Thursday 2 June 2011
ဖူ့ အယ်ပေးသောသင်ခန်းစာ
ဖူ့ အယ်အတွက်တော့ ဘာမှအဓိပ္ပါယ်မရှိတာအမှန်ပါဘဲ။
 ဖူ့ အယ်ရဲ့ နာမည်အပြည့်အစုံက ဖူ့ အယ်ကညောပါ။ သူ့ ကိုစတွေ့ တာ..ဟိုးလွန်ခဲ့ တဲ့(၂)ကျော်ကပါ။သူ..ဒီမြို့ ကို စရောက် တုံးက  နှင်းရေခဲတွေအရမ်းကျတဲ့အချိန်ဆိုတော့ အအေးဒဏ်ကို အလူးအလဲခံနေရရှာပါတယ်။ ကျနော်လည်း အိမ်မှာရှိတဲ့ သူ့ နဲ့ သင့်တော် မဲ့ အနွေးထည်လေးတွေကို သွားပေးတော့ သူအရမ်းဝမ်းသာတာတွေ့ ရတယ်။       တော်လှန်ရေးနယ်မြေမှာ ဒုက္ခသည်စခန်းတွေ မှာဆို အ၀တ်တထည် ကိုယ်တခုနဲ့ နေလို့ ရပေမဲ့ဒီလို မျိုးအေး တဲ့ နိုင်ငံတွေမှာဆို အက်ျီနှစ်ထပ်သုံးထပ်ဝတ်ပြီး အပေါ်မှာ အနွေးထည်အထူကြီးတထည် ထပ်ဝပ်သည့် တိုင် မနွေးချင်သလိုဖြစ်နေသေးတယ်။     လူငယ်..လူ လတ်ပိုင်းတွေတောင်မှ အအေးဒဏ်လွန်ကဲတဲ့အချိန်ဆိုရင် အတော်လေး ခံရခက်သေးတယ်။ အသက် (၇၀)ကျော်ဝန်းကျင်ဖူ့ အယ်အရွယ်မျိုးဆိုရင်တော့ ဒီအအေးဒဏ်ကို ဘယ်လောက်ထိ ခံရခက်လေ မလဲ…. ။နောက်ပြီးဖူ့ အယ်မှာ ခြေထောက်တဖက်ဘဲ သန်တယ်။ကျန်တဲ့ တဖက်က တော်လှန်ရေးတိုက်ပွဲ တခုမှာ ကျဉ်ဆံ ထိထားတဲ့ ဒဏ် ရာကြောင့် ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး။ ဖူ့ အယ်ရဲ့ လိုအပ်တဲ့ အကူအညီ တချို့ ကိုကူညီရင်း၊ဖူ့ အယ်ရဲ့ အိမ်ကို ၀င်ထွက်ရင်းနဲ့ ဖူ့  အယ်နဲ့ ခင်မင် မှုတွေရခဲ့ တယ်။ တဆက်တည်းမှာဘဲ ဖူ့ အယ်ရဲ့ ဘ၀ဖြတ်သန်းမှု တပိုင်းတစကို ဖူ့ အယ်ဆီ က ကျနော်ကြားသိခွင့်ရခဲ့ပါတယ်။
ဖူ့ အယ့်ရဲ့ မွေးရပ်ဇာတိကတော့ ဟိုး..မြစ်ဝကျွန်းပေါ်ဒေသကရွာလေးတရွာမှာပါ။ မွေး ချင်းမောင်နှစ်မ (၂)ယောက်ရှိတယ်။ သူ့ အဖေကတော့ တချိန်က ကရင်ဗမာအဓိဂရုဏ်းမှာ အသက်ဆုံးရှုံး သွားခဲ့တယ်။ဖူ့  အယ်အသက်(၁၇)နှစ်မှာ ကရင့်တော်လှန်ရေး ထဲဝင်ရောက်ခဲ့ပါတယ်။   ကရင့်တော်လှန်ရေး မှာ နှစ်ပေါင်း(၃၀)ကျော် သူပါဝင်ထမ်းဆောင်ခဲ့ဖူးတယ်။  ၉၁ ခုနှစ်မှာ ဖူ့ အယ်ရှေ့ တန်း တနေရာမှာ ဒဏ်ရာ ရခဲ့ ပြီး အဲဒီကနေ ဖူ့ အယ်အနားယူလိုက်ရတယ်။     