Thursday, 11 August 2011
စောဘဦးကြီးနဲ့ ကျနော်တွေ့ ခဲ့သည်
ဒေါနသစ္စာ
တော်လှန်ရေးရဲဘော်တစ်ယောက်အနေဖြင့် နွေအခါတွင်ပူပြင်းသည့်ဒဏ်၊
ဆောင်းရာသီနှင်းတောထဲတွင်ချမ်းတုန်သည့်ဒဏ်၊မိုးရာသီမိုးထဲလေထဲ..
လေပြင်းမုန်တိုင်းတွေထဲတွင်အေးချမ်းစိုစွပ်တဲ့ဒဏ်တွေခံနေရတာအထူးအဆန်း
မဟုတ်တော့သော်လည်း. ငှက်ဖျားပြန်ထလာတဲ့ ဒဏ် အလူးအလိမ့်ခံနေရသည့် ကျနော့်လိုရဲဘော်တယောက်အဖို့တော့နွေးထွေးတဲ့နေ ရောင်ခြည် လေးနဲ့ အတူ
သာယာတဲ့ရာသီ ဥတုရှိတဲ့ နေ့လေး ကိုတခါတလေတော့မျှော်လင့်တမ်း 
တမိတာ အမှန် ပင်။
ရဲဘော်စောအယ်ကညောမင်းအနားယူလိုက်တော့ငါကင်းပြန်စောင့်မယ်။
မင်းအိပ်ရာမ၀င်ခင်ဟို..ဆေးမှူးပေးထားတဲ့ငှက်ဖျားဆေးတွေသေါက်ဖို့ လဲမမေ့နဲ့ အုံး။
မနက်ဖြန်အာဇာနည်နေ့အခမ်းအနားမှာ ငါတို့ တပ်ဖွဲ့ လုံခြုံတာဝန်ယူရမယ်ဆိုတော့ 
စောစောထသွားရမယ်။ငါ့အတွက်တော့ဒီည မအိပ် ရရင်လဲ ကိစ္စမရှိဘူး ။
တညတလေဘဲမင်းမှာကငှက်ဖျားပြန်ထလာဆိုတော့နည်းနည်း အိပ်ရေးဝဖို့ လိုတယ်၊
သူငယ်ချင်းရဲဘော်စောထူးက ကျနော်အား လှန်းပြောလိုက်သည့် စကား ပင်ဖြစ်သည်။
``အာဇာနည်နေ့ တဲ့လား ဟုတ်ပါသည်…မနက်ဖြန်ဆိုကျနော်တို့ ကရင့်အမျိုးသား 
အာဇာနည် ခေါင်းဆောင် စောဘဦးကြီးဟာ ရန်သူရဲ့ လက်ချက်ကြောင့်ကျဆုံးခဲ့တာ 
(61)နှစ်တောင်ပြည့်ခဲ့ ပါပြီးရော့လား `` ကျနော် တစ်ယောက်တည်းတွေးနေမိသည်။
အေးပါသူငယ်ချင်း၊ဒါဆိုငါအနားယူလိုက်အုံးမယ်။စောထူးအားကျနော်ပြန်ပြောလိုက်သည်။
ကျနော်သူငယ်ချင်းစောထူးကကင်းပြန်စောင့်ပြီး၊ကျနော်လည်းအိတ်ထဲမှဆေးတဆုပ်ကို
ပါးစပ်ထဲပစ်သွင်းပြီးဝါးကျဉ်တောက်ထဲရှိ ရေနဲ့ မော့ချလိုက်ပါသည်။ပြီးတော့
တဲအောက်တွင်ချည်ထား သည့်ပုခက်ပေါ်တွင် ကျနော် အနားယူလိုက်ပါသည်။
ညအမှောင်ထုလည်းကြာလေနက်လာလေအပြင်ကမိုးတွေလည်းရွာလို့ကောင်းနေဆဲ၊        
ကျနော်၏ခန္ဓာကိုယ်ပေါ်တွင်ခုနကသောက်ထားသည့်ဆေးနှင့်ငှက်ဖျားပိုးတွေ 
တိုက်ပွဲတွေဖြစ်သလိုခံစားရသည်။ခေါင်းတွေကိုက်လာပြီး၊မျက်လုံးအစုံလည်းအနား
ယူချင်နေပြီကျနော်ရဲ့ခေါင်းထဲတွင်လည်းအကြောင်းအရာများစွာကိုဆက်တွေးနေသလိုပင်။      
သာယာလှပတဲ့ဆောင်းနံနက်ခင်းလေးနွေးထွေးတဲ့နေရောင်ခြည်လေးအောက်နီဖြူပြာ
သုံးရောင်ခြယ်၏ထောင့်တွင်နေရောင်ကိုးဖြာနှင့်ဖါးစည်ပုံဆင်ဖြန်းထားသည့်ကရင့်
