအားပေး
တယ်။ ဗမာကျောင်းသားတပ်ဖွဲ့ နဲ့ အခြားတိုင်းရင်းသားတပ်ဖွဲ့ တွေလဲ ဗိုလ်မှူးစောလားပွယ်တို့ နဲ့ အတူ ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်ပါတယ်။

မဟာဗမာစစ်အုပ်စုက ဗိုလ်မှူးစောလားပွယ်ဦးစီးတဲ့ ဒီကေဘီအေအုပ်စုနဲ့ ဆင်နွှဲတဲ့စစ်ပွဲမှာ ငှင်းတို့  ရဲ့ စစ်သားအသက်တွေ ငွေကြေးနဲ့ အခြားအရင်းအနှီးတွေများစွာပေးဆပ်လိုက်ရတာတော့ အမှန် ပါဘဲ။ဗိုလ်မှူးစောလားပွယ်တို့ အုပ်စုကို အနိုင်တိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပုံရပါတယ်။တဖက်မှာ
လဲ ဗမာအသံလွှင့်ဌာနတွေကလဲ(ဘီဘီစီသတင်းဌာနအပါအ၀င်)မနက်ဖြန်တဘက်ခါဘဲ ဗမာစစ်အုပ်စု
က ကရင်တွေကို အမြှစ်ပြတ်ချေမှုန်းတော့မလိုလို ရှေ့ ပြေးနိမိတ်အပြောတွေ၊ အာဘော်တွေလဲ ခဏခဏကြားနေရပါတယ်။ တကယ်တမ်းလက်တွေ့ ကျတော့ ဗမာစစ်အုပ်စုက အထိနာပြီး ပေးဆပ် လိုက်ရတဲ့အရင်းအနှီးတွေက များလွန်းတဲ့အတွက် ပြန်ပြီးငြိမ်နေရတဲ့အနေအထားမှာ ဖြစ်နေပါတယ်။
......................
2010၊ နိုဝင်ဘာ၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့ ကစလို့  စခဲ့တဲ့စစ်ပွဲဟာ ဒေသခံပြည်သူတွေ ကမ္ဘာ
ပျက် ပျက်ခဲ့ရတဲ့အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတယ်၊ ဗိုလ်မှူးစောလားပွယ်ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ငှင်းရဲ့ တပ်စခန်းဋ္ဌာနချုပ်ကျေးရွာမှာရှိတဲ့ အိမ်ယာ၊ ဘုန်းကြီးကျောင်းစေတီပုထိုးတွေကအစ ဖျက်ဆီးခြင်းခံလိုက်ရတယ်၊ အမျိုးသမီးတွေ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတယ်၊ ပြည်သူရော ဘုန်းကြီးပါမ
ကျန် ညှင်းပမ်းနှိပ်စက်ခံခဲ့ရတယ်၊ သတ်ဖြတ်ခံခဲ့ရတယ်။ဒါတွေက 2010 နိုဝင်ဘာကစခဲ့တဲ့ ဗမာစစ်  အစိုးရနဲ့ ဗိုလ်မှူးစောလားပွယ်ဦးစီးတဲ့ ဒီကေဘီအေတို့ ဖြစ်တဲ့စစ်ပွဲထဲက အနည်းငယ်ကောက်နှုတ်တဲ့ အဖြစ်အပျက်တွေပါဘဲ။ အမျိုးသားတော်လှန်ရေးတလျှောက်လုံးမှာ၊ ပြည်တွင်းစစ်တလျှောက်လုံးမှာ ဗမာစစ်အာဏာရှင်တို့ လူမဆန်စွာ ယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်တွေက ပြောလို့  ကုန်နိုင်မယ် မထင်ပါ။ မေ့ပျောက်လို့  ရနိုင်မယ်မထင်ပါ။မေ့ပျောက်လို့ လဲ မသင့်တော်ပါ။

ဗမာစစ်အုပ်စုတို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့  အပစ်အခတ်ရပ်စဲတာ၊ ငြိမ်းချမ်းရေး စကားဆိုလာတာလဲ ငှင်းတို့ အကျိုးမမြတ်မရှိဘဲ မလုပ်ဘူးဆိုတာ တိုင်းရင်းသားတို့ အင်အားစုတွေ
ဘက်က နားလည်သဘောပေါက်ရမယ်။နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖမ်းဆီးပြီးတော့
ပြန်လွှတ်ပေးတာ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို စစ်တိုက်ပြီးတော့ ပြန်ပြီးအပစ်
အခတ် ရပ်စဲတာဟာ ဗမာစစ်အစိုးရရဲ့  တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုလို့ မရပါ။သူတို့ မှာ အဏာတွေ၊ သေနတ်တွေရှိတော့ ဖမ်းချင်တိုင်းဖမ်း၊ ပစ်ချက်တိုင်းပစ်ပါဘဲ။
ဗမာစစ်အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို လုပ်ပြရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ အာဆီယံဥက္ကဌနေရာရရှိရေးဆိုတဲ့ ဟာက ကြီးမားတဲ့ရည်ရွယ်ချက်ထဲမှာပါ ပါတယ်။ 

