Saturday 12 May 2012
မုယယ်ဖဲရာဇ၀င်နှင့် ပုလင်းတူဗူးစွပ် ထိုင်းနဲ့ ဗမာ
 အပိုင်း(၂)
မန်းဒဲ့ဒိုး
Karentimes. 12/05/2012.
ဗိုလ်ချုပ်စောလားပွယ်ကို ဘယ်သူက ဘာကြောင့်ဖမ်းခိုင်းသလဲ?
 ဒီအချက်မှာ...ယခုလက်ရှိဗိုလ်ချုပ်စောလားပွယ်ကို တရားဝင်လူသိရှင်ကြား ဖမ်းဝရမ်းထုတ်ခိုင်းတဲ့သူက ထိုင်းနိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ်ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဖွဲ့ စည်းပုံအရဆိုရင် ဒုတိယ၀န်ကြီးချုပ်ရဲ့  အပေါ်မှာ ၀န်ကြီးချုပ်ဘဲရှိတော့တာပေါ့။ ဒါဆို လက်ရှိထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် အမျိုးသမီးခွန်းယင်ရပ်ရဲ့  ဘက်ဂလောင်းကို နည်းနည်းပြန်ကြည့်ရအောင်ပါ။ နိုင်ငံရေးလောကထဲကို လသားသမီးလောက်သာ ၀င်ရောက်ပြီးတော့ တန်းပြီးဝန်ကြီးချုပ်ဖြစ်လာသူ။ နိုင်ငံရေးအတွေ့ အကြုံရော ဘယ်လောက်ထိရှိမှာမို့ လဲ၊ သတင်းထောက်တွေ တခါတလေသါမန် ထမင်းစားရေသောက်မေးခွန်းတွေမေးတာတောင်မှ အင်းအဲ.... ...အင်းအဲ နဲ့ ဒီမေးခွန်းကို နောက်ဘယ်လောက်လောက်ကြာမှ ဖြေပါရစေ လို့ ဟိုဆင်ခြေ...ဒီဆင်လက် ပေး တတ်ပါတယ်။ တိုင်းရေးပြည်ရာနဲ့ ပါတ်သက်တဲ့သတင်းထောက်တွေရဲ့  မေးမြန်းချက်တွေ မဖြေတတ်တာ လား ဖြေပိုင်ခွင့်ဘဲမရှိတာဘဲလား...ဗမာစစ်အစိုးရ ၀န်ကြီး..၀န်လေးတွေနဲ့ ခပ်ဆင်ဆင်ပါဘဲ။။
 လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်ထင်ရှားပြီး၊ လူပြိန်းတွေတောင်သိထားတဲ့အချက်ကတော့ ထိုင်းဝန်ကြီးချုပ် ခွန်းယင်ရပ်ရဲ့ နောက်ကွယ်မှာ သူမရဲ့ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း ပြည်ပြေး ထပ်စင်ချင်န၀ါထါ ပါဘဲ။ သူ့ ရဲ့ နောက်ခံတချို့ ကို ပြန်ကြည့်ရအောင် ...သူဟာ နိုင်ငံရေးသမား မျိုးရိုးထဲက လာတာမဟုတ်သလို တော်ဝင်မိသားစုရဲ့  မူးကြီးမတ်ရာမျိုးရိုးထဲက လာသူမဟုတ်ပါဘူး။သာမန် လက်လုပ် လက်စား မျိုးရိုးတွေထဲကပါ။အစိုးရအမှုထမ်းကို ရဲမှူးကြီးအဆင့်ထိသာ တာဝန်ထမ်းဆောင်ခဲ့ဘူးပါ တယ်။ ငွေကြေးစီးပွါးရေးနဲ့ ပါတ်သက်လာရင် ဘာမဆိုလုပ်တဲ့သူတဦးဖြစ်ပါတယ်။ သူ့ ရဲ့ လက်ရဲဆက်ရဲ့  လုပ်ဆောင်ချက်ကြောင့် တနေ့ တခြားဆိုသလို လျှင်မြန်စွာ ကြီးပွါးတိုးတက်လာပါတယ်။ ထပ်ရှင် ဟာ ငွေကြေးအရ ကြီးပွါးချမ်းသာပေမဲ့ ဘ၀ကို ကျေနပ်အားရမှုမရှိဘဲ အာဏာပါဝါတွေပါ ခံစားစံစားခွင့် ရလာအောင် နိုင်ငံရေးလောကထဲကို ခြေဆန့် လာခဲ့ပါတယ်။ ၀င်ခါစတုံးက ဖပ်ဖလံထန်ပါတီထဲက သာမန်နိုင်ငံရေးသမားတယောက် လောက်ပါဘဲ။
                                                  တရာခံအစစ် ဘယ်သူလဲ?
