Sunday 8 May 2011

ကျနော်သိသော ဖူ့ တာမိက် (ဖူ့ တာမိက်ဘလော့၂ နှစ်ပြည့်အမှတ်တရ)

ဖူ့ တာမိက်ဘလော့ဂ် စတည်ထောင်ပြီးနှစ်ဝက်လောက်မှစပြီး ယနေ့ အထိ မကြာခဏဆို သလို ၀င်ရောက်ကြည့်ရှုအားပေးဖြစ်ပါတယ်။ အရေးအသားတင်ပြပုံကအစ တမူထူးခြားတယ်လို့ ဆိုနိုင် ပါတယ်။ တကယ်တော့ဖူ့ တာမိက်ဘလော့ဂ် မပေါ်ခင်ဖူ့ တာမိက်စာစောင်ကို ကျနော် ဘန်ကောက် မှာနေစဉ်ကတည်းကလည်း ဖတ်ရှုခဲ့ဘူးပါတယ်။

ပထမအချက်အနေနဲ့ ကျနော်ပြောချင်တာက  ဖူ့ မိက်စာစောင်ရော ဖူ့ တာမိက် ဘလော့ဂ် ရော ပင်တိုင်ခံစာရေးဆရာမင်းစိုးစံ  ( အဝေးရောက်ကရင်ဒုက္ခသည်တစ်ဦး)နဲ့  ပါတ်သက်တာပါ။ ကျနော်ရဲ့  အကိုကြီးအရွယ်လောက်ရှိတဲ့  မင်းစိုးစံဟာ စာပေ၀ါသနာကြီး သူတဦးဖြစ်ပြီး၊ ကရင့် အမျိုးသား နဲ့ စာပေ ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးသူ၊    ထိန်းသိမ်းမြှင့်တင်သူ တဦးလည်းဖြစ်ပါတယ်။  အမှန်တရားကို ချစ် မြတ်နိုးသူ၊ မဟုတ်မခံသူ၊      ရိုးသားဖြောင့်မတ်သူတဦးလည်းဖြစ်တယ်။

အမှန်စင်စစ်မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)ဟာ ကျနော်နဲ့ ဘန်ကောက်မှာ မတွေ့ ခင်ကတည်းက ထိုင်းမြန်မာနယ်စပ်ဟွေ့  ခလုတ်ဒုက္ခသည်စခန်းမှာနေတဲ့ 
ဒုက္ခသည်တဦးပါ။ဘန်ကောက်ကို ရောက်လာတာကတော့ နှစ်ထပ် ကွမ်းဒုက္ခသည်အနေနဲ့ 
ရောက်လာခြင်းဖြစ်ပါတယ်။ (တတိယနိုင်ငံရောက်တော့ သုံးထပ်ကွမ်းဒုက္ခ သည်လို့ ခေါ်ရင်ရ မလားမသိဘူး)။    ဒါကြောင့်မို့  သူရဲ့ စာပေအရေးအသါးနဲ့ ပတ်သက်ပြီး အချို့ ဆိုရင် သူကိုယ်တိုင်ကြုံတွေ့  ဖြတ်သန်း လာရတဲ့  အတွေ့ အကြုံတွေ၊    သူ့ ရဲ့ ပတ်ဝန်းကျင်မှာ
(ယခုလက်ရှိ နေတဲ့ နေရာအပါ အ၀င်) ဖြစ်ပေါ် ခဲ့တဲ့ လူမှုအသိုင်း အ၀ိုင်းအချို့ ရဲ့  လွှဲချော်မှုအကြောင်းတွေ၊ မတရားမှုတွေကို ထင်ဟပေါ်လွင်စေပါ တယ်။ အချို့ အရေးအသားမှာ ဆိုရင်လည်း ကရင်လူမျိုးတွေရဲ့ စရိုက်
လက္ခဏာတွေနဲ့ ပတ်သက်တဲ့ ရှေး ဟောင်းနှောင်းဖြစ် အဖြစ်သနစ်လေးတွေ တစိတ်တဒေသအနေနဲ့ စုစည်းတင်ပြသွားတာလည်း အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။



ဒုတိယအချက်ကတော့ ဘလော့ဂ်မှာတင်ထားတဲ့ လှုပ်ရှားမှုပုံရိပ်နဲ့ ပါတ်သက်တာပါ။ အထူးသဖြင့် ကရင်ရိုးရာယဉ်ကျေးမှုပွဲတော်ပုံရိပ်တွေပါ။ ရိုးရာယဉ်ကျေးမှု ဆိုတဲ့စကားလုံးနဲ့ အညီ အနှစ်သာ ရပြည့်ဝစွာနဲ့ ကျင်းပသွားတာတွေ့ ရတယ်။ ဒီနေရာမှာ ကျနော်အနည်းငယ်တင်ပြ ချင်ပါတယ်။   နိုင်ငံတကါမှာ ရောက်နေတဲ့ ကျနော်တို့ ကရင်တွေ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အပါအ၀င် ပွဲတော်တွေ ကျင်းပတဲ့နေရာမှာ အချို့ ဆိုရင် ဟေးလေးဝါးလေးနဲ့ ပွဲတော်ဟာ  ပြီးသွားတယ်။