အမျိုးသားအလံတော်ကြီးသည် ဇွဲကပင်တောင်ထိပ်ဝယ်လွှင့်ထူထားသည်ကို
တောင်အောက်ရှိမြို့တော်ဘားအံမှာပင်အထင်းသားလှန်းမြင်နေရသည်။ 
ဇွဲကပင်တောင်ခြေ၊ကရင်ပြည်၏မြို့ တော်ဘားအံမြို့ ရှိဧရာမညီလာခံခန်းမကြီး၏ 
ဘေးပတ်ပတ်လည်တွင်လည်းကရင်အမျိုးသားအလံများလေထဲတွင်
တ လူလူလွှင့်ထူနေသည်။ထိုမျှမ ကသေး။ဘားအံမြို့ ပေါ်ရှိလမ်းမကြီး၊ 
လမ်းသွယ်လေး များပါမကျန်အောင်လည်း ကရင့်အမျိုးသားအလံများ 
စိုက်ထူထားပြီးအလံတိုင်တခုနှင့်တခုလေးငါးကိုက်အကွာလောက်တွင်ရှိမည်ထင်သည်။
ဤနေ့ ဤရက်သည် ကရင့်အမျိုးသားတို့ ၏ အမျိုးသားညီလာခံတော်ကြီးကျင်းပသေါ
နေ့ ရက်အချိန် အခါသမယဖြစ်ပါသည်။ ဤညီလာခံတွင် ကရင့်အမျိုးသားခေါင်း
ဆောင်ကြီး စောဘဦးကြီး ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ညီလာခံပွဲသို့ မြစ်ဝကျွန်းပေါ်ဒေသ၊ပဲခူး၊ရန်ကုန်၊ ကရင်ပြည် ဒေသရှိက ရင်များ၊ အခြားကရင်ပြည်
မဟုတ်သည့်ဒေသများရှိ ကရင်များအပြင်၊ကမ္ဘာ့နိုင်ငံအသီးသီးတွင်သွား ရောက် 
နေထိုင်သော ကရင်ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင့်မျိုးနွယ်
စုခေါင်း ဆောင်ကိုယ်စားလှယ်များ၊ကရင့်လူတန်းစားလွှာအသီးသီးမှကိုယ်စားလှယ်များ
စုံစုံညီညီ တက်ရောက်ကြ မည်ဖြစ်သည်။
ဤညီလာခံတွင်စိတ်ပါဝင်စားသည့်မည်သည့်ကရင်လူမျိုးမဆိုတက်ရောက်နားထောင်နိုင်
သည့်အတွက်အနယ်နယ်အရပ်ရပ်မှသာမန်လုပ်သားပြည်သူများပါအင်တိုက်အားတိုက်
တက်ရောက်လာကြပါသည်။ တချို့ ဆိုလှေနဲ့ တချို့ ဆိုစက်ဘီး၊မြင်းလှည်း၊နွားလှည်း၊
ခြေကျင်နဲ့ လည်းတဖုံ၊တချို့ ဆိုတောင်ပေါ်မှ ဆင်အုပ်ကြီးတွေနဲ့ ပါ ကရင့်အမျိုးသားညီ
လာခံကျင်းပရာ၊ကရင်ပြည်ရဲ့ မြို့  တော်ဘားအံကိုချီတက်လာကြသည်။ တချို့ ဆိုရင်လည်း ညီလာခံမကျင်းပမှီ နှစ်ရက်၊ သုံးရက်ကြိုပြီးရောက်လာကြသည်။
အမျိုးသားခေါင်းဆောင်စောဘဦးကြီးအားလာရာက်ကြိုဆိုရန်၊ စောဘဦးကြီးပြောမည့်မိန့် ခွန်းစကား အားလာရောက်နားထောင်ရန်လည်းဖြစ်သည်။
အဝေးမှလာရောက်သည့်ကိုယ်စားလှယ်များပြည်သူများတည်းခိုရန်၊နားနေရန်အတွက်
ညီလာခံခန်းမကြီး၏ဘေးပတ်ပတ်လည်တွင်လည်းကောင်း၊မြို့ ထဲရှိလမ်းဘေးတ
ဖက်တချက် တွင်လည်းကောင်း အဆင်ပြေသလိုမဏ္ဍပ်ကြီးများထိုးပေးထားကြသည်။
…………………………………………………………………………..
