Sunday 18 March 2012

ငြိမ်းချမ်းရေးလက်ဆောင်လား စစ်ပွဲရာဇသံလား?





 ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့  ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် 

အဖွဲ့ တို့  ငြိမ်းချမ်းရေးပဏာမလက်မှတ်ထိုးပွဲမှာ ကြံ့ ဖွတ်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ က
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကေအင်န်ယူခေါင်းဆောင် မန်းငြိမ်းမောင်ကိုငြိမ်းချမ်းရေး 
လက်ဆောင်အဖြစ် ပြန်လွှတ်ပေးဖို့ နှုတ်ဂတိပေးသွားခဲ့ပါတယ်။

       ဒါပေမဲ့ လက်တွေ့ မှာတော့ မန်းငြိမ်းမောင်ဟာငြိမ်းချမ်းရေးလက်ဆောင်ပစ္စည်းတခုအဖြစ် သတ်မှတ်ခြင်းမခံရဘဲအကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးခံရပြီး နောက်ဆုံးတော့အမြင့်ဆုံးထောင်ဒဏ်တသက်
တကျွန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
    တကယ်တော့ ကေအင်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဟာရန်သူဗမာစစ်အုပ်စုနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားကတည်းကကိုယ့်ကိုယ်ကို အနိမ့်ဈေး(လျော့ဈေး)နဲ့ 

သွားထိုးအပ်သလို ဖြစ်နေပါတယ်လို့ အချို့ က ဝေဖန်သုံးသပ်ကြပါတယ်။

ကိုယ့်ဘက်က   ဘာအချက်တွေကိုဦးစားပေးဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်တွေ
မရှိသလိုပါဘဲ...သွားရောက်တဲ့နေ့ ညမှာဘဲ ၇န်သူနဲ့ ပုခုံးချင်ဖက် စားသောက်ကြ
 နောက်တနေ့ မနက်ကျတော့မိနစ်ပိုင်းအတွင်းစားပွဲဝိုင်းမှာ အလာဘ သလာဘစကားပြော ပြီးတော့
အဆင်သင့်ရိုက်ထားတဲ့ ကွန်ပျူတာစာရွက်ပေါ်မှာ လက်မှတ်ကိုယ်စီထိုးကြ ...ဒါလား
ငြိမ်းချမ်းရေးဆွေးနွေးပွဲ......(အေးပေါ့လေ...သွားတဲ့လူတစုကလည်း အမျိုးသားရေးကို ရောင်းစားချင်တဲ့လူတချို့ ပါဝင်နေတာကိုး)။


ရန်သူဘက်ကိုယ်စားလှယ်က..``.မင်းတို့ ဘက်က ကေအင်န်ယူနဲ့ ပါတ်သက်တဲ့ အကျဉ်းသားတွေရှိရင် စာရင်းတင်ပြ ကျနော်တိုလွှတ်ပေးမယ် ``လို့ ပြောလာမှဘဲ...အဲဒီအချက်ကို
ကိုယ်စားလှယ်တော်ကြီးတွေက ပြန်သတိရပုံရပါတယ်။အဲဒါနဲ့ ဌာနချုပ်ကိုပြန်ရောက်ပြီးနောက်ပိုင်း စားရင်းတွေအပူတပြင်းလိုက်ကောက်ပြီးရန်သူဆီပြန်ပို့ ပေးတယ်လို့ ကြားရပါတယ်...အဲဒီလောက်ထိ
ကိုယ်စားလှယ်တော်ကြီးတွေကအမျှော်အမြင်ကြီးကြတာ..မန်းငြိမ်းမောင်ကိစ္စကိုတော့ ဆွေးနွေးပွဲမှာ
အလာဘသလာဘ စကားတွေပြောပြီး စကားလမ်းကြောင်းတိုက်ဆိုင်လာလို့ 
သာ ပြောဖြစ်ပုံရပါတယ်...ဒါပေမဲ့ ရန်သူကိုယ်စားလှယ်ဘက်က
မဆိုင်းမတွပါဘဲ...မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ်
ပြန်လွှတ်ပေးမယ်လို့ နှုတ်ဂတိပေးလိုက်ပါတယ်....


