Saturday 3 September 2011

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား


အတီးမန်းငြိမ်းမောင် ရေးသားခဲ့တဲ့ ဆောင်းပါးကောင်း တပုဒ်ကို မဖတ်ရသေးသူများ အတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ်။
Karentimes….3/9/2011.

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား

ရဲဘော်ရှောင်း

                ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ၂ ရက်နေ့ ….ဖြတ်ခဲ့ ရတဲ့ခရီးကကြမ်းသလောက် ဆုံးရှုံးမှုကလဲများပါတယ်။ မျှော်မှန်းထားတဲ့ခရီးမဆုံးခင်မှာ နှောက်ယှက်ဟန့် တားမှုကို ကြုံလိုက်ရတဲ့အတွက် အားလုံးကစဉ့် ကလျားဖြစ် သွားခဲ့ရတယ်။ယုံကြည်အားကိုးတဲ့
လူက သစ္စာဖေါက်တာခံလိုက်ရတဲ့အတွက် ရန်သူ့ လက်ထဲကိုကျသွားခဲ့ရပါတယ်။ 
ကျနော်တယောက်တည်းဆိုရင် ဖြေသိမ့်နိုင်ပေမဲ့ ခုတော့ဆရာဦးအောင်ငွေကိုပါ ဖမ်းပြီးတော့ 
ရန်သူ့ လက်ထဲကို ကွက်အပ်လိုက်ပါတယ်။

အဲဒီညတုန်းက သူကြီးကိုအဆက်အသွယ်ယူနေတဲ့အချိန် ကျနော်တို့ ()ဦးဟာ ဒူးယားရွာကြီးရဲ့ 
ရွာအစွန် မွန်အဒေါ်ကြီးရဲ့ အိမ်ကလေးမှာစောင့်နေကြတယ်။ အဲဒီနေ့ ဟာ တော်သလင်းလကွယ်နေ့ 
 (စက်တင်ဘာ ၃၀ ရက်၊လကွယ်ညဆိုတော့ မှောင်လိုက်တာ၊မိုးကပါဖွဲဖွဲရွာနေပြန်တော့ ပိုပြီးတော့မှောင် လွန်းလှပါတယ်)
 
သူကြီးကိုစောင့်နေတာ သူကြီးကပေါ်မလာဘဲ မှောင်ထဲမှာဓါတ်မီးလေးငါးလက် တပြိုင်တည်းလင်းလာပြီး ကျနော်တို့ စောင့်နေတဲ့ခြံထဲကို ဓါတ်မီးတွေထိုးပြီး စစ်သားတွေဗြုံးခနဲ ၀င်လာပါတော့သည်။ ဖထီးမန်းအောင်ကြည်နဲ့  ဆရာဦးအောင်ငွေတို့ နှစ်ယောက်က အိမ်ခြံဝိုင်းရဲ့ အနောက်ဖက်နဲ့ ကပ်လျှက် လယ်ကွင်းစပ်ကလေးမှာ ရှိနေကြ တာဆိုတော့ သူတို့ နှစ်ယောက်လွှတ်သွားကြတယ်။

ကျနော်က ခြံဝင်းရဲ့ အ၀င်ဝ ခြံစည်းရိုးအကွယ်လေးမှာ ရှိနေတဲ့လူဆိုတော့ ပြေးမလွှတ်ဘဲဖမ်းခံ
လိုက်ရတယ်။ ကျနော်ကိုမိရင်မိပါစေ ဒီလူကြီးနှစ်ယောက်လွှတ်သွားတာ ကျနော်ဖြေသိမ့်လို့ ရပါ တယ်။ခုတော့ကျနော်ထင်သလိုမဟုတ်ဘဲ ဆရာဦးအောင်ငွေပါ ကျနော်ရောက်နေတဲ့ ရေးမြို့ က ပုလိပ်အချုပ်ခန်းထဲကို မမျှော်လင့်ဘဲရောက်လာပါတယ်။

