Monday 6 June 2011
ကရင့်ကြမ္မာ ကရင်ဖန်တီးကြ
“ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ဒီကေဘီအေ အဖွဲ့ က မြ၀တီမြို့ ကို တက်သိမ်းလိုက်ပြီ..”
“နောက်ထပ် ဘုရားသုံးဆူမြို့ ကိုလဲ တက်သိမ်းလိုက်ပြီ…” “ဗိုလ်လူးစောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ က မိခင်ကေအင်ယူအဖွဲ့ အစည်းနဲ့ ပူးပေါင်းပြီးတော့ ရန်သူဗမာ စစ်မိတ္ဆာ အုပ် စုတွေကို တော်လှန် တိုက်ခိုက်ပြီ။ ရန်သူလဲအတုံးအရုန်းကျဆုံးတယ် ကရင်ပူးပေါင်း တပ်တွေ  အောင်ပွဲ
ခံကြတယ်.”
ဒါကတော့ ဟိုးလွန်ခဲ့တဲ့ 2010 နိုဝင်ဘာလ၊ ဗမာစစ်မိတ္ဆာတို့ ပြုလုပ်တဲ့ ရွေးကောက် ပွဲရက်နေ့ ကစပြီးတော့ ဆင့်ကဲ…ဆင့်ကဲ ကြားရတဲ့သတင်း(သို့ ) ဖြစ်ပေါ်လာတဲ့အနေအထားတခုပါ။
ဟော…အခုတော့ ယခင် ဒီကေဘီအေ၊ ကေအင်န်ယူ ပူးပေါင်း တပ်တွေနဲ့ ကရင် နယ်ခြား စောင့်တပ် တချို့ တွေ ပူးပေါင်းပြီးတော့ “မြိုင်ကြီးငူဌာနချုပ်ကို တက်ရောက် သိမ်းပိုက် လိုက်ပြန်ပြီး…”……… “ကရင်လူမျိုးကို လက်ညိုးထိုးရောင်း စားနေတဲ့ နယ်ခြားစောင့် တပ်ရဲ့ နာယ ကတွေကို လဲ ဖမ်းဆီးထား လိုက်တယ်”တဲ့
……………………………………
            ဒီတခါတော့ ကရင်လူမျိုးတို့ ရဲ့ အမျိုးသားတော်လှန်ရေးသမိုင်းမှာ “ကရင်”ဆိုတဲ့ အမှန် တရားကို ချစ်မြတ်နိုးသောလူမျိုး၊မတရားမှုဟူသမျှခေါင်းငုတ်မခံတွန်းလှန်တိုက်ခိုက်တတ်တဲ့လူမျိုး ကြီးမြတ်သောနှ လုံးသားရှိတဲ့လူမျိုး ဆိုတဲ့ဂုဏ်ပုဒ်တွေ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီး။ အမှန်တကယ် 94 ခုနှစ် မိခင်ကြီးကေအင်န်ယူအဖွဲ့ ထဲက ဒီကေဘီအေခွဲထွက်တာဟာ ကေအင်န်ယူရဲ့ ပေါ်လစီ၊ လုပ်ဆောင် ချက်တွေကြောင့်လုံးဝမဟုတ်ရပါ။ ရန်သူရဲ့ ထိုးနက်ချက်ကြောင့်ပါသလို..တော်လှန်ရေးကို ဖျက် လိုဖျက် ဆီးလုပ်လိုသူ၊ တော်လှန်ရေးကို ခုတုံးလုပ်ချင်သူ၊ ကေအင်နဲယူဟာ ကရင်တမျိုးသားလုံးအ တွက်တော် လှန်ရေးဖြစ်ကြောင်း နားမလည်ဘဲအမျိုးသားတော်လှန်ရေးအမြင်ကျဉ်းမြောင်းသူ၊ ပုဂ္ဂိုလ်ရေး (သို့ ) အုပ် စုတွေရဲ့ ခံစားချက်ကို ရှေ့ တန်းတင်ချင်သူတွေကြောင့်သာ ဖြစ်တယ်။
