Tuesday 30 August 2011
ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့်ပဲ့တင်သံ
ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့်ပဲ့တင်သံများ
သတင်းဆောင်းပါး--ဆား
၃၀ သြဂုတ်..၂၀၁၁။
2011-သြဂုတ်လ 20-ရက်နေ့ မှာ မဟာဗမာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အစီစဉ်ကို ယခင်ကရင်ဒီကေ ဘီအေကလက်ခံဖွဲ့ စည်းခဲ့တာ တနှစ်ပြည့်ခဲ့ပါပြီ...ဗမာစစ်အစိုးရရဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ များအပေါ် နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးစီမံချက်ကိုဗမာစစ်အစိုးရအားဈေးလုံးဝမဆစ်ဘဲဝမ်းသာအားရစွာပထမဆုံး လက်ခံကြိုဆိုတာကရင်ဒီကေဘီအေအဖွဲ့ ပါ။
နယ်ခြားစောင့်တပ်လက်ခံရေးအတွက် ဒီကေဘီအေရဲ့ အထူးညှိနှိုင်းစည်းဝေးပွဲတခုမှာ ``နိုင်ငံတော်က ကျနော် တို့  ဒီကေဘီအေအဖွဲ့ တွေကို နယ်ခြားစောင့်တပ်ဖွဲ့ စည်းပြီး လက်နက်ကိုင်ခွင့်ပေးတာဟာ ကရင့် လက်နက် ကရင့်လက်ထဲမှာရှိရမယ် ဆိုတဲ့ ကရင့်ခေါင်းဆောင်စောဘဦးကြီးရဲ့ မူနဲ့ ကိုက်ညီတဲ့အတွက် 
သွားပါတယ်။ 
နယ်ခြားစောင့်တပ်လက်ခံဖို့ စိတ်အားအထက်သန်ဆုံးသူဖြစ်တဲ့ ဒီကေဘီအေ အမှတ်(၉၉၉) တပ်ရင်း မှူးစောချစ်သူ ကတော့``နယ်ခြားစောင့်တပ် ဖွဲ့ စည်းဖို့ လိုအပ်တဲ့အင်အား အရေအတွက် မပြည့်တဲ့ တပ် ရင်းတွေ အဲဒီတပ်ရင်းကို ဦးဆောင်တဲ့တပ်ရင်းမှူးတွေ မိမိကိုယ်ကို တပ်ရင်းမှူး မလုပ်နဲ့ တော့လို့  အခြား
တပ်ရင်းမှူးများအား ခပ်ပြတ်ပြတ်လေသံနဲ့ ပြောဆိုသွားပါတယ်။
တကယ်တော့ နယ်ခြားစောင့်တပ်ကို ဒီကေဘီအေ တပ်မှူးတပ်သားအများက သဘောတူ လက်ခံတာမ ဟုတ်ပါဘူး။ စောချစ်သူကတော့ တနင်္သာရီတိုင်းတလျှောက်အပါအ၀င် ကရင်ပြည်နယ်နယ်စပ်တကြောမှာ
ကရင်နယ်ခြားစောင့်တပ်အင်ပါယာကြီးတည်ထောင်ဖို့  မဟာစိတ်ကူးယဉ်ကူးနေ သူဖြစ် ပါတယ်။ တကယ့်
လက်တွေ့ မှာရော ဘယ်လောက်ထိ မှန်းချက်နဲ့ နန်းထွက် ကိုက်ညီမှုရှိ သလဲ ပြန်လည် ဆန်းစစ် ဖို့ လိုပါ တယ်။
စောချစ်သူရဲ့  ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့်အခမ်းအနားမိန့် ခွန်းထဲမှာတော့ ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ပြောင်းသွားတာ ပြည်သူတွေရဲ့ ထောက်ခံမှုလျော့ကျသွားတယ်လို့ ဆိုပါတယ်..
.ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့် ကျင်တဲ့အလုပ်ကိုသွားလုပ်မှတော့ ဘယ်သူကသွားထောက်ခံမလဲဒါဆိုကိုယ့် ကိုသိလျှက်နဲ့ ဘာကြောင့်ဆက်လုပ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို မပြန်မေးကြည့်မိ ဘူးလား .မဟာဗမာ စစ်ဗိုလ်ချုပ်တွေလိုဘဲ ပြည်သူရဲ့ ထောက်ခံမှုကို အတင်းအဓမ္မရအောင် လုပ်နေတာ လဲကြားနေ ရပါတယ်... နယ်ခြားစောင့်တပ် တနှစ်ပြည့်အခမ်းအနားမှာကရင်ပြည်နယ် က ဌာနဆိုင်ရာကိုယ်စား လှယ်တွေ အစုံအ လင် တက်ရောက်အောင် အာဏါကိုသုံးပြီးလုပ်ဆောင်တယ်. .. ဒေသခံပြည်သူတွေ ကတော့မတက်မနေရ၊ မတက် တဲ့အိမ်ထောင်စု ဘတ်ငွေ(500)ပေးဆောင်ရမယ်လို့ အကြပ်ကိုင်တာလဲ ကြားနေရပါတယ်။
နောက်တခုက ``ကျူးကျော်လာသူမှန်သမျှ ချေမှုန်းဖို့ နယ်ခြားစောင့်တပ်ကိုဖွဲ့ စည်းရတာဖြစ်တယ်``လို့  တနှစ်ပြည့်အခမ်းအနားလက်ကမ်းစာစောင်မှာ တွေ့ နေရပါသေးတယ်။ကျူးကျော်လာတဲ့သူဟာဘယ်
သူတွေလဲ...ကိုယ့်ရဲ့ ဘိုးဘွားပိုင်တဲ့နယ်မြေတွေကို ကျူးကျော်ရန်စလာသူအစ်အမှန်ဟာ မဟာဗမာ စစ်ဝါဒီသမားတွေဘဲဆိုတာ မြင်တတ်ဖို့ လိုပါတယ်။.
ကရင်နယ်ခြားစောင့်တပ်ရဲ့ တနှစ်ပြည့်အခမ်းအနားမှာ သွားရောက်ခဲ့တဲ့ မဲဆောက်နေကရင်လူငယ် 
စောဒါးဒါးကတော့``ကျနော်တို့ ကတော့ဟိုဘက်မှာသူငယ်ချင်းတွေရှိလို့ သွားလည်တာဘဲနယ်ခြားစောင့် တပ်တနှစ်ပြည့်အခမ်းအနားနဲ့ လဲတိုက်ဆိုင်တယ်ဆိုတော့...အဲဒီအခမ်းအနားကိုသွားကြည့် ကြည့်တယ်. ..လုံခြုံရေးတွေတော့ အပြည့်ဘဲ စစ်ယူနီဖောင်းရော အရပ်ဝတ်နဲ့ ပါ... အားလုံး ဗမာတွေ ကြီးဘဲလက် နက်တွေအပြည့်အစုံနဲ့ အဲဒီစစ်ယူနီဖောင်းဝတ်တွေ... ဗွီဒီယိုကင်မရာနဲ့ ဗမာထောက် လှမ်းရေးတွေလဲ အများကြီးဘဲအခမ်းအနားမှာတက်ရောက်တဲ့ လူတယောက်ချင်းစီကို မှတ်တမ်း လိုက်ယူနေ တယ်.. သူတို့ လိုက်ယူတဲ့မှတ်တမ်းထဲမှာ ကိုယ့်ပုံမပါ ချင်လို့ လူအုပ်ကြီးတွေ ကြားထဲမှာဘဲ ကိုယ် လိုက်နေ ရတယ်
ကျနော်တို့ သွားတာကင်မရာနှစ်လုံးယူသွားတယ်အကြီးတလုံးရယ် ရိုးရိုးအသေးတလုံးရယ်
ဒါပေမဲ့ အကြီးတလုံးကိုမထုတ်ရဲဘူးဗမာထောက်လှမ်းရေးကင်မရာသမားတွေကအခြားကင်မ
ရာကြီးကြီးကိုင်တဲ့သူ၊ ဗွီဒီယို ကင်မရာသမားတွေကိုရွေးပြီးမှတ်တမ်းယူနေတယ်အခမ်း အနားရဲ့  အပြင်ဘက်မှာ ကျနော်တို့ သူငယ်ချင်း တစု ကိုယ့်ဘာသာကိုယ်အမှတ်တရ ဓါတ်ပုံရိုက်တာတောင် သူတို့ လာစပ်စုချင်သေး တယ်. ``.လို့ ပြောသွားပါသည်။
ရောင်းကုန်ဖြစ် လူသားများ
