Wednesday 11 January 2012

ဇွဲကပင်မြေနဲ့ အတူ အမိမြန်မာ တပြည်လုံးအေးချမ်းဖို့ ကြိုဆိုခြင်း ဖြစ်ပါစေ




                                      ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ ဟာ သိန်းစိန်အစိုးရနဲ့  ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးဖို့ ဒီကနေ့ မနက်(11/01/2012)မှာ မြ၀တီမြို့ ကနေ ဘားအံမြို့  ကို မော်တော်ယဉ်ခရီးနဲ့ ထွက်ခွါသွားပြီဖြစ်ပါတယ်။ ဘားအံမြို့ ပေါ်မှာလဲ ကရင်အပါအ၀င် တိုင်းရင်းသားပြည်သူတွေသောင်းနဲ့ ချီပြီး ကြိုဆိုကြတယ်လို့ သိရပါတယ်။ ဒီလိုမျိုးကြားရတော့ များစွာဝမ်းသာမိပါတယ်။အဲ ..ဒါပေမဲ့....ဒီကြိုဆိုမှုတွေကလဲ ပြည်သူတွေက မိမိတို့ ရဲ့  ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ (သို့ မဟုတ်) ဒေသခံကရင်လူမှုအဖွဲ့ အစည်းကနေပြီး စည်းရုံးလှုပ်ဆော်ပြီး လာရောက်ကြိုဆိုတာလား၊ဒါမှမဟုတ် ဖိအားပေးခံရပြီး တအိမ်တယောက်အနည်းဆုံး၊ ဌာနဆိုင်ရာအားလုံးမတက်မနေရ အမိန့် နဲ့  လာရောက်ကြိုဆိုတာလားဆိုတာ သတိထားရမှာဖြစ်ပါ
တယ်။ ဗမာအာဏာပိုင်တွေ စီမံချက်မပါဘဲနဲ့ တော့ ဒီလိုမျိုး လူစုနိုင်လိမ့်မယ်လို့ မယူဆလို့ ပါ။

ဒီလိုသံသယစိတ်တွေ ၀င်လာတာက ဗမာအာဏာပိုင်အဆက်ဆက်က ကောက်ကျစ်ယုတ်မာတဲ့ ပရိယာယ်အမျိုးမျိုးသုံး၊၀ါဒတွေအမျိုးမျိုးဖြန့် ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း၊
နိုင်ငံရေးအင်အားစုတွေကို အမျိုးမျိုးလှည့်စားခဲ့ဘူးတဲ့ သာဓကတွေရှိလို့ ပါ။ အနီးစပ်ဆုံး ဥပမာ 
အနေနဲ့  ဗိုလ်ချုပ်မြ ရန်ကုန်ကိုသွားပြီး ဗမာစစ်ဗိုလ်ချုပ်ခင်ညွန့် နဲ့  ငြိမ်းချမ်းရေးသွားဆွေးနွေးတုန်း
ကလဲ ရန်ကုန်နေ ကရင်ပြည်သူတွေ ဗိုလ်ချုပ်မြနဲ့ အဖွဲ့ ကို ကြိုဆိုခွင့်ပေးတယ်။ ဒီတခါတော့ ငြိမ်းချမ်းရေးတကယ်ဖေါ်ဆောင်နိုင်ပြီလို့  လူတွေတချို့ ကောက်ချက်ချကြသလို၊ နိုင်ငံရေးလောကမှာ
လဲ အလွန်ဂရက်ရိုက်သွားပါတယ်။ နောက်တော့ ဗမာစစ်ဗိုလ်ချုပ်တွေက သဘောထားမမှန်တော့ ဘာမှဖြစ်မလားဘူး။

