Wednesday 30 January 2013
KNU နဲ့ ဗမာစစ်အစိုးတို့ အပစ်ရပ် 
ပဏာမလက်မှတ်ရေးထိုးခြင်း တနှစ်ပြည့်
 သူတို့ အမြင်………
Karentimes..
ဘလော့ဂ်ဂါ စောဒါးဘို(မလေးရှား)-  ဒို့ ကရင်လူမျိုးတွေရဲ့ မိခင်အဖွဲ့ အစည်း ကေအင်န်ယူဟာ ဗမာအာဏာပိုင်တွေနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ နိုင်ငံရေးအရ အသာစီးမရနိုင်တဲ့အပြင် ဗမာအစိုးရရဲ့ နိုင်ငံရေးမာယာထောင်ချောက်ထဲ ခြေတလှမ်း လှမ်းမိခဲ့ပြီလို့  ကျွန်ုပ်ဆူဆပါတယ်။
အပေါ်ယံအနေနဲ့ ဆက်ဆံရေးရုံး ဖွင့်နိုင်ပြီး နေပြည်တော်ကို ၀င်ထွက်သွားလာနိုင် တယ်လို့  ပြောလို့ ရပေမဲ့ ကေအင်န်ယူထိန်းချုပ်ရာနယ်မြေတွေမှာ ဗမာတပ်စခန်းတွေအခိုင်အမာ တည်ဆောက်ပြီး တပ်အင်အားတိုးချဲ့ တာတွေဟာ ကရင်တယောက်အနေနဲ့ လက်ခံလို့ မရသလို ဗမာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုလည်း ရိုးသားမှုရှိရဲ့ လားဆိုပြီး သံသယဖြစ်မိပါတယ်။
ကျွန်ုပ်တို့ ကေအင်န်ယူအနေနဲ့ ခေတ်အဆက်ဆက် ရိုးသားမှုမရှိတဲ့ ဗမာဝါဒီအာဏာပိုင်တွေ ရဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှုနဲ့ အပေါ်ယံနေရာပေးမှုအပေါ်မှာ သာယာနေဖို့ ထက် ကရင်ပြည်သူ တရပ်လုံး ကောင်းစားဖို့ တန်းတူအခွင့်အရေးရရှိဖို့ တော်လှန်ရေးလုပ်ခဲ့တယ်ဆိုတာ မမေ့မလျော့ဘဲ ကျယ်ပြန့် တဲ့နိုင်ငံရေးမျက်စိ အစဉ်တစိုက်ဖွင့်ထားဖို့ က ပိုအရေးကြီးပါတယ်။
ပြီးတော့ ဒီကရင်ခေါင်းဆောင်တွေရဲ့ လက်ထက်မှာ အဆုံးသတ်သွားမဲ့ကရင့်တော်လှန်ရေးဟာ အကျိုးကျေးဇူးတစုံတခု ထူးထူးခြားခြားရှိဖို့ လိုသလို ဒီအကျိုးကျေးဇူးဟာ ကရင်တမျိုးသားလုံးနဲ့ အကျုံးဝင်မှုရှိရပါမယ်။ မတရားမှုကို တော်လှန်တဲ့ ဒီကရင့်တော်လှန်ရေးနိဂုံးဟာ သတိထားစရာတွေနဲ့ ပြည့်နက်ရုံမက တာဝန်ယူမှု ပျော့ပြောင်းပါက နောက်ထပ်အနှစ် ၆၀-ပြန်စရပါလိမ့်မယ်။
ကေအင်န်ယူအနေနဲ့ နောက်ထပ်အရေးကြီးဆုံး သတိထားစရာတခုကတော့ ဗမာအစိုးရရဲ့ ကြိုတင် အစီအစဉ်ထဲမှာ ပါပြီးသားဖြစ်တဲ့ လက်နက်စွန့် ပြီးပါတီထောင်ခိုင်းတဲ့အစီအစဉ်ပါ။ ဒီအစီအစဉ်ကိုမကျော်ဖြတ်ခင် အပစ်ရပ်ပြီးငြိမ်းချမ်းရေးဖေါ်ဆောင်နေတဲ့ ခုလိုအချိန်အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ဆောင်ပုဒ်ကို အဆတိုးပြီး အကောင်အထည်ဖေါ်ဖို့ လိုအပ်ပါတယ်။
နော်အယ်ဝါး(အမေရိကန်)