အခမ်းအနားမှာ လူဦးရေ သုံးထောင်ကျော်ခန့် တက်ရောက်ပြီး လက်နက်ကိုင် ယူနီဖေါင်းဝတ် လုံခြုံရေးတပ်(ဗမာ)သုံးဆယ်ကျော်ဝန်းကျင်ကလွှဲပြီး ကျန်တဲ့ယူနီိဖေါင်းဝတ်တွေကတော့ လက်နက် ဗလာနဲ့ တွေ့ ရပါတယ်။ အဲဒီလက်နက်မဲ့ စစ်ယူနီဖောင်းဝတ်တွေကတော့ စောချစ်သူက မဟာဗမာ စစ်ဗိုလ်ချုပ်တွေထံ လက်ညိုးထိုးရောင်းစားလိုက်တဲ့ ကရင်နယ်ခြားစောင့်တပ် သားတွေ ဘဲဖြစ်ပါ တယ်။ အဲဒီနယ်ခြားစောင့်တပ်သားတွေ စစ်ရေးပြအခမ်းအနားလုပ်တော့ လက်နက်မဲ့နဲ့ ပြရတယ်၊။
ကရင့်စစ် သားတွေ ကေအင်န်ယူ၊ဒီကေဘီအေ ဘ၀တုံးကစစ်ရေးပြအခမ်းအနားလုပ်တာ အမြဲတမ်း လက်နက်ပါတယ်။ ဒီနယ်ခြားစောင့်တပ်ဘ၀ရောက်မှ လာပြီးတော့ လက်နက်မဲ့ဖြစ်နေ ရတယ်၊ အခမ်း အနားမှာ ဗမာစစ် ဗိုလ်ချုပ်တချို့ တက်ရောက်တော့ သူတို့ တွေအကြောက် လွန်ရော ဂါကြောင့်ဖြစ် မှာပါ။
စောချစ်သူနောက်လိုက် ပြည်သူ့ ချဉ်ပါတ်ဖြစ်တော့မည့် အဆိုတော်များ
အခမ်းအနားမှာ နာမည်ရ ကရင်အဆိုတော်တွေကို နည်ခြားစောင့်တပ်ဝတ်စုံ ၀တ်ခိုင်းပြီး ဗမာစစ် အရိုးရရဲ့ အာဘော်အတိုင်း ပေါ်လစီသီချင်းတွေ စင်ပေါ်တက်ဆိုခိုင်းပါတယ်။ စောချစ်သူက အနုပညာ ၀ါသနာပါပြီး အဲဒီအဆိုတော်တွေကလဲ စောချစ်သူနဲ့ မကင်းရာမကင်းကြောင်းတွေ ရှိတယ် လို့ ကြား ရပါတယ်။``ဒီအဆိုတော်တွေက ကျတော်ကြိုက်တဲ့အ ဆိုတော်တွေပါဒီနယ်ခြားစောင့် တပ်ဝတ်စုံဝတ်ပြီး သီချင်းဆိုတာတွေ့ ရတော့ အိမ်မှာရှိတဲ့သူတို့ သီချင်းစီဒီေ ခွတွေကိုတောင်ကာက်ပစ်ချင်စိတ်ပေါက် လာတယ်``ဟုကရင်လူငယ်လေးစာအဲဆိုက ပြောသွားပါတယ်။
နယ်ခြားစောင့်တပ် တနှစ်ပြည့်အခမ်းအနားတွင်စာချစ်သူမိန့် ခွန်းတက်ပြောရာမှ ကရင်အင်္ကျီလဲမ၀တ်၊ ဒီကေဘီအေ၀တ်စုံလဲမ၀တ်တော့ နိုင်ငံခြားသားဝတ်စုံနဲ့ ဗမာစကားသာပြောတော့သည်။သူအနားမှာတော့ ဗမာလုံခြုံရေးတပ်သားတွေကအနည်းဆုံး နှစ်ယောက်၊သုံးယောက်အမြဲရှိတာတွေ့ ရသည်။
------------------------------
ယခု အခမ်းအနားကျင်းပရာ ရွှေကုက္ကိုကျေးရွာဟာ ယခင်က ကရင်လူမျိုးများအများစုနေထိုင်ကြပြီးကရင့် 
ရိုးရာယဉ်ကျေးမှုပွဲတော်များကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ကြတယ် ။ နောက်ပိုင်းမှာဗမာအပါအ၀င် အခြားတိုင်းရင်းသားများပါလာရောက်အခြေချနေထိုင်ကြပါတယ်။ဒီကေဘီအေမှနယ်ခြားစောင့်တပ် လက်ခံပြီးသည့်နောက်ပိုင်းမှာတော့ကျးရွာ၊ရပ်ကွက်အုပ်ချုပ်ရေး၊လုံခြုံရေး၊သါမန်ရပ်ရေးရွာရေးကအစ ဗမာအာဏါပိုင်၊ ထောက်လှမ်းရေးများကလာရောက်နေရာယူချယ်လှယ်ကြပါ တယ်။
