Saturday 19 May 2012
မုယယ်ဖဲရာဇ၀င်နှင့် ပုလင်းတူဗူးစွပ် ထိုင်းနဲ့ ဗမာ အပိုင်း (၃)
 မန်းဒဲ့ဒိုး...
karentimes..
ထိုင်းရဟတ်ယာဉ် ၃ စင်း ဆက်တိုက် ပျက်ကျမှုအကြောင်း တပိုင်းတစ
               လေယာဉ်ပျက်ကျတဲ့နေရာဟာ ထိုင်းနိုင်ငံ ဖက်ဘူရီဒေသနဲ့ မြန်မာ နယ်ချင်းထိစပ်တဲ့ (ထိုင်းဘာသာအခေါ်..ဖွတ်ခေါင် ခီကချန် (Kaeng Krachan)။ ပိုးကရင်အခေါ် ..ခို့ လွန်လောင် ဖလွန့် ) တောင်တန်း..နယ်စပ်ဒေသမှာ ဖြစ်ပျက်တာပါ။တောင်တန်းရဲ့ ထိပ်မှာ လျှိုမြောင်အပေါက် အကျယ်ကြီးတွေရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံရဲ့  နယ်စပ်မျဉ်းတလျှောက်မှာ များသောအားဖြင့် မြစ်၊ ချောင်းတွေနဲ့ ခြားထားတာများပေမဲ့  အဲဒီဒေသမှာ ချောင်းလည်းမရှိ မြစ် လည်းမရှိဖြစ်နေပါတယ်။ နယ်စပ်မှတ်တိုင်အနေနဲ့ တချို့ သတ်မှတ်ထားတာရှိ တယ်။ တောတောင် ထူထပ်တဲ့နေရာဆိုရင် ဘာအမှတ်အသားမှ မရှိဘဲ ဟိုဘက်တောင်တလုံးဟာ ထိုင်းဘက်ခြမ်း၊ ဒီဘက်တောင်တလုံးဟာ မြန်မာဘက်ခြမ်းလို့ ဒေသခံတွေက ခန့် မှန်းပြီး သွားလာနေကြပါတယ်။ အထူးသဖြင့် ဒေသခံကရင်လူမျိုးတွေက ဒီလိုဘဲသွားလာလှုပ်ရှားနေကြတယ်။ငှင်းဒေသ တ၀ိုက် မှာ နေထိုင်တဲ့ကရင်လူမျိုးတွေဟာ ရာစုနှစ်ပေါင်းအတော်ကြာ အခြေချနေထိုင်လာခဲ့တယ်လို့ ဆိုပါတယ်။
 သမိုင်းကြောင်းအရ ငှင်းဒေသမှာ နေတဲ့ကရင်လူမျိုးတွေဟာ ရှုပ်ထွေးတဲ့နေရာ၊ စစ်ဖြစ်တဲ့နေရာတွေကို တိမ်းရှောင်ရင်း ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွေ့ အခြေချနေထိုင်တာဖြစ်ပြီး တောင်ယာခုတ်တဲ့
အလုပ်နဲ့  ဘိုးစဉ်ဘောင်ဆက်ကတည်းက ယနေ့ ထက်တိုင် အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
 တောတောင်တွေကို အမှီသဟဲပြုလာတဲ့ ကရင်လူမျိုးတွေဟာ ယခင်က သူတို့ ခုတ်တဲ့တောင်ယာတွေ
ဟာ .သူတို့ ရဲ့ ကိုယ်ပိုင်ရေမြေဖြစ်ပေမဲ့..ခေတ်တွေပြောင်းလာပြီး ထိုင်းနဲ့ ဗမာ ကိုယ်ပိုင်နိုင်ငံတွေ ထူထောင်ပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းသတ်မှတ်တဲ့အချိန်မှာတော့ ဒီရေမြေ ဒီဒေသဟာဖြင့် မြန်မာအစိုးရပိုင်၊ ဟိုမြေဟိုဒေသအားဖြင့်တော့ထိုင်းအစိုးရပိုင်ဖြစ်သွားပါတယ်..။.
                        ရာစုနှစ်ပေါင်းများစွာ နေလာခဲ့တဲ့ကရင်လူမျိုးတွေဟာလည်း သူများနိုင်ငံမှာ တရားမ၀င်နေထိုင်မှုဘ၀နဲ့  ရောက်လို့ ရောက်မှန်းမသိ ရောက် သွားခဲ့ရပါတယ်။အမှန်စင်စစ် ငှင်းဒေသတ၀ိုက်မှာ မြန်မာပိုင်နက် ၊ ထိုင်းပိုင်နက်တွေလို့  သတ်မှတ် ထားပေမဲ့ ဗမာလူမျိုးတွေ ထိုင်းလူမျိုးတွေ အခြေချနေထိုင်ခဲ့ဖူးတာမရှိဘဲ ကရင်လူမျိုးတွေကသါ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ပါတယ်။
 ခေတ်ကါလတွေပြောင်းပေမဲ့ ငှင်းဒေသမှာရှိတဲ့ ဒေသခံကရင်လူမျိုးတွေကတော့ ဘိုးစဉ်ဘောင်ဆက် ကတည်းကနေ ယနေ့ ထက်ထိ တောင်ယာခုတ်၊သစ်ခုတ်ဝါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း
ပြုနေကြတုန်းပါဘဲ။ မိမိဘ၀ရပ်တည်ဖို့  တ၀မ်းတခါးထမင်းတနပ်အတွက် တောင်ယာစိုက် သစ်ခုတ်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတာဟာ လောဘရမ္မက်ကြီးမားတဲ့ သစ်ခုတ်(ကုပ္ပဏီ)တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူး။
ထိုင်းအစိုးရကတော့  ထိုင်းနိုင်ငံသားခံယူထားတဲ့ ကရင်လူမျိုးအပါအ၀င် ဒီလိုမျိုးရာစုနှစ်နဲ့ ချီ အခြေချနေ ထိုင်တဲ့ကရင်လူမျိုးတွေကို ``မင်းတို့ ကြောင့် ငါတို့ နိုင်ငံ သစ်တောတွေပြန်းတီးရတယ်``ဆိုလို့ အပြစ်၊ အနာစာတွေရှာလေ့ရှိပါတယ်။
တခါ ထိုင်းတော်ဝင်မင်းသားရဲ့ အမိန့် တော်နဲ့ ဆိုပြီး ငှင်းဒေသမှနေထိုင်တဲ့ ကရင်လူမျိုးတွေကို ငှင်းတို့ နေထိုင်တဲ့ဒေသကနေ အတင်းအဓမ္မ ပြောင်းရွေ့ ခိုင်းပါတယ်။ ကရင်လူမျိုးတွေနေတဲ့ အိမ်ယာတွေကို မီးရှို့ ဖျက်ဆီးရုံမက ကရင်မိသားစုအချို့ မှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက စုစည်းထားတဲ့ ငွေသား(ငွေသားစစ်စစ်)တွေကိုပါ ခိုးယူလုယက်ခြင်းခံခဲ့ရပါတယ်။ သူ့ မြေပေါ် မှာနေတဲ့အတွက်ကြောင့် ဒီလိုမျိုးအနိုင်ကျင့်စော်ကားခံခဲ့ရတာကို ကရင်လူမျိုးတွေက ထိုင်းလူမျိုးတွေ အပေါ် ဘာမှတုံ့ ပြန်မှုမပြုခဲ့ပါ။
 ထိုင်းရဟတ်ယာဉ် ပထမအစင်းပြုတ်ကျတုန်းက နယ်စပ်ဒေသကို ကင်းလှည့်ရင်းနဲ့ ပြုတ်ကျသွားတာပါ။ ဒုတိယအစင်းကတော့ ပထမအစင်းမှာပြုတ်ကျတဲ့ လူသေအလောင်းတွေကို သွားရောက်သယ်ယူဖို့ ပါ။ တတိယအစင်းလည်း ထို့ နည်းလည်းကောင်းပါဘဲ။ အသက်မသေဘဲ ကျန်နေတဲ့ ထိုင်းသတင်းထောက် တဦးရဲ့ အပြောအရတော့ လေယာဉ်ဟာ``ခီကချန်``လို့ ခေါ်တဲ့တောင်ကုန်းပေါ်ရောက်တာနဲ့ လေယာဉ်
ရဲ့ ရှေ့ မှာ မဲမှောင်တဲ့အရာတွေဘဲမြင်ရပြီး လေယာဉ်လည်း ရှေ့ ကိုမသွားနိုင်ဘဲ ပြုတ်ကျသွားတဲ့ အထိ လို့ ဆိုပါတယ်။
ငှင်းရဟတ်ယာဉ်ပြုတ်ကျတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ တွေ ၊ ဒေသခံကရင်တွေအပေါ် ထိုင်းအစိုးရက သံသယစိတ်တွေ ထွက်ပေါ်လာပါသေးတယ်။ရဟတ်ယာဉ်အပေါ် အသက်ရှင် ကျန်သူရစ် သူက လေယာဉ်ဟာ ပစ်ခတ်မှုကြောင့်ပျက်ကျခြင်းမဟုတ်ကြောင်းမီဒီယာတွေကို ပြောပေးရတဲ့အထိပါ ဘဲ။ အဲဒီနောက်ပိုင်း ရဟတ်ယာဉ်ပျက်ကျတဲ့သတင်းလည်း တိတ်သွားပါတယ်။
 အချို့ လူတွေက ရဟတ်ယာဉ်ပျက်ကျတဲ့တောင်ကုန်းဟာ သံလိုက်ဓါတ်ရှိလို့ ဒီလိုမျိုးဖြစ်ရတယ် လို့ ပြော ဆိုကြပါတယ်။ ဘုရားတပိုင်းနတ်တပိုင်း ကိုးကွယ်တဲ့တချို့ ထိုင်းလူမျိုးတွေ ကတော့ တောစောင့် နတ်၊