ဦးအောင်ငွေကို တွေ့ လိုက်ရတာနဲ့ ကျနော်စိတ်တွေဟာ လေးလံပြီး အတော့ကိုစိတ်ထိခိုက်သွား
ပါတယ်။ ဦးအောင်ငွေရဲ့ အဖြစ်အပျက်ကို မေးကြည့်တော့….အဲဒီညတုန်းက စစ်တပ်ကလာ
ဝိုင်းတော့ ဖထီးမန်းအောင်ကြည်နဲ့  သူဟာ လူချင်းကွဲသွားကြတယ်။မနက်မိုးလင်းတော့ ရွာ
သားတွေက သူ့ ကို သူကြီးဆီသွားပို့ ပေးကြတယ်။ဦးအောင်ငွေက သူကြီးကိုပြောပြတယ်… သူကြီး…ခင်ဗျာဆီကို လေ့လာစုံစမ်းပြီးမှလာခဲ့တာပါ သူကြီးဟာ ကူညီနိုင်တဲ့လူဆိုတာ 
ကျနော်တို့ သိလို့  သူကြီးကိုအားကိုးပြီး လာခဲ့တာပါ၊ဒါကြောင့်မို့ ကျနော့်ကို မွန်ပြည်သစ်ပါတီဆီ အရောက်ပို့ ပေးပါ”
ဆရာအောင်ငွေက ဆက်ပြီးပြောပြတယ်။
ကျနော်တို့ ဟာ တော်လှန်ရေးသမားတွေဘဲ တော်လှန်ရေးအဖွဲ့ အစည်းတွေဆီကို အရောက်
သွားရမယ် သူကြီးအကူအညီပေးပါ” ဆရာဦးအောင်ငွေက ရှင်းလင်းပြပေမဲ့ သူကြီးက ဦးအောင်ငွေ အရာက်သွားချင်တဲ့ မွန်ပြည်သစ်ပါတီဆီကိုတော့ ပို့ မပေးခဲ့ပါဘူး။ 

သူကြီးပို့ ပေးလိုက်တာကတော့ ရေးမြို့ မှာရှိတဲ့ ခလရ(၃၁)စခန်းကို ပို့  ပေးလိုက်တာပါ။ 
ဆရာဦးအောင်ငွေက သူ့ အဖြစ်အပျက်ကို ပြောပြအပြီးမှာ ကျနော်ဝမ်းလည်းနည်း၊ ဒေါသလည်း
အတော့ကို ထွက်မိပါတယ်။အစဉ်ဓမင်းဆိပ်မှာ ကျနော်တို့ လှေဆိုက်တဲ့ညနေတုံးက
ပင်လယ်ကမ်းခြေတဲကလေးမှာ ကျနော်တို့ ခဏခိုနား ခဲ့ရတဲ့ မွန်အဖိုးနဲ့ အဖွါး ပြောပြ ချက်အရရော မြင်မြင်ချင်းဒုက္ခရောက်နေတဲ့သူကို ကူညီတတ်တဲ့အသားဖြူဖြူနဲ့ မွန်အမျိုး
သားကြီး ဦးမောင်သိမ်းပြောပြချက်အရရော ဒူးယားသူကြီးဦးအောင်ရင်ဟာ မွန်ပြည်သစ်ပါတီ ကတင်ထားတဲ့သူကြီး၊ သူ့  ကိုဆက်သွယ်ပြီးအကူအညီတောင်းရင် မွန်ပြည်သစ်ပါတီရှိတဲ့နေရာ
ကို ချောချောမောမောနဲ့ ရောက်သွားနိုင်တယ်။

ဒူးယားသူကြီးဦးအောင်ရင်ကို ယုံစားမိခဲ့တာ အမှားကြီးမှားခဲ့ပါပြီ။ ဒူးယားသူကြီးကို တနုံ့ နုံ့ နဲ့ ဒေါသ ထွက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ အသက်လေးဆယ်ကျော်လောက် လူကြီး
တယောက် ကျနော်တို့ ရှိတဲ့အချုပ်ခန်းရဲ့ အ နားကို ရောက်လာတယ်။ဦးအောင်ငွေပြောပြလို့ 
ဒူးယားသူကြီး ဦးအောင်ရင်တဲ့….