ဒသခံတွေ အချင်းချင်း စကားပြောတာ အရင်ကလိုမျိုးပွင့်ပွင့်လင်းလင်း မပြောရဲကြတော့ သတိနဲ့ 
ဆင်ခြင်ပြောရေတယ်။၎င်းကိစ္စနှင့်ပါတ်သက်ပြီး ဗိုလ်မှုးချစ်သူရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက`` ဟုတ်
ပါတယ်အခုရွှေကုက္ကိုကျေးရွာက (ရန်သူ) ဗမာတွေအကုန်လုံးလာရောက်ချယ်လှယ်လိုက်ပြီး။ 
အရင်ကစာချစ်သူဆီအချိန်မရွေးဝင်ထွက် သွားလာလို့ ရတယ်အခုနောက်ပိုင်းရာသီဥတု အခြေအနေကို ကြည့်ပြီး မှသွားလို့ ရတယ်`` ဟုအခြေအနေကိုသုံးသပ် ရှင်းပြသွားပါတယ်။
စောချစ်သူရဲ့ ယခုလက်ရှိအနေအထားဟာ ဆုပ်လဲဆူး စားလဲရူးဖြစ်နေတဲ့မလူး သါမလွန့် သါအနေ အထားတွင်ရောက်ရှိနေတယ်ပါတယ်၊ယခင်(၉၉၉)ဒီကေဘီအေတပ်သားတွေနဲ့ မိမိကိုယ်တိုင်တည်ထောင်
ခဲ့တဲ့ ရွေကုက္ကိုကျေးရွာကို ရန်သူဗမာတွေလက်ထဲ ထိုးအပ်ပြီး မိမိဖါသာ မီလျှံနာသူဌေး တဦး အနေဖြင့်  နေချင်တယ်။ပြီးတော့သူဝါသနာ ပါရာတခုတခုကို လုပ်ချင်တယ်။
ဒါပေမဲ့ သူများထမင်းကိုစားရင် သူများခိုင်းတာကိုလုပ်ရမယ် ဆိုတဲ့စကားအတိုင်း ဗမာစစ် ဗိုလ်ချုပ် တို့ ရဲ့  စေခိုင်းချက်ကို သူမလွန်ဆန်နိုင်ပါ။ နယ်ခြားစောင့်တပ် နာယကအကြံပေးသူတဦးဖြစ်သော်လဲ အရေးအကြောင်းကြုံရင် ဗမာစစ်ဗိုလ်ချုပ်တွေက သူ့ ကိုထုတ်သုံးတယ်။သူမိုက်တွင်း နက်မြဲဆက် နက်နေ ဦးမည်။ငရဲပြည်သို့ သွားဖို့ အတွက် အခြားမသိနားမလည်သည့် ကရင်လူမျိုးများကိုပါ လိုက်ပြီးသေဖေါ် ညှိနေ သည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ စည်းခဲ့တဲ့ တနှစ်အတွင်းမှာ ဗိုလ်စောဘိဦးဆောင် တဲ့အဖွဲ့ ကြီးခွဲ ထွက်မှုအ ပါအ၀င်၊ တဦးချင်းအလိုက် အုပ်စုအလိုက်များစွာခွဲထွက်မှု နဲ့ အချို့ ကျဆုံးသွားတဲ့လူတွေကြောင့် ရာပေါင်း များစွာ အင်အားလျော့နည်းသွားပြီးဖြစ်ပါတယ်။ ဒီလိုလျော့ကျသွားတဲ့အင်အားတွေကြောင့် နယ်ခြားစောင့် တပ်ခေါင်းဆောင်တွေ အမျိုးမျိုး ဖိအားပေးခံနေရပါတယ်။
တကယ်တော့နယ်ခြားစောင့်တပ်သားတွေလဲ ဗမာ့တပ် မတော်အောက်ခြေတပ် သားတွေနဲ့  ဘာမှမကွာ ပါဘူး...ခေါင်းဆောင်တွေက ကောင်းစားပြီး အောက်ခြေတပ်သားတွေက ငတ်ပြတ်နေပါတယ်. ..ဗမာ့တပ် မတော်အောက်ခြေတပ်သားတွေ ငတ်ပြတ်မှုကြောင့် ရှေ့ တန်းနယ်မှာ သီချင်းတပုဒ်တောင် တွင်လိုက် ပါသေးတယ်။ ``ဗမာ့တပ်မတော်သားများ....အမိုးကြက်ကိုခိုးစား...ဖါ့ထီးခွေးကိုခိုးစား...ဓါးမ ကြီးနဲ့ လိုက်ပြီး ခုတ်တော့ ထွက်ပြေးကြတယ်....ဗမာ့တပ်မတော်များ```....ဆိုတဲ့သီချင်းပါဘဲ....အခုလဲ ကရင်နယ်ခြားစောင့် တပ်တွေ လဲ...အဲဒီလိုဖြစ်နေပါပြီး.