ဤညီလာခံပွဲတွင် ညီလာခံခန်းမ၏တံခါးဝလုံခြုံရေးအတွက် ရဲဘော်(၁၀)ဦးခန့် 
တာဝန်ယူရပြီး၊၄င်း(၁၀)ဦးထဲမှကျနော့်လိုရဲဘော်တယောက်ပါဝင်တာဝန်ထမ်းဆောင်
ခွင့်ရသည့်အတွက်ကျနော်ကိုယ်ကျနော်ဂုဏ်ယူနေမိသည်။ကျေနပ်လည်းကျေနပ်နေမိသည်။
ဘားအံမြို့တော်လမ်းမကြီးလမ်းဘေးဝဲ၊ယာတဖက်တချက်တွင်ကရင့်ရိုးရာဝတ်စုံညီအပြည့် 
ဝတ်ဆင်ထားသည့်၊ကရင့်ဒုံးယိမ်းအဖွဲ့ များ၊၀ါးညှပ်အကကသည့်အဖွဲ့ များအပါအ၀င်အခြားကရင့်ယဉ်ကျေးမှုအကအဖွဲ့ များနှင့်ကရင်ပြည်သူများက၊ ကရင်အလံတော်လေးများကိုယ်စီလက်ထဲတွင်ကိုင်ဆောင်ပြီး 
အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးအလာကိုစောင့်ဆိုင်းနေကြပါသည်။
ကရင့်အမျိုးသားညီလာခံစတင်ရန်အချိန်နီးကပ်လာပြီး၊ညီလာခံကိုယ်စားလှယ်များလည်း 
ခဏလေး အကြာ တွင်ဓါတ်တိုင် ပေါ်၌ ချိတ်တင်ထားသည့် လော်စပီကာမှ ကြေငြာသံကိုကြား လိုက်ရသည်။
``လေးစားအပ်တဲ့လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျာ။မကြာမှီအချိန်အတွင်းမှာ 
ကျနော်တို့ ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီးရောက်လာတော့မှာဖြစ်တဲ့
အကြောင်းကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ``၄င်းကြေငြာသံပြီးသည်နှင့်တပြိုင်နက် ကရင်ဒုံးယိမ်းသီဆိုကပြသည့်သီချင်းသီဆိုသံ၊ အိုးစည်ဗုံမောင်း သံများ၊ လူထုပရိသတ်အော်သံ ၊သြဘာသံများခေါင်းကင်တခွင်တပြင်တွင်မိုးထိမကပြန့် လွှင့်၍နေပါတော့သည်။
တဆက်တည်းပင်စောဘဦးကြီးကျန်းမာပါစေချမ်းသါပါစေဆိုသည့်လူထုရဲ့ သြဘာသံ၊ 
အော်ဟစ်သံများအဝေးကနေလှန်းပြီးကြားနေရပါသည်။
ခေါင်းဆောင်စောဘဦးကြီးသည်ညီလာခံကျင်းပရာနေရာနှင့်မိုင်ပေါင်းရာထောင်ချီဝေးသည့်
နေရာမှခရီးနှင်လာခဲ့ခြင်းဖြစ်ပြီး၊ ယခုအဝေးကနေလှန်းပြီး ကြားနေရသည့် ပြည်
သူလူထုတို့ ၏သြဘာသံအရ စောဘဦးကြီးသည်
မြို့ တော်အ၀င်တွင် ရောက်လောက်ပြီဟု ကျနော်ခန့် မှန်းမိပါသည်။
စောဘဦးကြီးကျန်းမာပါစေချမ်းသါပါစေ
 ပြည်သူတို့ ၏သြဘာသံ၊လက်ခုပ်သံများသည်ညီလာခံကျင်းပရာ
ခန်းမကြီးနှင့်နီးသထက်နီး၍လာနေသည်။အမျိုးသားခေါင်းဆောင်ကြီး
စောဘဦးကြီးညီလာခံခန်းမဆီရောက်ခါနီးပြီဖြစ်ကြောင်းအချက်ပေးလိုက်သလိုဖြစ်သည်။