အချုပ်ခန်းကိုကါထားတဲ့ သစ်သားတန်းနားကို ကျနော်ကပ်သွားလိုက်တယ်၊ ဒူးယားသူကြီး
ဦးအောင်ရင်နဲ့  ကျနော်နဲ့ ကြားထဲမှာ အချုပ်ခန်းကို ကါထားတဲ့သစ်သားတန်းဘဲခြားပါတယ်။ သူကြီးဦးအောင်ရင်က ကျနော့် ကိုပြုံးပြီးနှုတ်ဆက်လိုက်ပါတယ်။ သူကြီးဦးအောင်ရင်အပြုံးက ကျနော့်ရင်ဝကို ဓါးနဲ့ ဆောင့်ထိုးသလိုဘဲ ကျနော် ခံစားလိုက်ရတယ်။ ကျနော်ဒေါသတွေလဲ တလိမ့်လိမ့်တက်လာပါတော့တယ်။ ကျနော်ကတော့…သူကြီး…ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား….ကျနော်မသေသေး
ရင်..တနေ့ ..သူကြီးဆီကို ကျနော်အရောက်ပြန်လာခဲ့မယ်” 

ဒေါသအခိုးအငွေ့ တွေနဲ့ တင်းမာနေတဲ့ကျနော့်မျက်နှာ….တနေ့ မှာစာရင်းအပြတ်ရှင်း မယ်ဆိုတဲ့ မာကျောတဲ့ကျနော့အသံ…။ချက်ချင်းဘဲ သူကြီးဟာ မျက်စိမျက်နှာပျက်ပြီး လှည့်ထွက်သွားပါတယ်။
ဆရာဦးအောင်ငွေက ကျနော့်လက်ကို လာကိုင်ပြီး ကျနော်တို့ နေရာလေးကို ခေါ်သွားပြီး ထိုင်ခိုင်းပါတယ်။ကျနော့်ရင်ထဲက ပေါက်ကွဲထွက်လာတဲ့အသံက….တိုက်ပွဲဟာ အဆုံးအရှုံးတွေ များတဲ့ကြားထဲက သူကြီးကတခါလာပြီး စော်ကားလိုက်သေးတယ်” “ဦးအောင်ငွေ တိုက်ပွဲဟာ
မပြီးသေးဘူး အခြေအနေပေးရင် ဆက်တိုက်ရအုံးမယ်”ဆရာဦးအောင်ငွေမျက်နှာကို ကျနော်ကြည့် လိုက်တော့ ဦးအောင်ငွေက ခေါင်းတဆက်ဆက်ငြိမ့်ပြီး အဖြေပေးရင်း ပါးစပ်ကလဲ ဆက်တိုက်ရမယ်…ဆက်တိုက်ရမယ်”..

အောက်တိုဘာ ()ရက်နေ…………မနက်စောစောမှာဘဲ ကျနော်တို့ ကိုချုပ်ထားတဲ့ ရေးအချုပ်
ကနေ စစ်သားနှစ်ယောက်လာထုတ်သွားတယ်။ကျနော်တို့ ကိုမေးစမ်းကြည့်တော့ တယောက် ကကျောင်းဆရာ၊ တယောက်ကကျောင်းသား၊ သူတို့ သိပ်အထင်မကြီးတဲ့အမျိုးအစားထဲကလို့  ယူဆပုံရတယ်။ ကျနော်တို့ ကို ကြိုးမတုတ်ဘဲ ရေးကနေ သံဖြူဇရပ်ကို ရထားနဲ့ ခေါ်လာတယ်။
ကျနော်တို့ ကိုအထင်မကြီးတာ လျှော့တွက်တာတွေ ကျနော်တို့ ခဏလေးရလိုက်တဲ့အခွင့် အရေးလေးကို ကောင်းကောင်းအသုံးချလိုက်ပါတယ်။“ဆက်တိုက်ရမယ်”…ဆိုတဲ့ဆုံးဖြတ်ချက်ကို လက်တွေ့ အကောင်အထည် ဖေါ်လိုက်ပါတယ်။ဆရာဦးအောင်ငွေ ဂျီသရီးသေနတ်တလက်ရပြီး လွတ်မြောက်သွားပါတယ်။ကျနော်ကတော့ မလွတ်တဲ့လူဆိုတော့ စစ်သားတွေရဲ့ လက်ချက်နဲ့ 
သတိလစ်ပြီး မသေရုံတမယ်ခံလိုက်ရတယ်။