-  ကျမတို့ နေတဲ့မြို့ မှာ ကရင်လူဦးရေ ငါးရာဝန်းကျင်လောက်ရှိတဲ့အထဲမှာ ခလေးနဲ့ လူငယ်ပိုင်းက သုံးရာဝန်းကျင်လောက်ရှိမယ်။ ကေအင်န်ယူ ငြိမ်းချမ်းရေးပဏာမ လက်မှတ်ရေးထိုးကတည်းက လူတွေ စိတ်ဓါတ်ကျကြတယ်။ အထူးသဖြင့်လူငယ်တွေပေါ့နော်။ အခု လက်မှတ်ရေးထိုးတာ တနှစ်ကြာပြီ..အကျိုးဆက်အနေနဲ့  ကျမတို့ မိခင်ကေအင်န်ယူအတွင်းမှာ အကွဲအပြဲတွေရှိလာတယ်ဆိုတော့ လူတွေပိုပြီး စိတ်ဓါတ်ပို ကျတယ်။ အချို့ ဆိုရင် ကရင့်တော်လှန်ရေးဟာ ကိုယ့်နဲ့ မဆိုင်တော့ သလိုဘဲ နေကြတော့တယ်။ အချို့ တွေကပြောတာပေါ့နော်..အခုတက်လာတဲ့ခေါင်းဆောင်တွေက ကျန်တဲ့ခေါင်းဆောင်တွေ ၊ လူကြီးတွေနဲ့ အချင်းချင်း စကားပြောဆိုဆွေးနွေးတာ သိပ်အဆင်မပြေဘူးဆိုတော့ လူငယ်တွေနဲ့ ဆို ပိုပြီးအလှန်းပိုဝေးမယ်။
မြ၀တီကရင်- ဒီမှာ ဒို့ ဘိုးဘွားပိုင်ရေမြေတွေ မြေရိုင်းတွေကအစ ဈေးတက်ကုန်ပြီး၊ ဒို့ ခေါင်းဆောင်ကြီးတွေ ပြန်လာမယ်ဆိုတော့။ အဲဒါဘဲပြောချင်တယ်။
မဲဆောက်နေ ရှေးမှီနောက်မှီ..ကရင်မျိုးချစ်ပုဂိုလ်အဖိုး -
                                                                 အဖိုး ပထမဆုံးပြောချင်တာက ကေအင်န်ယူ
ဆိုတာ အမည်ဘဲရှိတော့တယ်….လက်ရှိလူတွေက ကေအင်န်ယူအမည်သုံးပြီးတော့ လုပ်စား
ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ မူ(၄)ချက်ကို လက်ကိုင်စွဲပြီးတော့
အမျိုးသားတော်လှန်ရေးတိုက်ပွဲကို အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ရမယ်လေ။ အခု ကေအင်န်ယူမှာ တာဝန်ရှိတဲ့လူတွေက ဒီမူ (၄)ချက်ကို ပါးစပ်မှာကြက်တူရွေးလို တတွတ်တွတ်ရွတ်ပြီးတော့ လက်မှာက တလွှဲတချော်လုပ်သွားတာအားလုံး
အမြင်ဘဲလေ။လက်နက်ကိုင်တော်လှန်ရေး ဆိုတာ တော်လှန်ရေး မအောင်မြင်သ
၍ သေနတ်သံပေါက်ရမယ်။ သေနတ်သံငြိမ်းသွားလို့ ရှိရင် တော်လှန်ရေးအောင်မြင်
သွားတာ ဖြစ်ရမယ်။အခုကရင်တော်လှန်ရေး သေနတ်သံငြိမ်းသွားတာ တော်လှန်ရေးအောင်မြင်
တာမဟုတ်ဘူး....ခွက်ခွက်လှန်ကို ရှုံးနိမ့်တာ။
နှစ်ပေါင်း ၆၀-ကျော် အမျိုးသားတော်လှန်ရေးမှာ လက်နက်ကိုင်သူရော၊ မကိုင်သူရော အသက်တွေပေးဆပ်သွားတာ ၊ မုဆိုးဖို၊ တခုလပ်တွေဖြစ်သွားတာ မိမဲ့ဖမဲ့ဖြစ်သွားတာတွေ အစစအရာရာ ဆုံးရှုံးသွားတာတွေ အလဟသဖြစ်သွားတဲ့ အဖြစ်မျိုးဆို အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။
အပစ်ရပ်နဲ့ ပါတ်သက်ပြီးတော့ ရန်သူတွေကဘဲ ၁၀၀-ရာခိုင်နှုန်းအကျိုးအမြတ်ရသွားတယ်။ ကိုယ့်လူမျိုးမှာတော့ သိတဲ့အတိုင်းဘဲလေ..အခု ကေအင်န်ယူမှာ အကွဲအပြဲကြီးဖြစ်သွားတယ်။