 တောင်စောင့်နတ်တွေက လုပ်လိုက်တာလို့ အရပ်တွေမှာ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ထိုင်းလူမျိုးတွေမသိတဲ့အကြောင်းအရာတခုက ကရင်လူမျိုးတွေမှာ သစ္စာတရား၊ အမှန်တရားတွေရှိ တယ်။ငှင်းတရားတွေက ကရင်လူမျိုးတွေကို ကါကွယ်စောင့်ရှောက်တယ်ဆိုတဲ့ အချက်တခုပါဘဲ။ ဒီနေ ရာမှာ တောင်ပေါ်ကရင်တွေ ဂါထါမန္တာန်တွေ အစွမ်းထက်တယ်လို့ အချို့ တွေကြားဘူးနားဝရှိမှာပါ။ စွမ်းလား မစွမ်းလားဆိုတာကတော့ လူပေါ်မှာဘဲမူတည်ပါတယ်။ များသောအားဖြင့် တောင်ပေါ်ကရင်တွေ ဟာ ကိုယ်ကျင့်တရားတွေ၊ သစ္စာတရားတွေကို လက်ကိုင်ပြုထားတယ်။ ကိုယ်တိုင်ကျင့်ကြံတယ်။ သူတပါးကို ပျက်ဆီးစေလိုသောစိတ်တွေ မကာင်းတာတွေ ဘယ်တော့မှ မကြံစည်ဘူး အရင်မလုပ်ဘူး။ ဒါပေမဲ့ သူတို့ ရဲ့ ကောက်ပဲသီးနှံ၊ဆန်စပါးတွေကို ခွင့်မတောင်းဘဲ ခိုးယူဖျက်ဆီးတာ၊ သူတို့ ရဲ့ ဘ၀တွေ၊ အသက်တွေကို စော်ကားဖျက်ဆီးလာပြီးဆိုရင်တော့...သူတို့ နှလုံးသားမှာ လက်ကိုင်စွဲထားတဲ့ သစ္စာ တရားတွေနဲ့ တောတောင်ရေမြေ၊ ကမ္ဘာလောကကြီးတွေကို သစ္စာပြုတိုင်တည်လိုက်ရုံမျှနဲ့ မိမိပစ္စည်းတွေ ကို ခိုးယူဖျက်ဆီးတဲ့သူ၊ မိမိကို မကောင်းတာလုပ်တဲ့သူ၊ ကြံစည်တဲ့သူပေါ်မှာ လုံးဝ တန်ပြန် အကျိုးတွေ သက်ရောက်သွားပါတော့တယ်။ အမှန်တရား သစ္စတရား ကိုင်စွဲထားတဲ့လူဟာ နှုတ်အစွမ်း အလွန် ထက်မြက်ပါတယ်။ဒါက ယုံချင်ယုံ မယုံချင်နေ၊ ကြုံဖူးမှသိမယ်။
ထိုင်းနိုင်ငံကျဆုံးခန်း
၁။ သဘာဝဘေးအန္တရာယ်၊ ကပ်ဆိုးတွေကြောင့် ပျက်သုန်းမည့် ထိုင်းနိုင်ငံ
            စက်ရုံအလုပ်ရုံများမှ ထွက်ပေါ်လာတဲ့ အန္တရာယ်ရှိတဲ့ စွန့် ပစ်ပစ္စည်းတွေ လေထုညစ်ညမ်းမှုတွေ ၊နေအိမ်အဆောက်အအုံ ထူထပ်မှုကြောင့် ကြောက်မက်ဖွယ်ရာ မီးဘေးအန္တရာယ်...စတဲ့အန္တရာယ်များ ထက် ယနေ့ ထိုင်းလူမျိုးတို့ အကြောက်ဆုံး သဘာဝဘေးအန္တရာယ်က ၂၀၁၁ ရေကြီးမှုကြီးကနေ ငှင်းတို့  မျက်ဝါးထင်ထင် မြင်တွေ့ ရတဲ့ သဘာဝဘေးဆိုးကြီးဘဲဖြစ်တယ်။ ၂၀၀၅ ဒီဇင်ဘာ ဆူနာမစ်ဒီလှိုင်းတွေ ထက် ဘန်ကောက်မြို့ အပါအ၀င် နိုင်ငံအနှံ့ ရေကြီးတာကို ထိုင်းလူမျိုးတွေက ပိုပြီးကြောက်ရွံ့ တာပါ။ ယနေ့ ကမ္ဘာတလွှားမှာ ရာသီဥတုတွေဖေါက်ပြန်လာတာနဲ့ အမျှ မိုးခေါင်တဲ့ဒေသမှာ မတရားခေါင်ပြီး မိုးရွာတဲ့အချိန်မှာ မတရားရွာ၊ အဆောက်အဦးတွေ ရေအောက်နှစ်မြုပ်သွားအောင် ဖြစ်သွားတာ ဖြစ်လေ့   ဖြစ်ထရှိပေမဲ့ ထိုင်းနိုင်ငံကတော့ အဲဒီထက်ကို ကျော်လွန်နေပါတယ်။ ထိုင်းနိုင်ငံဟာ နှစ်စဉ်ရေကြီးမှုဒဏ် ကို ခံနေရပေမဲ့ ၂၀၁၁ ရေကြီးမှုဒဏ်ဟာ ထိုင်းလူမျိုးတွေကို သံဝေဂတရားတွေ ရစေတာအမှန်ပါဘဲ။ သဘာဝဘေးအန္တရာယ် ပြသနာကနေ နိုင်ငံရေးပြသနာအထိ ရိုက်ခတ်လာခဲ့ပါတယ်။
 ထိုင်းနိုင်ငံရဲ့ ပထ၀ီအနေအထားဟာ ``မဲ့နမ်းကျောက်ဖယား``လို့ ခေါ်တဲ့ မြစ်မကြီးတစင်းဟာ ထိုင်းနိုင်ငံ ရဲ့ မြောက်ပိုင်းကနေ တောင်ပိုင်းပင်လယ်ဝရှိရာ ဘန်ကောက်မြို့ မှာ စီးဆင်းနေပါတယ်။ ကျောက်ဖယားမြစ် ဟာ မြန်မာနိုင်ငံရှိ သံလွင်မြစ်တွေလို လျှင်မြန်စွာစီးဆင်းတဲ့ မြစ်တစင်းမဟုတ်ဘဲ ၊ မိုးရာသီရော နွေရာသီပါ ပင်လယ်ရေအတက်အကျပေါ်မူတည်ပြီး ရေဆင်းနှုန်းရေကျနှုန်း အတူတူလောက်ဘဲဖြစ်တယ်။ ဆိုလို တာက ပင်လယ်ပြင်ဝမှာ တည်ရှိနေတဲ့ ဘန်ကောက်မြို့ (ခရိုင်)ကနေ မြစ်ရဲ့ ဆန်တက်ရာအတိုင်း နွန်ထ ဘူရီခရိုင်၊ ပထွန်ဌာနီခရိုင်၊ အယုဒ္ဒယခရိုင် တွေဟာ ပင်လယ်ရေပြင်အမြင့်နဲ့ သိပ်မကွာတော့ တာကြောင့်
 မြစ်ဟာ ရေစီးသိပ်မသန်တော့တာဖြစ်တယ်။
 ဘန်ကောက်မြို့ ကို အလှချယ်သထားတဲ့ ကျောက်ဖယားမြစ်ပေါ်မှာ အလုပ်အရဘဲဖြစ်ဖြစ်၊ အပျော်စီး အရဘဲဖြစ်ဖြစ် စက်လှေတွေစီးဘူးတဲ့သူတွေဆိုရင် ခန့် မှန်းလို့ ရနိုင်ပါတယ်။ နွန်ထဘူရီနေ ဖါ့ပဒဲဒေသ အထိ လှေနဲ့ သွားလာလို့ ရပါတယ်။ နိုင်ငံခြားသားတွေအတွက်သည်းခြေကြိုက်ခရီးစဉ်တခုဖြစ်ပြီး လှေပေါ် ကနေ ဘန်ကောက်မြို့ ရဲ့ ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်တဲ့ခရီးစဉ်တခုဖြစ်ပါတယ်။ လှေဆိပ်တွေ တလျှောက် ဒီရေတက်တဲ့အချိန်နဲ့ တိုက်ဆိုင်ရင် မြစ်ထဲကရေတွေ ကါးလမ်းမပေါ်အထိ လျှံတက် သွားတတ်ပါတယ်။  ဘန်ကောက်ခရိုင်နဲ့ နယ်ချင်းထိစပ်တဲ့ စမူပကါ၊ စမူဆာခေါ၊ နွန်ထဘူရီ၊ ပထွန်ဌာနီ စတဲ့..စတဲ့ဒေသတွေမှာ မူလမြေပြင်ဟာ တောင်ကုန်းတောင်တန်းလုံးဝမရှိဘဲ လယ်ကွက်တွေ၊ ရေ ကန် ရေအိုင်တွေနဲ့ ပြည့်နက်နေပါတယ်။ မည်သည့်အဆောက်အဦး မည်သည့်လမ်းတွေမှ မြေမဖို့  ထားဘဲ ဆောက်လုပ်လို့ မရပါဘူး။
 ၂၀၁၁. ထိုင်းနိုင်ငံ ရေကြီးမှုမှာ ဘန်ကောက်မြို့ (ခရိုင်)၊ အပါအ၀င် ငှင်းနဲ့ နယ်ချင်းထိစပ်တဲ့ ရေကြီးမှုဒဏ် အကြီးအကျယ်ခံရတဲ့ ခရိုင်လေး ငါးခုမှာ နေထိုင်ကြတဲ့ထိုင်းလူမျိုးတွေ ယခင်သာမန်ရေကြီးမှုတွေမှာ စိုးရိမ်စိတ်တွေ မပေါ်ခဲ့ဘူးတဲ့ စိုးရိမ်ထိပ်လန့် မှုကြီးတခုကို ကြိုပြီး စိုးရိမ်ထိပ်လန့် နေပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့ သူမြို့ သားတွေပါ.။ နဂိုမူလက ဒီနေရာဟာ လယ်ကွက်တွေ၊ ရေကန်၊ အင်းအိုင်တွေပေါ် မှာ မြေတွေဖို့ ၊အဆောက်အဦးဆောက်ပြီး မြို့ ပြတည်ထားတာပါ။မာကျောတဲ့မြေကြီးတွေရှိတဲ့ အရပ်ဒေ သမဟုတ်ပါဘူး။ မြေပျော့တွေအပေါ်မှာ ဧရာမအဆောက်အဦကြီးတွေ မှိုလိုပေါက်နေတော့ ဒီအဆောက် အဦကြီးတွေရဲ့ လေးလံတဲ့ဝန်ကို မြေပျော့ကြီးက မနိုင်တဲ့ဝန်ကို ထမ်းထားသလိုဖြစ်နေပါတယ်။ ဒီကြား ထဲ ရေထုကြီးက ထပ်ဝင်လာတော့ မြေထုက ပိုပြီးမနိုင်မနင်းဖြစ်လာပြီး၊ နဂိုကတည်းက ပင်လယ်ရေ မျက်နှာပြင်နဲ့ သိပ်မကွာလှတဲ့ ဘန်ကောက်မြေဒေသဟာ အဆောက်အဦးတွေဝန်နဲ့ ရေထု ရဲ့ ဝန်
 နှစ်ခုပေါင်းတော့ မြေထုကြီးဟာ မခံနိုင်တော့ဘဲ ပြိုကျပျက်ဆီးပြီး၊ ကမ္ဘာမြေထုရဲ့ အောက်ကိုလျှော ကျပျက်ဆီးပြီး နောက်ဆုံးတော့ ပင်လယ်ရေပြင်ရဲ့ အောက်ကို လုံးဝနှစ်မြုပ်သွားပါတော့တယ်။ အဲဒီအချိန်မှာ ထိုင်း(ယိုးဒယား)နိုင်ငံရဲ့ မြို့ တော် ဇ၀ါဒီမြို့ တော် ဘန်ကောက်မြို့ ဟာလည်း မြေမြိုခြင်း   ရေလွှမ်းခြင်းခံရပြီး ရာဇ၀င်ထဲမှာဘဲ ကျန်ရစ်ခဲ့တော့မှာပါ။
ဘယ်လိုဘဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေဆိုတာ ဘယ်အချိန်မှာ လာမလဲဆိုတာ လူသားတွေကို ကြိုတင်အကြောင်းကြားတာမဟုတ်ပါ။ ကမ္ဘာ့ပင်လယ်ရေတွေ မြင့်တင့်လာမှု၊ ထိုင်းနိုင်ငံရဲ့ နှစ်စဉ် ကြောက်ခမန်းလိလိ ရေကြီးမှုဖြစ်စဉ်တွေဟာ နိုင်ငံရဲ့ ပျက်သုန်းမှုကို ဦတည်နေပါတယ်။
 ၂။ နိုင်ငံရေးကြောင့် ပျက်သုန်းမည့် ထိုင်းနိုင်ငံ