                            သူ့ ရဲ့ ချမ်းသာမှု ငွေကြေးဓနအင်အားနဲ့ ထက်မြက်တဲ့ ကလိမ်ကကျစ်အရည်အ ချင်းတွေကြောင့် နောက်ဆုံးတော့ ကိုယ်ပိုင်ပါတီထောင်၊ ကိုယ်တိုင်ပါတီခေါင်းဆောင်လုပ်၊ ထိုင်းနိုင်ငံ ရဲ့ ဝန်ကြီးချုပ်ရာထူးအဆင့်ထိရလာတယ်ဆိုပါတော့။ ၀န်ကြီးချုပ်တယောက်ဖြစ်လာတော့ သူရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို ရာနှုန်းပြည့်ကျော်လွန်ပြီးအသုံးချလာပါတော့တယ်။ သူ့ ရဲ့ ပြိုင်ဘက်နိုင်ငံရေး အင်အားစု၊ ပြိုင်ဘက်စီးပွါးရေးသမားတွေကို အပေါ်စီးကနေ အမြဲတမ်းလက်ဦးမှုယူပြီး အလှဲထိုးအနိုင်ယူ ခဲ့တယ်။ နိုင်ငံရေးလောကထဲ ၀င်ရောက်ခါစက သူ့ ရဲ့ နိုင်ငံရေးသမား..ဆရာသမားတွေကိုတောင် အကြွေး ထားတဲ့သူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သူရဲ့ ကြမ်းတမ်းတဲ့ကိုင်တွယ် မှုတွေကြောင့် တောင်ပိုင်း သားရော အစိုးရ၀န်ထမ်းတွေ ထောင်ပေါင်းများစွား အသက်ဆုံးရှုံးရတယ်။ သူ့ လုပ်ရပ်ရဲ့ အကျိုး ဆက်ကြောင့် ယခုထက်ထိ တောင်ပိုင်းဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ဘတပြန်ကျားတပြန် သတ်ဖြတ်မှုတွေ တိုးပွါးနေဆဲပါ။
 နိုင်ငံရေးလောကမှာ ပြန်ကြည့်ရအောင်ပါ။ သူ့ ပါတီအာဏာရစဉ် ၊ အတိုက်အခံပါတီ၊ နိုင်ငံရေးသမားတွေ၊ သူပါတီကိုမထောက်ခံတဲ့ သာမန်နိုင်ငံသားကအစ ခေါင်းမထောင်နိုင်အောင်၊ အမြဲတမ်းကြံစည်အား ထုတ်နေပါတယ်။ မိမိအာဏာရလာအောင် အခြားပါတီက လွတ်တော်ကိုယ်စားလှယ်တွေ ကို ရောင်း ကုန်ပစ္စည်းသဖွယ် သဘောထားပြီး မက်လုံးတွေပေးပြီးတော့ဝယ်တယ်(လက်ရှိသူ့ ညီမလက်ထက်မှာလဲ ၀ယ်နေတုန်း)။ မဲတွေကိုလဲဝယ်တယ်။ ခံယူချက်ခိုင်မာတဲ့ အခြားပါတီကလွတ်တော်ကိုယ်စား လှယ်တွေ ၊နိုင်ငံရေးသမားတွေကိုတော့ ဥပဒေအမျိုးမျိုးထုတ်၊ ထောင်ချောက်အမျိုးအမျိုးဆင်ပြီး နှိပ်ကွပ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အကြောင်းပြပြီး သူ့ ရဲ့ အာဏာရစဉ်ကါလမှာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံရပြီး သိန်းဂဏန်းနဲ့ ချီတဲ့လူတွေ ယခုထက်ထိ ထောင်နန်းစံနေရတုန်းပါဘဲ။
 ထပ်စင်ချင်န၀ါထါဟာ ဆည်းစိမ်ချမ်းသာမှု မှာ ပြိုင်ဘက်မရှိ၊နိုင်ငံရေးလောကမှာ ပြိုင်ဘက်မရှိဖြစ်နေ တာတောင် သူ့ ကိုယ်သူ ကျေနပ်အားရမှု မရှိသေးပါဘူး။နိုင်ငံရေးလောကမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်  ဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ အနေအထားက တော်ဝင်ဘုရင်ရှိနေသေးတော့ သူဟာ အကြီးဆုံး ပုဂ္ဂိုလ်လို့ မခံယူချင်သေးပါဘူး။တချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်နဲ့  အကြံကြီး