Tuesday, 16 August 2011
ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ထိုင်းနိုင်ငံနေရာအနှံ့ အပြားတွင် စည်ကားသိုက်မြိုက်စွာကျင်းပ
သတင်း. Karentimes.     သြဂုတ်လ 16.2011.
တွင်းရှိကရင်လူမျိုးများနေထိုင်ရာဒေသများ၊ နိုင်ငံတကါရှိကရင်လူမျိုးများ ပြောင်းရွေ့ အခြေချနေထိုင်ရာ
မြို့ များတွင် ကျင်းပကြသကဲ့သို့  နိုင်ငံရေးပြသနာ၊စီးပွါးရေးအကြပ်အတည်းတို့ ကြောင့် ထိုင်းနိုင်ငံတွင်းသို့ 
သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ကရင်ရွေ့ ပြောင်းအလုပ်သမားများလည်း ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ
ကို ၄င်းတို့ ၏အလုပ်လုပ်ကိုင်ရာ နေရာအနှံ့  စည်ကားသိုက်မြိုက်စွာကျင်းပကြကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၁၂-ရက်နေ့ တွင် လူဦးရေ ၂၀၀၀ ကျော်တက်ရောက်သေါ ဖတ္ထယာအရပ်၊သြဂုတ်လ ၁၄-ရက်
နေ့ တွင် လူဦးရေ ၁၀၀၀-ခန့် တက်ရောက်သော လပ်ဘူရီခရိုင်-ပါထေါ့အရပ်၊လူဦးရေ ၄၀၀-ခန့် တက် ရောက်သေါ နွန်ထဘူရီခရိုင် တို့ တွင်အသီးသီးပြုလုပ်ကျင်းပကြသည်။
        ပွဲတော်ကျင်းပရာ ဖတ္ထယာနှင့်ပါထော့အရပ်တို့ တွင် သွားရောက်ခဲ့သူ၊ ကရင့်ရိုးရာဖေါ် ထုတ်မြှင့်တင် ထိန်းသိမ်းရေးတွင် အတွေ့ အကြုံရှိသူ စောစိပ်ပလောင်က ပွဲတော်များစည်ကားသိုက်မြိုက်စွာ ပြုလုပ်
ကျင်းပ ကြတာ မြင်ရသည်နှင့်ပါတ်သက်၍ `` ကျနော်တို့ ကရင်ရွေ့ ပြောင်းအလုပ်သမားတွေ က နိုင်ငံရေး၊ စီးပွါးရေး အကြပ်အတည်းတွေကြောင့် တပါးနိုင်ငံမှာ အလုပ်လာလုပ်ရပေမဲ့ အခက်အ ခဲတွေများ စွာကြား ထဲကနေ ကိုယ့်ရိုး ရာယဉ်ကျေးမှုပွဲတော် ကိုတက်ညီလက်ညီ၊စုစုစည်းစည်းနဲ့ တက်ရောက် ဆင်နွှဲကျင်း ပကြတာတွေ့  ရ တော့ အတိုင်းမသိဝမ်းသာမိတယ်၊ကိုယ့်ဘ၀တွေ ဘယ်လိုဘဲခက်ခဲကြမ်းတမ်းနေပါစေ။
ဒီနေ့  ထူးနေ့ မြတ်တရက်ကို လာရောက်ဆင်နွှဲကြတာတွေ့ ရတော့ အရမ်းကျေနပ်မိတယ်`` ဟု ပြောဆို သွားပါသည်။
      ကိုယ့်ရပ်ကိုယ့်ရွာနှင့်ဝေးသည့်နေရာတွင် လူငယ်များကဦးဆောင်ပြီး ရိုးရာယဉ်ကျေးမှုဖေါ်ထုတ်ထိန်း သိမ်းသည်နှင့်ပါတ်သက်၍လည်း သူကပင်အခုလိုပြောသွားပါသည်။``တကယ်တော့ ဒီကျနော်တို့ က ရင့်ရိုး ရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ကိုယ့်ရပ်ကိုယ့်ရွာတွေမှာဆိုရင်တော့ လူကြီးသူမ၊ မိဘဘိုး ဘွားတွေက ဦးစီးကျင်းပကြတယ်၊ သားသမီးမြေးဖြစ်တွေကို ချည်ဖြူဖွဲ့ ပေးကြပါတယ်၊။
ဒီဘက်ကျနော် တို့ ရွေ့ ပြောင်းအလုပ်သမားတွေကြားမှာတော့ ချည်ဖြူဖွဲ့ ပေးဖို့ အတွက် အသက်ကြီး တဲ့ဘိုးဘွားတွေကို အတတ်နိုင်ဆုံးရှာယူတယ်၊ ချည်ဖြူဖွဲ့ ပေးဖို့ ကျတော့ ကျနော်တို့ ဘိုးဘွားတွေ
ပွဲတော်မှာ ရန်ဖြစ်တာတခါမှ မရှိဖူးဘူး..ကရင်အပါအ၀င် အခြားမြန်မာပြည် ဘွားတိုင်းရင်းသားတွေ ထိုင်းနိုင်ငံသားတွေလည်းအများကြီးလာကြတယ်။ တကယ့် ညီရင်းအကိုမောင်နှမ  ရင်းတွေလိုဘဲ..
သူ့ တာ ၀န်..ကိုယ့်တာ ၀န်လို့ သဘောမထားဘဲ မိမိတို့ ရဲ့ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့  ကူညီစရာ ရှိရင်ကူ ညီကြတယ်..အမှိုက်တွေသိမ်း ၊ အိမ်သာတွေ ဆေးကြောသန့် ရှင်း တာကအစပေါ့။အဲဒီလိုအသိစိတ် ဓါတ်တွေက အရမ်းချစ်စရာကောင်းတယ်``။
        လာမည့်သြဂုတ်လ ၂၉-ရက်နေ့ တွင် ဆလာဘူရီခရိုင်တွင်လည်းကောင်း၊ သြဂုတ်လ၂၁ရက်နေ့ တွင် လပ်ဘူရီခရိုင် စွန်ဖူ့ အရပ်တွင်လည်းကောင်း ကရင့်ရိုရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲများဆက်လက်
ကျင်းပရန်ရှိကြောင်းလည်း သတင်းရရှိပါသည်။
        ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲသည် ကရင်လူမျိုးတို့ အမြတ်တနိုးထားသော ရိုးရာယဉ်ကျေးမှု ဘိုးဘွားအမွေအနှစ် အစစ်အမှန်တခုဖြစ်သည်။
ချည်ဖြူဖွဲ့ ပွဲတော် ဓါတ်ပုံများကို အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။
အပေါ်ပုံများ--ဖတ္ထယာ ဒေသ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲပုံဖြစ်ပြီး....
အောက်ပုံများကတော့-- လပ်ဘူရီခရိုင် ပါထေါ့အရပ် ကရင့်ရိုးရာချည်ဖြည်ဖွဲ့ မင်္ဂလာပွဲပုံ
No comments:
Post a Comment