အခုလဲ အရင်ငြိမ်းယူသွားတဲ့ကရင်လက်နက်ကိုင်အဖွဲ့ တွေ BGF တွေ မျက်ခုံးလှုပ်ကုန်ပြီး ကေအင်န်ယူပြန်လာရင် ဗမာအစိုးရက ငါတို့ ကိုဘဲ ပတ်ထုတ်တော့မလား၊ ကေအင်န်ယူကိုဘဲ အခွင့်အရေးပိုပေးမလား။ ဗမာကိုလည်းမယုံ ကေအင်န်ယူကိုလည်းမယုံ အမြဲတမ်းသတိနဲ့ နေနေကြတယ်။
ကရင်လက်နက်ကိုင်အဖွဲ့ တွေရဲ့ အနေအထားက ခဏလေး ဟိုတဖွဲ့ ကို သွားသတ်လိုက်၊ လက်နက်သိမ်းယူလိုက်။ ပြီးတော့ ကိုယ့်အဖွဲ့ ပြန်အသတ်ခံလိုက် ဒီလိုဘဲလည်နေတယ်။
ပြီးတော့ ခဏလေး ဟိုတဖွဲ့ ဒီတဖွဲ့ ဗမာအာဏာပိုင်အဖွဲ့ တွေနဲ့ ဆွေးနွေးလိုက် ကိုယ့်အခွင့်အရေးတောင်းဆိုလိုက်၊ နေပြည်တော်ကိုသွားလိုက် ကိုယ့်အခွင့်အရေးကို သွားတောင်းဆိုလိုက်…ဘာတွေတောင်းလို့ ဘာတွေရလာလဲတော့ မသိဘူး။ကိုယ့်သားမယားအတွက် တောင်းဆိုတာဘဲလား။ ကရင်ပြည်သူတွေအတွက် ဘာမှရလာတာမတွေ့ သေးဘူး။ ကိုယ့်လက်နက် ကိုယ့်လက်ထဲမှာရှိလျှက်သားနဲ့ ဘာဖြစ်လို့ ရန်သူဆီက ဒူးထောက်တောင်းဆိုရတယ်ဆိုတာ အဖိုးတော့နားမလည်ဘူး။ တောင်းတိုင်းရမယ်ဆို သရက်သီးတွေမဟုတ်ဘူး။
ဒီလောက်ဘဲပြောချင်ပါတယ်။
ဖူ့ အယ်ဝါး (တော်လှန်ရေးနယ်မြေ)- အပစ်ရပ်မဏာမရေးထိုးတာရော မရေးထိုးတာရော ဘာမှပြောစရာမရှိတော့ဘူး။ ဘယ်စကားလုံးကိုသုံးပြီးပြောရမလဲမ သိတော့ဘူး။ ပြောလို့ လည်း ၀ပြီး ပြောစရာလည်းကုန်သွားပြီး။ထပ်ပြောရင်လဲ ဘာမှထူးလာမှာမဟုတ်ဘူး။ ဘယ်သူတွေ
ဘယ်လိုဘဲပြောပြော လုပ်တဲ့သူက သူ့ ဘာသာ သူ့ သဘောနဲ့  သူလုပ်သွားမှာဘဲ။
အဲသာ(ရွေ့ ပြောင်းအလုပ်သမား)
- ဘယ်လိုဘဲဖြစ်ဖြစ် အမျိုးသားရေးအတွက် ပေးဆပ်တဲ့ ကျနော့်ကရင်ခေါင်းဆောင်တွေ၊ ရဲဘော်တွေကို လေးစားမြဲ၊ ဂုဏ်ယူမြဲပါ။ ဒါပေမဲ့ ကျနော်တို့ ရွေ့ ပြောင်းကရင်အလုပ်သမားတွေအတွက်တော့ အနည်းဆုံး နောက်မျိုးဆက် တဆက်လောက် ဆက်ပြီး သူများနိုင်ငံကို မှီခိုနေရအုံးမှာပါ။
စောဖါ့ကလဲ(နယ်စပ်)- လူကြီးတွေ ခြေလွန်လက်လွန်သွားပြီး လက်မှတ်ထိုးလိုက်ပြီးဆိုတော့ အခြေအနေတွေဒီထက် ပိုဆိုးမလာအောင် ကျနော်တို့ ကရင်တမျိုးသားလုံးမှာတာဝန်ရှိတယ်။ ကရင်ကံကြမ္မာကို လူတစုတည်းနဲ့ ဖန်တီးလို့ မရဘူး။ လက်ရှိအခြေအနေအရ ကျနော်တို့ ကရင်လူမှုအဖွဲ့ အစည်းတွေ တဖွဲ့ ချင်းစီ အားကောင်းလာအောင် တည်ဆောက်ရမယ်။ ပြီးတော့ ရှိသမျှလူမှုအဖွဲ့ အစည်းတွေ ပေါင်းစည်းမှု အားကောင်းလာအောင် လုပ်ရမယ်။ လက်ရှိ ကေအင်န်ယူခေါင်းဆောင်တွေ သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရအောင် ကရင်လူမှုအဖွဲ့ အစည်းတွေ၊ ကရင်ပြည်သူတွေကက ၀ိုင်းဝန်းထိန်းကျောင်းရမယ်။ တည့်မတ်ပေးရမယ်။
No comments:
Post a Comment