ညီလာခံခန်းမတံခါးဝလုံခြုံရေးယူထားသည့် ကျနော်တို့ ရဲဘော်အားလုံး
သတိအနေအထားဆွဲလိုက်သည်။ သိပ်မကြာလိုက်ပါ။
လူထုများ၏လက်အုပ်သြဘာသံများနှင့်အတူမြင်းခွါပေါက်သံပါကြားလိုက်ရသည်။
မြင်းခွါတချက်တချက်ပေါက်တိုင်းလည်းကမ္ဘာမြေထုကြီးတုန်ခါသလိုခံစားရသည်။
မနီးမဝေးမှလှမ်းပြီးမြင်နေရပါပြီး။မြင်းဖြူကြီးကိုစီးလာသည့်ကျွန်ုပ်၏သူရဲကောင်း၊
ကရင်ပြည်သူအပေါင်းတို့ ၏သူရဲကေါင်းညီလာခံခန်းမကြီးနှင့်နီးသထက်နီး၍လာနေပြီး။
နီးလာလေကျနော်အတွက် ထူးဆန်းမှု၊အံ့သြမှုတွေ ပိုဖြစ်လာလေဖြစ်သည်။
ဒီလောက်အကောင်ကြီးမားတဲ့ မြင်းဖြူကြီးကိုဘယ်လိုစီးလာသလဲ၊ အရင်တုံးက ဒီလောက်ကြီးမားသည့်မြင်းကိုကျနော်တခါမှမတွေ့ ဘူးပါ။ 
မြင်းကောင်၏အမြင့်သည် 12-ပေခန့် ရှိမည်ထင်သည်။ပြီးတော့ ဒီမြင်းဖြူကြီးအားစီး
လာသည့်ဆံပင်ဖြူ၊မုတ်ဆိတ်ဖြူ၊နှုတ်ခမ်းမွေးဖြူနှင့်အဖိုးကြီး အသက်အားဖြင့် 
ရှစ်ဆယ်ကျော်ကိုးဆယ်လောက်ရှိမည်ဟုခန့့်မှန်းရပြီး     ဓါးရှည်ကြီးတလက်ပါလွယ်ထားသည်။ 
ခေါင်းဆာင်ကြီးစောဘဦးကြီးကိုကျနော်အပြင်မှာတခါမှမမြင်ဘူးပါ။
သူ့ ၏ဓါတ်ပုံသါမြင်ဘူးပြီးဆံပင်၊နှုတ်ခမ်းမွေးကအမည်းရောင်ဖြစ်သည်။
ညီလာခံခန်းမကြီး၏အရှေ့ တံခါးဝနှင့် 10-ကိုက်လောက်အကွာတွင် ဆံပင်ဖြူနှင့်အဖိုးကြီး မြင်းဖြူပေါ်မှ ဆင်းလိုက်ပြီး ညီလာခံခန်းမတံခါးဝဆီ ဦးတည်လျှောက်လာပါသည်။ အဖိုးကြီး၏မျက်လုံးအစုံသည် အလွန်ဝင်းလက်တောက်ပပြီး  ဆံပင်ဖြူ၊နှုတ်ခမ်းမွေး၊ပါးသိုင်းမွေးများ ဖြူသည်ကလွှဲ၍ မျက်ဝန်း၊မျက်လုံး၊ မျက်နှာအသွင်အပြင်တို့ သည် ကျနော်တွေ့ ဖူးသော ကျနော့်၏ ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ဓါတ်ပုံနှင့် လုံးဝချွတ်စွပ်တူနေသည်။ အမှန်တကယ်လည်း သူသည်ကျွန်ုပ်တို့ ၏အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးပင်ဖြစ်ပေသည်။သူ၏လမ်းလျှောက်ပုံ၊ ကိုယ်လက်လှုပ်ရှားသည့် ဟန်များ သည် အဖိုးကြီးတဦးနှင့်လုံးဝမတူဘဲ၊ လျင်မြန်ဖြတ်လတ်သည့်၊ အစွမ်းသတ္တိနှင့်ပြည့်စုံသည့် စစ်သူကြီး သူရဲကောင်းတဦး၏ ဟန်ပန်၊ မာန်အပြည့်နှင့်ပြည့်စုံသူဖြစ်သည်။
 ခန်းမကြီးအ၀င်တံခါးဝဆီကို ရောက်သည်နှင့်ကျနော်တို့ လုံခြုံရေးရဲဘော်များသည် 
