Saturday 7 January 2012




ကေအင်န်ယူက ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့သည်ရှိသော်...




ဒေါနသစ္စာ
7/1/2012

                        မကြာတော့တဲ့ ရက်ပိုင်းအတွင်းမှာဖြစ်တဲ့ လာမည့် ဇန္န၀ါရီလ ၁၂-ရက်နေ့ ဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့  မဟာဗမာစစ်ဝါဒီတို့ ရဲ့ လက်ကိုင်ဒုတ်ပါတီ ကြံ့ ဖွတ် သိန်းစိန်အစိုးရတို့  ငြိမ်းချမ်းရေးစကား ပြောဆိုဆွေးနွေးတော့မှာပါ။KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ လဲ ဒီငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စနဲ့ ပါတ်သက်ပြီး ကရင်တမျိုးသားလုံးကို ကြိုတင်အသိပေးပြီးဖြစ်သလို အကြံဥာဏ်များပေးကြဖို့ လဲ ဖိတ်ခေါ်ထားတာရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စကို KNU တဖွဲ့ တည်း လုပ်ဆောင်၊ဆုံးဖြတ်တာမဟုတ်ဘဲ တမျိုးသားလုံးရဲ့ အရေးမို့ အားလုံးပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်လိုက်လဲတာဖြစ်ပါတယ်။

မြန်မာပြည်လွတ်လပ်ရေး စရတဲ့အချိန်ကစလို့ ၊ မြန်မာပြည်သား တိုင်းရင်းသားလူမျိုးများ တဦးချင်း
အလိုက် မျိုးနွယ်စုအလိုက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးမူကို အခြေခံပြီး ကရင်လူမျိုးများက ဗမာအစိုးရကို စားပွဲဝိုင်းမှာ တွေ့ ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ မဟာလူမျိုးကြီး
ဝါဒ ဗမာအစိုးရတွေက နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ ၊ လက်နက်နဲ့ ဖြေရှင်းလိုတဲ့ အတွက် ကရင်လူမျိုးများက မိမိကိုယ်ကို ကါကွယ်တဲ့အနေနဲ့  လက်နက်ကိုင်တဲ့လမ်းစဉ်ကို ရွေးချယ် ရတာဖြစ်ပါတယ်။ ဆက်လက်ပြီး အခြားတိုင်းရင်းသား အင်အားစုတွေလဲ မိမိတို့ ရဲ့ မျိုးနွယ်စုများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရပါတယ်။

မြန်မာပြည် ပြည်တွင်းစစ်သမိုင်းမှာ ကရင်လူမျိုးများက မဟာဝါဒီဗမာအစိုးရကို ဦးစွာတော်လှန်
တိုက်ခိုက်တဲ့ လူမျိုးတမျိုးဖြစ်ပေမဲ့ တကယ်တော့ ကရင်လူမျိုးများဟာ စစ်သွေးကြွတဲ့ လူမျိုး တမျိုးမဟုတ်ပါဘူး။အထက်က ပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကို ခုခံတဲ့အနေနဲ့ မလွှဲသာ မရှောင်သာ လို့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်ရေးလမ်းစဉ်ကို လုပ်ဆောင်ရတာပါ။ သမိုင်းအဆက်ဆက်မှာ
လဲ ကရင်လူမျိုးများဟာ သူတပါးရဲ့ နယ်မြေတွေကို ကျူးကျော်ရန်စတဲ့ သမိုင်းအစဉ်အလာမရှိခဲ့ပါ။ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသောလူမျိုးတစ်မျိုး၊ အေးဆေးစွာနေထိုင်တတ်တဲ့ လူမျိုးတမျိုးဖြစ်ပါတယ်။
..............
လက်နက်ကိုင်တော်လှန်ရေးကါလအတွင်း ဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ မဟာဝါဒီစစ်အုပ်စုတွေရဲ့ ကောက်ကျစ်ယုတ်မာတဲ့ လှည့်ကွက်တွေထဲမှာ တ၀ဲလည်လည်နဲ့  သံသရာလည်ခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေလဲ ဒုနဲ့ ဒေးပါ။ မဟာဝါဒီ ဗမာအစိုးရအဆက်ဆက် ရဲ့ ရိုးသားမှု၊စိတ်ရင်းစေတနာမှန် မရှိတဲ့အတွက် ဆွေးနွေးပွဲတွေ ထလုပ်လိုက်၊ ပြန်ပျက်သွား လိုက်နဲ့ မုန့် လုံးစက္ကူကပ်နေပါတယ်။ ဒါပေမဲ့ ကရင်ခေါင်းဆောင်တွေကတော့ အနှစ် (၆၀) ကျော်ကြာ၊ တော်လှန်ရေးစတင်တဲ့အချိန်ကစလို့ ယနေ့ ထက်တိုင် မှန်ကန်တဲ့တွေ့ ဆုံဆွေးနွေးရေး ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်ထားမြဲ ဖွင့်နေဆဲပါ။

