Sunday 12 May 2013

၄၃-ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ ကျင်းပပြီးဆီးခြင်း။



                                                                                             Photo. S Thein Shoo
karentimes.
၄၃-ကြိမ်မြောက်ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲတရပ်ကို 2013 မေလ ၆-ရက်မှ ၁၀ -ရက်နေ့ အထိ ကရင်ပြင်နယ်၊ ဘားအံမြို့ နယ် ကရင်ပြည်နယ်၏ကျက်သရေဆောင် ဇွဲကပင်တောင်ခြေရှိ ခလာက်နို့ ကျေးရွာတွင်ကျင်းပပြုလုပ်ကြောင်းသိရသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် ကရင်စာပေ လိက်ထူ့ လီစာနှင့် တလာညာ.စာနှင့်ပါတ်သက်သော ထူးချွန်မှုပြိုင်ပွဲများ၊ ကရင့်ရိုးရာဒုံးယိမ်းပြိုင်ပွဲများနှင့် အခြားကရင် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲများကျင်းပကြပါသည်။  အဆိုပါသင်သန်းဆင်းပွဲတွင် ကရင်ပြည်နယ်မှ ဒုံးယိမ်းအဖွဲ့ များအပြင် အခြားပြည်နယ်၊ ဒေသများမှ ဒုံးယိမ်းအဖွဲ့ ၊ ပြည်သူများပါတက်ရောက်ခဲ့ သည်။ ပြိုင်ပွဲဝင် ဒုံးအဖွဲ့  ၂၀-ရှိပြီ်း အိန္ဒုတိုက်နယ်၊ ခနိမ်ဒိုရွာ ဒုံးအဖွဲ့ မှ ဒုံးအက ပထမဆု ရရှိပါသည်။ နိုင်ငံရေးပါတီများ ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့ များ၊ ကရင်လက်နက်ကိုင်အင်အားစုများ စုံလင်စွာဖြင့် တက်ရောက်ပြီး စုစုပေါင်းလူဦးရေ ၂၀၀၀-၀န်းကျင်ခန့် တက်ရောက်ကြောင်း ကြားသိရသည်။
ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲသည် နွေရာသီအစိုးရစာသင်ကျောင်းပိတ်ရက်များတွင် ပြုလုပ်ပြီး တနှစ် တနေရာ မြို့ နယ်/ကျေးရွာအလိုက် ပြောင်းရွေ့ ကျင်းပကြပြီး လာမည့်
2014-နွေရာသီတွင် သံလွင်မြစ်အနောက်ဘက် ပေါ်တော်မူကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

1 comment:

  1. အဖိုးဖြူဆီကစာ။

    ǂ အဖေ့လူလေး၊ အမေ့လူလေး၊ အိမ်နဲ့မိဘကိုမေ့တဲ့ လူလေးတို့ရေ၊ နားထောင်ကြ။
    ǂ တို့တတွေ အဖိုးထော်မဲပါနောက်လိုက်ပြီး၊ ကွဲကွာခဲ့ရတဲ့အချိန်တွေ ကုန်ဆုံးလိမ့်မယ်။
    ǂ မကောင်းတဲ့ဝိဥာဉ်တွေ မြူးတူးတဲ့နှစ်မှာ၊ အရှေ့ဖက်ရောက်နေတဲ့ အမေ့သားဟာ၊ ကျွဲချိုကို တိုးတိုးသာသာလေး စမှုတ်လိမ့်မယ်။
    ǂ ဒါကိုကြားတဲ့ တောင်ဖက်နဲ့ အနောက်စူးစူးက အဖေ့သားတွေဟာလည်း၊ သူတို့ရဲ့ကျွဲချိုကို အသံကျယ်ကျယ်နဲ့ မှုတ်လာကြလိမ့်မယ်။
    ǂ အိမ်နဲ့မိဘကိုမေ့တဲ့ သားငယ်လေးဟာလည်း၊ သိမ်းထားတဲ့ကျွဲချိုကို ယူထုတ်ပြီး၊ မှုတ်ဖို့ကြိုးစားလိမ့်မယ်။
    ǂ သားသမီးတွေအားလုံးရဲ့ ကျွဲချိုသံတွေ စုံတဲ့အခါ၊ သင်္ဘောဆိပ်တောင်ပေါ်မှာ မိုးခြိမ်းသလို မြည်လိမ့်မယ်။
    ǂ တို့နေရာဟောင်းက မြစ်သုံးစင်း ရေခန်းတဲ့နှစ်မှာ၊ ကွဲကွာနေတဲ့ ဝိဥာဉ်တွေနဲ့အတူ၊ ညီအကိုမောင်နှမတွေ အားလုံးပြန်လာဆုံမယ်။

    Anonymous 5

    ReplyDelete