            တဖန် ဒီကေဘီအေက ကေအင်န်ယူကို ပြန်လည်တိုက်ခိုက်တာ၊ နယ်မြေတွေပြန် လည်သိမ်းတာလဲ..အဖွဲ့ အစည်းအနေနဲ့ လုပ်တယ်လို့ ပြောမယ်ဆိုရင် ရာနှုန်းပြည့်မှန်တယ်လို့  ပြောလို့ ရ မယ်မထင်ဘူး…ရန်သူကတော့ ကျနော်တို့ ကရင်တွေပျက်သုဉ်းအောင်တော့ အစဉ်တစိုက်လုပ်ဆောင်မှာ ဘဲ…အဲဒါကတော့သူတို့ ရဲ့ တာဝန်လေ..။ အဲဒါကိုမသုံးသပ်ဘဲ ကောက်ကျစ်ယုတ်မာတဲ့ မဟာ ဗမာ တို့ ရဲ့  မြှောက်ပေးတိုင်း ဂွေးပင့်အောင်ကနေတဲ့..မိမိရဲ့ အမျိုးသားကိုဗန်းပြပြီး…ကိုယ်ကျိုးရှာ ကရင် စုန်းပြူးတွေ ရဲ့  အမျိုးသားရေးအပေါ်ဆင်ခြင်တုံတရားကင်းမဲ့တဲ့ မိုက်ရူးရဲလုပ်ရပ်တွေကြောင့်ဘဲ…
            အခုတော့တကယ့်အမျိုးသားရေးအတွက် ပေးဆပ်မယ့်သူ မျိုးချစ်သူရဲခေါင်းတွေ အချင်း ချင်း ပြန်လည်ပေါင်းစည်းနိုင်ကြပြီ..ယခင် ကေအင်န်ယူကနေ ဒီကေဘီအေခွဲ ထွက်အောင်လုပ်တဲ့ အဓိက ဇာတ်ဆောင်တွေလဲ ကရင့်တော်လှန်ရေးမှာ ဆက်လက်ရပ်တည်လို့ မရတော့ တချို့  ဆို လဲ  ပြည်ပြေးတွဖြစ်သွားကြတယ်။ယခုလဲ အမျိုးသားရေးကိုရောင်းစားတဲ့ ကရင့်ငြိမ်း ချမ်းရေး တပ်တွေ ရဲ့ နာယကတချို့  လဲ ခွေးပြေးဝက်ပြေးပြေးနေရပြီး….ဒါဟာ…ကရင့်တော်လှန်ရေးကို ခုတုံးလုပ်သူ၊ ကရင့် အမျိုးသားရေးကို လုပ်စားသူမှန်သမျှ     ကရင့်တော်လှန်ရေးသမားရော ပြည်သူတွေကပါ လုံးဝလက် မခံကြောင်း ပြသလိုက် တာဘဲဖြစ်ပါတယ်….
ကရင့်တော်လှန်ရေးသမားတိုင်းလိုလို “ကိုယ့်လူမျိုး ကိုချစ် တယ်”ဆိုတဲ့ခံ ယူချက် ကိုယ်စီတော့ ရှိကြ တယ်။ဒါပေမဲ့အထက်ကပြောခဲ့တဲ့ ပုဂ္ဂိုလ်ရေးခံစားချက်၊ အုပ်စုငယ်ခံ စားချက် တို့ ရှေ တန်းတင်ခြင်း၊ ရန်သူရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကို ဟုတ်လှပြီ လို့ ထင်တဲ့ အတွက် အောက်ခြေ လွတ် သွားတဲ့အနေအထေားကြောင့် လွှဲချော်သွားကြတာပါ။ ဒီနေရာ မှာ ခေါင်းဆောင် လုပ်တဲ့သူဟာ သိပ်ကို အ ရေးကြီးပါတယ်…ခေါင်းဆောင်လုပ်တဲ့သူလွှဲမှားမှုကြောင့် ကရင့် မျိုး ချစ်ရဲဘော်တွေ အချင်း ချင်းပြန်လည် တိုက်ခိုက်ကြရတယ်…ကရင်ပြည်သူတွေအချင်းချင်းလဲ စိတ်ဝမ်း ကွဲကြရတယ်။ ယခုတော့ တကယ့်မျိုးချစ် ကရင့်တော်လှန်ရေး အဖွဲ့ တွေ အချင်းချင်း ပြန် လည်ပေါင်း စည်းလာပြီး… နားလည် မှုတွေရှိလာတာနဲ့ အမျှ ခေါင်းဆောင် မှုအခန်းကဏ္ဍ လည်း အလွန့် …အလွန်ကို အရေးကြီးတဲ့ အချိန်ဖြစ်တယ်….94…95.. ကါလ ကလို နောက် တခေါက်ပြန် မဖြစ်ဖို့  အထူးသတိ ထားရ မှာဖြစ်ပါတယ်။