 ထိုင်းနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးအကြောင်းကို ဒီဆောင်းပါးရဲ့ အပိုင်း(၂)မှာ တချို့ ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆက်လက်ပြီး ကျန်တဲ့ရှုထောင့်တချို့ ကို သုံးသပ်ကြည့်ရအောင်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ခွန်းယင်ရပ် လက်ထက်မှာ သူမရဲ့ အတိုက်အခံအင်အားစုတွေ(ရှပ်ဝါအုပ်စု အပါအ၀င်) ငြိမ်နေသလိုထင်နေရပါတယ်။ ဒါပေမဲ့ ပြာဖုံးတဲ့မီးခဲတွေဆိုတာ မမေ့သင့်ပါဘူး.။ ယင်ရပ် အစိုးရဘာလုပ်လုပ် သိပ်ပြီးမထောက်ပြသေးပါ။ ဒါပေမဲ့ သုံးသပ်သူတချို့ က ခွန်းယင်ရပ်အစိုးရနဲ့  သူမရဲ့ အကို ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ချင်န ၀ါထရာကို ကြိုးနည်းနည်း ရှည်ရှည်လှန်ထားပြီး အကွက်ပိုင်မှ တခါတည်းအပိုင်ကိုင်လိုက်မှာ ဖြစ်ပါတယ်။
 ခွန်းယင်ရပ်နဲ့ သူမရဲ့ အစိုးရကရော ဘာတွေလုပ်နေလဲ...နိုင်ငံစီးပွါးရေးဖွံ့ ဖြိုးတိုးတက်အောင် ၊စိတ်ဝမ်း ကွဲနေတဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လည်သင့်မြတ်အောင် အစွမ်းကုန်ကြိုးပမ်းတယ်လို့ ဆိုဘဲ။ ဒါပေမဲ့အပြော တခြားအလုပ်တခြား ဖြစ်နေပြန်ပါတယ်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မွမ်းမံဖြည့် စွက်တယ်လို့ ဆိုပြီး ပြည်ပြေးဝန်ကြီးချုပ် ထပ်စင်တယောက် ယခင်အစိုးရက ချမှတ်ထားတဲ့ထောင်ဒဏ် အပါအ၀င် ပြစ်ဒဏ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ရဖို့ ၊ ယခင်အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ ထပ်စင်ရဲ့ ငွေကြေးဓနတွေကို ပြန်လည်ရရှိဖို့ ၊ ထပ်စင်ပြည်ပြေးဘ၀ရောက်ပြီးနောက်ပိုင်း သူ့ ရဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံထားရာကနေ နိုင်ငံရေးပြန်လုပ်ခွင့်ရဖို့  စတာတွေဘဲ ဦးစားပေးလုပ်ဆောင်နေပါတယ်။ တဖက်မှာလည်း စစ်တပ်ကနေပြီးတော့ နောက်တခေါက် အာဏာသိမ်းမှု ထပ်မလုပ်နိုင်အောင်၊ တော်ဝင်မိသားစုကနေပြီး နိုင်ငံရေးကို ၀င်ရောက်မစွက်ဖက်နိုင်
 အောင်၊အတိုက်အခံအင်အားစုတွေ ခေါင်းမထောင်နိုင်အောင် စတာတွေကို ကြိတ်ပြီးကြံဆောင်နေ ပါတယ်။
 တကယ်တော့ ထိုင်းနိုင်ငံသားတွေဟာ ရှပ်နီနဲ့ ရှပ်ဝါအုပ်စုလို့ လူသိများတဲ့ ဆန့် ကျင်ဘက်အင်အားစုနှစ်စု 
လုံးဟာ ခေသူတွေတော့ တစုမှမဟုတ်ပါဘူး။ အဲဒီ မခေတဲ့အတွက်ကြောင့်မို့ လို့ နိုင်ငံရဲ့ ပျက်သုန်းခြင်းကို ဦးတည်နေတာပါ။ ထိုင်းနိုင်ငံရဲ့ အမျိုးသားရေးပြန်လည်သင့်မြတ်ဖို့ အတွက် လမ်းစတွေလုံးဝမမြင်သေးပါ။ တနေ့ မဟုတ်တနေ့ တော့ ပွဲကြီးပွဲကောင်းတွေ ပြန်နွှဲကြအုံးမယ်လို့  ကြိမ်းဝါးနေကြပါတယ်။ နှစ်ဖက်စလုံး က သက်ဆိုင်ရာအစိုးရတွေ ပေးထားတဲ့သင်ခန်းစာတွေ ကောင်းကောင်းရထားလေတော့ နောက်တခေါက်
ယခင်လိုမျိုး မခံရအောင် ဘက်ပေါင်းစုံကနေ အစွမ်းကုန် ပြင်ဆင်ထားကြပါတယ်။ ဒီတခေါက် တွေ့ ဆုံ
မဲ့ပွဲမှာ တဖက်ဖက်ကညံ့ရင်တော့ အဲဒီညံ့တဲ့ဘက်ဟာ ဆွေစဉ်မျိုးဆက်ခေါင်းမမော့နိုင်အောင် ဆုံးမခြင်း ခံရမှာသေချာတယ်။
ထိုင်းနိုင်ငံရေးနဲ့ တော်ဝင်မိသားစုရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်ရအောင်ပါ။ လက်ရှိထိုင်းဘုရင်မင်းမြတ် ဘူမိဘောဟာ ထိုင်းပြည်သူတွေက ဘုရင်တဆူအနေနှင့်တင်မကဘဲ ဘုရားတဆူပမာ ချစ်ခင်လေးစား၊ ယုံကြည်ကိုးစားကြပါတယ်။ နိုင်ငံရေးပြသနာတွေပေါ်တိုင်း ထိုင်းနိုင်ငံရေးသမားတွေက ဖြေရှင်းလို့ မရ တဲ့အဆုံး ဘုရင်မင်းမြတ်က ကြားကနေ နှစ်ဦးနှစ်ဘက် အဆင်ပြေဖို့ ကြားဝင်ဖြန်ဖြေပေးလေ့ရှိတယ် လို့ ဆိုပါတယ်။ ပြည်ပြေးဝန်ကြီးချုပ် ထပ်စင်၊ အာဏာသိမ်းခံရတဲ့နောက်ပိုင်း၊ ရှပ်နီအုပ်စုတွေ နှိပ်ကွပ်ခံ ရတဲ့နောက်ပိုင်းမှာတော့ ဘုရင်စနစ်ကို ကန့် ကွက်ဝေဖန်၊ပုတ်ခတ်တဲ့အသံတွေ တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။ ဘုရင်စနစ်ကိုပုတ်ခတ်တဲ့ ၀ပ်ဆိုဒ်တွေလည်း ဘုရင်သစ္စာခံတပ်တွေ လိုက်ပိတ် လို့ မနိုင်အောင် ပလူပျံနေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ နကိုယ်စိတ်ရင်းက ဘုရင်ကို ချစ်ခင်လေးစားပြီး သားဖြစ်တယ်။ ဒါပေမဲ့ ပြည်ပြေးထပ်စင်ရဲ့ စနက်ကြောင့်သါ ဘုရင်စနစ်ကို ဝေဖန်ပုတ်ခတ် တာ၊ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားတာတွေ ပိုလို့ ...ပိုလို့ ကျယ်ပြန့် လာတာဖြစ်ပါတယ်။
 လက်ရှိဘုရင်မှာလည်း အသက်တွေကြီးလာတာနဲ့ အမျှ ကျန်းမာရေးလည်းအလွန်ချူချာလာပြီးဖြစ်ပါတယ်။ တိုင်းပြည်အေးချမ်းအောင် အစဉ်ထိန်းသိမ်းလာတဲ့ ရှင်ဘုရင်တပါး ``ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ ရင်ဖြင့်.` `..လို့ ဆိုတဲ့ စိုးရိမ်စိတ်၊စိုးရိမ်တဲ့ အတွေးတွေကလည်း ထိုင်းလူမျိုးတွေရဲ့ ဦးနှောက် ၊ နှလုံးသားမှာ နေရာ ယူလာပါတယ်။ ဘုရင်ကြီးပျံလွန်တော်မူရင် ကျန်ရစ်တဲ့ မိဖုရား၊သမီးတော် သားတော်တွေက နိုင်ငံရဲ့ ငြိမ်း ချမ်းရေးကို ဆက်ထိန်းနိုင်မလား။ ဘုရင်စနစ်ကို ဝေဖန်တဲ့ဝပ်ဆိုဒ်ထဲက ဆိုရင်တော့ ဘုရင့်သားတော် ကလည်း တိုင်းပြည်မှာရှိတဲ့ အချောအလှတွေနဲ့  မပါတ်သက်ဖူးတာမရှိသလောက်ဘဲဆိုတော့ တိုင်းပြည်ငြိမ်းချမ်းမှုကို စွမ်းဆောင်နိုင်ပါမလားဆိုတာ တွေးစရာပါ။
        ကရင့်အလှဘုရင်မလေး မုယင်ဖဲ တိုက်ထားတဲ့ကျိန်စာနဲ့ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အနေ အထားမှာ  `` မိမိပြုခဲ့သော အကုသိုလ်ကံဟာ ဘယ်ကုသိုလ်တရားမှမကယ်ယူနိုင်သလို ဘုရားလည်း မကယ်နိုင်ပါ``ဆိုတဲ့တရားသဘောအတိုင်း ထိုင်းလူမျိုးတွေ အကုသိုလ်အကျိုးပေးဖို့ အချိန်ရောက်လာပြီး၊ အလှည့်ကျရောက်လာပြီးဆိုရင်တော့ အလှည့်ကျမနွှဲ့ စတမ်း။ ကိုယ့်အကုသိုလ်ကံနဲ့ ကိုယ်ဘဲပေါ့။
မန်းဒဲ့ ဒိုး
19/05/2012.
www.karentimes.blogspot.com
Saturday 12 May 2012
မုယယ်ဖဲရာဇ၀င်နှင့် ပုလင်းတူဗူးစွပ် ထိုင်းနဲ့ ဗမာ
 အပိုင်း(၂)
မန်းဒဲ့ဒိုး
Karentimes. 12/05/2012.
ဗိုလ်ချုပ်စောလားပွယ်ကို ဘယ်သူက ဘာကြောင့်ဖမ်းခိုင်းသလဲ?
