Tuesday 27 March 2012




ကျေးဇူးအတင်ခံချင်ပေမဲ့ ဒို့ ကတော့မတင်နိုင်သေးပါ

 

     တသက်နှစ်ကျွန်းပြန် အတီးမန်းငြိမ်းမောင်ကို  ဗမာကြံ့ ဖွတ်အစိုးရ ငြိမ်းကိုယ်စားလှယ်တွေက .. မိခင်ကေအင်န်ယူအဖွဲ့ ထံကို ပြန်လည်အပ်နှံခဲ့ပါပြီ။ တီးမန်းငြိမ်း မပြန်လွတ်ခင်ကတည်းက ဗမာစစ်ဗိုလ်ချုပ်တွေ ဒီလိုမျိုးဇာတ်ညွှန်းရေးမယ်ဆိုတာ လူအများကြိုတင်ခန့် မှန်းပြီးသားပါ။
 အမှန်တော့ ဒီလိုဇာတ်ညွှန်းတွေဟာ ရိုးနေပြီးလို့ ပြောရမှာပါ။ တီးမန်းငြိမ်းကို သူတို့ လက်ထဲရောက် တာနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအမျိုးမျိုးညှင်းဆဲ သူတို့ လိုချင်တဲ့အချက်၊ ပွိုင့်ကို ရအောင်စစ်ဆေး အကွက်ဆင်ယူ၊ အပေးအယူလုပ် တကယ်ပိုင်နိုင်ပြီးလို့ မှတ်ယူပြီးမှ ဒီလိုမျိုးပြန်လွတ်ပေးလိုက်တာပါ။

တရားစီရင်အမိန့် ချတဲ့သူက အမြင့်ဆုံးပြစ်ဒဏ်ချပြလိုက် ပြီးမှ ဇာတ်လိုက်မင်းသား ရုပ်သေးသမ္မတ သိန်းစိန်က မိမိမှာ သမ္မတပါဝါအပြည့်ရှိကြောင်း ပြသလိုတဲ့အနေနဲ့  သဘောထားကြီးကြီးနဲ့  တရားခံကို ကွင်းလုံးကျွတ်ပြန်လွတ်ပေးလိုက် ကျေးဇူးကုဋေကဋာအတင်ခံ...ဒါဘဲ... တကယ်တော့ ဒီလိုမျိုး ဖမ်းဆီးတာ၊ ပြစ်ဒဏ်ချတာ၊ ညှင်းဆဲတာ၊ ပြန်လွတ်တာတွေဟာ ဇာတ်ညွှန်းဆရာတယောက်ဖြစ်တဲ့ ကန့် လန့် ကါနောက်ကို ၀င်ပုန်းနေတဲ့ ဗမာစစ်အာဏာရှင် မုဒိမ်းစစ်တပ်ခေါင်းဆောင် ကောက်ကျစ် ယုတ်မာကောင် သန်းရွှေက ရေးဆွဲထားတာဖြစ်ပါတယ်။ မသိရင်တော့ ဒီသမ္မတက လုပ်ပိုင်ခွင့်အပြည့်ရှိ တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တကယ်ဖေါ်ဆောင်နေတယ်လို့ ထင်မှတ်နိုင်ပါတယ်။

 အတီးမန်းငြိမ်းကို ကေအင်န်ယူနဲ့ ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ဇန္န၀ါရီလက ဘားအံမြို့ အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးကတည်းက ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပြန်လွတ်ပေးမယ်ဆိုပေမဲ့ တရားရုံးအကြိမ်ကြိမ်တက်ပြီးမှ အခုလိုမျိုး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့် နဲ့ ပြန်လွတ်ပြလိုက်တာပါ ......ဒီလိုမျိုးလုပ်ဆောင်တာဟာ ရန်သူဟာ ကေအင်န်ယူကို စိတ်ဓါတ်စစ်ဆင်ရေးအရ အရင်သွေးတိုးစမ်းလိုက်တဲ့သဘောပါဘဲ။ အရင်ညစ်ကြည့်တယ်.အရေထွက်

လာမလား..ဘယ်လိုပြန်တုံ့ ပြန်လာမလဲပေါ့..
 