ဒါပေမဲ့ ဒဏ်ရာသက်သာပြီး ကိုယ်လက်ပြန်လည်လှုပ် ရှားနိုင်တဲ့ အချိန်  တ်ာလှန်ရေးနယ်မြေမှာ     ရှေ့ တန်းထွက်ရဲဘော်တွေအတွက် ထမင်းတွေချက်ပေးတဲ့တာ ၀န်နဲ့  မာနာပလော စခန်းကျပြီးနောက် တနှစ် အထိ တော်လှန်ရေး တာဝန်ကိုဆက်လက်ထမ်းဆောင်ပါသေးတယ်။
 ခြေလက်သိပ်မသန်တာကတကြောင်း၊ ငှက်ဖျားအခံတွေလည်း ခဏ ခဏပြန် ထလာတာကတကြောင်း နောက်ဆုံးတော့ဖူ့ အယ်ဟာ ဒုက္ခသည်စခန်းမှာဘဲ လွန်ခဲ့တဲ့ (၂)နှစ်ကျော်… ကျနော်တို့ နေတဲ့မြို့  ကို မရောက်လာခင်အထိ နေထိုင်သွားခဲ့ပါတယ်။     ဖူ့ အယ့်ရဲ့ မိန်းမကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်း ကျင်က ဆုံးသွားပြီး သူ့ ရဲ့ သမက်ကတော့ လွန်ခဲ့တဲ့၎.နှစ်လောက်မှာဘဲ တော်လှန်ရေး  နယ်မြေတနေရာမှာ အမျိုး သားတော်လှန်ရေးအတွက် အသက်ပေးလှူလိုက်ရတယ်။
ဖူ့ အယ့်နိုင်ငံခြားကိုထွက်လာတာလည်း သူ့ ရဲ့ ကိုယ်ပိုင်ဆန္ဒကြောင့်မဟုတ်ပါ။ လင်မရှိ တော့ တဲ့ သူရဲ့ သမီး မုဆိုးမနဲ့  မြေးလေးသုံးယောက်တို့ ရဲ့ အနာဂါတ်အတွက်ဘဲလို့ ဆိုရမှာဘဲ။ သမီးနဲ့ မြေး လေးတွေ သာ နိုင်ငံခြား ထွက်ပြီး ဖူ့ အယ် တယောက် တည်းဘဲ ဒုက္ခသည်စခန်းမှာဆက်နေရင်လည်း မဖြစ် နိုင်ပါ။ သူ့ မှာဆွေမျိုးရင်း ချာဆို လို့ ဘယ်သူမှလည်းမရှိ၊ သူ့ နဲ့ သက်တူရွယ်တူ မိတ်ဆွေတွေလည်း သိပ်မရှိ၊ အိုမင်းရင့်ရော် မသန်မစွမ်းကလည်းဖြစ်တော့ သံယောဇဉ်ရစ်တွယ်ရာ သမီးနဲ့ မြေးလေးတွေ ရဲ့ နောက်ကို လိုက် ပါရတာပါ။
ရေမြေသစ် နိုင်ငံရပ်ခြားတွေမှာ ခလေးတွေ၊ လူငယ်တွေအဖို့  အချိန်ကါလတိုအတွင်းမှာ နယ်မြေခံလူမှုအသိုင်းအ၀ိုင်းတွေထဲ အန်ဝင်ခွင်ကျလိုက်လျောစွာနေထိုင်လို့ ရပေမဲ့ ၊ လူလတ်ပိုင်း လူကြီး ပိုင်း တွေကျတော့ အချိန်အတော်ကြာကြာယူသည့်တိုင် လွယ်လွယ်နဲ့ နေ သါးမကျပါ။ထို့ ထက် ဖူ့ အယ်လို အသက်အရွယ်ကြီးရင့်သူအဖို့ နေသားကျဖို့ က သိပ်မလွယ်လှပါ။