ဆင်ကြံ ကြံလာ ပါတော့တယ်။တော်ဝင်မိသားစုတွေနဲ့ ဆွေမျိုးတော်စပ်အောင်လုပ်ပြီး အားလုံးကို ချုပ်ကိုင်နိုင်အောင် လုပ်မယ်ဆိုတဲ့အထိ သတင်းတွေထွက်နေပါတယ်။ အရင်ဆုံးဘုရင့်သားကို လက်ဆောင်ပဏ္ဏာတွေ များများဆက်သ၊ ခင်မင်ရင်းနှီးအောင်လုပ် ၊ နောက်တော့ ၎င်းဘုရင့်သားရဲ့ သမီး(ဘုရင့်မြေးမ) နဲ့ သူ့ သားကို လက်ပေးဆက်မယ်။ပြီးတော့ တော်ဝင်အသိုင်းအ၀ိုင်းကိုချုပ်ကိုင်မယ်။ သူ့ ရဲ့ အတိုက်အခံ အင်အားစုတွေကလည်း ဘုရင်ကို ချစ်ခင်လေးစား ရိုသေကိုင်းရှိုင်းတဲ့ လူတွေဆိုတော့ တခါတည်း ချည်ပြီးသား တုပ်ပြီးသားဖြစ်သွားမယ်။ သူ့ ရဲ့ ခြေလှမ်းတွေ မူမမှန်တော့တဲ့နောက်ဆုံး စစ်တပ်က အာဏာသိမ်းတဲ့အဆင့်ထိရောက်သွားတယ် ဆိုပါတော့။
......................................................
 ထပ်စင်ဟာ ပြည်ပြေးဝန်ကြီးချုပ်တယောက်ဖြစ်ပေမဲ့ သူ့ ရဲ့ ဂြိုလ်မွှေတဲ့ အရှိန်ကတော့ လျော့မသွားပါဘူး။ သူ့ ရဲ့ အတိုက်အခံပါတီအင်အားစုတွေ အာဏာရလာတဲ့အချိန်မှာ သွယ်ဝိုက်ပြီးတဖုံ ပေါ်တင်တမျိုး နိုင်ငံ ဆူပူလာအောင် အမျိုးမျိုးသွေးထိုးလှုပ်ဆော်ပါတော့တယ်။ ပြည်တွင်းရေးသာမက ပြည်ပအန္တရာယ် ၊ပြသနာတွေပါ မီးမွေးပေးလိုက်ပါတယ်။ထိုင်း...ကန္ဘောဒီးယား နယ်စပ်ပြသနာရဲ့ အဓိက ဇာတ်ညွှန်းရေး သူဟာ သူပါဘဲ။ ယခု..သူညီမပါတီအာဏာရတဲ့အချိန်မှာ အရင်က ထိုင်းကို တိုက်မယ်ခိုက်မယ် တကဲ ကဲနဲ့ လက်ခမောင်းခတ်တဲ့ ကန္ဘောဒီယားဝန်ကြီးချုပ်လည်း အခုတော့ ထပ်စင်ပေးကမ်းထားတာတွေ နဲ့ မျိုစို့ လို့ နားရွက်တောင် မလှုပ်တော့ပါဘူး။
                                         ဘာသာရေးအရေခြုံ လက်မနှေးသတ်ရှင်(သို့ )ပြည်ပြေး ထပ်စင် ချင်န၀ါထါ
                                                            သူလည်း မဟာဗမာ စစ်ဗိုလ်ချုပ်စတိုင်လိုဘဲ
တကယ်တော့ ထပ်စင်ဟာ ထိုင်းနိုင်ငံအတွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လော၊မြန်မာ ၊ကန္ဘောဒီယား စတဲ့နိုင်ငံတွေမှာ စီးပွါးရေးအင်ပါယာချဲ့ ထွင်ပြီး လက်ဝါးကြီးအုပ်ချုပ်ကိုင်နိုင်အောင် အရင့်အရင်ကတည်းက ကြံစည်လုပ်ဆောင်ပြီးသားပါ။ ဗမာစစ်ဗိုလ်ချုပ်တွေကို ငွေအမြောက်အများ ထုတ်ချေးပေးတဲ့ အရှုပ်အရှင်းဇာတ်လမ်းက အဓိကသက်သေခံနေပါတယ်။ မကြာသေးခင်တုန်းကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရောက်လေ့လာတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ဒါဟာ ထပ်စင်နဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက ဘာတွေပူးပေါင်းကြံစည်လုပ်ဆောင်နေတယ်ဆိုတာ သက်သေပြနေပါတယ်။
.....................................
 ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာလက်ရှိအာဏာရအစိုးရဟာ ကိုယ်ကျိုးကိုသာကြည့်တဲ့သူတွေ၊ ကွန်မြူ
နစ်တွေ နဲ့ ဖွဲ့ စည်းထားပြီး လုပ်ဆောင်ချက်တွေဟာလည်း ထပ်စင်က အနောက်ကနေ ကြိုးကိုင်ပေးနေပါတယ်။ အိမ်နီးခြင်းနိုင်ငံကို ဂုတ်သွေးစုပ်တဲ့အရသာ ၊ စီးပွါးရေးလောဘရမ္မက်ဇော ဒီဂရီအမြင့်ဆုံးတက်တဲ့ အချိန်လည်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံလိုမျိုး သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဟာ အရသာအတွေ့ ဆုံးဖြစ်တယ်။ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ ခရီးအကွာအဝေးကအစ ပို့ ကုန်၊ သွင်းကုန်တွေကိစ္စ အစစအရာရာအဆင်ပြေတဲ့ ဒီမြ၀တီ..မဲဆောက်လမ်းဟာ ထိုင်းနဲ့ မြန်မာ နှစ်ဖက်စလုံး ကအစိုးရတွေ အခြားလမ်းတွေထက် သည်းခြေကြိုက်ဖြစ်နေပါတယ်။
 မြ၀တီ..မဲဆောက်ကုန်သွယ်ရေးလမ်းနောက်ဆုံးအကြိမ်ပိတ်တုန်းက မြန်မာစစ်အစိုးရက ရန်ဆောင်ပြီး ပိတ်တာဖြစ်တယ်။ ဒါလည်း ပြည်ပြေးထပ်စင်ရဲ့ စနက်နဲ့ မကင်းဘူးလို့ အချို့ တွေက သုံးသပ်ကြတယ်။ သူ့ ညီမ၀န်ကြီးချုပ်ဖြစ်လာတဲ့အချိန်၊ မြန်မာပြည်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်မှာ နှစ်ဖက်အစိုး ရတွေ ရွေလမ်းငွေလမ်းဖေါက်ပြီး အားရပါးရကုန်သွယ်ကြမယ်လို့  ရည်မှန်းထားတယ်။ ဒါပေမဲ့ မြန်မာရွေးကောက်ပွဲကျင်းပတဲ့နေ့ မှာဘဲ ဗိုလ်ချုပ်စောလားပွယ်က ထချလိုက်တော့ နှစ်ဖက်အစိုးရ အကြီးအကျယ် ခေါင်းခဲရတယ်။ ဗိုလ်မှူးစောလားပွယ်အုပ်စုကို ဗမာစစ်အစိုးရက အကြမ်းဖက်နည်းနဲ့  အမြစ်ပြတ်ချေမှုန်းဖို့ ရေကုန်ရေခန်း ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နန်းထွက် မကိုက်တော့ နောက်ဆုံး အလျှော့ပေးလိုက်ရတယ်။ဒါပေမဲ့ ကြောက်လို့ အလျှော့ပေးတာမဟုတ်၊ ဗိုလ်ချုပ်စောလားပွယ်ရဲ့ နောက်ကို ပြည်တွင်းရောပြည်ပက အင်အားစုတွေကပါ ပါလာတော့ ဗမာစစ်ခွေးတွေ ရှိန်သွားတဲ့ပုံရပါတယ်။ဒါပေမဲ့ ဒီတနည်းနဲ့ ဖြိုလို့ မရရင် နောက်တနည်းပေါ့။ အကြမ်းမရရင် အချော။ ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်တာလည်း ဗမာစစ်အာဏာရှင်တို့ အတွက် မရိုးနိုင်တဲ့ပရိယာယ်၊ အရသာကောင်းတဲ့ဟင်းတခွက်မဟုတ်လား။
 ဒါနဲ့  မဟာဗမာစစ်အုပ်စုက ဒီကေဘီအေ ဗိုလ်မှူးစောလားပွယ်အဖွဲ့ နဲ့ အပစ်အခတ်ရပ်စဲရေး ခေါ်တယ် ။ သဘောတူလက်မှတ်မထိုးရသေးဘူး။ မြ၀တီ..မဲဆောက်တံတားဖွင့်ဖို့ တာဆူနေတယ်။အောက်ထား