            လက်ရှိအနေအထားအရ…ကရင့်မျိုးချစ်တပ်တွေ အတိုင်းအတာတခုထိပြန်လည်ပေါင်း စည်းကြပြီ…တပြိုင်နက်တည်း အမျိုးသားသစ္စာဖေါက်နာယက စောကျော်သန်းလည်း ရန်သူနဲ့ ပေါင်းပြီး ကရင်လူမျိုး ပျက်ဆီးရာပျက်ဆီးကြောင်း ကြံစည်ပြီး ကရင်မျိုးချစ်ပေါင်းစည်းတပ်တွေကို ပြန်လည်တိုက် ခိုက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်း လည်းကြားနေရတယ်။ ဒီသတင်းမှန်ရင်တော့ ကရင်ြ ပည်တွေရဲ့ ရေ၊ မြေ အသက်အိုးအိမ်းတွေ များစွာပေးဆပ်ရအုံးမှာသေချာတယ်…ကိုယ့်အမျိုးကို ပျက်လို ပျက်ဆီး လုပ် ဆောင်တဲ့လူလောက် ယုတ်မာတာမရှိဘူး။ …ဗမာစစ်မိတ္ဆာတွေက လူကိုလူ လိုမြင် တတ်တာ မဟုတ်။မြို့  ပေါ်နေဗမာလူမျိုး ဘုန်းကြီးတွေတောင် သတ်ဖြတ် ၊ထောင်သွင်းသေး တာ ဘဲ။သူ တို့ ရဲ့ အ ဓိကရန်သူလို့  ခံယူထားတဲ့ ကရင်လူမျိုးတွေကိုတော့ …ဇိမ်ခံပြီး အရသာ ရှိရှိ သုတ်သင် ချင်မှာ လည်းသေချာတယ်… ယခု မျိုးချစ်ကရင် ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ဗမာစစ် ဗိုလ်ချုပ်တွေကမရ..ရတဲ့နည်းနဲ့  ကလိန်ကျစ်နည်းမျိုးစုံ သုံးပြီး ပြန်လည် ထိုးစစ်ဆင်မှာ လည်းသေချာ ပါတယ်…
           ဒီတော့ ကျနော်တို့ ကရင်လူမျိုးတွေ ဘာတွေဆက်လုပ်ကြမလဲ။ ယခုအချိန်မှာကရင့် အမျိုးသားရေး နိုင်ငံရေးဟာ ဒီရေအမြင့်ဆုံးအချိန်ကိုရောက်နေတယ်.. စိန်ခေါ်မှုအကြီးမားဆုံး အချိန် လဲဖြစ်နေ တယ်။ပြည်တွင်းက ကရင်ပြည်သူအလွှာအသီးသီး၊ လက်ရှိက ရင့်နိုင်ငံရေး ပါ တီတွေ ၊နိုင်ငံတကါအသီး သီးမှာရှိတဲ့ ကရင်ကို ချစ်တဲ့ ကရင်လူမျိုးတွေအားလုံး ညီညွတ်မှု အရှိဆုံး အချိန်၊ ကြားတက်ကြွမှုအရှိ ဆုံးအချိန်..လိုအပ်ရင် လိုအပ်သလို အသင့်အနေအထားမှာ ရှိနေရမဲ့ အချိန် လဲဖြစ်တယ်။တ်ာလှန်ရေး အတွက် လိုအပ်တဲ့အကူ အညီတွေကို ကိုယ်တတ်နိုင် တဲ့နည်း လမ်းက နေကူညီနိုင်ရမယ်။
ဗမာဖက်ဆစ်..စစ်အုပ်စုက..ကရင်နယ်မြေတွေ..ပြည်သူတွေကိုစစ်ဥပဒေမဲ့၊လူစိတ် ကင်းမဲ့စွာ အင်အားသုံးကျူးကျော်ဖို့ ကြိုးစားရင် ကိုယ်ရှိတဲ့အရပ်ကနေ နိုင်ငံတကါကို လှုပ်ဆော်နိုင်ရ မယ်။   ရှေ့ တန်း စစ်မြေပြင်မှာတော့ကိုယ့်ရဲ့ မျိုးချစ်သူရဲကောင်းတွေ သတ္တိပြောင်မြောက်စွာ အစွမ်းပြခဲ့ပြီး။  
ကိုယ့်အနေ နဲ့  နိုင်ငံ တကါတွေမှာရောက်ပြီး ညံ့တဲ့ ကရင်လူမျိုးထဲမှာ မပါဖို့ အရေးကြီး တယ်။ ကရင့် တာဝန် ကရင်သိ ရမယ်၊ကရင့်အလုပ်၊ကရင်လုပ်ရမယ်၊ကရင့်ဝန်ထုပ်၊ ကရင်ထမ်းနိုင်ရမယ် ၊ကရင် ၀မ်းနာ…ကရင်ဘဲသိ တယ်….