တခါတလေ ဖူ့ အယ်အိမ်ကိုသွားလည်တော့ ကရင့်တော်လှန်ရေး၊  ကရင့်အမျိုးသားရေးနဲ့  ပတ်သက်တဲ့ အကြောင်း အရာလေးတွေ လည်း ပြောဆိုဖြစ်ခဲ့ကြတယ်။ဖူ့ အယ်က သူ့ ရဲ့ ငယ်ရွယ် စဉ်က ဖြတ်သန်း ဆင်နွဲခဲ့တဲ့  တော်လှန်ရေး တိုက်ပွဲ အကြောင်းတွေ လည်း ပြောပြတတ်တယ်။    မြစ်ဝကျွန်းပေါ်ဒေသ ကနေ ဒေါနတောင်တန်းတလျှောက် တိုက်ပွဲ အတွေ့ အကြုံတွေ ၊ တော်လှန်ရေး တလျှောက်မှာ သူတွေ့ ကြုံ ဖူးတဲ့ လူပုဂ္ဂိုလ်အကြောင်းတွေ၊ သူရောက်ခဲ့ဖူးတဲ့ မြို့ ရွာ အကြောင်းတွေကအစ အတော်လေး စုံစုံလင် လင်ပြန်ပြောပြနိုင် တယ်။ ကျနော်ကိုယ်တိုင် ကိုယ်နေထိုင်ခဲ့ဖူးတဲ့ဒေသတွေအကြောင်းသာ ကောင်းကောင်း မသိတာ၊ဖူ့ အယ် ကို ကျနော်နေခဲ့တဲ့ရွာ နာမည်ကိုပြောပြတော့ အဲဒီဒေသမှာဖြစ်ပျက်နေတဲ့တိုက်ပွဲအကြောင်းတွေ ရွာသူကြီးနာမည်တွေကအစ ဖူ့ အယ်သိ တယ်..မှတ်မိနေတယ်။
ကရင့်တော်လှန်ရေးအကြောင်းတွေ၊အမျိုးသားရေးအကြောင်းတွေပြောဖြစ်တိုင်း ဖူ့ အယ် ရဲ့ မျက်နှာမှာ မျက်လုံးတွေ လည်းတောက်လာတယ်၊ စကားပြောသံတွေမှာလည်း အမျိုးသားရေးမာန်တွေ ပါလာတာ ကျနော် သတိထား မိတယ်။တခါတလေမှာလည်း သူသက်ပြင်းအရှည်ကြီးချပြီး  သူရင့်ထဲမှာ မျိုသိပ်ထားတဲ့အရာတချို့ အပြင်မထွက်အောင် သူ့  ကိုယ်သူထိန်းချုပ်ထားဟန်တူပါတယ်။
        ……………………………….
            လွန်ခဲ့ တဲ့ ၂.နှစ်လုံးလုံးကတော့ ဖူ့ အယ်ကျန်းမာရေး အတော်အသင့်ကောင်းပေမဲ့ ပြီခဲ့တဲ့ဆောင်း ရာသီတုန်း က ဆောင်း ကါလ ကြာရှည်တာရယ်၊ အအေးဓါတ်လွန်ကဲတာရယ်ကြောင့် ဖူအယ် ကျန်းမာရေး အတော်လေးချွတ်ယွင်းလာတယ်။ ခါတိုင်း သူကျန်း မာရေးကောင်းတဲ့အချိန်ဆိုရင် ဒီမြို့ မှာ လုပ်တဲ့ အမျိုးသားရေးပွဲတော်တွေ၊ ရိုးရာယဉ်ကျေးမှုပွဲတော်တွေဆိုရင် ဖူ့ အယ်ကိုအမှူးထားပြီး၊ သူ့ ရဲ့  အကြံဥာဏ်နဲ့  ပြုလုပ်ကျင်းပကြတယ်။သူကိုယ်တိုင်လည်း အမျိုးသားတော်လှန်ရေးမှာ ကိုယ်တိုင်လုပ်လာ တဲ့ လူ၊ ရိုးရာယဉ်ကျေးမှုဖေါ် ထုတ် ထိန်း သိမ်းတဲ့နေရာမှာလည်းစိတ်ဓါတ်ရှိတဲ့ အတွက်ကြောင့် သူ့ ကို လူ တွေက လေးစားကြတယ်။