အတီးမန်းငြိမ်းကို ထောင်ထဲကနေ သွားခေါ်ထုတ်ပြီး နေပြည်တော်အထိခေါ်သွားတာလဲ လူတယောက် ကို ခြေတွေ၊လက်တွေ ချည်ပြီးတုတ်ပြီးမှ စကားပြောတဲ့သဘော သက်ရောက်တဲ့အတွက် တရားမျှတ တဲ့ ပြောဆိုနွေးမှုမျိုးလို့ ဆိုလို့ မရပါဘူး။ ဒါအထက်စီးကနေ ဆက်ဆံတာဘဲ။

 အတီးမန်းငြိမ်းပြန်လည်လွတ်မြောက်လာတာကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေအပါအ ၀င် ပြည်သူ အများက ၀မ်းသာတယ် ကြိုဆိုတယ်လို့ ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် လွတ်ပေးသူ ဗမာစစ်အာဏာရှင် ကို ကျေးဇူးတင်တယ်လို့  ထုတ်ဖေါ်ပြောကြတယ်။ ဒါဟာလည်းလဲ နိုင်ငံရေးအရသံခင်းတမံခင်း စကား

အရ``ကျေးဇူးတင်တယ်`` ဆိုတဲ့စကားကို ပြောဆိုရတာဖြစ်တယ်လို့ နားလည်မိတယ်။ တကယ်တမ်း ကျတော့ ဒီကောက်ကျစ်ယုတ်မာတဲ့ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ ပြော
ဆိုဖို့ အလွန်စောနေသေးသလို သူတို့ နဲ့ ထိုက်တန်တဲ့စကားမလည်းမဟုတ်ပါဘူး။

 နိုင်ငံကို မတရားအာဏာသိမ်းယူ၊ သူတို့ နဲ့ ဆန့် ကျင်ဘက်လူတွေကို မတရားဖမ်းဆီးထောင်ဒဏ်နှစ်

ရှည်ချ၊ မသေမချင်းညှင်းဆဲ၊ သေတဲ့သူကသေ၊ မသေတဲ့သူတွေကိုအ၀ညှင်းဆဲပြီးမှ ပြန်လွတ်ပေးလိုက်။   ပြန်လည်လွတ်မြောက်တဲ့သူတွေက ဗမာစစ်အာဏာရှင်တွေကို ပြန်လည်ကျေးဇူးတင်၊ စစ်အာဏာရှင်
 တွေကလည်း သူတို့ ကိုသူတို့ တကယ်ကျေးဇူးရှင်ကြီးတွေလို မှတ်ယူနေကြပြီး ဗမာစစ်အာဏာရှင် လက်အောက်က  မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူ့  အဖွဲ့ အစည်းက ဒီလိုဘဲသံသရာလည်နေပါတယ်။
ဒါကတော့ ဗမာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သား(လက်နက်မကိုင်တဲ့သူ)တွေရဲ့  ဖြစ်ပျက်နေ
တဲ့အကြောင်း တရားတွေပါ။

 ကျနော်တို့ တိုင်းရင်းသားအင်သားစုတွေကျတော့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ဗမာစစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး အညိုးကြီးစွာနဲ့ မုဒိမ်းကျင့်၊ မတရားဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက် စတာတွေ နေ့ စဉ်နဲ့ အမျှ ပြုလုပ်နေတယ်။ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေတွေ မတရား

ကျူးကျော် ခံနေရတယ်။ ကိုယ့်နယ်မြေက သယံဇာတတွေ ထုတ်ယူသိမ်းဆည်းခြင်း နေ့ တိုင်းလိုလို
ခံနေရတယ်။ဒါကြောင့် ယခု ကျနော်တို့ ခေါင်းဆောင်တယောက် ပြန်လည်လွတ်မြောက်လာရုံနဲ့  ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်လို့ လုံးဝမဖြစ်သေးဘူး။ ကျနော်တို့ သွေးကြွေးတွေ သမိုင်းကြွေးတွေအများကြီး(အများကြီး)ကျန်နေတယ်။

 မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုတွေ တကယ်ကျေးဇူးအတင်ခံချင်တယ်ဆိုရင် မတရားကျူးကျော် ခံရတဲ့ ကျနော်တို့ နယ်မြေကနေ အမြန်ဆုံးထွက်ခွါသွားပါ။ ပြည်တွင်းစစ်အတွင်းမှာ (နှစ်ဦးနှစ်ဘက် စစ်သားတွေ ကျဆုံးတာ စစ်ပွဲရဲ့ သဘောအရ သဘာဝကျပေမဲ့) ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်