သတိဆွဲထားသည့်အ နေ အထားဖြင့် ညာဘက်မျက်ခုံးပေါ်လက်ဖ၀ါးစောင်းတင်ပြီး 
သူ့ အားပြိုင်တူ အလေးပြု လိုက်ပါသည်။သူလည်း ကျနော်တို့လုံခြုံရေးရဲဘော်များအား တချက်ပြန်အလေးပြုပြီး ညီလာခံခန်းမ ကြီးထဲသို့ ဝင်သွားပါသည်။
ညီလာခံခန်းမကြီးရှေ့ တွင် ပြည်သူလူထုများပို၍ ပို၍စုရုံးရောက်ရှိလာပါသည်။
ခန်းမကြီးထဲတွင် နေရာမရသည့်ပြည်သူများအတွက် အမျိုးသားခေါင်းဆောင်
စောဘဦးကြီးမိန့် ခွန်းပြောသည့်အချိန်တွင်၎င်းတို့ တိုက်ရိုက်ကြည့်ရှုနားထောင်နိုင်ရန် 
ခန်းမကြီး၏အရှေ့ ဘက်ကွင်းပြင်တွင် တီဗွီဖန်သားပြင်ကြီးများလေးဖက်လေး
တန်ထောင်ထားသည်။ ကျနော်သတိဆွဲသည့်အနေအထားဖြင့် မတ်တပ်ရာ 
မျက်နှာမူရာ တည့်တည့်တွင်လည်း တီဗွီဖန်သားပြင်ကြီးတခုထောင်ထားသည်။
၎င်းဖန်သားပြင်ပေါ်မှ ပေါ်လာသည့် လှုပ်ရှားမှုပုံရိပ် များကို ကျနော့်၏မျက်လုံးတစုံ အာရုံစိုက်မိပါတော့သည်။
ဖန်သားပြင်ပေါ်၌ညီလာခံခန်းမကြီးထဲတွင်ဆံပင်ဖြူသောအဖိုးကြီးဖြစ်သူစောဘဦးကြီးနှင့်
အခြားကရင့်အမျိုးသားခေါင်းဆောင်များအချင်ချင်းအလေးပြုကြ၊လက်ဆွဲနှုတ်ဆက်ကြ၊
ပြောဆိုကြတဦးနှင့်တဦးဖေါ်ရွေစွာပြောဆိုဆက်ဆံကြသည်။
ခေါင်းဆောင်ကြီးစောဘဦးကြီးနှင့်အတူမန်းဘဇံ၊ဗိုလ်ချုပ်စိုင်းကေ၊စကောလယ်တော၊
ပဒိုမန်းရှားလာဖေါင်နှင့်အခြားကျနော်နာမည်မသိသည့်အမျိုးသားခေါင်းဆောင်ကြီးများ၊
စစ်သူရဲကောင်းကြီးများမြောက်များစွာပြုံးရွှင်သည့်မျက်နှာနှင့်တရင်းတနှီး
ပြောဆိုနှုတ်ဆက်ကြသည်။
ခန်းမကြီးထဲရှိဘေးတနေရာတွင်သံလုံးတိုင်များဖြင့်ကာထားသည့်အခန်းတခန်းလည်း
ရှိသည်။၎င်းသံတိုင်ကြားရှိလူများသည်သာမန်ခန်းမကြီးတွင်ရှိသည့်လူများကဲ့သို့ ပြုံးရွှင်
သည့်မျက်နှာနှင့်မဟုတ်ဘဲ၊ထိုသူတို့ ၏မျက်နှာပေါ်တွင်ဝမ်းနည်းပူဆွေးခြင်း၊
နောင်တရခြင်း၊စိုးရိမ်ထိပ်လန့် ခြင်းတို့ နှင့်ပြည့်နက် နေသည်။ထိုသူများသည်
အမျိုးသားသစ္စာဖေါက်ဟန်တာသာမွေး၊ ဗိုလ်လင်းထင်၊ပဒိုအောင်ဆန်း၊စောသမူဟဲ၊
စောတီးမသီ၊ဦးစောသါထူးကျော်၊စောချစ်သူတို့ အပြင်အခြားလူတွေများစွာပါဝင်ပြီး
အချုပ်ခန်းထဲတွင် ပြည့်နက်နေသည်။
အမျိုးသားရေးအပေါ်ကျူးလွန်သည့်ပြစ်မှုအတွက်ပြန်လည်ပြစ်ဒဏ်ခံရမည်ကို
သူတို့ ကိုယ်သူတို့ သိပုံရသည်။ ထိုသူများကို ခေါင်းဆောင်ကြီးစောဘဦးကြီးက