ဒီကေဘီအေနဲ့ အပစ်ရပ်တယ်ဆိုတာက ကြီးမားသောအကျိုးအမြတ်ကို မျှော်ကိုးတဲ့ အနေနဲ့  မြ၀တီတံတားပြန်ဖွင့်ပြီး၊ အေးဆေးစွာကုန်သွယ်ခွင့်ရဖို့  ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကေဘီအေရဲ့ လက်ချက်တွေက ဗမာစစ်အစိုးရရဲ့ တပ်သားတွေ နေ့ တိုင်းလိုလို အသက်ဇီဝိန်
ချွေယူသွားတာဖြစ်တယ်။

ဒီကေဘီအေတွေ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲကြောင်းစာချုပ် လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် ဒီကေဘီအေက ဗမာစစ်အုပ်စုကို ပြန်လိုက်တိုက်ခိုက်တဲ့နေ့ ကစလို့  ဒီကေဘီအေတွေကို စိတ်ဓါတ် အင်အားအရ၊လူအင်အား ငွေအင်အားအရ အားပေးကူညီ၊ လက်တွဲခဲ့တဲ့လူတွေအနေနဲ့  ဘယ်လို ဂရက်တွေရိုက်ခတ်လာနိုင်မလဲ...မိခင်ကေအင်န်ယူအဖွဲ့ အနေနဲ့ ရော ဘယ်လိုနားလည်မှုတွေ ရယူထားသလဲ...သတင်းထဲမှာကြားရတဲ့အတိုင်း ကေအင်န်ယူအဖွဲ့ က ဗမာကိုယ်စားလှယ်တွေ နဲ့ သီးခြားတွ့ တယ် ...ဒီကေဘီအေတွေကလဲ အခြားဗမာကိုယ်စားလှယ်တွေ နဲ့ သီးခြားတွေ့  ဆုံတယ်...ဘာကြောင့်ပါလဲ.....ရန်သူကမြှောက်ပေးရင် မိခင်ကေအင်န်ယူအဖွဲ့ ကို ပြန်တိုက်အုံးမလား. စတဲ့...စတဲ့မေးခွန်းတွေဟာ...လူအများစိတ်ဝင်စားတဲ့ မေးခွန်းတွေပါ။ 

 
တကယ်လို့ သာ ဒီကေဘီအေနဲ့ ကေအင်န်ယူတို့  နားလည်မှုတခုခုရှိထားရင် မဟာမိတ်အုပ်စုတွေ ကရင်ပြည်သူတွေကို ချပြသင့်မသင့် အဲဒါလဲစဉ်းစားစေချင်ပါတယ်...ဒီလိုမှမဟုတ်ရင် မဟာမိတ် အင်အားစုတွေသော်လည်းကောင်း၊ ကရင်လူမျိုးအချင်းချင်းသော်လည်းကောင်း သံသယစိတ်တွေ တိုးပွါးလာနိုင်ပါတယ်။

ဒီကေဘီအေအနေနဲ့ အတူလက်တွဲခဲ့တဲ့ အင်အားစုတွေ၊ မိခင်ကေအင်န်အဖွဲ့ တွေနဲ့ နားလည်မှုယူပြီးမှ ဗမာစစ်အုပ်စုတွေနဲ့ အပစ်ရပ်လက်မှတ်ထိုးရင်တော့ ၀မ်းသာကြိုဆိုရမှာပါ။ ဒီကေဘီအေကို မြေပေါ် လှုပ်ရှားမှုအနေနဲ့ ထားပြီး ရန်သူဗမာစစ်အုပ်စုတွေနဲ့  အမျိုးသားတန်းတူရေး၊ မြန်မာပြည်ဒီမို ကရေစီရေးတွေ စကားပြောနိုင်အောင် ငှင်းတို့ ရဲ့ လိုအပ်တဲ့ အကြံဥာဏ်အားတွေကို မဟာမိတ်အုပ်
စုတွေက ကူညီပံ့ပိုးပေးရမှာဖြစ်ပါတယ်။

