ဒိန်းမတ်နိုင်ငံရောက် ကရင်မိသားစုများက၊၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်တစ်ရပ်ကို၊
ကရင့်သက္ကရာဇ် ၂၇၅၀ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ (14/08/2011-တနင်္ဂနွေနေ့ )တွင် ဒိန်းမတ်နိုင်ငံမြောက်
ပိုင်း ARDEN မြို့ ၌ ကျင်းပပြုလုပ်ကြောင်းသတင်းရရှိပါသည်။ ယခုပြုလုပ်ကျင်းပသည့်ပွဲတော်သည် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပွဲတော်တွင် အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ကရင့်
အမျိုးသား အလံတော်အားအလေးပြုခြင်းနှင့် အမျိုးသားသီချင်းသီဆိုခြင်း၊ ၎င်းနောက် ကရင့်ရိုးရာ
ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲဖြစ်ပေါ် လာပုံသမိုင်းကြောင်းနှင့် ပွဲတော်တွင်ပါဝင်သည့်ပစ္စည်းများ၏
အဓိပ္ပါယ်များ ရှင်းလင်း ဖတ်ကြားခြင်း၊ ကရင့်အမျိုးသားရေး ရိုးရာယဉ်ကျေးမှုနှင့်ပါတ်သက်သော အကြောင်းအရာများဟောပြောခြင်း၊ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ဆင်ယင်ကျင်းပခြင်း၊ပွဲတော်လာပရိသတ်များ
အား ရိုးရာအစားအသောက်များဖြင့်တည်ခင်းဧည့်ခံခြင်းနှင့်ကရင့်ရိုးရာဒုံးယိမ်းအက
များဖျော်ဖြေဧည့်ခံခြင်းများကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။ ဒိန်းမတ်နိုင်ငံတွင် ကရင်မိသားစု (၅၀)ခန့် သွားရောက်အခြေချနေထိုင်ပြီး ဒုက္ခသည်များခေါ်ယူသော အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်
ကရင်လူဦးရေ ရောက်ရှိမှုအလွန်နည်းသေးကြောင်းသိရသည်။
ချည်ဖြူဖွဲ့ ပွဲပုံရိပ်များကို အောက်တွင် ဆက်လက် ကြည့်ရှုနိုင်သည်။
No comments:
Post a Comment