ယခုသန်းရွှေစစ်ဘုရင်ရဲ့ လက်ကိုင်တုတ် သိန်းစိန်ကြံ့ ဖွတ်အစိုးရရဲ့  တိုင်းရင်းသားလက်နက်
ကိုင်တွေအပေါ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာလည်း တကယ်သွေးရိုး သားရိုးတော့ဖြစ် မယ်မထင်ပါ။တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ရေမှုတ်တဖက်၊ မီးစတဖက် စနစ်နဲ့ ကျင့်သုံးမှု၊ သမ္မတလုပ်သူက ကချင်ဒေသထိုးစစ်အပေါ် ဗမာစစ်တပ်တွေထိုးစစ်ရပ်ဖို့ ယုတ်တိယုတ်တန်မရှိ ညွှန်ကြားမှု(တကယ်တော့ရည်စရာတွေဖြစ်နေတယ်)၊ပြည်သူအများကမျှော်လင့်တဲ့ နိုင်ငံရေး
အကျဉ်းသားတွေလွှတ်မြောက်ဖို့ အတွက် ဒီဇန္န၀ါရီလဆန်းအထိ လွှတ်ပေးလိုက်တဲ့ အသုတ်တွေထဲမှာ မဖြစ်စလောက်သောနိုင်ငံရေးအကျဉ်းသားဦးရေကို လွတ်ပေးမှု၊မထင်ရင် မထင်သလို တိုင်းရင်း သားပြည်သူတွေကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ ဆက်လက်ကျူးလွန်နေမှု၊ စစ်ဘီလူး တို့ ရဲ့ အင်အားတွေကို တိုးချဲ့ မြဲ တိုးချဲ့ နေဆဲ...စတာတွေကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။
...................
ကေအင်န်ယူက သိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စ သွားဆွေးနွေးမှာကို ကြိုဆိုတဲ့သူ၊ ၀မ်းသာတဲ့သူ
ရှိသလို၊ စိုးရိမ်ပူပန်တဲ့သူ၊ ကဲ့ရဲ့တဲ့သူ၊ ရှုတ်ချတဲ့သူလဲရှိပါတယ်။ကြိုဆိုတဲ့သူ၊ ၀မ်းသာတဲ့သူတွေထဲ မှာတောင်မှ လူနှစ်မျိုးနှစ်စား ထပ်ရှိပါသေးတယ်...တကယ့်ငြိမ်းချမ်းရေးဖြစ်လာဖို့ အရေးကိုဝမ်းသာ
ကြိုဆို တဲ့လူနဲ့  ကေအင်န်ယူက ငြိမ်းချမ်းရေးယူခြင်းအားဖြင့် မိမိတဦးတယောက်ကောင်းစားရေး ကို မျှော်ကိုးပြီး ၀မ်းသာကြိုဆိုတဲ့လူလဲရှိပါတယ်။