 ဒီအချက်မှာ...ယခုလက်ရှိဗိုလ်ချုပ်စောလားပွယ်ကို တရားဝင်လူသိရှင်ကြား ဖမ်းဝရမ်းထုတ်ခိုင်းတဲ့သူက ထိုင်းနိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ်ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဖွဲ့ စည်းပုံအရဆိုရင် ဒုတိယ၀န်ကြီးချုပ်ရဲ့  အပေါ်မှာ ၀န်ကြီးချုပ်ဘဲရှိတော့တာပေါ့။ ဒါဆို လက်ရှိထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် အမျိုးသမီးခွန်းယင်ရပ်ရဲ့  ဘက်ဂလောင်းကို နည်းနည်းပြန်ကြည့်ရအောင်ပါ။ နိုင်ငံရေးလောကထဲကို လသားသမီးလောက်သာ ၀င်ရောက်ပြီးတော့ တန်းပြီးဝန်ကြီးချုပ်ဖြစ်လာသူ။ နိုင်ငံရေးအတွေ့ အကြုံရော ဘယ်လောက်ထိရှိမှာမို့ လဲ၊ သတင်းထောက်တွေ တခါတလေသါမန် ထမင်းစားရေသောက်မေးခွန်းတွေမေးတာတောင်မှ အင်းအဲ.... ...အင်းအဲ နဲ့ ဒီမေးခွန်းကို နောက်ဘယ်လောက်လောက်ကြာမှ ဖြေပါရစေ လို့ ဟိုဆင်ခြေ...ဒီဆင်လက် ပေး တတ်ပါတယ်။ တိုင်းရေးပြည်ရာနဲ့ ပါတ်သက်တဲ့သတင်းထောက်တွေရဲ့  မေးမြန်းချက်တွေ မဖြေတတ်တာ လား ဖြေပိုင်ခွင့်ဘဲမရှိတာဘဲလား...ဗမာစစ်အစိုးရ ၀န်ကြီး..၀န်လေးတွေနဲ့ ခပ်ဆင်ဆင်ပါဘဲ။။
 လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်ထင်ရှားပြီး၊ လူပြိန်းတွေတောင်သိထားတဲ့အချက်ကတော့ ထိုင်းဝန်ကြီးချုပ် ခွန်းယင်ရပ်ရဲ့ နောက်ကွယ်မှာ သူမရဲ့ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း ပြည်ပြေး ထပ်စင်ချင်န၀ါထါ ပါဘဲ။ သူ့ ရဲ့ နောက်ခံတချို့ ကို ပြန်ကြည့်ရအောင် ...သူဟာ နိုင်ငံရေးသမား မျိုးရိုးထဲက လာတာမဟုတ်သလို တော်ဝင်မိသားစုရဲ့  မူးကြီးမတ်ရာမျိုးရိုးထဲက လာသူမဟုတ်ပါဘူး။သာမန် လက်လုပ် လက်စား မျိုးရိုးတွေထဲကပါ။အစိုးရအမှုထမ်းကို ရဲမှူးကြီးအဆင့်ထိသာ တာဝန်ထမ်းဆောင်ခဲ့ဘူးပါ တယ်။ ငွေကြေးစီးပွါးရေးနဲ့ ပါတ်သက်လာရင် ဘာမဆိုလုပ်တဲ့သူတဦးဖြစ်ပါတယ်။ သူ့ ရဲ့ လက်ရဲဆက်ရဲ့  လုပ်ဆောင်ချက်ကြောင့် တနေ့ တခြားဆိုသလို လျှင်မြန်စွာ ကြီးပွါးတိုးတက်လာပါတယ်။ ထပ်ရှင် ဟာ ငွေကြေးအရ ကြီးပွါးချမ်းသာပေမဲ့ ဘ၀ကို ကျေနပ်အားရမှုမရှိဘဲ အာဏာပါဝါတွေပါ ခံစားစံစားခွင့် ရလာအောင် နိုင်ငံရေးလောကထဲကို ခြေဆန့် လာခဲ့ပါတယ်။ ၀င်ခါစတုံးက ဖပ်ဖလံထန်ပါတီထဲက သာမန်နိုင်ငံရေးသမားတယောက် လောက်ပါဘဲ။
                                                  တရာခံအစစ် ဘယ်သူလဲ?
                            သူ့ ရဲ့ ချမ်းသာမှု ငွေကြေးဓနအင်အားနဲ့ ထက်မြက်တဲ့ ကလိမ်ကကျစ်အရည်အ ချင်းတွေကြောင့် နောက်ဆုံးတော့ ကိုယ်ပိုင်ပါတီထောင်၊ ကိုယ်တိုင်ပါတီခေါင်းဆောင်လုပ်၊ ထိုင်းနိုင်ငံ ရဲ့ ဝန်ကြီးချုပ်ရာထူးအဆင့်ထိရလာတယ်ဆိုပါတော့။ ၀န်ကြီးချုပ်တယောက်ဖြစ်လာတော့ သူရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို ရာနှုန်းပြည့်ကျော်လွန်ပြီးအသုံးချလာပါတော့တယ်။ သူ့ ရဲ့ ပြိုင်ဘက်နိုင်ငံရေး အင်အားစု၊ ပြိုင်ဘက်စီးပွါးရေးသမားတွေကို အပေါ်စီးကနေ အမြဲတမ်းလက်ဦးမှုယူပြီး အလှဲထိုးအနိုင်ယူ ခဲ့တယ်။ နိုင်ငံရေးလောကထဲ ၀င်ရောက်ခါစက သူ့ ရဲ့ နိုင်ငံရေးသမား..ဆရာသမားတွေကိုတောင် အကြွေး ထားတဲ့သူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သူရဲ့ ကြမ်းတမ်းတဲ့ကိုင်တွယ် မှုတွေကြောင့် တောင်ပိုင်း သားရော အစိုးရ၀န်ထမ်းတွေ ထောင်ပေါင်းများစွား အသက်ဆုံးရှုံးရတယ်။ သူ့ လုပ်ရပ်ရဲ့ အကျိုး ဆက်ကြောင့် ယခုထက်ထိ တောင်ပိုင်းဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ဘတပြန်ကျားတပြန် သတ်ဖြတ်မှုတွေ တိုးပွါးနေဆဲပါ။
 နိုင်ငံရေးလောကမှာ ပြန်ကြည့်ရအောင်ပါ။ သူ့ ပါတီအာဏာရစဉ် ၊ အတိုက်အခံပါတီ၊ နိုင်ငံရေးသမားတွေ၊ သူပါတီကိုမထောက်ခံတဲ့ သာမန်နိုင်ငံသားကအစ ခေါင်းမထောင်နိုင်အောင်၊ အမြဲတမ်းကြံစည်အား ထုတ်နေပါတယ်။ မိမိအာဏာရလာအောင် အခြားပါတီက လွတ်တော်ကိုယ်စားလှယ်တွေ ကို ရောင်း ကုန်ပစ္စည်းသဖွယ် သဘောထားပြီး မက်လုံးတွေပေးပြီးတော့ဝယ်တယ်(လက်ရှိသူ့ ညီမလက်ထက်မှာလဲ ၀ယ်နေတုန်း)။ မဲတွေကိုလဲဝယ်တယ်။ ခံယူချက်ခိုင်မာတဲ့ အခြားပါတီကလွတ်တော်ကိုယ်စား လှယ်တွေ ၊နိုင်ငံရေးသမားတွေကိုတော့ ဥပဒေအမျိုးမျိုးထုတ်၊ ထောင်ချောက်အမျိုးအမျိုးဆင်ပြီး နှိပ်ကွပ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အကြောင်းပြပြီး သူ့ ရဲ့ အာဏာရစဉ်ကါလမှာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံရပြီး သိန်းဂဏန်းနဲ့ ချီတဲ့လူတွေ ယခုထက်ထိ ထောင်နန်းစံနေရတုန်းပါဘဲ။
 ထပ်စင်ချင်န၀ါထါဟာ ဆည်းစိမ်ချမ်းသာမှု မှာ ပြိုင်ဘက်မရှိ၊နိုင်ငံရေးလောကမှာ ပြိုင်ဘက်မရှိဖြစ်နေ တာတောင် သူ့ ကိုယ်သူ ကျေနပ်အားရမှု မရှိသေးပါဘူး။နိုင်ငံရေးလောကမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်  ဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ အနေအထားက တော်ဝင်ဘုရင်ရှိနေသေးတော့ သူဟာ အကြီးဆုံး ပုဂ္ဂိုလ်လို့ မခံယူချင်သေးပါဘူး။တချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်နဲ့  အကြံကြီး ဆင်ကြံ ကြံလာ ပါတော့တယ်။တော်ဝင်မိသားစုတွေနဲ့ ဆွေမျိုးတော်စပ်အောင်လုပ်ပြီး အားလုံးကို ချုပ်ကိုင်နိုင်အောင် လုပ်မယ်ဆိုတဲ့အထိ သတင်းတွေထွက်နေပါတယ်။ အရင်ဆုံးဘုရင့်သားကို လက်ဆောင်ပဏ္ဏာတွေ များများဆက်သ၊ ခင်မင်ရင်းနှီးအောင်လုပ် ၊ နောက်တော့ ၎င်းဘုရင့်သားရဲ့ သမီး(ဘုရင့်မြေးမ) နဲ့ သူ့ သားကို လက်ပေးဆက်မယ်။ပြီးတော့ တော်ဝင်အသိုင်းအ၀ိုင်းကိုချုပ်ကိုင်မယ်။ သူ့ ရဲ့ အတိုက်အခံ အင်အားစုတွေကလည်း ဘုရင်ကို ချစ်ခင်လေးစား ရိုသေကိုင်းရှိုင်းတဲ့ လူတွေဆိုတော့ တခါတည်း ချည်ပြီးသား တုပ်ပြီးသားဖြစ်သွားမယ်။ သူ့ ရဲ့ ခြေလှမ်းတွေ မူမမှန်တော့တဲ့နောက်ဆုံး စစ်တပ်က အာဏာသိမ်းတဲ့အဆင့်ထိရောက်သွားတယ် ဆိုပါတော့။
......................................................
