Friday 17 February 2012



လာလည်သူမိတ်ဆွေများသို့ 
…..

ဤ ဘလော့ဂ်အား စတင်ဖန်တီးခဲ့သည်မှာ ဒီ 2012 ဖေဖေါ်ဝါရီလဆိုရင် (1) ပြည့်ပြီဖြစ်
ပါသည်။  မှတ်မှတ်ရရနဲ့ ဘလော့ဂ်စာမျက်နှာပေါ် တင်ဖြစ်သည့် ပထမဆုံးကိုယ်ပိုင်ရေး
 ပို့ စ်မှာ အမျိုးသားခေါင်းဆောင် ပဒိုမန်းရှားလာဖေါင် အတွက် အမှတ်တရဖြစ်ပြီး.....ယခု
တနှစ်ပြည့်သည့် အချိန်ကါလ နောက်ဆုံးပို့ စ်မှာလဲ ပဒိုမန်းရှာအတွက် အမှတ်တရပို့ စ်ပင်
 ဖြစ်ပါသည်။

ဘလော့ဂ်စတင်တည်ထောင်ကတည်းက ခုထိအပြင်အဆင်ကို ဘလော့ဂ်တခုရဲ့  အင်္ဂါရပ်နဲ့ 
မတူတာကို လည်းအားလုံးအား တောင်းပန်ပါသည်။ စာရေးတတ်သည်မဟုတ်ဘဲ ၀ါသနာအရရေးခြင်းသာဖြစ်ပြီး ချွတ်ယွင်းချက်များကို ခွင့်လွတ်စေချင်ပါသည်။ အမျိုးသားရေး
အတွက် အုပ်တချပ်သဲတပွင့်အတွက် ၀င်ရောက်ထမ်းဆောင်ခြင်းဟုခံယူပြီး ဤဘလော့ဂ်အား ဖန်တီးခြင်းဖြစ်ပါသည်။


ဘလော့ဂ်သက်တမ်းတနှစ်ပြည့်မှာ အထိမ်းအမှတ်အဖြစ် လာလည်သူ ချစ်သောညီအစ်ကို ၊ ချစ်မိတ်ဆွေများထံမှ အမှတ်တရစကား၊ ကဗျာ ၊ စာစုများ ကို လေးစားစွာတောင်းခံ
အပ်ပါသည်။


ထို့ အတူ...ဤဘလော့ဂ်တွင် ဖေါ်ပြသော အကြောင်းအရာ ၊ အရေးအသားများနဲ့ 
ပါတ်သက်၍ ဝေဖန်အကြံပေးမှုများ ပေးနိုင်ပါသည်။

အားလုံးကိုလေးစားလျှက်

Karentimes@blogspot.com ၀ိုင်းတော်သားများ..

ဆက်သွယ်ရန်...karentime2012@gmail.com

No comments:

Post a Comment