စိုးရိမ်ပူပန်တဲ့လူတွေကြတော့ တကယ့်ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်ဘဲ ဗမာစစ်အုပ်စုက အမြတ်ထုတ်သွားမှာကို စိုးရိမ်နေကြတာပါ။ ကဲ့ရဲ့ တာ၊ရှုတ်ချတာကြတော့ စကားလုံးအရတော့ စိုးရိမ်ပူပန်တယ်လို့ အချို့ က ထုတ်သုံးကြတာတွေ့ ရပေမဲ့ စကားလုံးတွေရဲ့ အဆုံးမှာတော့ ဝေဖန်
တာ ကဲ့ရဲ့ တာ ရှုတ်ချတာတွေနဲ့ အဆုံးသတ်သွားတာ တွေ့ ရတယ်။ အဲဒီလိုလူမျိုးတွေက ကရင့်တော် လှန်ရေးကို ဘန်းပြပြီး ကိုယ်ကျိုးရှာတဲ့သူ၊ ကရင့်တော်လှန်ရေးကို အမှီသဟဲပြုပြီး နိုင်ငံရေး၊ ဘာအရေး ညာအရေးနဲ့ အကြောင်းပြ ကိုယ်ကျိုးရှာနေတဲ့ လူတွေဆီက စကားတွေထွက်လာတာ ပိုများပါတယ်။
........................

တကယ်တော့ ယနေမြန်မာ့နိုင်ငံရေးလောကမှာ စစ်အစိုးရကို ကိုင်လှုပ်နိုင်တာ နိုင်ငံရေးပါတီမှာ
NLD၊ လက်နက်ကိုင်တော်လှန်ရေးမှာ KNU တို့ က ပိုပြီးအခရာကျတယ်လို့  ပြောလို့ ရှိရင် ရနိုင်ပါတယ်။ဒါပေမဲ့ အခုတော့ NLD က ဗမာစစ်အစိုးရနဲ့  ၀င်ပူးလိုက်ပါပြီ။ တချို့ ကတော့ ဒေါ်စုအပါ
အ၀င် NLDနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ပါတီတွေ ဗမာစစ်အုပ်စုက တိုင်ပေးပါတ်တာဘဲ၊ ဒေါ်စု ကိုယ်တိုင် နိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်ခွင့် ရမှာမဟုတ်ဘူးလို့ ရှုမြင် သုံးသပ်ကြပါတယ်။

ဒါဆိုရင် အခုစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောမယ့် ကေအင်န်ယူ ကရင်အစည်းအရုံးကရော အခြားအဖွဲ့ အစည်းလိုဘဲ တိုင်ပေးပါတ်ခြင်းခံရမလား မေးစရာတွေဖြစ်လာပါတယ်။ဆွေးနွေးမယ့် ငြိမ်းချမ်းရေး အဆင့်ရော ဘယ်လိုအဆင့်မျိုးလဲ.....ယခင် ၁၅-နှစ်ကျော်ဝန်းကျင်က ဗိုလ်ချုပ် ခင်ညွန့် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့၊ ငြိမ်းချမ်းရေးရယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ 
အနေအထားမျိုးလောက်နဲ့ ဘဲ ဆိုရင်တော့ အခြေအနေတွေ ပိုပြီးရှုပ်ထွေးလာနိုင်ပါတယ်။ လက်တွေ့ 
ကျကျ သုံးသပ်မယ်ဆိုရင် လက်ရှိကရင်ပြည်နယ်မှာ ကရင်နယ်ခြားစောင့်တပ်အဖွဲ့ ၊ ဗိုလ်မှူးစော
လားပွယ် ဒီကေဘီအေအဖွဲ့ ၊ ဖူးထိန်မောင်အဖွဲ့ နဲ့ အခြားတိုင်းရင်းသားအဖွဲ့ တွေနဲ့ တောင် အခြေ
အနေတွေ အလွန်ရှုပ်ထွေးနေပါပြီး။တဖွဲ့ နဲ့ တဖွဲ့  ယုံကြည်စိတ်ချမှုမရှိကြသလို၊ တဖွဲ့ ချင်းမှာလဲ တဦးနဲ့ တဦး ယုံကြည်လို့ မရတဲ့အနေအထားမှာ ရှိနေပါတယ်။

ဥပမာအားဖြင့် ကေအင်န်ယူက ဗမာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ကရင်ပြည်သူတွေ သာယာ
ဝပြော တိုးတက်ဖို့ အတွက် လုပ်ပိုင်ခွင့်အပြည့်ပေးတယ်ဘဲထားအုံးတော့၊ အခြားငြိမ်းချမ်းရေးယူ
ထားတဲ့ ကရင်အဖွဲ့ တွေက အသိအမှတ်ပြုမှာလား၊လပိုင်းတုန်းကမှ ငြိမ်းချမ်းရေးလက်မှတ်ထိုး
သွားခဲ့တဲ့ ဗိုလ်မှူးစောလားပွယ်အဖွဲ့ က ကေအင်န်ယူ ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စအပေါ် အူကြောင်ကြောင် အတွေးတွေနဲ့ သုံးသပ်ချက်တွေကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။

