Saturday 26 November 2011



ရှမ်းနှစ်သစ်ကူးပွဲတော် ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ

Karentimes...26/11/2011



ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ နတ်တော်လဆန်း ၁-ရက်နေ့ တွင် ကျရောက်သော ရှမ်းတိုင်းရင်းသားတို့ ၏ နှစ်သစ်ကူးနေ့ ကို ဒိန်းမတ်နိုင်ငံရောက်၊ ရှမ်းတိုင်းရင်းသားများက
နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် Lemvig Kristne Center, LEMVIG  
အရပ်တွင်ကျင်းပကြကြောင်းသိရသည်။အခမ်းအနားအစီအစဉ်အရ ရှမ်းအမျိုးသားအလံနှင့် 
ဒိန်းမတ်နိုင်ငံတော် အလံတော်အား အလေးပြုခြင်းနှင့် အမျိုးသားသီချင်းများသီဆိုခြင်း၊ ရှမ်းနှစ်သစ်ကူးနေ့  ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ ဖတ်ကြားခြင်းများ ပြုလုပ်ပါသည်။

          အခမ်းအနားတွင် ဒိန်းမတ်လူမျိုးများ၊ ထိုင်းလူမျိုးများနှင့် မြန်မာတိုင်းရင်းသားလူမျိုးများ စုံလင်စွာတက်ရောက်ကြပြီး၊ ရှမ်းရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများအပါအ၀င်၊ အခြားတက်ရောက်သည့်တိုင်းရင်းသားများမှလည်း ငှင်းတို့ ၏ ရိုးရာယဉ်ကျေးမှုအက၊ တေးသီချင်း
များဖြင့် ကပြသီဆိုကြသည်။

ပွဲတော်ဦးစီးကျင်းပသူ ကိုစိုင်းရွှေမြင့်က`` ကျနော်တို့ ရှမ်းလူမျိုးတွေ ဒီဒိန်းမတ်နိုင်ငံမှာ ရောက်လာတာ သိပ်ပြီးတော့မများသေးဘူး ဒါပေမဲ့ ဒီကျနော်တို့ နှစ်သစ်ကူးပွဲမှာ ညီအစ်ကိုတိုင်းရင်းသားလူမျိုးတွေနဲ့  
ဒီက ဒိန်းမတ်နိုင်ငံသားတွေ စုံစုံလင်လင်နဲ့ ခင်မင်ရင်းနှီးစွာ တက်ရောက်အားပေးတာ၊ ၀ိုင်းဝန်းလုပ်ဆောင်တာ တွေ့ ရတဲ့ အတွက် ကျနော်အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်
ကျေးဇူးလည်းအများကြီးတင်ပါတယ်``ဟုပြောကြားသွားပါသည်။

ပွဲတော်သို့ တက်ရောက်သည့် ရှမ်းတိုင်းရင်းသူ နန်းခန်းက`` ကျမတို့ ကိုယ့်နှစ်သစ်ကူးပွဲကို ဒီနိုင်ငံမှာရောက်လာတဲ့ ရှိတဲ့သူနဲ့  စိတ်တူကိုယ်တူနဲ့ ပွဲတော်ဖြစ်မြောက်အောင် လုပ်နိုင်တာ ကျမအရမ်းဝမ်းသာတယ်...ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင်တော့ ကိုယ့်နှစ်သစ်ကူးပွဲတော်ကျင်းပတော့မယ်
ဆိုရင် လူကြီးတွေကဘဲဦးစီးဦးဆောင်ကျင်းပပါတယ်..ကျမတို့ လူငယ်တွေဆိုတော့ ရိုးရာယဉ်ကျေးမှု အကတွေ ဖျော်ဖြေတင်ဆက်တဲ့ဘက်မှာ ၀ိုင်းဝန်းလုပ်ဆောင်ပါတယ်..။အခုကျမတို့ ဘယ်နေရာ ဘဲရောက်ရောက် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းဖေါ်ထုတ်နိုင်ရမယ်...ဒီရိုးရာယဉ်ကျေးမှုတွေ ဆက်လက်ထိန်းသိမ်းဖို့ ကလည်း ကျမတို့ လူငယ်တွေက ပုခုံးပြောင်းတာဝန်ယူရမှာဖြစ်တယ်`` ဟုပြောကြားသွားပါသည်။

ဗုဒ္ဒသာသနာတော်ကြီး နန်းချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ(နတ်တော်လ)မှ စပြီး ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၆- ခုနှစ်သို့ ဝင်ခဲပြီဖြစ်ပါသည်။ ထိုနှစ် ထိုလကို အစွဲပြု၍ နတ်တော်လဆန်း()ရက်နေ့ ကို ရှမ်းနှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ကြပါသည်။

ပွဲတော်ဓါတ်ပုံများ ဆက်လက်ကြည့်ရှုနိုင်ပါသည်။.....
Karentimes











No comments:

Post a Comment