တကယ်တော့လည်းအဲဒီဆွေးနွေးပွဲမှာ ကိုယ့်ကေအင်န်ယူကိုယ်စားလှယ်တွေက
ဘာဘဲတောင်း ဆိုတောင်းဆို ရန်သူကိုယ်စားလှယ်တွေက ပေးဖို့ အဆင်သင့်ပါ 

ဘဲ...ရန်သူဘက်က ဘာနဲ့ မှရင်းစရာမလိုဘဲ  အပေါ့ပါးဆုံး လေနဲ့ ဘဲရင်းရတာကိုး...ရန်သူရဲ့ အလိုချင်
ဆုံးက သူတို့ နဲ့ အကြီးမားဆုံးတော်လှန်ဆန့် ကျင်ဘက်အဖွဲ့ ကြီးတဖွဲ့ ရဲ့ 
ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ စာရွက်တရွက်ဘဲ...အခြားဘာမှမလို
....လုံလောက်ပြီး...ရန်သူ့ အတွက် အကျိုးအမြတ်ကတော့ အတုံးအခဲကြီးကြီးနဲ
့ရသွားပြီး ကိုယ့်ဘက်ကပေးဆပ်လိုက်ရတာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။


           ရန်သူနဲ့ ကိုယ်နဲ့ တိကျ၊ သေချာရေရာတဲ့အပေးအယူမရှိဘဲ...လက်မှတ်ထိုးလိုက်တာက ကိုယ့်ကိစ္စ(ကိုယ့်အမှားလို့မဆိုလိုချင်ပါ)။ရန်သူဟာ ဂတိတည်တဲ့ လူမျိုးမဟုတ်မှန်းလဲ ကိုယ့်မျိုးဆက်နဲ
့ချီပြီး သင်ခန်းစာတွေ အများကြီးရခဲ့ပါပြီး...


``အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဗမာစစ် အစိုးရကို ယုံမိပြီ၊အခြေအနေမကောင်းတော့တဲ့အခါ နောက်တခေါက် 
 တောခိုဖို့ အတွက် ခိုစရာတောတွေ မရှိတော့ရင် မိမိရော မိမိလူမျိုး မျိုးဆက်တွေပါ ဒီကမ္ဘာမြေပေါ်မှာ ပျောက်ဆုံးဖို့ ကိန်း ဆိုက်ရောက်မှာသေချာတယ်``

          ရန်သူက ကေအင်န်ယူနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆက်လက်ဆွေးနွေးဖို့ 
နှစ်ဖက်စလုံးက ခြေလှမ်းတွေ ဆက်လှမ်းနေချိန်မှာကေအင်န်ယူခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ကိုတော့အမြင့်ဆုံးထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တာဟာ ရန်သူစစ်အုပ်စုက
ကေအင်န်ယူအပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကရင်လက်နက်ကိုင်အင်အားစုတွေရဲ့ နားရွက်ကို တံတွေးစွတ်လိုက်တာဖြစ်ပါတယ်။သွေးတိုးစမ်းတဲ့သဘောပါ။`` မင်းတို့ ကရင်တွေ
ဘာတတ်နိုင်သေးလဲပေါ့.``..ဒီသက်သေသာဓကတွေဟာ ယနေ့ ကရင်လူမျိုးအကျိုးကို
သယ်ပိုးပါတယ်ဆိုတဲ့ ကရင်လက်နက်ကိုင်အင်အားစုတွေ၊နိုင်ငံရေးအင်အားစုတွေ
၊ကရင်ပြည်သူတွေ သေချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။`` မင်းတို့ ကရင်တွေကို
ငါတို့ မဟာဗမာတွေက လုပ်ချင်တိုင်းလုပ်လို့ ရတယ်``ဆိုတဲ့အထာနဲ့ စော်ကားမော်ကားလုပ်သွား

တာကိုဒီလိုဘဲလက်ပိုက်ကြည့်နေမလား...