ဖြစ်သလို၎င်းတို့ ၏ နောက်ဆုံးအခွင့်အရေးအဖြစ်အမျိုးသားခေါင်းဆောင်ကြီး
မျက်နှာကိုတွေ့ ခွင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။
ကရင့်အမျိုးသားခေါင်းဆောင် မိန့် ခွန်းပြောရန်အတွက် စင်မြင့်နေရာသို့ တက်လာပြီး
လက်နှစ်ဖက်လည်း ကိုယ်စားလှယ်တော်၊လူထုပရိသတ်အားလက်ဝှေ့ရမ်းပြသည်ကို တီဗွီဖန်သားပြင်ပေါ်တွင်မြင်နေရသည်။တပြိုင်နက်တည်းခန်းမကြီးထဲရှိပရိသတ်များ၊
ခန်းမကြီးရှေ့ ကွင်းပြင်ရှိ လူထုပရိသတ်များ၏လက်ခုပ်သြဘာသံများ ဆူညံ၍နေပါသည်။ စောဘဦးကြီးလည်း မိန့် ခွန်းစခြွေနေပါပြီ……
``ကြွရောက်လာကြတဲ့ကရင့်အမျိုးသားခေါင်းဆောင်ကိုယ်စားလှယ်တော်ကြီးများ၊ ကရင်ပြည်သူပြည်သားအားလုံးနဲ့ ယခုလိုတွေ့ ဆုံခွင့်ရတာ
ကျုပ်အများကြီးဝမ်းသာတယ်။
ကျုပ်ခရီးသွားတုံးကျုပ်မှာကြားထားတဲ့ကရင့်အမျိုးသားရေးမူ(4)ချက်ဖြစ်တဲ့ ကရင့်ကံကြမ္မာကရင်ဖန်တီးရမည် ၊ကရင့်လက် နက် ကရင့်လက်ထဲမှာရှိရမည်၊ လက်နက်ချစကားအလျဉ်းမပြောရ၊ ကရင်ပြည်အသိ အမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်.။
.ဆိုတဲ့အချက်တွေကိုတသွေမတိမ်း၊ဦးလှည့်မသုန်…ဦးဆွေးဆံမြေ့တဲ့ အထိ လိုက်နာထမ်းဆောင်တဲ့အတွက်ကြောင့် ယခုလို ကရင်ပြည်ကြီးရလာတာကို ကျုပ်နဲ့ တကွ ကရင်ပြည်သူပြည်သားအားလုံးကချစ်သောရဲဘော်သူရဲကောင်းများအားလုံးကို 
ချီးကျူးဂုဏ်ယူမိတယ်။လေးစားတယ်ကျေးဇူးလည်းအများကြီးတင်တယ်။
အမျိုးသားတော်လှန်ရေးတလျှောက်အသက်၊သွေး၊ချွေးတွေပေးဆပ်သွားတဲ့ အာဇာနည်သူရဲကောင်းအပေါင်းအားလည်းဒီနေရာကနေအလေးပြုပါတယ် ။
တဆက်တည်းမှာဘဲ တော်လှန်ရေးရဲ့ လမ်းခုလတ်မှာ အမျိုးသားသစ္စာဖေါက်သွား
သူတွေအနေနဲ့ ၎င်းတို ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ 
ကျခံရမှာဖြစ်တယ်။အမျိုးသား တော်လှန်ရေးဟာ တဦးကောင်းတယောက်ကောင်း တမိသားစုကောင်းစားဖို့အတွက်မဟုတ်ဘူး။
 ကရင်မျိုးနွယ်စုခွဲတစုအတွက်မဟုတ်ဘူးကိုးကွယ်တဲ့ဘာသာဝင်ခွဲတစုအတွက်မဟုတ်ဘူး။ 
ကရင်တမျိုးသားလုံးအတွက်တော်လှန်ရေးဖြစ်တယ်။တော်လှန်ရေးလုပ်တာ
နိုင်ငံခြားမှာသွားရောက်အခြေချနေထိုင်ဖို့ အတွက်ခုတုံးမဟုတ်ဘူး။
တိုင်းပြည်မရှိတဲ့လူမျိုးတမျိုးဟာခွေးဘဲ  ......