               နောက်ပိုင်းတော့ဒီမြို့ မှာ လူဦးရေတွေများလာတာနဲ့  စရိုက်တွေလည်း စုံလာ၊အကြောင်းကိစ္စတွေလည်းများလာပါတယ်။ တခါတလေ လူငယ်၊ လူလတ်ပိုင်းတွေအချင်းချင်းကြား မှာ မသင့်မြတ်တာရှိရင် ဖူ့ အယ်က သူ့ ရဲ့ ဘ၀ဖြတ်သန်းလာတဲ့ အတွေ့ အကြုံတွေနဲ့ ယှဉ်ပြီးတော့ ရှင်းပြ ဖြန်ဖြေပေးလေ့ရှိတယ်။ယခင်ဖူ့ အယ်ကျန်းမာရေးကောင်းတုန်းကတော့ ကိုယ့်အသိုင်းအ၀ိုင်း သိုက်သိုက် ၀န်းဝန်းရှိအောင် အတတ်နိုင်ဆုံး လိုက်လံစုစည်းခဲ့တယ်။ အခုတော့ သူလည်း ကျန်းမာရေးသိပ်မကောင်း တော့ လူသူတွေနဲ့ သိပ်မတွေ့ ဖြစ် ၊ သူ့ ဆီသွားမှ တွေ့ ဖြစ်၊ စကားပြောဖြစ်တာပါ။ 
            ဖူ့ အယ်ဆီကျန်းမာရေးအခြေအနေအရမ်းဆိုးလာပြီး သူ့ ရဲ့ စကားအရ စိတ်ဓါတ်တွေ လည်းကျလာ တာတွေ့ ရ တယ်။ဖူ့  အယ်စိတ်ဓါတ်ကျလည်း ကျချင်စရာပါ…ငယ်ရွယ်နုပျိုအားကောင်းတုန်း က အမျိုးသားရေးအတွက် တိုက်ပွဲတွေထောင်သောင်းမက ဆင်နွှဲပြီလာပြီးတော့ ဒီလိုမျိုးအိုမင်းရင့်ရော်တဲ့ အခါကျမှ တပါးနိုင်ငံမှာ မျက်နှာငယ်စွာနဲ့ ဒုက္ခလာခံနေရတယ်။ သူ့ ရဲ့ နောက်တခုစိတ်ဓါတ် ကျစရာကတော့ သူ့ ရဲ့ မိသားစုအရေးကိစ္စပါ၊ ဒီမိုကရေစီနိုင်ငံတွေမှာ ရောက်လာတော့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို နား လည်မှုလွှဲမှားစွာ အသုံးချတဲ့လူတွေထဲမှာ ဖူ့ အယ်ရဲ့ သမီးနဲ့ မြေးလေး(ယောက်ျားလေးတယောက်) လည်း ပါတယ်။သူ့ ရဲ့ သမီးကတော့ အလုပ်မယ် မယ်ရရလုပ်တာမတွေ့ ရသလို လင်ယောက်ျားတွေလဲ တယောက် ပြီးတယောက်..မမြဲ။ နောက်တော့ သူမရဲ့ သား သမီးကို လဲကောင်းကောင်း မကြည့်ရှုစောင့်ရှောင့်နိုင်ဖြစ်နေ တယ်။ ဒီနိုင်ငံ ကို ရောက် လာတဲ့ လူငယ်တွေ လည်း ခေတ် ကိုမှီအောင် လိုက်နိုင်တဲ့အထဲမှာ တချို့ ဆိုလည်း လွှဲမှားစွာ လိုက် တတ်သေး တယ်။ ဘောင်းဘီကို ဖင်ပေါ်အောင်ဝတ်ပြ၊ လမ်းဘေးကလေကချေစတိုင်နဲ့ ၊ အချို့ ဆို လူမည်း လမ်းသရဲဂိုဏ်း ထဲဝင်တဲ့ သူက၀င် ခဏလေးရိုက်သတ်ခံရ ၊ စာသင်ကျောင်းကိုသွားတော့  လည်း လူမိုက်လေး စတိုင်နဲ့ ဆရာတွေကို မဟုတ်မက ခံပြော နဲ့ ၊ နောက်ဆုံးတော့ကျောင်းထုတ်ခံရ၊ လမ်း ဘေးလေ လွှင့်တွေ ဘဲ ဖြစ်သွားကြတယ်။ဒီမြို့မှာတော့ကျောင်းထုတ်ခံရတာ ၁၀.ယောက် ၀န်းကျင်လောက် ရှိတဲ့ထဲမှာ ဖူ့ အယ်ရဲ့ မြေးလေးတယာက်လဲပါတယ်။