အပြုသဘောအရ ကေအင်န်ယူရဲ့ ဦးဆောင်မှုကို အခြားကရင်လက်နက်ကိုင်အဖွဲ့ တွေနဲ့  ကရင်ပြည်သူတွေက အသိအမှတ်ပြုတယ်ထားအုံး၊ ကောက်ကျစ်ယုတ်မာတဲ့ မဟာလူမျိုးကြီးဝါဒ စစ်အုပ်စုက သဘောထားကြီးစွာနဲ့ ငြိမ်ငြိမ်နေမှာမဟုတ်ဘူး။ ရန်သူက မြှောက်ပေးတိုင်း ဘာမဆို
လုပ်ရဲတဲ့ ကရင်စုန်းပြူးတွေလဲ မရှားဘူးဆိုတာ မမေ့သင့်ပါဘူး။ ရန်သူရဲ့ အဓိက ရည်ရွယ်ချက်က ကရင်အပါအ၀င် မိမိတို့ ကို တော်လှန်ပုန်ကန်တဲ့ သူတွေ ချုပ်ငြိမ်းရေးဘဲဖြစ်တယ်။ ဒါကို 
သတိကြီးစွာထားရမယ်။
..........................
အခုသွားဆွေးနွေးမယ့်နေရာကတော့ ရန်သူရဲ့ နယ်မြေထဲမှာ ဖြစ်နေပါတယ်။ စာရေးသူ တက်ရောက်ခဲ့ဘူးတဲ့ ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွေမှာ ရန်သူနဲ့ စကားပြောဖို့ အကြောင်း ဆွေးနွေးကြတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံ တခုခု မှာ ဆွေးနွေးကြဖို့ ဆုံးဖြတ်ကြတာရှိပါတယ်။ ဒါမှဘဲ ကိုယ့်ဘက်က စိုးရိမ်ကြောက်ကြစရာမရှိဘဲ လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့  တာဝန်ရှိသူများ၊ နိုင်ငံတကာမီဒီယာများ
ကလဲ အသိသက်သေဖြစ်စေပါတယ်။ အခုဆွေးနွေးစကားပြောမယ့်နေရာကတော့ ရန်သူ့ ရဲ့  ဂွင်ထဲမှာဆိုတော့ ရန်သူက သူတို့ အတွက်ဆို ဘာဂတိက၀တ်မှ တည်တာမဟုတ်ဘူးဆိုတာ ကြိုတွက်ယူထားရပါမယ်။