 ထပ်စင်ဟာ ပြည်ပြေးဝန်ကြီးချုပ်တယောက်ဖြစ်ပေမဲ့ သူ့ ရဲ့ ဂြိုလ်မွှေတဲ့ အရှိန်ကတော့ လျော့မသွားပါဘူး။ သူ့ ရဲ့ အတိုက်အခံပါတီအင်အားစုတွေ အာဏာရလာတဲ့အချိန်မှာ သွယ်ဝိုက်ပြီးတဖုံ ပေါ်တင်တမျိုး နိုင်ငံ ဆူပူလာအောင် အမျိုးမျိုးသွေးထိုးလှုပ်ဆော်ပါတော့တယ်။ ပြည်တွင်းရေးသာမက ပြည်ပအန္တရာယ် ၊ပြသနာတွေပါ မီးမွေးပေးလိုက်ပါတယ်။ထိုင်း...ကန္ဘောဒီးယား နယ်စပ်ပြသနာရဲ့ အဓိက ဇာတ်ညွှန်းရေး သူဟာ သူပါဘဲ။ ယခု..သူညီမပါတီအာဏာရတဲ့အချိန်မှာ အရင်က ထိုင်းကို တိုက်မယ်ခိုက်မယ် တကဲ ကဲနဲ့ လက်ခမောင်းခတ်တဲ့ ကန္ဘောဒီယားဝန်ကြီးချုပ်လည်း အခုတော့ ထပ်စင်ပေးကမ်းထားတာတွေ နဲ့ မျိုစို့ လို့ နားရွက်တောင် မလှုပ်တော့ပါဘူး။
                                         ဘာသာရေးအရေခြုံ လက်မနှေးသတ်ရှင်(သို့ )ပြည်ပြေး ထပ်စင် ချင်န၀ါထါ
                                                            သူလည်း မဟာဗမာ စစ်ဗိုလ်ချုပ်စတိုင်လိုဘဲ
တကယ်တော့ ထပ်စင်ဟာ ထိုင်းနိုင်ငံအတွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လော၊မြန်မာ ၊ကန္ဘောဒီယား စတဲ့နိုင်ငံတွေမှာ စီးပွါးရေးအင်ပါယာချဲ့ ထွင်ပြီး လက်ဝါးကြီးအုပ်ချုပ်ကိုင်နိုင်အောင် အရင့်အရင်ကတည်းက ကြံစည်လုပ်ဆောင်ပြီးသားပါ။ ဗမာစစ်ဗိုလ်ချုပ်တွေကို ငွေအမြောက်အများ ထုတ်ချေးပေးတဲ့ အရှုပ်အရှင်းဇာတ်လမ်းက အဓိကသက်သေခံနေပါတယ်။ မကြာသေးခင်တုန်းကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရောက်လေ့လာတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ဒါဟာ ထပ်စင်နဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက ဘာတွေပူးပေါင်းကြံစည်လုပ်ဆောင်နေတယ်ဆိုတာ သက်သေပြနေပါတယ်။
.....................................
 ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာလက်ရှိအာဏာရအစိုးရဟာ ကိုယ်ကျိုးကိုသာကြည့်တဲ့သူတွေ၊ ကွန်မြူ
နစ်တွေ နဲ့ ဖွဲ့ စည်းထားပြီး လုပ်ဆောင်ချက်တွေဟာလည်း ထပ်စင်က အနောက်ကနေ ကြိုးကိုင်ပေးနေပါတယ်။ အိမ်နီးခြင်းနိုင်ငံကို ဂုတ်သွေးစုပ်တဲ့အရသာ ၊ စီးပွါးရေးလောဘရမ္မက်ဇော ဒီဂရီအမြင့်ဆုံးတက်တဲ့ အချိန်လည်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံလိုမျိုး သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဟာ အရသာအတွေ့ ဆုံးဖြစ်တယ်။ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ ခရီးအကွာအဝေးကအစ ပို့ ကုန်၊ သွင်းကုန်တွေကိစ္စ အစစအရာရာအဆင်ပြေတဲ့ ဒီမြ၀တီ..မဲဆောက်လမ်းဟာ ထိုင်းနဲ့ မြန်မာ နှစ်ဖက်စလုံး ကအစိုးရတွေ အခြားလမ်းတွေထက် သည်းခြေကြိုက်ဖြစ်နေပါတယ်။
 မြ၀တီ..မဲဆောက်ကုန်သွယ်ရေးလမ်းနောက်ဆုံးအကြိမ်ပိတ်တုန်းက မြန်မာစစ်အစိုးရက ရန်ဆောင်ပြီး ပိတ်တာဖြစ်တယ်။ ဒါလည်း ပြည်ပြေးထပ်စင်ရဲ့ စနက်နဲ့ မကင်းဘူးလို့ အချို့ တွေက သုံးသပ်ကြတယ်။ သူ့ ညီမ၀န်ကြီးချုပ်ဖြစ်လာတဲ့အချိန်၊ မြန်မာပြည်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်မှာ နှစ်ဖက်အစိုး ရတွေ ရွေလမ်းငွေလမ်းဖေါက်ပြီး အားရပါးရကုန်သွယ်ကြမယ်လို့  ရည်မှန်းထားတယ်။ ဒါပေမဲ့ မြန်မာရွေးကောက်ပွဲကျင်းပတဲ့နေ့ မှာဘဲ ဗိုလ်ချုပ်စောလားပွယ်က ထချလိုက်တော့ နှစ်ဖက်အစိုးရ အကြီးအကျယ် ခေါင်းခဲရတယ်။ ဗိုလ်မှူးစောလားပွယ်အုပ်စုကို ဗမာစစ်အစိုးရက အကြမ်းဖက်နည်းနဲ့  အမြစ်ပြတ်ချေမှုန်းဖို့ ရေကုန်ရေခန်း ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နန်းထွက် မကိုက်တော့ နောက်ဆုံး အလျှော့ပေးလိုက်ရတယ်။ဒါပေမဲ့ ကြောက်လို့ အလျှော့ပေးတာမဟုတ်၊ ဗိုလ်ချုပ်စောလားပွယ်ရဲ့ နောက်ကို ပြည်တွင်းရောပြည်ပက အင်အားစုတွေကပါ ပါလာတော့ ဗမာစစ်ခွေးတွေ ရှိန်သွားတဲ့ပုံရပါတယ်။ဒါပေမဲ့ ဒီတနည်းနဲ့ ဖြိုလို့ မရရင် နောက်တနည်းပေါ့။ အကြမ်းမရရင် အချော။ ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်တာလည်း ဗမာစစ်အာဏာရှင်တို့ အတွက် မရိုးနိုင်တဲ့ပရိယာယ်၊ အရသာကောင်းတဲ့ဟင်းတခွက်မဟုတ်လား။
 ဒါနဲ့  မဟာဗမာစစ်အုပ်စုက ဒီကေဘီအေ ဗိုလ်မှူးစောလားပွယ်အဖွဲ့ နဲ့ အပစ်အခတ်ရပ်စဲရေး ခေါ်တယ် ။ သဘောတူလက်မှတ်မထိုးရသေးဘူး။ မြ၀တီ..မဲဆောက်တံတားဖွင့်ဖို့ တာဆူနေတယ်။အောက်ထား
တာကြာပြီး၊ ဖွင့်ချင်တာလည်းကြာပြီးလေ ၊ ဗိုလ်ချုပ်စောလားပွယ်က သူတို့ နှစ်နိုင်ငံအစိုးရအတွက် ဆူးငြှောက်လို့ ရှုမြင်ကြတယ်။နောက်ဆုံးတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ပြီးဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA အဖွဲ့ ကို မဖြစ်စလောက်သော လုပ်ကွက်တွေပေးထားတယ်။ စေတနာရှိ လို့ ပေး
တာ မဟုတ် သူတို့ ကို အန္တရယ်ပြုနိုင်တဲ့အတွက်ကြောင့်မို့ ပါ။ သိပ်မကြာမှာဘဲ သွေးတိုးစမ်းလိုက်ပါသေး တယ်။ နယ်ခြားစောင့်တပ်တွေကို ဗိုလ်ချုပ်စောလားပွယ်ရဲ့ အဖွဲ့ လက်နက်တွေကို သိမ်းခိုင်းလိုက်တယ်။ ဗိုလ်ချုပ်စောလားပွယ်တို့ အဖွဲ့ ဘက်ကလည်းမဆိုင်းမတွဘဲ ကြောက်မွေးတချောင်းမှမရှိ၊ ကြောက်သွေး
တစက်မှမပါ။ ``ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲတာကို ပယ်ဖျက်တယ်``။ ဒါလည်းသိပ်မကြာလိုက်ဘူး ။ကောက်ကျစ်ယုတ်မာတဲ့ ဗမာစစ်အစိုးရတွေ သူတို့ မွေးတဲ့မီး၊ သူတို့ ဘဲပြန်ငြိမ်းရတာပေါ့။ သူတို့ ရဲ့ အမြင်မှာ ကရင်အချင်းချင်း ပြသနာဖြစ်တာကို သူတို့ က ပြန်ဖြန်ဖြေပေးတယ်။ ဒါကတော့ သူတို့ အာရုံနဲ့ သူတို့ ။ အပြင်လူအနေနဲ့ မြင်တာကျတော့ မဟာဗမာတွေရဲ့ အပ်ကြောင်းထပ်တဲ့ ဥဏ်နီဥာဏ်နက် ၊ ရိုးအီနေပြီ။
 အခုတော့ ဗမာစစ်အစိုးရက ကရင်အမျိုးသားအဖွဲ့ အစည်းကြီး ကေအင်န်ယူကို အပစ်ရပ်ဆဲရေး ပဏာမသဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ပြီး။ကျောသပ်လို့ ရတဲ့အနေအထားမှာ ရှိတယ်လို့  မဟာဗမာတွေ တွက်ယူတယ်။ အရင်တုန်းက ဒီကေဘီအေရဲ့ နောက်မှာ ကေအင်န်ယူရှိတယ်။ အရေးကြီးရင်သွေးနီးတတ်တဲ့ကရင်တွေကို မဟာဗမာတွေ အသေကြောက်တယ်။ကေအင်န်ယူကို အပစ်ရပ်ပြီး ဒီကေဘီအေကို ပြန်ဖြိုတဲ့နေရာမှာ အရင်နည်းလမ်းအတိုင်း အကြမ်းဖက်နှိမ်နှင်းတဲ့ နည်းကို ဆက်သုံးရင် အခြားကရင်လက်နက်ကိုင်အုပ်စုတွေ၊ပြည်သူတွေ အချိန်မရွေး ၀င်ရောက်ပူးပေါင်းသွားမှာကို မလိုလားတော့။ ရွေးကောက်ပွဲနေ့ တော်လှန်တိုက်ခိုက်မှုတုန်းက မြန်မာရော ကမ္ဘာကပါ ဒီကေဘီအေဘက်ကနေ ၀င်ရောက်အားပေးတာကို မဟာဗမာတွေအတွက် မဟာ့သင်ခန်းစာကြီး။
 တချက်ခုတ် နှစ်ချက်ပြတ်တဲ့ ထိုင်းနဲ့ ဗမာ အောင်သေအောင်သားစားမယ့်အကြံ