            ဒီတခါဖူ့ အယ်ဆီသွားတော့ ကျနော်အပါအ၀င် ကရင်လူမျိုးတွေအတွက် သင်ခန်းစာ ယူစရာ စကားတွေ တချို့ ကြား ခဲ့ရတယ်။ ဖူ့ အယ်က ကျနော့်ကိုတွေ့ တွေ့ ချင်း မျက်နှာတွေလန်းလာသလို သတိထားမိလိုက်တယ်။ ကျနော်နဲ့ ကျနော့်သူငယ်ချင်း    တယာက်က သူကိုဝိုင်းထူပြီး ကုတင်ပေါ်မှာ ဘဲပေးထိုင်စေပါတယ်။    ဖူ့ အယ်ရဲ့ ကျန်းမာရေးအခြေအနေက သူ့ ရဲ့ ဘ၀နောက်ဆုံးအချိန်လို့ သူကိုသူ သိနေပုံရတယ်နဲ့ တူပါတယ်။        ဖူ့ အယ်ဆီက စကားတွေလည်း   အများကြီးကြားခဲ့ ရတယ်… ဒီတခါဖူ့  အယ်ဆီက စကားတွေဟာ သူရင်ထဲမှာရှိသမျှစကားလုံးတွေကို ကုန်သလောက်နီးပါး ဖွင့်ပြောလိုက်တာလို့  ကျနော်မှတ် ယူလိုက်ပါတယ်။
              ဖူ့ အယ်ရဲ့ စကားတွေထဲမှာ ဒီမြို့ မှာရှိတဲ့ လူမှုအသိုင်အ၀ိုင်းတွေရဲ့ အချင်းချင်းမသင့်မြတ်မှုတွေကိုအထူး သတိပေးတယ်။နောက်တော့ သူယခု လက်ရှိခံစားနေရတဲ့ မိသားစုသောကတွေဟာ သူ့ ကိုသူ မျိုးဆက် ပြတ်သွားသ လိုခံစား ရကြောင်း၊  နောက်ဆုံး သူရဲ့ ကိုယ်ပိုင် အာသီသတခုကတော့ ကရင့်မြေပေါ်မှာ သူခေါင်းပြန် ချချင်တယ်ဆိုတဲ့ အကြောင်းတွေ…..…“ငါ ကော် သူးလေပြည်ကိုလွမ်းတယ်….ကော် သူးလေမြေပေါ် မှာဘဲ ငါခေါင်းပြန်ချချင်တယ် ဒါပေမဲ့  ဒါဟာငါ့ရဲ့  ဖြစ် ချင်တဲ့ ဆန္ဒသာဖြစ်ပြီး  လက်တွေ့ အရတော့ ဖြစ်နိုင်ခြေ မရှိတော့ဘူးနဲ့ တူပါတယ်”…တဲ့ ။ဖူ့ အယ်ရဲ့ စကားကြောင့် ကျနော်သက်ပြင်းရှည်ကြီးချမိတာ  အမှန်ပါ ဘဲ…ဟုတ်တော့လည်းဟုတ်ပါတယ်ဖူ့ အယ်ရယ်နိုင်ငံ မရှိတဲ့ ကျနော်တို့ တတွေဟာ  ကိုယ့်ရဲ့ ဘ၀လုံခြုံဖို့ ၊တိုး တက်ဘို့ အတွက် ရေကြည်ရာမျက်နုရာကို ရှာဖွေရင်းနဲ့ အချိန်တွေတောင် အတော်လေးဖြတ်သန်းလာခဲ့  ပါပြီ…ကျနော်တို့ အပါအ၀င်ကျနော်တို့ ရဲ့ မျိုးဆက် သစ်တွေပါ ကျနော် တို့ နေရပ်ဌာနေကပြည် သူတွေ ထက်စာရင် ပညာရေး၊စီးပွါးရေးတွေ တိုးတက်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ 