ဒါပေမဲ့ ကိုယ့်လူမျိုးနဲ့  ပါတ်သက် တဲ့ ရိုးရာယဉ်ကျေးမှုအပါအ၀င် ကိုယ်ပိုင်ဝိသေသလက္ခဏာတွေ ဘာတခုမှတင်ပြသွားတာလည်းမတွေ့  ဘူး။ အမှန်တကယ်နိုင်ငံခြားသားတွေကိုမိမိတို့ ရဲ့ ကိုယ်ပိုင်  စာပေ၊
ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ၊ ကိုယ်ပိုင်အဆိုအကတွေ၊
ကိုယ်ပိုင်တူရိယာဂီတတွေနဲ့ မိတ်ဆက် ပြသရမှာဖြစ်ပါတယ်။အုပ်စုများလူမျိုးခြားကြားမှာနေနေရတဲ့ လူနည်းစုများအဖို့  ကိုယ့်လူမျိုးမပျောက်ကွယ်သွားအောင်သတိကြီး စွာနဲ့ နေရမှာဖြစ်ပါတယ်။ကိုယ်ပိုင်နိုင်ငံမရှိတဲ့ လူမျိုးတမျိုးအဖို့  ဒီလိုမျိုးတတိယနိုင်ငံတွေမှာကိုယ့်လူမျိုးတွေကိုသေချာမထိန်းသိမ်းဘူးဆိုရင်တော့
အလိုလိုနေရင်းနဲ့  ပြတိုက် ထဲရောက်လို့ ရောက်မှန်းမသိဖြစ်သွားမှာအသေအချာပါဘဲ။

ဖူ့ တာမိက်ဘလော့ဂ်မှာ ကရင်လူမျိုးရဲ့ စာပေ၊ရိုးရာယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းစဉ်လာ အ ငွေ့ အသက်တွေ အပြည့်နဲ့  ဝေေ၀ဆာဆာတင်ပြပေးသွားတာတွေ့ ရပါတယ်။
ကရင်ဘလော့ဂ်တွေနဲ့ ပါတ်သက်ပြီး ဖူ့ တာမိက်ဘလော့ဂ်ဟာ သူ့ ရဲ့ ကိုယ်ပိုင်အရေး အသားတွေ မကြာခဏဆိုသလို ပို့ စ်အသစ်တွေ တင်ပေးလေ့ရှိတာတွေ့ ရတယ်။ ကရင်ဘလော့ဂ်တွေရဲ့ အရအတွက်ဟာ အတိုင်းအတာ တခု အထိတော့ရှိပါတယ်။အရေအတွက်ပေါ်မူတည်ပြီး ကရင်အမျိုးသား ရေး၊ လူမှုရေးရာ အရေးအသါးတွေ  များများနဲ့ စုံစုံလင်လင်တင်ပြပေးနိုင်ရင်တော့ ၀မ်းပန်းတ သာ ကြိုဆို စောင့်မျှော်ဖတ်ရှုနေမယ်။ 

  ကျနော်တို့ ကရင်လူမျိုးတို့ ရဲ့ အမျိုးသားရေး ၊နိုင်ငံရေး၊ လူမှုရေး    အကြောင်းတွေ က စာဖွဲ့ ဖို့  အတွက် ကုန်ကြမ်းတွေတပုံတပင်ကြီးရှိပါတယ်။ တခုရှိတာက ကျနော်တို့ ကရင်တွေက လက် တွေ့  အ လုပ်တွေမှာဘဲ အားသန်ပြီး ကိုယ်လုပ်တဲ့ အလုပ်ကို စာပေတွေနဲ့ မှတ်တမ်းတင်ရေးသားဖို့ ၊ စာ တွေဖွဲ့ ဖို့ အားနည်း တာတွေ့ ရပါတယ်။ အခြား လူမျိုးတွေလို တပဲလောက်လုပ်ရင် တလှည်းလောက် စာမဖွဲ့ နိုင်သည့်တိုင် ကိုယ်လုပ်သလောက်စာဖွဲ့  နိုင်ရင်လည်း အတိုင်းထက်အလွန်ဝမ်းသာမှာပြီ။ ကရင် လူမှုနယ်ပယ် အသီးသီးမှာ မိမိတို့ ရဲ့ အတွေ့  အကြုံတွေ ၊အမြင်တွေ ရေးသားတင်ပြခြင်းအားဖြင့်လည်း ကရင်အမျိုးသား ထုတွေ အတွင်း နားလည်မှု၊ယုံ ကြည်မှု၊ စည်းလုံးမှုတွေ တနည်းတဖုံအားကောင်းလာ မယ် ထင်ပါတယ်။

ဖူ့ တာမိက်ဆိုတဲ့ မူရင်းနာမည်ပိုင်ရှင်က တကယ့်အထင်ကရ  ကရင်စာဆိုတော် ရဟန်းအာဇာနည် တပါးရဲ့ နာမည်ပါ။            အရှေ့ ပိုးကရင်စာပေယဉ်ကျေးမှုတွေဖေါ်ထုတ်ထိန်းသိမ်းတဲ့ နေရာမှာ
အလွန်ကျေးဇူးတရားကြီးမား            လှတဲ့ဆရာတော် တပါးဖြစ်ပါတယ်။  ဖူ့ တာမိက်ဘဘော့မှာလည်း ကရင်စာပေ၊ရိုးရာယဉ်ကျေးမှုကို ဖ်ါထုတ်ထိန်းသိမ်းတဲ့  ဘလော့တခုဖြစ်တဲ့အတွက်ဖူ့တာမိက်ဆိုတဲ့နာမည်နဲ
့အလွန်လိုက်ဖက်လှပါတယ်။

ဘလော့ဆိုတာကကိုယ်ပိုင် မှတ်စုဟုတ်သလိုမီဒီယာတခုအနေနဲ့ လည်းသုံးလို့ ရတဲ့ အတွက် ဖူ့ တာမိက် ဘလော့အနေနဲ့ အမျိုးသားရေးအတွက် လိုအပ်သော ကွက်လပ်များဆထက် တပိုးအစဉ် အမြဲ  ဖြည့်စွက်ပေးနိုင်ပါစေ။။…


မန်းဒက်ဒိုး
၁၁၊၀၄၊၂၀၁၁။

No comments:

Post a Comment