                                                                       ဒီကေဘီအေအများစု နယ်ခြားစောင့်တပ်လက်ခံတုန်းက ဗိုလ်ချုပ်စောလားပွယ်နဲ့ အဖွဲ့ လက်မခံတာကို မဟာဗမာစစ်အုပ်စုက ဗိုလ်ချုပ်ကို ကါးပါမစ်၊ ရာထူးရာ ခံတွေနဲ့ မြူစွယ်သေးတယ်။ဒါပေမဲ့မရဘူး၊အကြမ်းဖက်နှိမ်နှင်းတယ် မနိုင်ဘူး။ဒီတော့ ဗိုလ်ချုပ်စောလားပွယ် ဟာ မျိုးချစ်စိတ်ဓါတ်အမှန်အကန်၊ အမှန်တရားဘက်ကရပ်တည်သူဆိုတာ သူတို့ သိသွားတယ်။ နောက် တခေါက်ထပ်ချရင် ဗိုလ်ချုပ်ဘက်က လူအများပါဝင်ထောက်ခံလာအုံးမှာဘဲ။ ဆက်ပြီးလွတ်ထားရင်လည်း သူတို့ ကို တနေ့ မဟုတ်တနေ့ ဒုက္ခတွေပေးနေအုံးမှာဘဲလို့ မှတ်ယူတယ်။
 ဒါကြောင့် ကိုယ့်ဘက်ကလည်း အရင်းအနီးများများမစိုက်ရ၊ နာမည်ကောင်းလည်းရတဲ့နည်းကို ရှာတယ်။ အရင်တုန်းက ဗိုလ်ချုပ်စောလားပွယ်ကို ပါဝင်ထောက်ခံခဲ့တဲ့သူတွေ မပါဝင်ပါတ်သက်ရဲအောင် ဒီလိုမျိုး မူးယစ်ဆေးဝါးအမှုနဲ့  နှစ်နိုင်ငံအကျိုးတူ အစိုးရတွေ ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်။ ဒီလိုမျိုး ကလိမ် ကကျစ်ပူးပေါင်းကြံစည်ခြင်းအားဖြင့် နိုင်ငံတကါရဲ့ မျက်နှာစာမှာ မျက်နှာပန်းလှမယ်၊ နိုင်ငံတကါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ထံမှာ ဒေါ်လာတွေသန်းလိုက် ကုဋေလိုက် လက်ဝါးဖြန့် တောင်းယူလို့  ရတယ်။(ဒီလိုမျိုးလုပ်စားလာခဲ့တာကြာပါပြီး ယခုထိပါ) တဖက်မှာလည်း ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ဆေးဝါးအမှုနဲ့ သက်သေအထာက်အထားခိုင်လုံစွာ လက်ရဖမ်းဆီးနိုင်တယ်ဆိုရင် သူတို့ ကို အန္တရယ်ပေးတဲ့သူမရှိတော့ဘဲ ပြည်သူ့ မျက်နှာမကြည့်ဘဲ နှစ်နိုင်ငံအစိုးရတွေ ကိုယ်ကျိုးအတွက် ရှောရှော ရူရူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
 ဗိုလ်ချုပ်စောလားပွယ်ဘက်က မူးယစ်ဆေးဝါးကင်းရှင်းကြောင်း ခိုင်လုံစွာအကြောင်းပြနိုင်ရင်လည်း ဒီကိုယ်ကျိုးရှာနှစ်ဖက်နိုင်ငံက အစိုးရတွေ အကျိုးအမြတ်ရတာပါဘဲ။ ဆိုလိုတာက နိုင်ငံတကါက သံသယ ရှိတဲ့ ဒီလိုထိုင်းနဲ့ မြန်မာနယ်စပ်တွေမှာ မူးယစ်ဆေးဝါးကင်းစင်ကြောင်း ပြသနိုင်တယ်ဆိုတာပါဘဲ။ အမှန် စင်စစ် အရှေ့ တောင်အာရှမူးယစ်ဆေးဝါးကိစ္စတို့ လူကုန်ကူးမှုတွေမှာ သက်ဆိုင်ရာနိုင်ငံတို့ ရဲ့ အာဏာပိုင် များကသာ အဓိကလုပ်ဆောင်နေတာသာဖြစ်ပါတယ်။
 ကရင်အပါအ၀င် အခြားလက်နက်ကိုင်အင်အားစုများအတွက် သင်ခန်းစာ
                                                                                    ဗိုလ်ချုပ်စောလားပွယ်ကိစ္စမှာ ကရင်အပါအ၀င် မဟာဗမာစစ်အုပ်စုတွေကို တော်လှန်တိုက်ခိုက်နေတဲ့ အခြားလက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ သင်ခန်းစာအသစ်ကြီးတခုထပ်တိုးလာတယ်လို့ ပြောရမှာပါ။ ကိုယ့်လက်နက် ကိုယ့်လက်ထဲမှာ ရှိတာတောင် မဟာဗမာတွေက ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းပေါင်းစုံသုံးပြီး ကိုယ့်ဘ၀၊ ကိုယ့်အမျိုး သားတွေ ပျက်သုန်းအောင် လုပ်ဆောင်နေတယ်။ လက်နက်ကိုင်လမ်းစဉ်စွန့် ပြီး လွတ်တော်ထဲမှာ အမျိုးသား အရေးအတွက် မိမိအတွက် အရေးသွားဆိုဖို့ ဆိုတာက အိပ်မက်မျှသာဖြစ်ပါတယ်။ ကရင် လူမျိုးတွေရဲ့ အနေအထားနဲ့ ပြောရမယ်ဆိုရင် ယခုအချိန် အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့ ကေအင်န်ယူက လုံးဝအပစ်အခတ်ရပ်စဲလိုက်ပြီးဆိုရင် ယခုလက်ရှိ နယ်ခြားစောင့်တပ်တွေ ပြည်သူ့ စစ်တွေ၊ ငြိမ်းတွေဟာ ရာဇ၀င်ထဲမှာ ထားပစ်ခြင်းခံရတော့မှာပါ။ ကိုယ့်လက်ထဲမှာ လက်နက်မရှိတော့တဲ့အချိန်မှာ အရင်ကိုယ် လက်နက်ရှိတုန်းက ရှာထားတဲ့ပစ္စည်းဥစ္စာတွေ၊ လုပ်ထားတဲ့အလုပ်တွေ ကိုယ့်ကိုအကျိုးပေးတော့မှာပါ။ ကိုယ်လုပ်ထားတဲ့အလုပ်တွေ ကိုယ်က ပေါ့ပေါ့တန်တန်နဲ့ အချိန်တွေ ကျော်ဖြတ်လာခဲ့ပေမဲ့  ကောက်ကျစ် ယုတ်မာတဲ့ ဗမာစစ်အုပ်စုဟာ ကိုယ်ဘယ်လိုကြီးပွါးချမ်းသာလာတယ်၊ ဘယ်နေ့ ဘယ်ရက်မှာ ကိုယ်ဘာတွေလုပ်ထားလဲဆိုတာ သူတို့ ဆီမှာမှတ်တမ်းမှတ်ရာ အပြည့်ရှိပါတယ်။ ဥပဒေလည်း သူတို့ ပါးစပ်ဖျားမှာဘဲရှိပါတယ်။ ဗမာစစ်အာဏာရှင်အချင်းချင်းတွေတောင်မှ လက်ဦးမှုရရင်ရသလို အနိုင်ပိုင်းကြသေးတယ်။ (ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါတို့ ရဲ့ အဖြစ်ကို သတိရပါ။) လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေကို သူတို့ ဗမာအချင်းချင်းတွေထက် အဆပေါင်းများစွာ အငြိုးကြီး တေးထားတယ်ဆိုတာ အမြဲတမ်းသတိရပါ။ ဗိုလ်ချုပ်စောလားပွယ်ကိစ္စမှာ ငါတို့ နဲ့ မဆိုင်ဘူး ငါတို့ ဘေးထွက်ထိုင်တာ ရန်ကင်းတယ်လို့  မစဉ်စားလိုက်ပါနဲ့  ဗမာစစ်ခွေးတွေရဲ့ ယုတ်မာမှုကြောင့် ကိုယ့်အလှည့်လည်း တနေ့ ရောက်လာမယ်ဆိုတာ ကြိုတွေးထားပါ။
                                                                         မိုးပေါ်ကျရွှေကိုယ် ထိုင်းလက်ရှိဝန်ကြီးချုပ်
 သားကောင်အိပ်ပျော်ပေမဲ့ မြေခွေးက အိပ်မပျော်ဘူး ဆိုတဲ့ ဆိုရိုးစကားတခုရှိပါတယ်။ မြေခွေးဆိုတဲ့ သဘာဝဟာ ကောက်ကျစ်ယုတ်မာမှုတွေကို အမြဲတမ်းကြံဆောင်နေမယ်၊ လုပ်ဆောင်နေမယ်။ ဒီတော့ ကိုယ်ဟာ သားကောင်လား မြေခွေးလား ဒါမှမဟုတ် ကေသရာခြင်္သေ့လား ခံယူထားဖို့ လိုမယ်။
ဗိုလ်ချုပ်စောလားပွယ် ကျိန်စာသင့်တဲ့လူမျိုးတွေဆီမှာ အညံ့ခံစရာမလို
 ဒီတော့ရာဇ၀င်အရ မဟာဗမာစစ်ခွေးတွေ ငယ်နိုင်ထားတဲ့တိုင်းပြည်၊  ပြည့်တန်ဆာတိုင်းပြည်လို့  ရာဇ၀င်တွင်ထားတဲ့ တိုင်းပြည် တပြည်က ၊ ကမ္ဘာပေါ်မှာ ရာဇ၀င်နဲ့ တွင်ပြီး ကောက်ကျစ်ယုတ်မာဆုံး၊ ရက်ဆက်ကြမ်းကြုတ်ဆုံး မဟာဗမာ မုဒိမ်းကျင့်စစ်ခွေးခေါင်းဆောင်တွေဆီမှာ ရာဇ၀တ်သား အသမုတ်ခံတယောက်ကို တောင်းခံတာဟာ သဘာဝကျရဲ့ လား၊ ဖြစ်နိုင်ခြေရှိရဲ့ လား။ ဒီလုပ်ရပ် ဟာ နိုင်ငံရေး လုပ်ကြံ မှုကြီးဖြစ်တယ်။ နှစ်နိုင်ငံအစိုးရ ကိုယ်ကျိုးကြည့် ခွေးကျင့်ခွေးကြံ ၀ိုင်းဝန်းကြံစည် တဲ့လုပ်ရပ်သာဖြစ် တယ်။ နူနာနဲ့ ဝဲစားတွေဘဲ။အမှန်စင်စစ် ဒီလူမျိုးနှစ်မျိုးစလုံးဟာ ရဇ၀င်သမိုင်း အရ ခေတ်အဆက်ဆက် နဲ့ ချီပြီးကောက်ကျစ်ယုတ်မာခဲ့လို့ သူတို့ တိုင်းပြည်နဲ့ ရှိလာတာပါ။ နှလုံးရည် လက်ရုံးရည်နဲ့ တိုင်းပြည်ထူထောင်လာတာမဟုတ်။ အခြားရာဇ၀င်ထဲက ပဒေသရာဇ်ခေတ်အဆက် ဆက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်တိုင်းပြည်နဲ့ နေလာခဲ့တဲ့၊ ယနေ့ တိုင်းရင်းသားလူမျိုးတွေ လို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ လူမျိုးတွေဟာ သူတို့ လိုမျိုး မကောက်ကျစ်ယုတ်မာခဲ့လို့  ယနေ့ ကိုယ်ပိုင် တိုင်းပြည်မရှိတာပါ။
ဤမှန်ကန်သောသစ္စာတရားကြောင့် ကရင်လူမျိုး၊ ကရင့်ဘိုးဘွားပိုင်နယ်မြေတွေကို လာရောက် ကျူးကျော်ရန်စတဲ့သူ မှန်သမျှ လုံးဝကျဆုံးစေရမယ်။ ရာဇ၀င်ထဲက မုယယ်ဖဲဟာ ယိုးဒယားနိုင်ငံကောင်း စားဖို့ သွေးမြေကျခံပြီး ပေးဆပ်လိုက်ရတယ်။ ယနေ့ ခေတ်မှာ ဗိုလ်ချုပ်ဟာ ကောက်ကျစ်ယုတ်မာတဲ့ သူရဲ ဘောကြောင် မဟာဗမာဝါဒီစစ်ခွေးနဲ့  ထိုင်း(ယိုးဒယား)တို့ ကောင်းစားဖို့ အတွက် ဒုတိယ မုယယ်ဖဲအဖြစ် ရာဇ၀င်အတွင် မခံစေနဲ့ ။ ခံလို့ လည်းမရဘူး။ ဗိုလ်ချုပ်ရဲ့ နောက်မှာ ပြည်သူတွေရှိတယ်။ အမှန်တရားရှိတယ်။ သစ္စာတရားရှိတယ်။