မိတ်ဆွေအချို့ က ပြောဆိုသုံးသပ်တာကတော့ ကေအင်န်ယူက ရန်သူနဲ့ စကားပြောရင် 
နေရာရွေး ချယ်မှုအပါအ၀င်၊ အစားအသောက်ကိစ္စ၊ ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစား၊ ကိုယ်ဆွေးနွေးမယ့်လူရဲ့ ရာထူးအဆင့်အတန်း၊ ကိုယ်ဆွေးနွေးယူရမယ့် ကိုယ့်အမျိုးသားရေးအတွက်၊ ကိုယ့်နိုင်ငံပြည်သူအားလုံးအတွက် အခွင့်အရေးတွေကို ဘယ်လိုဘယ်ပုံ ဆွေးနွေးရမယ် ဆိုတာ ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် ဆွေးနွေးပွဲမှာ ကိုယ့်ထမင်း ကိုယ့်ဟင်းတွေဘဲ 
သုံးဆောင်ကြပါ။ ကိုယ်က ကိုယ့်အဖွဲ့ အစည်းမှာ ဗိုလ်မှူးရာထူးရှိတယ်ဆိုပါစို့ ..အဲဒါ ကိုယ့်ရဲ့ စစ် ယူနီဖေါင်းရာထူးအပြည့်နဲ့  ၀တ်ဆင်ပါ။ (ကရင်ငြိမ်းကောင်စီ ဗိုလ်မှူးထိန်မောင်နဲ့  ဗမာစစ် အရာရှိငယ် ဆွေးနွေးတဲ့မှတ်တမ်းမှာ ဗမာက ယူနီဖေါင်း၊ရာထူးတံဆိပ်အပြည့်ဝတ်ဆင်ပြီး ၊ ဗမာအရာရှိရဲ့ အဖိုး အရွယ်လောက်ရှိတဲ့ ဗိုလ်မှူးကြီးထိန်မောင်က ကရင်ဝတ်စုံတွေဝတ်တာကို ကြည့်ခြင်းအားဖြင့် ဗမာစစ်ဗိုလ်လေးတွေက တိုင်းပြည်ရဲ့ ရေ၊မြေအရှင်သခင်၊ ဖူ့ ထိန်မောင်က ဒီတိုင်းပြည်ရဲ့ ဒုတိယလူတန်းစား၊တိုင်းရင်းသားသူပုန်တွေလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်) 
လူနာမည်ခေါ်ရင်တောင်မှ ဦးဘယ်သူလို့ အခေါ်မခံဘဲ....ဗိုလ်မှူးဆိုရင် ဗိုလ်မှူးလို့  နာမည်ရဲ့  အရှေ့ မှာတပ်ပြီး အခေါ်ခံပါ။ တွေ့ ဆုံဆွေးနွေးမည့်လူရဲ့ ရာထူးအဆင့်အတန်းနဲ့ ပါတ်သက်တော့
လဲ ရန်သူဘက်က ရုံးစာရေးအဆင့်လောက်ဘဲဆို ကိုယ့်ဘက်ကလဲ ရုံးစာရေးနဲ့ ဘဲ သွားရောက်ဆွေးနွေးပါ။အခုသွားရောက်ဆွေးနွေးမယ့် ခရီးစဉ်မှာလဲ ဘယ်သူ့ ရဲ့ ဖိအားကြောင့်မှ သွားတာမဟုတ်ဘဲ ကိုယ့်အမျိုးသားရေးအကျိုး၊ ကိုယ့်တိုင်းရင်းသားပြည်သူ အားလုံးရဲ့  အကျိုးကို ရှေ့ ရှုပြီးသွားရမှာဖြစ်ကြောင်း.... စသည်ဖြင့်....စသည်ဖြင့်ပေါ့....

ကိုယ့်ညီအစ်ကို အချင်းချင်းတောင် ထမင်းတ၀ိုင်းထဲ အတူမထိုင်စားနိုင်သေးဘဲနဲ့  ကိုယ့်ဘိုးဘွားပိုင်အမွှေအနှစ်၊နယ်မြေတွကို သိမ်းပိုက်ဖျက်ဆီးတဲ့၊ ကိုယ့်လူမျိုးကို ကြက်ခလေး ငှက်ခလေးတွေလောက်တောင် သဘောမထားဘဲ သတ်ဖြတ်တဲ့၊ ကိုယ့်လူမျိုး အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့ရန်သူနဲ့  အရင်ထမင်းလက်ဆုံသွားစားတာတော့ ဘ၀င်မကျလှပါဘူး.....
..လို့  သဘောရိုးနဲ့ သုံးသပ်တဲ့လူတွေလဲရှိနေပါတယ်။
........................

အခုကိုယ့်ကရင်ခေါင်းဆောင်တွေ သွားတွေ့ ဆုံစကားပြောမယ့်သူတွေဟာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်ဆိုရင် တကယ့်ကိုယ်စားလှယ်အစစ်အမှန်၊ သမ္မတဆိုရင်လဲ ရုပ်သေးသမ္မတ မဟုတ်ဘဲ ကေအင်န်ယူခေါင်းဆောင်တဦးက မီဒီယာနဲ့ အင်တာဗျူးမှာ ပြောခဲ့သလို သမ္မတအစစ်အမှန်နဲ့  တွေ့ ဆုံနွေးနိုင်ရင်တော့ နှစ်ဦးနှစ်ဖက်အကျိုးရှိမှာဖြစ်ပါတယ်။လက်ရှိအနေ
အထားမှာ သမ္မတရဲ့ အထက်မှာ မင်းအောင်လှိုင်(ကါကွယ်ရေးနဲ့ လုံခြုံရေး)ရှိတဲ့အနေအထားမှာလဲ ပိုပြီးထပ်ချင့်ချိန်စရာတွေဖြစ်လာပါတယ်။

