Sunday 8 May 2011

နွေဦး အတာသင်္ကြန်နှင့် ဥရောပပိတောက်

ဥရောပပိတောက်တောမှ ရင်သွေးငယ်များ




ဒီနေရာဒီဒေသကို ရောက်လာတာ ၆ နှစ်ဝန်းကျင်လောက်ပြည့်ခဲ့ပါပြီ။ပျာ်ရွှင်မှုရှိလား မရှိလားတော့ကိုယ့်ကိုယ်ကိုခုထက်ထိ တိကျတဲ့အဖြေမရသေးပါဘူး။အခြေအနေ၊ အနေအထားတခု အရသါ နေသွားတယ် လို့ ကိုယ့်ကိုယ်ကို နားလည်နေမိတယ်။ အပူပိုင်းဒေသကလာတဲ့သူတွေ ဒီလိုမျိုးဥရောပ အအေးပိုင်းဒေ သတွေမှာ ရောက်လာရင်အနည်းနဲ့ အများတော့ စိတ်တွေ ထိုင်းမှိုင်းမှုတွေရှိမှာ ဘဲလို့ ယျေဘူယအားဖြင့် မှတ်ယူလို့ ရမယ်ထင်ပါတယ်။ 

ရာသီဥတုကါလပေါ်မူ တည်ပြီး နေ့ တာ၊ ညတာအချိန်ကွာဟမှုတွေကလည်း ဒုက္ခတမျိုး ။နေတာရှည်ရင် လဲရှည်လွန်းတယ်၊ ညတာရှည်ပြန်တော့လည်း ရှည်လွန်းပြန်ရော။ ညတာရှည်တဲ့အချိန်ဆိုရင် ညနေ၃.နာရီဝန်းလောက် ဆိုနေ၀င်ပြီး မနက် ၉. နာရီခွဲလောက်မှနေစထွက်တာ။ ရာသီဥတုဆိုးတဲ့အချိန်၊
နေမမြင် ရတဲ့နေ့ ဆိုရင်တော့၂၄ နာရီပတ်လုံး ညအချိန်ကြီးပါဘဲ။အဲနေ့ တာရှည်တဲ့ အချိန်
ဆိုပြန်တော့လည်းည၁၁. နာရီလောက်မှနေ ၀င်ပြီးတော့ မနက် ၄ နာရီလောက်ဆို နေပြန် ထွက်ပြန်ရော။

ဆောင်းတွင်းကာလတုံးကဆို အပြင်တခါခါထွက်ရင် ကိုယ့်ကိုယ်ကို ကေါက်ညှင်းထုပ် ထုပ်သလို အ၀တ်အစားနှစ်ထပ်၊သုံးထပ် ပြီးတော့ အနွေးထည်ခပ်ထူထူ၊ ဒါတွေမကသေး ဦးထုပ်၊ခေါင်းစွပ် အပြင် လည်ပင်းမှာပတ်တဲ့ပုဝါတထည်ပါပတ်ပေးရပါသေးတယ်။ ဒါတောင်ရာသီဥတု ဆိုးတဲ့အချိန်၊နှင်းမုန်တိုင်း 
ကျတဲ့အချိန်၊ အပူချိန်တကယ်ကျတဲ့အချိန်နဲ့ တိုးရင် ဒီအ၀တ်အစားကဘယ်လိုမှမကာကွယ်နိုင်ဘူး။  

  တခါတလေကိုယ့်နှာခေါင်းနဲကိုယ်တောင်ကိုယ်မသိတော့တဲ့ အချိန်ဖြစ်သွား တတ်ပါတယ်။
လအေးဓါတ်ကိုရှူရင်းနဲ့  အသက်ရှူလမ်းကြောင်းအေးလွန်းပြီး ကိုယ့်ကိုယ်ကိုနေမထိ ထိုင်မသာဖြစ်ခဲ့ဘူးတာ   လည်းရှိပါတယ်။  တပါတ်၊ဆယ်ရက် ရေခဲတွေ ဆက်တိုက်ကျပြီး လနဲ့ ချီပြီးနေမင်းကြီးမတွေ့ ရတာလည်းကြုံခဲ့ရပါတယ်။    အအေးဒဏ်လွန်  ကဲတဲ့ ဆောင်းရှည် ကါလကို ဖြတ်ကျော်ရင်း အခုနွေဦးရာဦရောက် မှနေရောင်လေးတွေမြင်ရပြီး တဆောင်းတွင်းလုံး ထိုင်းမှိုင်းခဲ့တဲ့ စိတ်ဟာလည်းတဖြည်းဖြည်းနဲ့ ကြည်လင်လာပါတော့တယ်။