တာကြာပြီး၊ ဖွင့်ချင်တာလည်းကြာပြီးလေ ၊ ဗိုလ်ချုပ်စောလားပွယ်က သူတို့ နှစ်နိုင်ငံအစိုးရအတွက် ဆူးငြှောက်လို့ ရှုမြင်ကြတယ်။နောက်ဆုံးတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ပြီးဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA အဖွဲ့ ကို မဖြစ်စလောက်သော လုပ်ကွက်တွေပေးထားတယ်။ စေတနာရှိ လို့ ပေး
တာ မဟုတ် သူတို့ ကို အန္တရယ်ပြုနိုင်တဲ့အတွက်ကြောင့်မို့ ပါ။ သိပ်မကြာမှာဘဲ သွေးတိုးစမ်းလိုက်ပါသေး တယ်။ နယ်ခြားစောင့်တပ်တွေကို ဗိုလ်ချုပ်စောလားပွယ်ရဲ့ အဖွဲ့ လက်နက်တွေကို သိမ်းခိုင်းလိုက်တယ်။ ဗိုလ်ချုပ်စောလားပွယ်တို့ အဖွဲ့ ဘက်ကလည်းမဆိုင်းမတွဘဲ ကြောက်မွေးတချောင်းမှမရှိ၊ ကြောက်သွေး
တစက်မှမပါ။ ``ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲတာကို ပယ်ဖျက်တယ်``။ ဒါလည်းသိပ်မကြာလိုက်ဘူး ။ကောက်ကျစ်ယုတ်မာတဲ့ ဗမာစစ်အစိုးရတွေ သူတို့ မွေးတဲ့မီး၊ သူတို့ ဘဲပြန်ငြိမ်းရတာပေါ့။ သူတို့ ရဲ့ အမြင်မှာ ကရင်အချင်းချင်း ပြသနာဖြစ်တာကို သူတို့ က ပြန်ဖြန်ဖြေပေးတယ်။ ဒါကတော့ သူတို့ အာရုံနဲ့ သူတို့ ။ အပြင်လူအနေနဲ့ မြင်တာကျတော့ မဟာဗမာတွေရဲ့ အပ်ကြောင်းထပ်တဲ့ ဥဏ်နီဥာဏ်နက် ၊ ရိုးအီနေပြီ။
 အခုတော့ ဗမာစစ်အစိုးရက ကရင်အမျိုးသားအဖွဲ့ အစည်းကြီး ကေအင်န်ယူကို အပစ်ရပ်ဆဲရေး ပဏာမသဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ပြီး။ကျောသပ်လို့ ရတဲ့အနေအထားမှာ ရှိတယ်လို့  မဟာဗမာတွေ တွက်ယူတယ်။ အရင်တုန်းက ဒီကေဘီအေရဲ့ နောက်မှာ ကေအင်န်ယူရှိတယ်။ အရေးကြီးရင်သွေးနီးတတ်တဲ့ကရင်တွေကို မဟာဗမာတွေ အသေကြောက်တယ်။ကေအင်န်ယူကို အပစ်ရပ်ပြီး ဒီကေဘီအေကို ပြန်ဖြိုတဲ့နေရာမှာ အရင်နည်းလမ်းအတိုင်း အကြမ်းဖက်နှိမ်နှင်းတဲ့ နည်းကို ဆက်သုံးရင် အခြားကရင်လက်နက်ကိုင်အုပ်စုတွေ၊ပြည်သူတွေ အချိန်မရွေး ၀င်ရောက်ပူးပေါင်းသွားမှာကို မလိုလားတော့။ ရွေးကောက်ပွဲနေ့ တော်လှန်တိုက်ခိုက်မှုတုန်းက မြန်မာရော ကမ္ဘာကပါ ဒီကေဘီအေဘက်ကနေ ၀င်ရောက်အားပေးတာကို မဟာဗမာတွေအတွက် မဟာ့သင်ခန်းစာကြီး။
 တချက်ခုတ် နှစ်ချက်ပြတ်တဲ့ ထိုင်းနဲ့ ဗမာ အောင်သေအောင်သားစားမယ့်အကြံ