မိန့် ခွန်းမပြီးဆုံးသေးဘဲကိုယ်စားလှယ်တော်များ၊ 
ပရိသတ်များ၏ လက်ခုပ်သြဘာသံများ ဆူညံ၍နေပါသည်။  
``ဖြောင်း….ဖြောင်း…..ဖြောင်း…………``
``စောအယ်ကညော….အယ်ကညော…``
အဝေးက ကျနော်အား ခေါ်သံတခု…မပီဝိုးတ၀ါးနှင့်ကြားနေရသည်။
``အယ်ကညော…အယ်ကညော..ထလို့ ရပြီး``…
ခေါ်သံပီပီသသ ကြားရပါပြီ…                       
``ဗျာ..ဗျာ..``ဟု.. ကျနော်ထူးလိုက်မိသည်။
ကျနော်သူငယ်ချင်း ရဲဘော်စောထူးက ကျနော်အား ခေါ်နိုးခြင်းဖြစ်သည်။ 
ညတုံးကရွာသည့်မိုးများလည်း ခုထိဆက်ရွာလို့ ကောင်းနေဆဲ။
``ထလို့ ရပြီးကွာ သူငယ်ချင်း၊အခုမနက် 4-နာရီထိုးပြီး၊ပစ္စည်းတွေပြင်ဆင်ပြီးတော့ 
အာဇာနည်နေ့ ကျင်းပတဲ့အခမ်းအနားဆီကို ချီတက်ကြမယ်။
ဒီစခန်းမှာရဲဘော် 8-ယောက်လောက် ဘဲချန်ထား မယ်``စောထူး၏စကားသံကို
ဆက်ကြားရသည်။
``အေး…အေး…ထပြီးသူငယ်ချင်း``ဟုသာ..သူ့ အားပြန်ပြောမိသည်။
ကျနော်အိပ်သည့်ပုခက်ပေါ်မှဆင်းဖို့ ကျနော်ကိုယ်ကျနော် တအောင့်မျှတွေဝေနေမိသည်။
ကျနော်အတွေးလွန်သွားသည်လား။ကျနော်အိပ်မက်တာလား။
ကျနော် ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကို တွေ့ ခဲ့တာလဲ အမှန်ပါဘဲ။
``အော်….အာဇာနည်ဆိုတာ ….သေရိုး ထုံးစံမှမရှိတာ…..``
အာဇာနည်သူရဲကောင်းတို့ ၏သွေးသည် ကျွန်ုပ်တို့ ကရင်လူမျိုးအယောက်စီတိုင်း၏ ခန္ဒာကိုယ်သွေးကြောထဲတွင်အစဉ်အမြဲလည်ပတ်စီးဆင်းနေမည်။
အာဇာနည်သူရဲကေါင်းတို့ ၏ အတွေးအခေါ်၊စိတ်ဓါတ်၊အစွမ်းသိတ္တိတို့ သည် ကျွန်ုပ်တို့ 
ကရင်လူမျိုးအယောက်စီတိုင်း၏ ဦးနှောက်၊နှလုံးသားထဲတွင် အစဉ်ကိန်းအောင်း၍ 
နေမည်သာဖြစ်ပါကြောင်း…….
ဒေါနသစ္စာ
10/08/2011.
www.karentimes.blogspot.com
အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးအပါအ၀င်…ကရင့်တော်လှန်ရေးကါလအတွင်း အသက် ပေးလှူသွားသေါ ကရင့်အာဇာနည်ထောင်သောင်းအပေါင်းနှင့် 61-နှစ်မြောက် ကရင့်အာ ဇာနည်နေ့ အား ဤအတွေးစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။
No comments:
Post a Comment