  မန်းဒဲ့ဒိုး၁၂၊၀၅၊ ၂၀၁၂။
www.karentimes.blogspot.com
 လာမည့်အပိုင်းဆက်မှာ ထိုင်း(ယိုဒယား)နိုင်ငံကျဆုံးခန်း၊ ရာဇ၀င်ထဲကရော ယနေ့ ထိပါ ထိုင်းတွေ ကရင်လူမျိုးအပေါ် ဂုတ်သွေးစုပ်တဲ့အကြောင်းကို ဆက်လက်ဖေါ်ပြပါမည်။စာဖတ်သူတွေ ငြီးငွေ့ သွားမှာစိုးလို့ အပိုင်းလိုက်တင်ဆက်ခြင်းဖြစ်ပါသည်။
Wednesday 9 May 2012
မုယယ်ဖဲ ရာဇ၀င်နှင့် ပုလင်းတူဗူးစွပ် ထိုင်းနဲ့ ဗမာ
အပိုင်း(၁)
မန်းဒဲ့ဒိုး
မုယယ်ဖဲဆိုတာ ဘယ်သူလဲ
``ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်စွာတည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှကင်းဝေးမည်၊ အသင်တို့ ၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့ အတွက် ငါ၏အသက်၊ သွေးတွေနဲ့ စတေးရမည်ဖြစ်သောကြောင့် သင်တို့ အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး(ကရင်)များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ...တနေ့ နေ့ တချိန်ချိန် အကြောင်းအမျိုးမျိုးကြောင့် ငါ့လူမျိုးများ ဒုက္ခရောက်ပြီး သင်တို့ ၏ တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော် သင်တို့ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်...``
 မုယယ်ဖဲရာဇ၀င်မှ မုယယ်ဖဲနဲ့ ထိုင်း(ယိုးဒယား)တော်ဝင်ဘုရင်တို့ ရဲ့  ကတိက၀တ်ပြုတဲ့ အကြောင်းအရာ တချို့ မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။ မုယယ်ဖဲ ကွပ်မျက်ခြင်းမခံရမှီ ထိုင်းဘုရင်ထံ တောင်းဆိုတဲ့ ကတိ က၀တ်တွေဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့  (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ခုနှစ်အားဖြင့် 1870-1910(ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းရာဇ၀င်ပါ။ ဒီကနေ့ ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့ မရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး တောသူမတဦးပါ။နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေ သကဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။
ထိုင်း(ယိုးဒယား)ဘုရင်ရဲ့  (၅)ဆက်မြောက်ဘုရင်လက်ထက်မှာ...ဘုရင့်အနားမှာ ခစားတဲ့ ပုရောဟိတ်ပုနားတွေရဲ့  တွက်ချက်ဟောကိန်းအရ ထိုင်းနိုင်ငံရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့  ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။ ငှင်းမိန်းမမြတ်ကို ဘယ်အရပ်ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက်ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီနည်ချဲ့ တွေရဲ့ ကျူးကျော်ရန်စမှု၊ ဗမာမင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ဟာ ကြာရှည်မခိုင်ဘဲ မကြာခဏဆိုသလို ပျက်ဆီးလိုက် မြို့ ရွာတွေအသစ်ပြန်လည် တည်ဆောက်လိုက်နဲ့ သံသရာလည်နေပါတယ်။
 ၅.ဆက်မြောက်ထိုင်းဘုရင်ဟာ ငှင်းရဲ့ ပုရောဟိတ်ပုနားတွေရဲ့ ဟောပြောချက်အရ မုယယ်ဖဲကို မရမကသွားရှာယူဖို့  အမိန့် တော်ထုတ်ညွှန်ကြားလိုက်ပါတယ်။ နောက်ဆုံးတော့ ဘုရင်မင်းမှုထမ်းတွေ ကလိမ်ကကျစ်ညစ်ပတ်နည်းလမ်း ပေါင်းစုံသုံးပြီး ဘုရင်ရှေ့ မှောက်ထံအရောက် မုယယ်ဖဲကို ခေါ်လာခဲ့ ပါတယ်။မုယယ်ဖဲဟာ ဘုရင်ရှေ့ မှောက်ထံမရောက်ခင် လမ်းခုလတ်မှာ မင်းမှုထမ်းစစ်သူကြီးတဦးရဲ့  မတရား သားမယားပြုကျင့်ခြင်းကို ခံခဲ့ရပါသေးတယ်။
 မုယယ်ဖဲဟာ မိန်းမကောင်းမိန်းမမြတ်တို့ ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပြည့်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်တဲ့ အလျှောက်၊ ထိုင်းဘုရင်ဟာ မုယယ်ဖဲကို တွေ့ မြင်ရတဲ့အချိန်မှာ ယခင်သူမအား သွားရှာခေါ်ခိုင်းတုန်းက မိမိနိုင်ငံတော်ကောင်းစားဖို့  သူမရဲ့ သွေးနဲ့ ယာဇ်ပူဇော်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ဟာချက်ချင်း
  ပျောက်ပျက်သွားပါတယ်။ ထိုင်းဘုရင်ဟာ မုယယ်ဖဲဆိုတဲ့ကရင်အလှဘုရင်မလေးရဲ့ ညို့  အားကြောင့်
  မြင်မြင်ချင်း ချစ်စိတ်ဝင် သံယောဇဉ်တွယ်ပြီး မိဖုရားအဖြစ် ချီးမြှင့်မြှောက်စားလိုက်ပါတယ်။
 မုယယ်ဖဲဟာ ယခင်သူမရဲ့ ရပ်ရွာမှာနေတုန်းက ချစ်သူရည်းစားတဦးရှိခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမှု ထမ်းတွေရဲ့ ကောက်ကျစ်မာမှု၊ အာဏာသုံးမှုကြောင့် မိမိရဲ့ ချစ်သူရည်းစားနဲ့ ခွဲခွါစွန့် လွှတ်ခဲ့ကြရတယ်။ ထိုင်းဘုရင်ထံခေါ်လာခြင်းခံရပြီး လမ်းခုလတ်မှာလည်း မတရားသားမယားပြုကျင့်ခံရတယ်၊ အခုတော့ ထိုင်းဘုရင်မင်းမြတ်ကနေပြီး မိဖုရားမြှောက်စားခံခဲ့ရပေမဲ့ မတတ်သာလို့ သာ မိဖုရားဖြစ်ခဲ့ရတာပါ။ သူတပါးလက်ခုတ်ထဲကရေ ဖြစ်နေတဲ့အနေအထားဖို့   ဘ၀ရဲ့ ခါးသီးမှုဝေဒနာကို ကြိတ်ပြီးခံခဲ့တယ်။ သူမရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ ပြည့်နက်နေတယ်။ အနေအထားတခုအရ ဘုရင်မိဖုရားတဦးဖြစ်ပေမဲ့ ဒီလိုမျိုးကောက်ကျစ်ယုတ်မာတဲ့ထိုင်းလူမျိုးတွေနဲ့  ပါတ်သက်ပြီး မိမိမှာ လူသားမျိုးဆက် မမွေးထုတ်ပေးနိုင်ပါ။ဒါကြောင့်``ဤကဲ့ သို့ ကောက်ကျစ်ယုတ်မာသော ထိုင်းဘုရင်နှင့်ပါတ်သက်ပြီး ကျမရင်သွေးငယ်တဦးဦးမွေးလာပါက မွေးလာသော ရင်သွေးငယ်သည် ဖခင်ဖြစ်သူ ထိုင်းဘုရင်မင်းမြတ်၏ ၀မ်းသာခြင်းအလျဉ်းလုံးဝ မဖြစ်စေရပါလို၏`` လို့  ဓိဌာန်ပြုဆုတောင်းထားပါတယ်။
 မကြာခင်မှာဘဲ မုယယ်ဖဲဟာ ကုယ်ဝန်လေးရလာပါတယ်။ ဘုရင်မင်းမြတ်ဟာ မုယယ်ဖဲကို အလွန်ချစ် ခင်နှစ်သက်တာမို့  ယခုလိုသူမကိုယ်ဝန်ရလာတာဟာ ဘုရင်ကြီးအလွန်ဝမ်းသာ ပီတိဖြစ်ခဲ့ပါတယ်။ မျှော် လင့်ချက်လည်း များစွာထားခဲ့ပါတယ်။ ဒါပေမဲ့ မုယယ်ဖဲဟာ ကိုယ်ဝန်ရက်စေ့လို့ သူမရင်သွေးငယ်မွေးဖွါး
တဲ့ အခါ ဘုရင်ကြီးရဲ့  မျှော်လင့်ချက်ထားသလိုဖြစ်မလာဘဲ မုယယ်ဖဲရဲ့ ဓိဌာန်ပြုဆုတောင်းထားတဲ့ အတိုင်းသာ ဖြစ်လာခဲ့ပါတယ်။မွေးလာတဲ့ခလေးဟာ အသက်မရှင်ခဲ့ပါဘူး...ဘုရင်ကြီးဟာ မျှော်လင့် ထားသလို ဖြစ်မလာတော့ အရမ်းစိတ်ထိခိုက်ရပါတယ်။
မုယယ်ဖဲရဲ့  ဒုတိယမြောက်ကိုယ်ဝန်ရတော့လည်း ဘုရင်ကြီးရဲ့ ဝမ်းသာခြင်းမဖြစ်ရပြန်ပါဘူး။ ဒီတခါမှာတော့ တော်ဝင်မိသားစုအပါအ၀င် နန်းတော်သူနန်းတော်သားတွေအကြား အလွန်ပွက်လော ဆူညံလာပါတယ်။ပဒေသရာဇ်ဘုရင်တို့ ရဲ့ စနစ်အရ မိဖုရားများစွာမြှောက်စားကြတယ်။ ယခုဘုရင်ကြီး အနေနဲ့ မိဖုရားများစွာရှိတဲ့အနက် မိဖုရားငယ် မုယယ်ဖဲကို ပိုပြီးချစ်၊ ပိုပြီးအရေးပေးတော့ အခြား မိဖုရားတွေက မကျေနပ်ကြတာ အမှန်ဘဲ။အထူးသဖြင့် မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီးက ယိုဒယားဗမာကပ်ပြားမဖြစ်တယ်။ 