                                                                       ဒီကေဘီအေအများစု နယ်ခြားစောင့်တပ်လက်ခံတုန်းက ဗိုလ်ချုပ်စောလားပွယ်နဲ့ အဖွဲ့ လက်မခံတာကို မဟာဗမာစစ်အုပ်စုက ဗိုလ်ချုပ်ကို ကါးပါမစ်၊ ရာထူးရာ ခံတွေနဲ့ မြူစွယ်သေးတယ်။ဒါပေမဲ့မရဘူး၊အကြမ်းဖက်နှိမ်နှင်းတယ် မနိုင်ဘူး။ဒီတော့ ဗိုလ်ချုပ်စောလားပွယ် ဟာ မျိုးချစ်စိတ်ဓါတ်အမှန်အကန်၊ အမှန်တရားဘက်ကရပ်တည်သူဆိုတာ သူတို့ သိသွားတယ်။ နောက် တခေါက်ထပ်ချရင် ဗိုလ်ချုပ်ဘက်က လူအများပါဝင်ထောက်ခံလာအုံးမှာဘဲ။ ဆက်ပြီးလွတ်ထားရင်လည်း သူတို့ ကို တနေ့ မဟုတ်တနေ့ ဒုက္ခတွေပေးနေအုံးမှာဘဲလို့ မှတ်ယူတယ်။
 ဒါကြောင့် ကိုယ့်ဘက်ကလည်း အရင်းအနီးများများမစိုက်ရ၊ နာမည်ကောင်းလည်းရတဲ့နည်းကို ရှာတယ်။ အရင်တုန်းက ဗိုလ်ချုပ်စောလားပွယ်ကို ပါဝင်ထောက်ခံခဲ့တဲ့သူတွေ မပါဝင်ပါတ်သက်ရဲအောင် ဒီလိုမျိုး မူးယစ်ဆေးဝါးအမှုနဲ့  နှစ်နိုင်ငံအကျိုးတူ အစိုးရတွေ ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်။ ဒီလိုမျိုး ကလိမ် ကကျစ်ပူးပေါင်းကြံစည်ခြင်းအားဖြင့် နိုင်ငံတကါရဲ့ မျက်နှာစာမှာ မျက်နှာပန်းလှမယ်၊ နိုင်ငံတကါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ထံမှာ ဒေါ်လာတွေသန်းလိုက် ကုဋေလိုက် လက်ဝါးဖြန့် တောင်းယူလို့  ရတယ်။(ဒီလိုမျိုးလုပ်စားလာခဲ့တာကြာပါပြီး ယခုထိပါ) တဖက်မှာလည်း ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ဆေးဝါးအမှုနဲ့ သက်သေအထာက်အထားခိုင်လုံစွာ လက်ရဖမ်းဆီးနိုင်တယ်ဆိုရင် သူတို့ ကို အန္တရယ်ပေးတဲ့သူမရှိတော့ဘဲ ပြည်သူ့ မျက်နှာမကြည့်ဘဲ နှစ်နိုင်ငံအစိုးရတွေ ကိုယ်ကျိုးအတွက် ရှောရှော ရူရူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
 ဗိုလ်ချုပ်စောလားပွယ်ဘက်က မူးယစ်ဆေးဝါးကင်းရှင်းကြောင်း ခိုင်လုံစွာအကြောင်းပြနိုင်ရင်လည်း ဒီကိုယ်ကျိုးရှာနှစ်ဖက်နိုင်ငံက အစိုးရတွေ အကျိုးအမြတ်ရတာပါဘဲ။ ဆိုလိုတာက နိုင်ငံတကါက သံသယ ရှိတဲ့ ဒီလိုထိုင်းနဲ့ မြန်မာနယ်စပ်တွေမှာ မူးယစ်ဆေးဝါးကင်းစင်ကြောင်း ပြသနိုင်တယ်ဆိုတာပါဘဲ။ အမှန် စင်စစ် အရှေ့ တောင်အာရှမူးယစ်ဆေးဝါးကိစ္စတို့ လူကုန်ကူးမှုတွေမှာ သက်ဆိုင်ရာနိုင်ငံတို့ ရဲ့ အာဏာပိုင် များကသာ အဓိကလုပ်ဆောင်နေတာသာဖြစ်ပါတယ်။
 ကရင်အပါအ၀င် အခြားလက်နက်ကိုင်အင်အားစုများအတွက် သင်ခန်းစာ