အောက်တိုဘာလ(၁၀) ရက်နေ့ ……..ဗိုလ်ကြည်ဝင်း၊ ခလရ(၃၁)တပ်ရင်း၊ထောက်လှမ်းရေး
ဗိုလ်ကြီး၊ကျောင်းသားဘ၀တုံးက တောင်ငူမြို့ အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး
အိမ်မှာလာနေပြီး ကျောင်းတက်ခဲ့တယ်၊ ကျောင်းအုပ်ဆရာမကြီးရဲ့ သားက ကိုသက်ဝင်း၊ ကိုကြည်ဝင်းနဲ့ ကိုသက်ဝင်းဟာ ရင်းနှီးတဲ့သူငယ်ချင်း၊ ကိုသက်ဝင်းက တကသခေါင်းဆောင်၊ အဖိနှိပ်ခံပြည်သူတို့ ဖက်က ရပ်ပြီးတိုက်ပွဲဝင်နေတယ်။ ကျနော်တို့ နဲ့ ကိုကိုးကျွန်းမှာအတူတူ၊ သူ့ သူငယ်ချင်းကိုကြည်ဝင်းက ဖိနှိပ်တဲ့မဆလပါတီ အာဏာရှင်ကို အလုပ်အကြွေးပြုနေ တဲ့ ကြေးစားစစ်ဗိုလ်တယောက်၊ တိုက်ဆိုင်မှု၊ ထူးဆန်းမှုက ဗိုလ်ကြည်ဝင်းဟာ မုံးဇာတိ၊ ဆရာဦးအောင်ငွေရဲ့  တူတယောက်ဖြစ်နေတယ်။ ဦးအောင်ငွေနဲ့ ခဏတာပြန်တွေ့ ရတုံးက ဦးအောင်ငွေပြောပြလို့ သိရ တယ်။ ရေးအချုပ်မှာရှိနေစဉ် ဦးအောင်ငွေမရောက်ခင်မှာ ကျနော့်ကို ဗိုလ်ကြည်ဝင်း ခဏလာစစ်သွားတယ်။ဒါကို ဦးအောင်ငွေကို ပြောပြတော့.. “အဲဒါ သူ့ တူ” တဲ့…။

မနက်()နာရီလောက်မှာ သံဖြူဇရပ် ခလရ(၃၁)တပ်ရင်း အချုပ်ကနေ ကျနော့်ကိုထုတ်တယ်၊ လက်ထိပ်ခတ်လိုက်တယ်၊ ပြီးတော့ စစ်ကားပေါ်တက်ခိုင်းတယ်။ ကျနော့်ကိုခတ်ထားတဲ့လက်ထိပ်
ကို သံကြိုးတခုနဲ့ တွဲပြီး သံကြိုးစကို ကါးနဲ့ တခါ ပြန်ချည်ထားတယ်။ ဗိုလ်ကြည်ဝင်းက ကါးခေါင်း ရဲ့ ရှေ့ ခန်းထဲက၊ကါးနောက်မှာ တပ်ကြပ်ကြီးတယောက်ဦးစီးပြီး တပ်သား()ယောက်၊ ဂျီသရီးသေနပ်
ကို လှံစွပ်တပ်ပြီး အသင့်အနေအထားနဲ့ ကါးပေါ်ထိုင် လိုက်လာပါတယ်။ တပ်ကြပ်ကြီးကတော့ သူ့ ကါဘိုင်သေနပ်လွယ်ကြိုးကို ဘယ်ဘက်လက်မှာ တပါတ်လိမ်ပါတ်ပြီးမှ သတိဝိရိယရှိရှိနဲ့ သူ့ 
တပ်စိပ်ကို ကွပ်ကဲလာတယ်။ ကျနော့်ကိုခေါ်လာတဲ့တပ်စပ်ဟာ “သတိဆိုတာ အပိုမရှိ”ဆိုတဲ့ဆောင်
ပုဒ်ကို အတိအကျလိုက်နာနေတယ်တယ်ဆိုတာကို သူတို့ ရဲ့ ပြုမူလှုပ်ရှားမှုတွေက ဖေါ်ပြနေပါတယ်။