အနောက်နိုင်ငံတွေမှာ နွေ၊ နွေနှောင်း၊ ဆောင်းနဲ့ နွေဦးလို့ ရာသီဥတု လေးမျိုးထဲက နေချင်စဖွယ်
အကောင်းဆုံးလို့ ဆိုရင်ဒီလိုနွေဦးရာသီလိုပြောရမှာပါ။တဆောင်းလုံးအိမ်ထဲမှာကွေးနေရာကနေ
နွေဦးရဲ့ နေရောင်ခြည်တွေကြောင့်စိတ်တွေဟာ အလိုလိုနဲ့ ကြည်လင် လာပါတယ်။
သစ်ပင်ပန်းပင်တွေ လည်း အဖူးသစ်၊ အရွက်သစ်တွေထွက် လာတဲ့အချိန်တွေပါ။ ဖူးသစ် ပွင့်သစ်တွေကိုကြည့်ရှု့ ရင်းနဲ့ ကြည်လင်တဲ့ စိတ်တွေ တိုးလို့ နေပါတယ်။

အပူပိုင်းဒေသက သစ်ပင်ပန်းပင်တို့ ရဲ့ သဘာဝက နွေဦးရောက်ပြီဆို ရွက်ဝါတွေကြွေသွားကြတယ်။ ဒါပေမဲ့လို့ အေးတဲ့ ဒီဘက်ဒေသတွေမှာကျတော့ သစ်ပင်ပန်းပင်တွေက နွေနှောင်းကတည်းက ရွက်ဝါကြွေပြီး တဆောင်းတွင်းလုံးအပင်ကတုံးနဲ့ နေရာကနေ ဒီလိုအချိန်ခါနွေဦးရောက်မှ ရွက်သစ်တွေပြန်ဝေ၊ ပွင့်ဖူးလေးတွေ ပြန်လည်ဖူးပွင့်နိုင်တာပါ။



အနာဂါတ်ရင်သွေးငယ်များ အတာသင်္ကြန်ပွဲတော်အမှတ်တရ

ဒီလိုဖူးပွင့်လာတဲ့ ပန်းပင်တွေထဲမှာ ဥရောပပိတောက်    (တကယ်ဆိုအခြားအနောက်နိုင်ငံတွေမှာလည်းရှိ) လို့ ခေါ်ရလောက်အောင် အာရှပိတောက်ပန်းနဲ့ ခွဲခြားလို့ မရလောက်အောင်ကိုတူတဲ့ ပန်းတမျိုးရှိပါတယ်။ ဒီပန်းလေးဟာ ကိုယ့်ရိုးရာ     သင်္ကြန်ရဲ့ အလွမ်းပြေ ပိတောက်ပန်းလို့ ဆိုရမလိုပါဘဲ။ ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ရဲ့ ကြင်သူသက်ထားလေးကလည်း သင်္ကြန်ပွဲလေးနွဲချင်တယ်တဲ့ ။ အတော်လောက်ဘဲ သင်္ကြန်ပွဲမှာ ယိမ်းသွားကတော့ အိမ်နားကဥရောပ ပိတောက်ပန်းတွေနဲ့ ဆင်ပေး လိုက်တော့ အတော်လေးအဆင်ပြေသွားပါတယ်။ ခါတိုင်းနှစ် ဧပြီလက ဒီနှစ်လောက်မပူပါဘူး။ ဒီနှစ်တော့ အပူချိန်က ၂၀ ဒီဂရီဝန်းကျင်လောက်ရှိတော့ အတာသင်္ကြန်တော်ဆင်နွဲတာ အတော်လေး အဆင်ပြေသွားတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အမိမြေ အတာသင်္ကြန်ပွဲတော်အလွမ်းပြေပေါ့ဗျာ…



ချယ်ရီတွေရဲ့ ရနံ့ တောထဲမှာလည်း နေချင်စဖွယ်ကောင်းတဲ့နွေဦးရာသီပါ။


မန်းအာကါထက်
၂၅ .၀၄ .၂၀၁၁။

No comments:

Post a Comment