ခံရမှု ၊မုဒိမ်းမှု ၊ အထမ်းသမားပေါ်တာခိုင်းစေမှု ၊ ပြည်သူအိုးအိမ် ဆည်းစိမ်တွေ ခိုးယူလုယက်၊ မီးရှို့ ဖျက်ဆီးခံရမှု၊သယံဇာတတွေခိုးယူမှု စတဲ့အမှုပေါင်းများစွာ(များစွာ)တွေမှာ ကျူးလွန်ခဲ့တဲ့ ဗမာစစ်အာဏာရှင် တပ်မှူးတပ်သား၊ စစ်ဗိုလ်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းလုပ်ပါ။ ဆုံးရှုံးသွားတဲ့ကရင်ပြည်သူတို့ ရဲ့ အသက်၊အိုးအိမ်ဆည်းစိမ်းတွေကိုစစ်တမ်းကေါက်ပြီး လျော်ကြေးပြန်
လျော်ရမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ် 
ယုတ်မာတဲ့ နဂိုလ်မူလအကျင့်တွေကို ပယ်ဖျက်ပြီး စေတနာအမှန်တဲ့ လုပ်ပါ။

 လာမယ့်ဧပြီလဆန်းပိုင်းမှာ  ဗမာစစ်အုပ်စုရဲ့ ရုပ်သေးအစိုးရ ငြိမ်းကိုယ်စားလှယ်တွေနဲ့ သွားတွေ့ ဖို့ 
ကျနော် တို့ ကရင်အမျိုးသားခေါင်းဆောင်တွေ အပေါ်ကပြောခဲ့တဲ့အချက်တွေကိုလည်း ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ရင်လောက်မှန်းမှ ဒူးလောက်ကျမယ်။

 ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့  ရန်သူက ယုံကြည်နိုင်လောက်တဲ့၊ ယုတ်တိရှိတဲ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မတွေ့ ရသေးပါ။ ရှေ့ နောက်ညီတဲ့ပြောဆို လုပ်ဆောင်ချက်တွေလည်း တချက်မှမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေက ဒီစစ်အာဏာ ရှင်အစိုးရကို နောက်ကြောင်းပြန်မလှည့်စေလိုမှု ၊ လမ်းကြောင်းမှန်ရောက်စေလိုမှုနဲ့  ရှေ့ တိုးလိမ့်နိုးနိုး နဲ့ သီးခံနေတာသာဖြစ်တယ်။ ရန်သူဘက်ကလည်း ဒါကို နှောကြေနေပါတယ်။ နည်းနည်းရိုင်းရိုင်းလေး

ပြော ရရင် ``သူများကုန်းပြလေ သူလည်းလိုးလေပါဘဲ``။

 အချို့ က ဗမာသိန်းစိန်အစိုးရဟာ အထက်ကပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲသေးဘူးလို့  သုံးသပ်ကြတယ်။ တကယ်တော့ ဒေါ်စုအပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကိုနည်းအမျိုးမျိုးနဲ့ 

နှောက်ယှက်စော်ကါးမှု၊ဘုန်းကြီးသံဃာတော်တွေကို တရားဟောခွင့်ပိတ်ပင်မှု၊ ကျောင်းမှနှင်ထုတ်မှု၊ အထက်ကအပစ်ရပ်တယ်ပြောပြီး ရှေ့ တန်းစစ်မျက်နှာတွေမှာ စစ်အင်အားတိုးချဲ့ မှု ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနဲ့ နေ့ စဉ်နဲ့ အမှု တိုက်ပွဲတွေဖြစ်ပွါးမှု...စတာတွေဟာ ပြောင်းလဲလာပါတယ် ဆိုတဲ့ အထက်ကလူတွေ အမိန့် ပေး စေခိုင်းမှုမပါဘဲနဲ့ ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး။

 ရန်သူဟာ သူ့ ရဲ့ ပြိုင်ဘက်တွေကို ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲကနေ သူ့ ရဲ့ ထောင်ချောက်ထဲကို မရမက ဖြည်းဖြည်းခြင်း ဆွဲခေါ်သွားတာသာဖြစ်တယ်။ ဒါကိုကျနော်တို့ ခေါင်းဆောင်တွေ ဓမ္မဓိဌာန် ကျကျတွေးပြီး အမျိုးသားရေးကို ရှေ့ ဆက်ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။


 အတီးမန်းငြိမ်းမောင်ကို ရန်သူကပြန်လွတ်ပေးလိုက်လို့  ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်ဆွေးနွေး
ရမယ် လက်မှတ်ထိုးရမယ်လို့  မဟုတ်ပါဘူး။တကယ့်ပကတိသဘောတရားအရ တွေးပြီး
 ရှေ့ ဆက်လျှောက်သင့်မှသာ လျှောက်ပါ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်အဖွဲ့ အစည်းက ချမှတ်ထားတဲ့လမ်းစဉ် ဗျူဟာတွေအတိုင်း လိုက်လျောညီထွေမှုရှိမှသာ ရန်သူနဲ့ ဆက်လက်တွေ့  ဆုံသင့်ကြောင်းပါ။




ဆား
27/03/2012.

www.karentimes.blogspot.com

No comments:

Post a Comment