ကျနော့်စိတ်ထဲမှာတော့ ပြုံးလိုက်ပါတယ်။ လက်ထိပ်လဲခတ်ထားတယ် ဘယ်လိုလုပ်ပြီးမင်းတို့ သေနတ်ကို လုလို့ ရမှာလဲကွာ”.။ စိတ်ထဲက ကိုယ့်ဟာကိုယ် ပြောနေမိတယ်။ဒါပေမဲ့ သူတို့ ဟာ အပိုအလုပ်တွေလုပ်နေတာမဟုတ်ပါ။ ရထားပေါ်မှာတုံးက သူတို့ ဟာ သတိလိုခဲ့လို့  သူတို့ ခံလိုက်ရတာမဟုတ်လား။သူတို့ သင်ခန်းစာ ကောင်းကောင်းရခဲ့ပြီဆိုတော့ သူတို့ ဟာ အပိုအလုပ်တွေကို လျှောက်လုပ်နေကြတာမဟုတ်ပါဘူး။
………………….
လမ်းမှာ ကျနော့်ခေါင်းကို အလုပ်ပေးလာရတယ်။ ထုတ်ပြီးသတ်ဖို့ ခေါ်လာတာလား…၊ထောင်ကိုပို့ ဖို့ 
ခေါ်လာတာလား…ဘာဘဲဖြစ်နေဖြစ်နေ အခြေအနေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ကိုတော့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ပင်လယ်ပြင်ကိုဖြတ်နေတဲ့တချိန်လုံး ဖထီးမန်းအောင်ကြည် မကြာမကြာပြောဖူးတဲ့ စကား တခွန်းရှိတယ်..ရန်သူပြန်ဖမ်းမိလို့ သတ်မယ်ဆိုရင်..ပြန်ကော့ပေးလိုက်”။..ဒီစကားတခွန်းဟာ အခက်အခဲကြားထဲမှ ကျနော့်အတွက် ခွန်အားတခုဖြစ်နေတယ်။ ကျနော်ဘာလုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကို ရှင်းရှင်း လင်းလင်းသိနေတယ်။ 

တနာရီကျော်လောက်ကြတော့ မော်လမြိုင်မြို့ ထဲကို ရောက်လာပါတယ်။ ထောင်ဗူးဝရှေ့ မှာ ကါးကိုရပ်လိုက်တယ်။ ထောင်အာဏါပိုင်တွေနဲ့ အပြောင်းအလွှဲလုပ်ပြီး မော်လမြိုင်ထောင်ထဲကို သွင်းလိုက်ပါတယ်။ကြိုးတိုက်ကလေး အခန်းနံပါတ်()ကိုရောက်သွာပါတယ်။ထောင်ထဲကိုရောက်
သွားတာ တိုက်ပိတ်ခံလိုက်ရတယ်ဆိုတာ ထောင်ထဲကိုရောက်ဖူးသူတွေသာ နားလည်ပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့ က တော်လှန်ရေးသမားတွေ ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်။ အခက်ခဲဆုံး အခြေအနေမှာ အကောင်းဆုံးရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။ဒါလဲ ထောင်ကိုရောက်ဖူးတဲ့
သူတိုင်းသါ သိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအားပေးလိုက်တယ်၊ အားတင်းလိုက်တယ်။ ကြိုးတိုက်ခန်းရဲ့ ဖြူကျင့်ကျင့်အုပ်နံရံမှာ တွေ့ တဲ့သံချောင်းကလေးနဲ့ ကောက်ပြီးရေးလိုက်ပါတယ်။
ချေခွေဘားရားရဲ့  သြ၀ါဒဖြစ်တဲ့ ....
 တော်လှန်ရေးသမားတိုင်း တော်လှန်ရေးဆက်လုပ်ကြ”-
                                            “တာနက်စတိုချေဂွေဘားရား “ 
 