နောက်တခု သာဓက ကတော့ ကေအင်န်ယူအဖွဲ့ မှ ဗိုလ်မှူးထိန်မောင်နဲ့ အဖွဲ့ ဗမာစစ်ဗိုလ်တွေနဲ့  ငြိမ်းချမ်းရေးယူတဲ့ကိစ္စပါ။ ကြိုဆိုပွဲမှာ ဗမာစစ်ဗိုလ်ချုပ်တွေအများအပြားအပါအ၀င်၊ သက်ဆိုင် ရာမြို့ နယ်ရဲ့ ဌာနဆိုင်ရာအကြီးအကဲ(ဒါလဲစစ်ဗိုလ်၊ရဲအရာရှိတွေပါဘဲ)၊ ၀န်ထမ်း၊ ကျောင်းသား၊
ပြည်သူများ(မတက်မနေရ) အပြင် ယခင်ငြိမ်းယူသွားတဲ့ ကရင်ငြိမ်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ အဲဒီတုန်းကလဲ ``အခုမှဘဲ...တကယ့်ငြိမ်းချမ်းရေးအစစ်အမှန် ကို ထူထောင်နိုင်တော့မယ်``လို့ ကောက်ချက်ချတဲ့လူတွေ အများအပြားရှိပါတယ်။ အဲဒီလိုမျိုးဖြစ်အောင် ဗမာအာဏာပိုင်တွေက လုပ်ပြနိုင်ခဲ့တာကိုး။

ဒါပေမဲ့ နောက်တော့ဘာမှ ဖြစ်လာတာမတွေ့ ရပါဘူး။ မြေခွေးယုတ် ဗမာစစ်ဗိုလ်ချုပ်တွေကဘဲ အကျိုးအမြတ်ရသွားပါတယ်။
…..................................................
 ကြိုဆိုတဲ့လူတွေက ဘယ်လောက်ဘဲ အ၀တ်အစားတွေသားနားနေ၊ ဒို့ ဖထီးကတော့ရိုးရိုးလေးဘဲ

ကျနော်တို့ ကရင်ခေါင်းဆောင်တွေ ယခင်ကသွားခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခရီးစဉ်များစွာနဲ့  ဒီတခေါက်ခရီးစဉ် အပါအ၀င် ကရင်လူမျိုးအပါအ၀င် တိုင်းရင်းသားပြည်သူတွေအားလုံး ရဲ့ ငြိမ်းချမ်းသာယာစွာနဲ့ အေးအတူပူအမျှနေထိုင်နိုင်ရေးဆိုတဲ့...ဖြူစင်ရိုးသားတဲ့  
စိတ်ရင်းစေတနာအမှန်တွေနဲ့ သွားတာဖြစ်ပါတယ်။ အမိမြန်မာပြည် တကယ့်ငြိမ်းချမ်းရေး အမှန်ဖြစ်လာဖို့ က မဟာလူမျိုးကြီးဝါဒ ဗမာစစ်ဗိုလ်ချုပ်တွေပေါ်မှာ မူတည်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။
 

ဒီတခေါက်ဆွေးနွေးပွဲမှာ ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ ရင်ထဲက မှန်ကန်တဲ့စေတနာနဲ့ ဆွေးနွေးခြင်းဖြစ်
ပါစေ။မနက်ဖြန် ဇန္န၀ါရီလ(၁၂)ရက်နေ့ မှာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးကိုယ်စား
လှယ်တွေနဲ့ သိန်းစိန်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်တဲ့ရက်မှာ တပြိုင်နက်တည်း ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ကရင်အဖွဲ့ အစည်း၊ မိသားစုများကလဲ ဒီဆွေးနွေး ပွဲကို ထောက်ခံကြောင်း၊ သို့ သော် ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးမှုအစစ်အမှန်ဖြစ်ရန် လိုအပ်ကြောင်း
တို့ ကို ဆန္ဒများဖေါ်ထုတ်ပြသခြင်း၊ ရိုးရာစုတောင်းပွဲများပြုလုပ်ခြင်းများကို လုပ်ဆောင်သွားမှာဖြစ်
ပါတယ်။


ယနေ့ ကေအင်န်ယူငြိမ်းချမ်းရေးခရီးစဉ်အား လူထောင်သောင်းကြိုဆိုခြင်းမှသည် မဟာလူမျိုးကြီးဝါဒ ဗမာစစ်ဗိုလ်ချုပ်တို့ ၏ မှန်ကန်သောစေနာစိတ်ထားကြောင့် တတိုင်းပြည်လုံး ငြိမ်းချမ်းသာယာပြီး သန်းငါးဆယ်ကျော်သော မြန်မာပြည်သူပြည်သားများ ၀မ်းသာကြိုဆိုသော၊ ကမ္ဘာသူ/သားများဝမ်းသာကြိုဆိုသည်သာမက နတ်လူသါဓု ခေါ်ဆိုနိုင်ပါစေဗျာ....


Karentimes...

No comments:

Post a Comment