မဟာဝါဒီစစ်အုပ်စုတွေက သူတို့ ရဲ့ ရန်သူတွေနဲ့ ဆွေးနွေးတဲ့အခါ အရင်က ကတိက၀တ်တွေကို ဖျက်ချင်တဲ့အတွက် သုံးလေ့သုံးထ စကါးတခွန်းရှိပါတယ်။ ယခင်က လူ/အစိုးရတွေနဲ့ ပြော ထားတဲ့စကားတွေ မေ့ထားလိုက်တော့ အခုကျနော်တို့ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်/အလုပ်ဖြစ် မဲ့ ဆွေးနွေးမှုတွေ လုပ်ကြရအောင် ဆိုတဲ့အသုံးအနှုန်းတွေပါဘဲ။ဆိုလိုတာက ယခင်က ဗိုလ်ချုပ်ခင်ညွန့် လက်ထက်အပါအ၀င် ဗမာအစိုးရ အဆက်ဆက်ရဲ့ လက်ထက်မှာ ဆွေးနွေးချက်၊ သဘောတူညီချက်တွေကို ရာဇ၀င်ထဲမှာ ထားရစ်ခဲ့တော့ အခု လူသစ်၊ သမိုင်းစာမျက်နှာ အသစ်တွေနဲ့ ရေးချယ်ကြမယ်ဆိုတဲ့သဘောပါ။ ကေအင်န်ယူအနေနဲ့  ယခင်ဗမာစစ်အစိုးရ
အဆက်ဆက်နဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ သဘောတူညီချက်လက်မှတ်တွေ ထိုးခဲ့တာမရှိတဲ့အတွက် ရာဇ၀င်ထဲမှာထားခဲ့ချင်ရင် ထားလို့ ရပါတယ်။

ဒါပေမဲ့ ယခုလာမယ့်ဆွေးနွေးပွဲမှာ ကိုယ့်ဘက်ကယုံကြည်စိတ်ချရတယ်၊ မှန်ကန်တယ်လို့ 
ဆုံးဖြတ်ချက်ချပြီး ရန်သူနဲ့ ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးမယ်ဆိုရင် ရာဇ၀င်ထဲမှာ အထားမခံရဖို့ အင်မတန်မှ အရေးကြီးပါတယ်။ထားခဲ့ဖို့ လဲ ရကောင်းတဲ့အရာမဟုတ်ပါ။

ငြိမ်းချမ်းရေးလက်မှတ်ထိုးဖြစ်ခဲ့မယ်ဆိုရင်....တိုင်းရင်းသားပြည်သူတွေအပေါ် တောက်လျှောက်
ဗိုလ်ကျစိုးမိုး ကောက်ကျစ်ယုတ်မာခဲ့တဲ့ မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုဟာ``တွေ့ လား...
...ဒီမှာ ... ငါတို့ နဲ့ နှစ်ပေါင်း(၆၀) ကျော်ကြာ ဆန့် ကျင်တိုက်ခိုက်လာတဲ့ သူတွေတောင် ငါတို့ ရဲ့ စေတနာကိုနားလည်လာလို့  အခုငါတို့ နဲ့ အတူလက်တွဲလာပြီ`` ဆိုတဲ့ အကျိုး
အမြတ်ကြီးကို ရရှိပြီး နိုင်ငံတကါရဲ့ မျက်နှာစာမှာ ကြွားလုံးထုတ်မှာသေချာတယ်။
ကိုယ့်ဘက်က ပေးဆပ်လိုက်ရမဲ့အရင်းအနှီးတွေက ဘာနဲ့ မှနှိုင်းဆလို့ ရမှာမဟုတ်ပါဘူး။ ကိုယ်ပေးဆပ်လိုက်ရတဲ့အရင်အနှီးနဲ့  တိုင်းရင်းသားပြည်သူတွေအပေါ် အကျိုးသက်ရောက်မှု မျှတဖို့ လဲအရေးကြီးပါတယ်။
..............
တကယ်တော့ မြန်မာပြည်ကြီးဟာ ပြည်တွင်းစစ်အဆုံးသတ်ရေး၊ စစ်မှန်သောဒီမိုကရေစီစနစ် ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေများစွာထဲက တခုဖြစ်တဲ့ ရွာပုန်းရွာရှောင်ပြေးလွှားနေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်အရေးမှာ ကရင်ငြိမ်းအဖွဲ့ တွေ သုံးလေးဖွဲ့ ရှိပေမဲ့လုံးဝမကိုင်တွယ် မဖြေရှင်းပေးနိုင်သည့်အပြင် ပြသနာတွေပိုလို့ တောင် ကြီးထွားလာနေပါတယ်။