၁၀၊၁၀၊၁၉၇၀ အောက်တိုဘာ ()ရက်နေ့ တုန်းက ရထားပေါ်မှအဖြစ်အပျက်မှာ
ကျနော့်နောက်စေ့ ကို ရိုက်ခံရပြီးတော့ ခေါင်းကဒဏ်ရာမပျောက်သေးပါဘူး။ အားလည်းနည်းခေါင်းလည်းမူးနေသေးတယ်။ ဖထီးဦးအောင်ကြည်၊ ဆရာမန်းအောင်ငွေ..သူတို့ လွတ်မြောက်ကြရဲ့ လား၊ ဒီအကြောင်းတွေ ပြန်တွေးလိုက်ရင်တော့ ကျနော့်စိတ်တွေဟာ လေးလံထိုင်းမှိုင်းပြီးတော့ ကျနော့်ရင်မှာ တင်းကြပ်မွန်းသိပ် စို့ နင့်လို့ လာပါတယ်။ ခံလာခဲ့ရသမျှတွေဟာ ဒူးယားသူကြီးဦးအောင်ရင်ကြောင့် အကုန်လုံးသဲရေကျရတော့တာပါဘဲ။ ၀မ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ ယူကြုံးမရဖြစ်ခဲ့ရခြင်း စတဲ့ ဒေါမနသဝေဒနာပေါင်းစုံတွေက
ကျနော့်စိတ်ကို ဖိစီးနှိပ်စက်နေပါတော့တယ်။
ရက်ပိုင်းအတွင်းမှာဘဲ ဘ၀အလှည့်အပြောင်းတွေ တခုပြီးတခု မြန်ဆန်လွန်းတဲ့အတွက်ကြောင့်
ပြန်ပြီးတွေးလိုက်တိုင်း ရင်မှာမောဟိုက်လာပါတယ်။
………………………..
၁၆၊၀၉၊၁၉၇၀။ ကိုကိုးကကျွန်းကနေ စွန့် ခွါပြီးထွက်ပြေးခဲ့တယ်။ ရဲဘော်ရဲဘက်သံယော ဇဉ်၊တော်လှန်ရေးသံယောဇဉ်အလွန်ကြီးခဲ့တဲ့ ရဲဘော်ရဲဘက်တွေ၊ခေါင်းဆောင်တွေ၊ မိတ်ဆွေတွေနဲ့  ခွဲခွါခဲ့ရတယ်။ အင်မတန်ကြမ်းတမ်းပြင်းထန်တဲ့ ပင်လယ်ပြင်ကို(၁၀)ရက်ကျော်ဖြတ်ကျော်ခဲ့ရတယ်။ ကမ်းခြေရောက်ပြီးခါမှ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ခါနီး ရန်သူ့ လက်ကိုကျသွားတယ်။နောက် ဆုံးတော့ထောင်ထဲကို ရောက်သွားတယ်။ တိုက်လိုက်ရှုံးလိုက် နောက်ဆုံးတော့ လုံးဝအောင်ပွဲခံရမယ် ဆိုတာ ကျနော်တို့ ရဲ့ ယုံကြည်ချက်၊ ရောက်တဲ့ဘ၀မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလိုက်တယ်။