            ဒီလိုပြောတာလဲအကြောင်းရှိလို့ ပြောတာ…တကယ်တော့ ဗိုလ်မှူးစောလားပွယ်ဟာ.. 2010ဗမာဖက်ဆစ်အစိုးရ ရွေးကောက်ပွဲကျင်းပတဲ့ကစလို့ ဗမာဖက်ဆစ်အစိုးရကို ပြန်လည်ခုခံတော်လှန် တိုက်ခိုက်တာပါ…တဆက်တည်းမှာဘဲ..သူရဲ့ ထုတ်ပြန်ကြေငြာချက်တွေ..သတင်းမီဒီယာတွေနဲ့  အင်တာ ဗျူးတဲ့အချိန်မှာလဲ..ဆက်တိုက်ဆိုသလို…သူ့ ရဲ့ ယခုလုပ်ရပ်ဟာ မိမိကိုယ်ကျိုးမဟုတ်သလို ကရင်လူမျိုး တမျိုးတည်းအတွက်လည်း မဟုတ်ကြောင်း၊မြန်မာပြည်သူများအတွက် စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဒီမို ကရေစီကိုထွန်းကါးဖို့  အတွက်ဖြစ်ကြောင်း၊  မြန်မာပြည်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလဲလေးစားကြောင်း၊ထာက်ခံကြောင်း၊.မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက်လဲအားလုံးပါဝင်ဖို့  ထပ်ခါ တလဲဖိတ်ခေါ်ပါတယ်။
        လက်တွေ့ အရဗိုလ်မှူးစောလားပွယ်နဲ့ ပူပေါင်းပါဝင်ဖို့ ၊ကိုယ်တတ်နိုင်တဲ့ အင်အား နဲ့ ထောက် ခံအားပေး တာရှိသလို  အချို့ တိုက်ပွဲ ၀င်အုပ်စု၊ လူပုဂ္ဂိုလ်တွေလည်း တွန့် ဆုတ်နေကြ တာတွေ့  ရတယ်။ ဒါပေမဲ့ရန် သူစစ်မိတ္ဆာတွေရဲ့ ကျူးကျော်မှု ရန်ကို ရှိတဲ့လူအင်အား..လက်နက်အင်အား နဲ့  သတ္တိအပြောင်မြောက် ဆုံးခုခံတော်လှန်သွားတယ်။ အောင်မြင်မှုလဲ များစွာရခဲ့တယ်။
ကရင်အ၀င်အခြားလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားတွေလည်းဒ်ါစုရဲ့ ဖြေ ဆိုချက် နဲ့ ပတ် သက်ပြီး စဉ်းစားစရာတွေဖြစ်လာပါတယ်။  တိုင်းရင်းသားတွေရဲ့ ဦးတည်ချက်ပြောင်းဖို့  တွန်း အားပေးနေ သလိုများဖြစ်လေမလား။   တကယ်တော့မြန်မာပြည် ဟာအုပ်စိုးသူအစိုးရ ကသာ မကောင်းတာ ဗမာ လူမျိုး နဲ့ ပါတ်သက်တဲ့ ဘာသာ စကား၊စာပေ၊ယဉ်ကျေးမှုရိုးရာဓလေ့ အမွှေ အနှစ်တွေက ခိုင်သည် ထက်ခိုင် မာလာ တယ်။အခြားကောင်း ရာနိုးနိုးဗမာလူမျိုး မဟုတ်တဲ့တိုင်းရင်း သားတွေဆီကရိုး ရာယဉ်ကျေးမှု၊ အမွှေ အနှစ်တွေ  ကိုလည်းဗမာမှုတွေ  (ဗမာလူမျိုးရဲ့ ကိုယ်ပိုင်)  အကုန်လုံးပြု လိုက်တယ်။ 
မာလူမျိုးမဟုတ်တဲ့  တိုင်းရင်းသား  လူမျိုးတွေနဲ့ ပါတ်သက်တဲ့ကိုးကွယ်သည့်ဘာသာ၊ ကိုယ် ပိုင်စာပေ၊ယဉ်ကျေး မှုအမွှေအနှစ်တွေကတော့ ကုန်းကောက်စရာဘာတခုမှမကျန်တော့အောင် ကိုဖျက် ဆီးခြင်း ခံရတယ်၊ ရှင်သန်ခွင့်လဲလုံးဝ မပေးဘူး.တိုင်းရင်းသားတွေ ရဲ့အသက်အိုး အိမ်တွေနေ့ စဉ်ဆို သလို ဖျက် ဆီးခြင်း ခံရတယ်။ 