                                                                                    ဗိုလ်ချုပ်စောလားပွယ်ကိစ္စမှာ ကရင်အပါအ၀င် မဟာဗမာစစ်အုပ်စုတွေကို တော်လှန်တိုက်ခိုက်နေတဲ့ အခြားလက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ သင်ခန်းစာအသစ်ကြီးတခုထပ်တိုးလာတယ်လို့ ပြောရမှာပါ။ ကိုယ့်လက်နက် ကိုယ့်လက်ထဲမှာ ရှိတာတောင် မဟာဗမာတွေက ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းပေါင်းစုံသုံးပြီး ကိုယ့်ဘ၀၊ ကိုယ့်အမျိုး သားတွေ ပျက်သုန်းအောင် လုပ်ဆောင်နေတယ်။ လက်နက်ကိုင်လမ်းစဉ်စွန့် ပြီး လွတ်တော်ထဲမှာ အမျိုးသား အရေးအတွက် မိမိအတွက် အရေးသွားဆိုဖို့ ဆိုတာက အိပ်မက်မျှသာဖြစ်ပါတယ်။ ကရင် လူမျိုးတွေရဲ့ အနေအထားနဲ့ ပြောရမယ်ဆိုရင် ယခုအချိန် အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့ ကေအင်န်ယူက လုံးဝအပစ်အခတ်ရပ်စဲလိုက်ပြီးဆိုရင် ယခုလက်ရှိ နယ်ခြားစောင့်တပ်တွေ ပြည်သူ့ စစ်တွေ၊ ငြိမ်းတွေဟာ ရာဇ၀င်ထဲမှာ ထားပစ်ခြင်းခံရတော့မှာပါ။ ကိုယ့်လက်ထဲမှာ လက်နက်မရှိတော့တဲ့အချိန်မှာ အရင်ကိုယ် လက်နက်ရှိတုန်းက ရှာထားတဲ့ပစ္စည်းဥစ္စာတွေ၊ လုပ်ထားတဲ့အလုပ်တွေ ကိုယ့်ကိုအကျိုးပေးတော့မှာပါ။ ကိုယ်လုပ်ထားတဲ့အလုပ်တွေ ကိုယ်က ပေါ့ပေါ့တန်တန်နဲ့ အချိန်တွေ ကျော်ဖြတ်လာခဲ့ပေမဲ့  ကောက်ကျစ် ယုတ်မာတဲ့ ဗမာစစ်အုပ်စုဟာ ကိုယ်ဘယ်လိုကြီးပွါးချမ်းသာလာတယ်၊ ဘယ်နေ့ ဘယ်ရက်မှာ ကိုယ်ဘာတွေလုပ်ထားလဲဆိုတာ သူတို့ ဆီမှာမှတ်တမ်းမှတ်ရာ အပြည့်ရှိပါတယ်။ ဥပဒေလည်း သူတို့ ပါးစပ်ဖျားမှာဘဲရှိပါတယ်။ ဗမာစစ်အာဏာရှင်အချင်းချင်းတွေတောင်မှ လက်ဦးမှုရရင်ရသလို အနိုင်ပိုင်းကြသေးတယ်။ (ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါတို့ ရဲ့ အဖြစ်ကို သတိရပါ။) လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေကို သူတို့ ဗမာအချင်းချင်းတွေထက် အဆပေါင်းများစွာ အငြိုးကြီး တေးထားတယ်ဆိုတာ အမြဲတမ်းသတိရပါ။ ဗိုလ်ချုပ်စောလားပွယ်ကိစ္စမှာ ငါတို့ နဲ့ မဆိုင်ဘူး ငါတို့ ဘေးထွက်ထိုင်တာ ရန်ကင်းတယ်လို့  မစဉ်စားလိုက်ပါနဲ့  ဗမာစစ်ခွေးတွေရဲ့ ယုတ်မာမှုကြောင့် ကိုယ့်အလှည့်လည်း တနေ့ ရောက်လာမယ်ဆိုတာ ကြိုတွေးထားပါ။
                                                                         မိုးပေါ်ကျရွှေကိုယ် ထိုင်းလက်ရှိဝန်ကြီးချုပ်
 သားကောင်အိပ်ပျော်ပေမဲ့ မြေခွေးက အိပ်မပျော်ဘူး ဆိုတဲ့ ဆိုရိုးစကားတခုရှိပါတယ်။ မြေခွေးဆိုတဲ့ သဘာဝဟာ ကောက်ကျစ်ယုတ်မာမှုတွေကို အမြဲတမ်းကြံဆောင်နေမယ်၊ လုပ်ဆောင်နေမယ်။ ဒီတော့ ကိုယ်ဟာ သားကောင်လား မြေခွေးလား ဒါမှမဟုတ် ကေသရာခြင်္သေ့လား ခံယူထားဖို့ လိုမယ်။