အမှုတွဲနဂိုမူလက ရန်ကုန်ဘောင်ထရီ ထောက်လှမ်းရေးကဖမ်းတယ်၊ အခုရောက်နေတာ က မော်လမြိုင်ထောင်၊ လွန်ခဲ့တဲ့တရက် နှစ်ရက်က ရတခ တိုင်းထောက်လှမ်းရေးကလာစစ်တယ်။ တကယ်လို့ ဒီအမှုတွဲကို တိုင်းကဆက်ကိုင်ရင် မော်လမြိုင်ထောင်ထဲမှာဘဲဆက်နေရမယ်။ နဂိုမူလ အမှုတွဲအတိုင်းဆက်ကိုင်ရင် ရန်ကုန် အင်းစိန်ထောင်ကို ပြန်ပြောင်းရမယ်။ တကယ်လို့ သာ အင်းစိန်ထောင်ကို ပြောင်းရမယ်ဆိုရင် ကျနော်စဉ်းစားပါ တယ်…ကျနော့်အတွက် ဘာတွေများ အခွင့်အလမ်းရှိလဲ…ကျနော့်ခေါင်းထဲမှာ လင်းလက်တဲ့အတွေး က၀င်လာပါတယ်။ ကျနော့်စိတ်တွေ လည်း ပေါ့ပါးသွားပါတယ်။ 
 
ကျနော့်စိတ်ထဲက ရေရွတ်လိုက်တယ်။ “ပြင်ရမယ်..ပြင်ဆင်ရမယ်…ပြင်ဆင်မှုတွေလုပ်ရမယ်” ။ ပင်လယ်ထဲမှာ ထမင်း(၁၀)ရက်ကျော်ငတ်လာခဲ့တယ်၊ အခု နေသားကျလာတော့ ထမင်းကသိပ်ဆာ တယ်၊ ဝေပေးတဲ့ ပုံစံထမင်းတပန်းကန်၊ ပဲဟင်းရည်ကြို နို့ ဆီခွက်နဲ့ တခွက်စာမစို့ မပို့ ၊လက်မလောက် ငါးပိမကျက်တကျက်က မ၀ရေစာဖြစ်နေတယ်။ ထမင်း ဝေတဲ့တိုက်တန်းစီးကို စည်းရုံးလိုက် တယ်။နောက်တရက်မှာ ပုံစံပန်းကန်ပြားထဲမှာ ထမင်းမို့ မောက်ပြီးတက်လာပါတယ်။တလကျော်လောက်
မှာ ကျန်းမာရေးလဲ ကောင်းလာပါပြီ၊ ကျနော့်စိတ်ကူးကို စတင်အကောင်အထည်ဖေါ်ပါတယ်။ 
 လေထီးစစ်သားတွေရဲ့ လေ့ကျင့်ခန်းကိုစပြီးလေ့ကျင့်တယ်၊ဘယ်ရီခေါက်တယ် 
(၀မ်းဗိုက်ခေါက်တယ်)၊ လက်ကိုခေါင်းပေါ်တင် ဘယ်ခြေညာခြေတပြန်စီ ရှေ့ ထုတ်ခုန်တယ်၊
ဒူးကို စပရိန်လို ညွတ်ချခုန်တယ်၊ ခြေစုံရပ်ပြီးအမြင့်ခုန်တယ်၊ ပြန်အကျမှာ ကိုယ်ကို ကြမ်းပြင်လှိမ့်ချတယ်၊ ဒိုက်ထိုးတယ်၊ သက်လုံကောင်းအောင်၊ ကြံ့  ခိုင်မှုရှိအောင်လေ့ကျင့်တယ်။
ကျနော့်ကြိုတင်တွက်ချက်မှုက ငါ့ကိုတကယ်လို့ မော်လမြိုင်ထောင်ကနေ အင်းစိန်ထောင်ကိုပြန်ခေါ်မယ်ဆိုရင် ရထားနဲ့ ပြန်ခေါ်ဖို့ များတယ်။ ရထားနဲ့ တကယ်ခေါ်ဖြစ်ရင် ..လက်ထိပ်ဘဲခတ်မယ်ဆိုရင်..ရထားပေါ်ကနေခုန်ချမယ်၊ ခုန်ချဖို့ အကောင်းဆုံးနေရာကတော့ သထုံနဲ့ ဘီးလင်းကြားဟာ ခုန်ချဖို့ အကောင်းဆုံးနေရာဘဲလို့ သတ်မှတ်လိုက်တယ်။ ဒီနေရာတွေဟာ ကရင့်တော်လှန်ရေးရဲ့ သြဇာသက်ရောက်မှုက ကါးလမ်း၊ ရထားလမ်းအထိရှိတယ်။ လွတ်မြောက်နိုင် တဲ့အခွင့်အလန်းရှိတယ်။ စွန့် စားရမယ်၊ စွန့် စားဖို့ ဝန်မလေးပါဘူး။
……………..
………ခုနှစ်၊မတ်လနှောင်းပိုင်း(ရက်မမှတ်မိတော့)……..
သွားပြီး ပန်းဘဲအလုပ်ရုံဘက်ကိုခေါ်သွားတယ်။ပြီးတော့သံခြေကျင်းခတ်လိုက်တယ်၊ မနက်လေးနာရီခွဲလောက် မှာ လာပြီးခေါ်ထုတ်သွားတယ်။ထောင်ဗူးဝရောက်တော့ လက်ထိပ်ခတ်လိုက်တယ်၊ အရပ်ဝတ်နဲ့ လူသုံးယောက်တွေ့  ရတယ်၊အင်းစိတ်ထောင်က အထူးအရာရှိ ဗိုလ်သိန်းတိုးလက်ထောက် ဗိုလ်တင်ကွန့် ၊နောက်တယောက်က ဗိုလ်သိန်းတိုးရဲ့  ဘတ်စမင်း(Bestman)(သူ့ နာမည် အောင်ပုလို့ ထင်တယ်)နောက်တယောက်က ဈေးတိုက်ထောင်မှူး (နာမည်မေ့နေ)။ ဗိုလ်တင်ကွန့် က မျက်နှာထားခပ်တင်းတင်းနဲ့ ကျနော့်ကိုမေးတယ် နာမည်၊ အဖေနာမည်၊ဇာတိမေးတယ်။ ပြီးတော့အသံက ပြတ်ပြတ်နဲ့ …“ရထားပေါ်မှာ ဒို့ ကိုစကားမပြောနဲ့ ..ဘေးခရီးသည်တွေကိုလဲ စကားမပြောနဲ့ ..မင်းကောင်းကောင်း သတိထား…”။