ဒါတွေကိုဘယ်လိုကါကွယ်မလဲ…ဘာနဲ့ ကါကွယ်ရမလဲ…ညှိနှိုင်းဖြေရှင်းမယ့်နေ့ ကို စောင့်ပြီးဒီလိုဘဲလက်ပိုက်၊ခေါင်းငုံခံရမလား.ခံစရာရှိရင်..နစ်နာစရာရှိရင်.. ပေးဆပ်စရာရှိရင်…အရင်ခံ၊ အရင်နစ်နာ၊ အရင်ပေးဆပ်ရတာဘဲ… …ကရင်အပါအ၀င်အခြားတိုင်းရင်းသားတော်လှန်ရေး တွေအား လုံးတို့ လက်နက်ကိုင် တော်လှန်ရေးဟာ ငှင်းတို့ ကိုယ်ပိုင်သီးခြားလူမျိုးအတွက်မဟုတ်ဘဲ မြန်မာပြည် တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုံအားလုံးရဲ့  အေးအတူပူအမျှနေထိုင်နိုင်ဖို့ အတွက်ဘဲဖြစ်တယ်။
အခု ဗိုလ်မှူး စောလားပွယ်ကအစပြုပြီး တော်လှန်တိုက် ခိုက်တာ လဲ၊မြန်မာပြည်သူတွေ အားလုံးအတွက်ဘဲဖြစ်တယ်။ယခင်ကရင့်တော်လှန်ရေးသမားတို့ ရဲ့ စံပြပုဂ္ဂိုလ်၊ မြန်မာပြည်ဒီ မိုကရေ စီတော်လှန်ရေးသမားတို့  ရဲ့ စံပြ ပုဂ္ဂိုလ် ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှား လာဖန်းတုန်းကလည်း ကရင့်တမျိုးသားလုံးအတွက်သာမကဘဲမြန်မာပြည် သားအားလုံးအတွက် ဒီမိုကရေစီ အရေးကို ကိုယ်ဖိရင်ဖိလုပ် လွန်းလို့ အခြား အမြင်ကျဉ်းတဲ့လူအချို့ ကကရင်ဖြစ်ပြီး ကရင်လူမျိုး တမျိုးအ တွက်ဘဲမလုပ်ရကာင်းလားဆိုပြီး သူ့ ကိုညိုညင်ကြသေးတယ်၊၊
ပဒိုမန်းရှာကတော့ အမျိုးသားအတွက်နိုင်ငံအတွက်ကြီးမြတ်တဲ့လုံးသားပိုင်ရှင်၊ပြည်သူ ချစ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်ကြောင်းသက်သေပြု သွား ခဲ့တယ်။
လက်ရှိအနေအထားအရတော့ ကရင်မျိုးချစ်တပ်ပေါင်းစု ထိန်းချုပ်ထားတဲ့ နယ်မြေတွေအနေ အထားအရအလွန်ကျယ်ပြန့် သလိုအန္တရာယ်တွေလည်းအလွန်များပါတယ်။ ကိုယ့်ဘိုးဘွားပိုင်ဆိုင် ခဲ့တဲ့နယ်မြေတွေရေရှည်ဆက်လက်ထိန်းချုပ်နိုင်ဖို့ နဲ့  ရှေ့ ဆက်တ်ာလှန် ဖို့ လူအင်အား၊ စိတ်ဓါတ်ရေး ရာအင် အားများစွာလိုအပ်ပါတယ်။ အခြားဒီမို ကရေစီ ၊တော်လှန်ရေး တိုက်ပွဲဝင် အုပ်စုတွေကကူညီပေးနိုင်ရင်အတိုင်းထက်အလွန်ကောင်းတာပေါ့။ ဒါမှမဟုတ် ကူညီ မှုနောက်နှေးနေ ရင်၊တွန့်ဆုတ်နေရင်တော့ကျရောက်လာမဲ့အန္တရာယ်၊ပြဿနာတွေ ကိုကရင်တွေ ကိုယ်တိုင်သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာကျတော်တို့ကရင့်အာဇာနည် ခါင်းဆောင်စောဘဦးကြီးချမှတ်ထားတဲ့ မူ(၄)ချက်ထဲ ကကရင့်ကြမ္မာ ကရင်ဖန်တီးရမည်  ဆိုတဲ့ အချက်ဆိုတဲ့အတိုင်းလက်တွေ့ အကောင်အ ထည်ဖေါ်ဆောင် ရမှာဖြစ်ေ ကြာင်း….။
မန်းအာကါထက်
5/6/2011.
www.karentimes.blogspot.com
No comments:
Post a Comment