မုယယ်ဖဲရောက်လာကတည်းက ဒေါသပုန်ထနေတာ နေ့ ရောညရောဘဲ၊ မုယယ်ဖဲကို ဒီနန်းတော်ကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတမ်းကြံနေတဲ့သူ။ ယခု မုယယ်ဖဲ ကိုယ်ဝန်ဆောင် တာ နှစ်ခေါက်စလုံး ကလေးမွေးပြီး မရှင်တာ သူ့ အတွက် အကွက်ကြီး၊ မဟာအခွင့်အရေးဘဲ၊၊ နန်းတော်သူ၊နန်းတော်သားတွေရော ပုရောဟိတ်တွေပါ သူမအကုန်စည်းရုံးလိုက်တယ်...``မုယယ်ဖဲ ကလေးမွေးပြီးမရှင်တာ သူမကလေးကို သူမပြန်စားတဲ့ စုန်းမဖြစ်နေတယ်။ ဒီစုန်းမဟာ နန်းတော်မှာဆက်ထားနေရင် နန်းတော်ရော တိုင်းပြည်ပါ ပူပင်သောကတွေနဲ့ ပြည့်နက်နေမယ်။ အကောင်းဆုံးက ဒီစုန်းမကို မူလခေါ်လာတဲ့ရည်ရွယ်ချက်အတိုင်း ယာဇ်ပူဇော်ရမယ်``လို့  ဘုရင်ကြီးကို အမျိုးမျိုးအဖုံဖုံ၊ ထပ်ခါတလဲ လျှောက်ထား ကုန်းချော၊ကုန်းတိုက်လုပ်ပါတယ်။
 ဘုရင်ကြီးဟာ မုယယ်ဖဲကို အလွန်ချစ်ခင်ကြင်နာတဲ့အတွက် သူများပြောသမျှ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးရော ပုရောဟိတ်တွေပါ ပြောပါများတော့ နောက်ဆုံးတော့ ငှင်းတို့ ပြောဆိုတဲ့အတိုင်း ဘုရင်ကြီးအကောင်အထည်ဖေါ်ခဲ့ရပါတယ်။မုယယ်ဖဲကို တွင်းထဲမှာနေခိုင်းပြီး မျက်မမြင် ဆင်တကောင်အား မုယယ်ဖဲအပေါ် သစ်တုံးတွန်းချခြင်းဖြင့် ကွပ်မျက်ခဲ့ပါတယ်။ မုယယ်ဖဲဟာ သူမအသတ်ခံရမှာကို လုံးဝကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိပါ။မိမိဘ၀မှာ ချစ်သူ၊ မိဘဆွေမျိုး၊ လူမျိုး၊ ရပ်ရွာတွေနဲ့ အတင်းအဓမ္မ စွန့် လွတ်စွန်ခွါခြင်းခံခဲ့ရတယ်။အတင်းအဓမ္မ သားမယားပြုကျင့်ခြင်းခံရ၊ အတင်းမိဖုရားမြှောက်စားခြင်းခံရ၊ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းမှာလဲ မနာလိုခြင်းခံရနဲ့ သူမဘ၀ မှာ ပျော်ရွှင်တဲ့နေ့ ရက် တရက်မှမရှိ၊ ဒီလိုဘ၀မျိုးဆက်လက်အသက်ရှင်သန်နေရင်လည်း ဘာမှ အဓိပ္ပါယ်မရှိပြီ...
 မုယယ်ဖဲဟာ မောင်တော်ဘုရင်မင်းမြတ်ရဲ့ အမိန့် နဲ့ ယာဇ်ပူဇော်ခံရမှာကို လုံးဝမညှဉ်းညူပါ။ ဒါပေမဲ့ ကွပ်မျက်ခြင်းမခံရမှီ လင်တော်မောင်ဘုရင်မင်းမြတ်ကို ကတိက၀တ်တွေတောင်းခဲ့တယ်။ ဘုရင်မင်းမြတ်လည်း မုယယ်ဖဲကို ချစ်ခင်ကြင်နာတဲ့စိတ်၊ ဘုရင်မင်းမြတ်တို့ ရဲ့ ကျင့်ကြံရမဲ့ မင်းကျင့်တရားတွေနဲ့ အတူ ကတိက၀တ်တွေကို ကြည်ဖြူစွာနဲ့ ပေးခဲ့ပါတယ်။
 ``ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်စွာတည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှကင်းဝေးမည်၊ အသင်တို့ ၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့ အတွက် ငါ၏အသက်၊ သွေးတွေနဲ့ စတေးရမည်ဖြစ်သောကြောင့် သင်တို့ အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး(ကရင်)များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ...တနေ့ နေ့ တချိန်ချိန် ငါ့လူမျိုးများ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး သင်တို့ ၏ တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော် သင်တို့ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်...``စတဲ့အချက်တွေအပါအ၀င် အချက်ပေါင်း(ရ)ချက်ကို  မုယယ်ဖဲတောင်းဆိုခဲ့ပါတယ်။
 ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲတောင်းဆိုအပေါ် မိမိပေးခဲ့တဲ့ကတိက၀တ်တွေအကြောင်းအပါအ၀င် မုယယ်ဖဲကို ဘာကြောင့်ဘယ်လိုခေါ်လာရတယ် ဆိုတဲ့အကြောင်းတွေ၊ ကရင်လူမျိုးတွေကို ထိုင်းတွေက ဘယ်လိုကျေးဇူးပြန်ဆပ်မယ့်အကြောင်းတွေကို စာပေကမ္မည်းတွေ ခိုင်ခိုင်မာမာ ရေးသားထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲ ကွပ်မျက်ခံရပြီး သိပ်မကြာလိုက်ပါ။ မုယယ်ဖဲကို လွမ်းတဲ့စိတ်နဲ့  လွမ်းနာကျပြီး နတ်ရွာစံသွားခဲ့ပါတယ်။
 ထိုင်း(ယိုဒယား)ရေမြေဟာ မုယယ်ဖဲရဲ့ သွေးတွေနဲ့ ယာဇ်ပူဇော်ပြီးတာနဲ့ တမဟုတ်ချင်း ကြီးပွါးတိုးတက် လာပါတယ်။ဘုရင်ကြီးနတ်ရွာစံပြီး နောက်ကျန်ခဲ့တဲ့ ဘုရင်ရဲ့ မူးကြီးမတ်ရာ မိဖုရားတွေက ရှင်ဘုရင်ကြီး မှတ်တမ်းတင် ရေးသားခဲ့တဲ့ မုယယ်ဖဲ၊ကရင်လူမျိုးတွေနဲ့ ပါတ်သက်တဲ့အကြောင်းအရာတွေ မီးရွံ့  ဖျက်ဆီးခဲ့ကြတယ်။ ဒီအကြောင်းအရာတွေဟာ ထိုင်း(ယိုးဒယား)လူမျိုးက မုယယ်ဖဲအပေါ် ကရင်
လူမျိုးတွေ အပေါ် ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့အကြောင်းတွေဖြစ်တဲ့အတွက် နောင်လာနောက် သားများ ဒီအကြောင်းအရာကိုသိရင် အရှက်ရသိက္ခာကျစရာဖြစ်စေတာကြောင့် မီးရွံ့ ဖျက်ဆီးခြင်းဖြစ် ပါတယ်။
...........................
တဖန်..မုယယ်ဖဲရဲ့ ပုံတူပန်းချီကါးချပ်တွေဟာ ထိုင်းနိုင်ငံအနှံ့ ယနေ့ ထိရောင်းအားကောင်းတဲ့ ပန်းချီပုံစာရင်းထဲမှာပါနေပါတယ်။ မုယယ်ဖဲဟာ ထိုင်းလူမျိုးတွေရဲ့ အရှင်သခင်မ၊သူတို့ ကို ကြည့်ရှုစောင့်ရှောက်တဲ့ တန်ခိုးရှင်လို့ ဆိုပြီး ယုံကြည်ကိုးကွယ်နေကြပါတယ်။
ဒီလိုမှမဟုတ်ရင်ဖြင့်....ထိုင်းလူမျိုးတွေအပေါ်..ကရင်အလှဘုရင်မလေးရဲ့  မေတ္တာပို့ ထားတဲ့အတိုင်း...
     ``သင်တို့ တိုင်းပြည်ကောင်းစားဖို့ အတွက် ငါ့အသက်၊ သွေးတော်တို့ ဖြင့် ယာဇ်ပူခံ အသက်ပေးသွား မည်။သို့ သော် ငါနဲ့ ငါ့လူမျိုးများအပေါ် သင်တို့ ပေးခဲ့သောကတိက၀တ်ပါအချက်များကို တသွေမတိမ်း လိုက်နာရမည်။ ကတိက၀တ်ထဲကအတိုင်း မလိုက်နာဘဲ ငါ့လူမျိုးများအား ရန်ရှာတိုက်ခိုက်ခြင်း အပါအ၀င် အခြားအချက်များ ဖေါက်ဖျက်လာပါက အသင်တို့ လူမျိုး၊ အသင်တို့ တိုင်းပြည် စောစီးလျှင်မြန်စွာ ပျက်သုန်းသွားမည်။ ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်ပြီး တည်တံ့ခဲ့သော အသင်တို့ ၏တိုင်းပြည်သည် သင်တို့ လူမျိုးဘုရင်မင်းဆက်၏ (၉)ဆက်မြောက်အထိသာ တည်တံ့မည်ဖြစ်ပြီး ငှင်းနောက်ပိုင်း လုံးဝ(လုံးဝ)ဧကန်မုချ ပျက်သုန်းရမည်။သင်တို့ လူမျိုး၊သင်တို့ တိုင်းပြည်ပျက်သုန်းမည့်အကြောင်း
ရင်းသည် သင်တို့ အချင်းချင်း ရန်ဖြစ်မှုကြောင့် လည်းကောင်း၊ ပြည်ပ ပရောဂကြောင့်လည်းကောင်း ၊ သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကြာင့် လည်းကောင်း လုံးဝပျက်သုန်းရပါမည်`` ဆိုတဲ့ကျိန်စာဘဲဖြစ်ပါတယ်။
 မန်းဒဲ့ဒိုး
9/05/2012.
www.karentimes.blogspot.com
မုယယ်ဖဲရာဇ၀င်နဲ့ ပါတ်သက်ပြီး အကျဉ်းချုံးမျှသာဖြစ်ပါသည်။
လာမည့်အပိုင်းဆက်တွင် ထိုင်းရဟတ်ယာဉ် သုံးစီးဆက်တိုက် ပြုတ်ကျတဲ့ကိစ္စ၊ ယခုလောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ ဗိုလ်မှူးစောလားပွယ်အကြောင်း၊ ထိုင်းနဲ့ ဗမာ ပုလင်းတူဗူးစွပ်အပါအ၀င် ထိုင်း(ယိုးဒယား)နိုင်ငံတော်ကျဆုံးခန်းနှင့် အခြားအကြောင်းအရာတွေ သုံးသပ်တင်ပြသွားပါမည်။