.အထူးသဖြင့်မျိုးချစ်လက်နက်ကိုင်အင်အားစုတွေကို
 ပြောချင်ပါတယ်။ တော်လှန်ရေးအမျိုးသားခေါင်းဆောင်တယောက် ဒီလိုမျိုးမတရားအနိုင်ကျင့်ခံရတာကို ကိုယ့်နဲ့ မဆိုင်ဘူး။ ကိုယ်တို့ ကတော့ ရန်သူပေးတဲ့အခွင့်အရေးကို ``အခွင့်သာတုန်း တထမ်းစာဘဲဖြစ်ဖြစ် တနပ်စာဘဲဖြစ်ဖြစ် ရတုန်းအရင်ယူထားလိုက်ရမှ`` လို့ မခံယူလိုက်မိပါနဲ့ ။တနေ့ ကျရင် ဒီလိုမျိုးမတရားအနိုင်ကျင့်ခံရတဲ့အဖြစ်မျိုးကိုယ့်အလှည့်မရောက်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

မဟာဗမာစစ်အင်အားစုတွေရဲ့ အဓိကရန်သူဟာ ကိုယ့်ကရင်လူမျိုးပါလို့ ဒီနေရာမှာ
ထပ်လောင်းပြောချင်ပါတယ်။ ကိုယ့်ကရင်လူမျိုးတွေ အားလုံးပျက်သုန်းသွားအောင်
ရန်သူကအကွက်ကျကျစီစဉ်နေပါတယ်....ကိုယ့်ကို မက်လုံးတွေအချို့ ပေးပေမဲ
့တနေ့ ကျရင် အဲဒီမက်လုံးတွေဟာ ကိုယ့်အတွက်အဆိပ်အတောက်တွေ
ဖြစ်သွားမယ်ဆိုတာ ကြိုတင်တွေးထားဖို့ လိုပါမယ်။


                အခုလဲ ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ တချို့ ကုပ္ပဏီပိုင်ရှင်တွေဖြစ်သွားကြတယ်၊ အဖူ့ ထိန်မောင်ခေါင်းဆောင်တဲ့ငြိမ်းအဖွဲ့  လုပ်ကွက်တွေအများကြီးရသွားတယ်၊ မနေ့ တနေ့ ကမှ ငြိမ်းချမ်းရေးလက်မှတ်ထိုးသွားတဲ့ဗိုလ်မှူးစောလားပွယ်ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ တွေလဲ စီးပွါးရေးအတွက်ဆိုင်းပြင်းနေတယ်...(ပြီးခဲ့တဲ့ရက် သတင်းတွေမှာမြ၀တီ..မဲဆောက် 

လိုင်းကါးထောင်တာ)။ နောက်ဆုံးတော့ ပုထုဇဉ်ရဲ့ သဘောသဘာဝအရ
ငွေတွေ ဆည်းဇိမ်တွေ အဆိပ်တက်လာပြီးဆိုရင် ဘယ်သူ
့မှအမျိုးသားရေးအကြောင်းပြောလာမှာမဟုတ်တော့ပါ။မယုံရင် အရင်
ငြိမ်းယူထားတဲ့လူတွေဆီမှာ တီးခေါက်ကြည့်လိုက်ပါ။ ၉၉ ရာခိုင်နှုန်းလောက်က
အမျိုးသားရေးကိုဘန်းပြပြီး ကိုယ်ကျိုးရှာသမားတွေပါဘဲ...

    ရန်သူကပေးတဲ့မစို့ မပို့ အခွင့်အရေးနဲ့ ကျေနပ်အားရနေမယ်ဆိုရင် ကိုယ့်တ၀မ်းစာတော့စားရမယ် ။ ဒါပေမဲ့ နောင်လာမယ့်မျိုးဆက်သစ်တွေကို ကျွန်ဇာတ်သွင်းရာရောက်သွားတဲ့ တရားခံတွေ ဖြစ်သွားပါမယ်။ဒီအချက်ကို မျိုးချစ်လက်နက်ကိုင် ကိုယ့်လူမျိုးအင်အားစုတွေ သေချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။