ဗိုလ်ချုပ်စောလားပွယ် ကျိန်စာသင့်တဲ့လူမျိုးတွေဆီမှာ အညံ့ခံစရာမလို
 ဒီတော့ရာဇ၀င်အရ မဟာဗမာစစ်ခွေးတွေ ငယ်နိုင်ထားတဲ့တိုင်းပြည်၊  ပြည့်တန်ဆာတိုင်းပြည်လို့  ရာဇ၀င်တွင်ထားတဲ့ တိုင်းပြည် တပြည်က ၊ ကမ္ဘာပေါ်မှာ ရာဇ၀င်နဲ့ တွင်ပြီး ကောက်ကျစ်ယုတ်မာဆုံး၊ ရက်ဆက်ကြမ်းကြုတ်ဆုံး မဟာဗမာ မုဒိမ်းကျင့်စစ်ခွေးခေါင်းဆောင်တွေဆီမှာ ရာဇ၀တ်သား အသမုတ်ခံတယောက်ကို တောင်းခံတာဟာ သဘာဝကျရဲ့ လား၊ ဖြစ်နိုင်ခြေရှိရဲ့ လား။ ဒီလုပ်ရပ် ဟာ နိုင်ငံရေး လုပ်ကြံ မှုကြီးဖြစ်တယ်။ နှစ်နိုင်ငံအစိုးရ ကိုယ်ကျိုးကြည့် ခွေးကျင့်ခွေးကြံ ၀ိုင်းဝန်းကြံစည် တဲ့လုပ်ရပ်သာဖြစ် တယ်။ နူနာနဲ့ ဝဲစားတွေဘဲ။အမှန်စင်စစ် ဒီလူမျိုးနှစ်မျိုးစလုံးဟာ ရဇ၀င်သမိုင်း အရ ခေတ်အဆက်ဆက် နဲ့ ချီပြီးကောက်ကျစ်ယုတ်မာခဲ့လို့ သူတို့ တိုင်းပြည်နဲ့ ရှိလာတာပါ။ နှလုံးရည် လက်ရုံးရည်နဲ့ တိုင်းပြည်ထူထောင်လာတာမဟုတ်။ အခြားရာဇ၀င်ထဲက ပဒေသရာဇ်ခေတ်အဆက် ဆက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်တိုင်းပြည်နဲ့ နေလာခဲ့တဲ့၊ ယနေ့ တိုင်းရင်းသားလူမျိုးတွေ လို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ လူမျိုးတွေဟာ သူတို့ လိုမျိုး မကောက်ကျစ်ယုတ်မာခဲ့လို့  ယနေ့ ကိုယ်ပိုင် တိုင်းပြည်မရှိတာပါ။
ဤမှန်ကန်သောသစ္စာတရားကြောင့် ကရင်လူမျိုး၊ ကရင့်ဘိုးဘွားပိုင်နယ်မြေတွေကို လာရောက် ကျူးကျော်ရန်စတဲ့သူ မှန်သမျှ လုံးဝကျဆုံးစေရမယ်။ ရာဇ၀င်ထဲက မုယယ်ဖဲဟာ ယိုးဒယားနိုင်ငံကောင်း စားဖို့ သွေးမြေကျခံပြီး ပေးဆပ်လိုက်ရတယ်။ ယနေ့ ခေတ်မှာ ဗိုလ်ချုပ်ဟာ ကောက်ကျစ်ယုတ်မာတဲ့ သူရဲ ဘောကြောင် မဟာဗမာဝါဒီစစ်ခွေးနဲ့  ထိုင်း(ယိုးဒယား)တို့ ကောင်းစားဖို့ အတွက် ဒုတိယ မုယယ်ဖဲအဖြစ် ရာဇ၀င်အတွင် မခံစေနဲ့ ။ ခံလို့ လည်းမရဘူး။ ဗိုလ်ချုပ်ရဲ့ နောက်မှာ ပြည်သူတွေရှိတယ်။ အမှန်တရားရှိတယ်။ သစ္စာတရားရှိတယ်။
  မန်းဒဲ့ဒိုး၁၂၊၀၅၊ ၂၀၁၂။
www.karentimes.blogspot.com
 လာမည့်အပိုင်းဆက်မှာ ထိုင်း(ယိုဒယား)နိုင်ငံကျဆုံးခန်း၊ ရာဇ၀င်ထဲကရော ယနေ့ ထိပါ ထိုင်းတွေ ကရင်လူမျိုးအပေါ် ဂုတ်သွေးစုပ်တဲ့အကြောင်းကို ဆက်လက်ဖေါ်ပြပါမည်။စာဖတ်သူတွေ ငြီးငွေ့ သွားမှာစိုးလို့ အပိုင်းလိုက်တင်ဆက်ခြင်းဖြစ်ပါသည်။
No comments:
Post a Comment