ထောင်ဗူးဝကထွက်လာတယ်၊ ဝေလီဝေလင်းအချိန်လောက်မှာ မော်လမြိုင်- မုတ္တမ ကူးတို့ သင်္ဘော(ဇက်)နဲ့  ကူးတယ်။ မုတ္တမဘက်ကမ်းရောက်ပြီးမကြာခင်မှာ မော်လမြိုင်-ရန်ကုန် အမြန်ရထားပေါ်တက်တယ်။ ကျနော့်ကို ထိုင်ခိုင်းတဲ့ခုံရဲ့ ဘေးခုံမှာ ထောင်ဝါဒါဝင်ထိုင်တယ်၊ ကျနော့်လက်တဖက်နဲ့ သူ့ လက်တဖက်ကိုတွဲပြီး လက်ထိပ် ခတ်လိုက်ပါတယ်။
ရန်သူက အကွက်စေ့သားဘဲ၊ ကျနော့်ကို သူတို့ လျှော့မတွက်ဘူး၊ ကျနော်ကြိုတင်စဉ်းစား
ထားမှု၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားမှုတွေ ကျနော်စဉ်းစားခဲ့တဲ့ အခွင့်အလမ်းတွေက တခုမှပေးအပ်မှု မရှိတော့ပါဘူး။

..........................................
နိဂုံးပိုင်း စောင့်မျှော်ဖတ်ရှုရန်............
karentimes.... 03-08-2011.

တတိယအကြိမ်မြောက် အားမာန်သစ်စာစောင်(ဘန်ကောက်မြို့ အခြေစိုက်)မှ ပြန်လည်ဖေါ်ပြသည်။


No comments:

Post a Comment