..
 ဆရာနောက်ကို လိုက်တော့မယ့်စောချစ်သူ
စောချစ်သူရဲ့ လုပ်ရပ်ကိုစောင့်ကြည့်နေသည့် အနှောက်သန် သည့်ကရင်လူငယ်တယောက်က`` မောင်ချစ်သူက ယခုလက်ရှိအခြေအနေထိ ဘယ်တင်းတိမ်အုံးမလဲ သူဆက် လက်ပြီးကျော်ကြား ချင်လို့ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို လှည့်ဖို့ တာဆူနေတယ် ဒါပေမဲ့ဒီသူက ဒရာမာလိုင်းဘက်တော့ မရဘူးဆိုတာသူ့ ကိုယ်သူသိတယ်လေ ဒါကြောင့်မို့  သူ ဗေလုဝကိုအားကျတယ် အခုဗေလုဝ ကိုဆရာ တင်ဖို့ လုပ်နေတယ်...အေး ..သူ့ စတိုင်ကလဲ ဗေလုဝနဲ့ မတိမ်းမယိမ်းဘဲလေ`` လို့ ဟာသနှောပြီးပြော သွားတော့ ရယ်ရမှာလဲ ခပ်ခက်ခက်ဖြစ်နေပါတယ်။
ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့်အခမ်းအနားကို သွားရောက်ခဲ့တဲ့ ဦးစောခလိုင်ကတော့``ရန်သူက ကိုယ့်အိမ်မှာလာတက်နေပြီး လုပ်ချင်တိုင်းလုပ်နေတယ်...ကျနော်တို့ ကရင်လူမျိုးတွေ တိဘက် ကုန်းပြင်မြင့် ကနေ မြန်မာပြည်ကိုတဖြည်းဖြည်းနဲ့ ပြောင်းရွေ့ လာတယ်...မြေပြန့် ဒေသမှာ အနိုင်ကျင့်စော် ကားတဲ့ သူများတယ်၊ရှုပ်တယ်ဆိုပြီး တောတွေကိုခုတ်ထွင်ရှင်းလင်းပြီး ရွာတွေတည်ပြီးနေကြတယ် ။ အခုလဲ လာပြန်ပြီ ။
အခုရွေကုက္ကိုရွာတို့ လိုမျိုးနေရာမှာ တောတွေကိုခုတ်ထွင်ရှင်းလင်းပြီးတော့နေကြတယ်....အခုလဲ ရန်သူတွေကလာရှုပ်ပြန်ပြီး...ဒီတခါတော့ နေရာပြောင်းရွေ့ နေထိုင်ဖို့  ခုတ်ထွင် စရာတော အသစ်တွေ လဲမရှိတော့ဘူး..ပြေးစရာမြေလဲမရှိတော့ဘူး....``. ဟု.သက်ပြင်းရှည်ကြီးချပြီး ပြောသွားပါတယ်။
တကယ်တော့လဲ ဟုတ်ပါတယ်။ လောဘကို အတောမသတ်နိုင်တဲ့ ရန်သူမဟာ ဗမာ စစ်မိတ္ဆာတွေ ကတော့ ကောက်ကျစ်မှုနည်းပေါင်းစုံသုံးပြီး တိုင်းရင်း သားတွေရဲ့ ဘိုး ဘွားပိုင်နယ်မြေတွေကို အဓမ္မစိုး မိုးချယ်လှယ်နေ တာ နှစ်ပေါင်းအတော်ကြာနေ ပါပြီ...ဆက် လက်၍လည်းလုပ်ဆောင်နေအုံးမှာပါ။
Karentimes အထောက်တော် ဆား ရေးသားပေးပို့ သည်။
www.karentimes.blogspot.com
30/08/2011