                ဒါပေမဲ့ ဒီတိုးတက်ကောင်းမွန်တဲ့ အခြေအနေဟာ မိမိတို့ ရဲ့ ကိုယ်ကျိုးအတွက်သာ အသုံးချပြီး၊ကိုယ့်လူမျိုးအတွက် ဘာမှပြန်လည် အကျိုးမပြုသွားဘူးဆိုရင်တော့ ဒါဟာကရင်လူမျိုး တိုးတက် တယ် ကောင်းစားတယ်လို့ မဆိုလိုနိုင်ဘဲ လူသား တယောက်ကောင်း စားသွား တယ်လို့ ဘဲ ဆိုရမှာဖြစ်ပါ တယ်။    နောက်ပြီးကျနော်တို့ တွေရဲ့ မျိုးဆက်တွေ ကရင်လူမျိုး အဖြစ်နဲ့ ကျန်ရှိဖို့ က လည်း အ လွန်ကြီးမား တဲ့စိန်ခေါ်မှုကြီးတရပ်ပါ။…….ကျနော်တို့ တွေရဲ့ ခံယူချက်၊ ခံစားချက်တွေကို မျိုးဆက်သစ်တွေ ခံစားတတ် ခံယူ တတ်အောင်လည်း ပျိုးထောင်ပေးရမှာဖြစ်ပါတယ်…
            ဖူ့ အယ်က အသက်လည်းကြီးရင့်…ကျန်းမာရေးတွေချွတ်ယွင်းလာတော့ သူ့ ရဲ့ မိသားစု တွေလဲ သူ့ ကိုသိပ် အလေး မထား ကြတော့….ဒီမြို့ မှာရှိတဲ့ လူတချို့ လဲ ဖူ့ အယ်ကိုသိပ်လူရာမသွင်းတော့ တာလဲတွေ့ ရတယ်။အော်….လူတွေက ကိုယ်ကျန်းမာရေးကောင်း တဲ့အချိန်၊ အားကောင်းမောင်းသန်ရှိတဲ့ အချိန်မှာ အမျက်ဒေါသတွေလဲ ကြီး တတ်ကြ တယ်…အမိမြေနဲ့ ဝေးပြီး လာနေကြတဲ့အချိန်မှာ အမှန်တ ကယ် တဦးနဲ့ တဦးကူညီဖေးမ ရမဲ့ အစား ဒီမိုကရေစီနိုင်ငံဆိုတဲ့ ဒေသနဲ့ အညီ လွတ်လပ်စွာကွဲ လွဲနေကြတာကိုး… 
            အသက်တွေအိုမင်းလာတဲ့အချိန်..ကျန်းမာရေးတွေချွတ်ယွင်းပြီး ကိုယ့်ဘ၀ရဲ့  နောက် ဆုံးအချိန်ကြရင်…..ကိုယ်လဲ..ဖူ့ အယ်လိုမျိုး လူပိုစာရင်းသွင်းခံရမလားဆိုတာ ကြိုတင်တွေးထားဖို့ လိုမယ် ထင်ပါတယ်… 
            အဲဒီအချိန်ကျရင် …ကိုယ့်ဘ၀မှာ လူသားအတွက်ဘာကောင်းကျိုးတွေ လုပ်ခဲ့သလဲ… ကိုယ့်ကရင် အမျိုးသား အတွက်…ဘာတွေပေး ဆပ်ခဲ့သလဲ..ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့အခါ… နောင်တကြီးမရမိဖို့ … အလွန်အရေးကြီးကြောင်း….
မန်းအာကါထက်
1/06/2011.
www.karentimes.blogspot.com
No comments:
Post a Comment