မဟာဗမာလူမျိုးကြီးဝါဒတို့ ရဲ့ အဓိကဗျူဟာကတော့ မိမိတို့ ကို တော်လှန်တိုက်ခိုက် တဲ့သူတွေထဲမှာ ခေါင်းအမာဆုံးလူမျိုးတမျိုးဖြစ်တဲ့ ကရင်လူမျိုးတွေ မြန်မာပြည်မြေပုံပေါ်
ကနေလုံးဝပပျောက်ရေးဆိုရင် ယုံကြည်တဲ့သူရှိမလားမသိဘူး.... ကေအင်န်ယူသာ ဗမာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးအစစ်အမှန် ရယူဆွေးနွေးနိုင်ခဲ့ရင် ဦးစားပေးလုပ်ဆောင်ရမဲ့ အချက်များစွာထဲမှာ ရွာပုန်းရွာရှောင်ပြေးလွှားနေတဲ့ စစ်ပြေးဒုက္ခသည်အရေးဟာ အဓိက ဦးစားပေးလုပ်ဆောင်ရမယ့် အချက်တချက်မှာ ပါနေပါတယ်။ ဒီလိုကိစ္စမှ မဖြေရှင်းပေးနိုင်ရင် ဤကမ္ဘာမြေပေါ်မှာ လူမျိုးတွေပျောက်တဲ့စာရင်းထဲမှာ ကရင်လူမျိုးတွေလဲ အလှည့်ကျဖို့ 
မဝေးတော့ပါ။။
................


ယခု ..ကေအင်န်ယူက ငြိမ်းချမ်းရေးသွားရောက် ဆွေးနွေးမယ့်ခရီးစဉ်ဟာ ပထမဆုံးအကြိမ်လဲ မဟုတ်သလို နောက်ဆုံးအကြိမ်လို့ လဲ ဖြစ်မယ်မထင်ပါ။သွားဖို့ ဆုံးဖြတ်ချက်ချပြီဆိုတော့
ဆွေးနွေးတဲ့အခါကေအင်န်ယူက သူ့ အဖွဲ့ အစည်းတခုတည်းအတွက် သူလူမျိုးတစုတည်းအတွက် ကွက်ပြီး ဆွေးနွေးမှာမဟုတ်ဘဲ တိုင်းရင်းသားပြည်သူအားလုံးအတွက် ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါကြောင့်ဖို့ ဒီဆွေးနွေးပွဲမှာ စစ်အုပ်စုက အပေါ်စည်းကနေပြီး သူတို့  တဖက်သတ်အကျိုး အမြတ်အတွက် ဆွေးနွေးတာမဟုတ်ဘဲ၊ ကေအင်န်ယူက ရန်သူစစ်အုပ်စုနဲ့  တန်းတူရည်တူ လွတ်လပ်စွာဆွေးနွေးနိုင်ဖို့ ၊ တိုင်းရင်းသားပြည်သူတရပ်လုံးအကျိုးအတွက် ရလာဒ်ကောင်း များစွာနဲ့  အောင်မြင်စွာဆွေးနွေးနိုင်ဖို့  ကရင်အပါအ၀င် တိုင်းရင်းသားပြည်သူများ၊ မဟာမိတ်
တပ်ပေါင်းစု၊ ဒီမိုကရေစီအင်အားစုများ ကေအင်န်ယူကို စုပေါင်းဝန်းရံရမှာဖြစ်ပါကြောင်း...

ဒေါနသစ္စာ
7/01/2012.
www.karentimes.blogspot.com

No comments:

Post a Comment