ယနေ့ ကရင်အမျိုးသားလက်နက်ကိုင်အင်အားစုကြီး သုံးဖွဲ့ စလုံးက ရန်သူနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းပေါ် ရောက်နေပါတယ်။ ဒီသုံးဖွဲ့ စလုံးက သူ့ ထက်ငါ အရင်၊ ရန်သူပေးတဲ့အခွင့်အရေးတွေကို ပိုရလိုချင်နိုးနဲ့  ခြေလှမ်းလှမ်းနေရင်တော့ ရန်သူရဲ့ ထောင်ချောက်ထဲကို မလွှဲဧကန် ရောက်မှာဖြစ်ပါတယ်။

 ယနေ့ ရှိနေတဲ့ကိုယ့်လက်နက်ကိုင်အင်အားစုတွေ အင်အားစုကြီးတခုအဖြစ် မပြန်လည်တည်ဆောက်နိုင်ဘူးဆိုရင် နောက်နောင်ပြန်လည်တည်ဆောက်နိုင်စရာလမ်းစ အလှန်းဝေးနေသလို လက်ရှိအင်အားစုခွဲတွေကလည်း ပျောက်ဆုံးဖို့ သာရှိပါတော့တယ်။

 မဟာဗမာစစ်အစိုးရရဲ့ အပေါ်ရံတိုးတက်ပြောင်းလဲမှု ဟန်ဆောင် ပြသနေတာကို နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေအဟုတ်မှတ်ပြီး ယုံကြည်မိရင်တော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်သွားပါမယ်။ အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဗမာစစ်အစိုးရကို ယုံမိပြီ၊ အခြေအနေမကောင်းတော့တဲ့အခါ နောက်တခေါက် တောခိုဖို့ အတွက် ခိုစရာတောတွေမရှိတော့ရင် မိမိရော မိမိလူမျိုး မျိုးဆက်တွေပါ ဒီကမ္ဘာမြေပေါ်မှာ ပျောက်ဆုံးဖို့ ကိန်း ဆိုက်ရောက်မှာသေချာတယ်။
 

ကရင်လူမျိုးတွေအတွက် အမျိုးသားအောင်မြင်မှုပန်းတိုင် လက်တကမ်းမှာရှိနေပါတယ် ။ ညီအစ်ကိုချင်း စည်းလုံးညီညွတ်ရင် တမင်းတလုတ်နဲ့  ၀အောင်အတူဝေမျှစားသောက်နိုင်ပါတယ်။ ကိုယ့်လူမျိုးအင်အားစုတွေ ကောင်းသောသမိုင်းကြောင်းတွေရေးဖို့ အချိန်မနှောင်းသေးပါဘူး...ရန်သူပေး
တဲ့မက်လုံးကို မမက်မောလိုက်မိပါနဲ့ ။

လက်တွေ့ ကျကျစဉ်းစားမယ်ဆိုရင် ယခု ကရင်သုံးဖွဲ့ လုံး ရန်သူနဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့အချိန်မှာ အမျိုးသားခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို မတရားအနိုင်ကျင့်စော်ကားတာဟာ ရန်သူက ကိုယ့်ကို လူရာမသွင်းကြောင်းသက်သေသါဓကဘဲ။


 ဗဒိုမန်းငြိမ်းမောင်ကို ဗမာစစ်အုပ်စုက ငှင်းတို့ ရဲ့ အရင်ဂတိအတိုင်း ငြိမ်းချမ်းရေးလက်ဆောင်အနေနဲ့ ကရင်တွေကို ပေးခြင်းမဟုတ်ဘဲ စစ်ရေးရာဇသံအနေနဲ့ ပေးခြင်းဖြစ်တဲ့အတွက်ကြောင့် ကိုယ့်လက်ပေါ်မှာရှိတဲ့လက်နက်နဲ့  ဗမာစစ်အစိုးရရဲ့ စစ်ရေးရာဇသံကို ဘယ်လိုတုံ့ ပြန်မလဲဆိုတာ ကိုယ့်ကိုယ်ကို သိသင့်ပြီဖြစ်ပါကြောင်း....



မန်းဒဲ့ဒိုး

karentimes.blogspot.com

No comments:

Post a Comment