နောက်တခုက ယနေ့ ဒီကေဘီအေက ဟိုး...2005 ခုနှစ်ဝန်းကျင်က စတင်တည်ထောင်ခဲ့တဲ့ ဒီကေဘီအေတွေနဲ့ ပေးတူလို့ မရတော့ပါဘူး။ အချိန်အခါရော အခြေအနေရော လုံဝကွာခြားသွား
ပါပြီး2005 ၀န်းကျင်က ဒီကေဘီအေတွေဟာ တော်လှန်ရေးအတွေးအခေါ်မရင့်ကျင့်တဲ့လူတစု ရဲ့ လုပ်ရပ်တွေကြောင့် မိခင်ကေအင်န်ယူကနေခွဲထွက်ပြီး ဒီကေဘီအေဖြစ်ပေါ်လာတာ။ အဲဒီနောက်ပိုင်း...သူခိုးဓါးပြတွေ..မူးယစ်ဆေးဝါးသမားတွေ၊ အခွင့်အရေးသမားတွေ၊ ကုလားဗမာတွေကအစ အခွင့်အေ၇းတွေလိုချင်တဲ့လူတွေနဲ့ ဖွဲ့ စည်းထားတဲ့အဖွဲ့ အစည်း၊ ရန်သူဗမာစစ်အုပ်စုက မြှောက်ပေးရင် ဘာမဆိုလုပ်တဲ့အဖွဲ့ အစည်းပါ။
.................
ယနေ့ ဒီကေဘီအေကတော့ ရန်သူရဲ့ ကောက်ကျစ်ယုတ်မာမှုကို သိရှိပြီးရန်သူကို ပြန်လည်တိုက်ခိုက်
တဲ့ အဖွဲ့ အစည်း၊ ရန်သူနဲ့ အပစ်ရပ်စဲတော့လဲ အရင်ကဒီကေဘီအေလို လုပ်ဆောင်လို့ မရတော့၊ လုပ်ဆောင်လဲမသင့်လျော်တော့ပါ။ နို့ မဟုတ်ရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်း၊ မဟာမိတ်တွေရဲ့  ၀ိုင်းဝန်ဖယ်ကျဉ်ခြင်းကိုခံရလိမ့်မယ်။။ပြည်သူဘက်က ရပ်တည်မှုအပြည့်ပေးရပါမယ်။

ဗမာစစ်အုပ်စုက သူတို့  နဲ့ ဆန့် ကျင်ဘက်အင်အားစုတွေကို အခွင့်အရေးတွေပေးပြီး၊ စည်းရုံး မြှားခေါ်ဖျက်ဆီးတာ သူတို့ ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။အခုလဲအပစ်အခတ်ရပ်စဲပြီး စီးပွါးရေး 
လုပ်ကိုင်ခွင့်တွေရလာရင် အခွင့်အရေးသမားတွေ အများကြီးရောက်လာဖို့ ရှိပါတယ်။ဒါတွေကို လုံးဝလက်ခံလို့ မသင့်တော်ပါဘူး။ အဖွဲ့ အစည်းတခုမှာ အရေအတွက်ထက် အရည်အချင်းက ပိုပြီးတော့အရေးကြီးပါတယ်။ 

ယနေ့ ဒီကေဘီအေဟာ ညီအကိုကရင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်တဲ့သူ၊ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲပြီး ပြည်သူအကျိုးသယ်ပိုးနိုင်တဲ့သူ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေ
ရာ ရန်သူမဟာဗမာစစ်အုပ်စုတွေကို အချိန်မရွေးတော်လှန်ချေမှုန်းပစ်နိုင်တဲ့ ရဲရဲတောက်တော်လှန်ရေး သမားတွေ ဖြစ်ရပါမယ်။


ဒီကေဘီအေတွေ ရန်သူနဲ့ အပစ်ရပ်တာ အခွင့်အရေးတွေ၊စည်းစိမ်တွေယစ်မှူးဖို့ အတွက်အချိန်တွေလို့  ကိုယ့်ကိုယ်ကိုမသတ်မှတ်ဘဲ ကောက်ကျစ်ယုတ်မာတဲ့ ရန်သူဗမာစစ်အုပ်စုကို အလှဲထိုးနိုင်ဖို့ အတွက် အင်အားမွေးထားတဲ့အချိန်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ကောက်ကျစ် ယုတ်မာတဲ့ မဟာဗမာစစ်အုပ်စုတွေဟာ ဘယ်သောအခါမှ သဘောထားမှန်မှာ မဟုတ်ကြောင်းပါ။


လောလောဆယ်တော့ အပစ်ရပ်စဲတဲ့ပဏာမစာချုပ်တော့ပြီးသွားပါပြီး။ နောက်အဆင့်တွေဖြစ်တဲ့ အမျိုးသားတန်းတူရေးတို့ ၊နိုင်ငံတော်ပြန်လည်တည်ထောင်ရေးတို့ ဆွေးနွေးခဲ့သည်ရှိသော်၊ ရန်သူဗမာစစ်အုပ်စုက ဗိုလ်မှူးချုပ်စောလားပွယ်နဲ့ တွေ့ ဆုံဆွေးနွေးချင်တယ်လို ဆိုလာရင် ကျနော်တို့ သတိကြီးစွာထားရပါမယ်။ ရန်သူဗမာစစ်အုပ်စုဘက်မှ သမ္မတကြီးအဆင့်တို့ ၊ ကါကွယ်ရေးစစ်ဦးစီးချုပ်တို့ ထုတ်သုံးလာတာတောင်မှ ကိုယ့်ဘက်က ခေါင်းဆောင်ကြီးတွေရဲ့ တန်ဖိုး
ကို အလေးထားသောအားဖြင့် လုံခြုံစိတ်ချရတဲ့နေရာမှာသာ တွေ့ ဆုံလိုပါတယ်။။ကောက်ကျစ်
ယုတ်မာတဲ့ ဗမာလူမျိုးတွေကို လျှော့မတွက်မိဖို့ လိုပါမယ်....


ဖြစ်နိုင်မယ်ဆိုရင်...ညီအကိုချင်းလက်တွဲပြီး ရန်သူနဲ့ စကားပြောတာပိုသင့်တော်ပါကြောင်း....

ဆား
7/11/2011.