Thursday 30 August 2012
`ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ တော်နဲ့ သူတို့ အမြင်``
ဝသာန်ကါလမိုးဥတု ၀ါခေါင်လဟာ ကရင်လူမျိုးတို့ ရဲ့  ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ကျင်းပတဲ့လရာသီဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်တွင်းအပါအ၀င် အိမ်နီးချင်းနိုင်ငံနဲ့  အခြားနိုင်ငံတကါမှာရောက်ရှိနေကြတဲ့ ကရင်လူမျိုးတွေ မိမိတို့ ရဲ့ ရိုးရာယဉ်ကျေးမှုကို ဖေါ်ထုတ် ထိန်းသိမ်းမြှင့်တင်တဲ့အနေနဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အတွက် အားကြိုးမာန်တက် ကြိုးစားပြင်ဆင်ကြတာ၊ြ့ပုလုပ်ကျင်းပတာတွေလည်း ကြားသိရပါတယ်။ တချို့ နေရာမှာဆိုရင် မိမိတို့ ရဲ့ ရိုးရာပွဲတော် တနှစ်ထက်တနှစ် အနှစ်သာရပြည့်ဝစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် ကြိုးစားပြင်ဆင်တာလည်း ကြားသိရပါတယ်။
      ကရင်လူမျိုးတွေရဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို  ဖြစ်ပေါ်လာပုံသမိုင်းကြောင်း အကြောင်းအရာ ၂..ရပ်ကို အခြေခံပြီး ပြုလုပ်ကျင်းပတာလို့ ဆိုပါတယ်။ပထမသမိုင်းကြောင်းတရပ်ကတော့ ကရင်လူမျိုးများဟာ ငှင်းတို့ သမိုင်းကြောင်းဆင်းသက်လာရာအရ...တရုတ်ပြည်ယူနန်ကုန်းပြင်မြင့်
ကနေ ယနေ့ ကျနော်တို့ နေထိုင်တဲ့ မြန်မာပြည်လို့ ခေါ်တဲ့ အရပ်ဒေသကို မရောက်ရှိမှီ အုပ်စုခွဲပြီး ရေကြည်ရာမျက်နုရာကို ထွက်ခွါလာကြတဲ့အခါ အုပ်စုကွဲပြီး အမိဘက်အုပ်စုနှင့် အဖဘက်အုပ်စုလို့ ဖြစ်ပေါ်ခဲ့ကြတယ်။ဒီလိုအုပ်စုမခွဲမှီကတည်းက ကရင်လူမျိုးများ နောင်တချိန် တဦးနဲ့ တဦးပြန်လည်မှတ်မိကြစေရန် အချင်းချင်းအသိအမှတ်ပြု စောင့်ရှောက်နိုင်ဖို့ ကိုရည်ရွယ်ပြီး ဖူ့ ထော်မဲပါ၊ ဖူ့ ကဆောင့်မဲပါ စတဲ့ ကရင်ခေါင်းဆောင်တွေက မိမိတို့  ကရင်လူမျိုးတွေ ရဲ့ လက်ကောက်ဝတ်အသီးသီးမှာ အမှတ်သညာအဖြစ် ချည်ဖြူတွေကို ချည်ဖွဲ့ နှောင်ပေးခဲ့ကြတယ် လို့ အဆိုရှိပါတယ်။
    ဒုတိယအဆိုတရပ်ကတော့ ကရင်လူမျိုးတွေဆင်းသက်လာရာ ခရီးလမ်းတလျှောက်မှာ ခရီးလမ်းကြမ်းတမ်းခြင်း၊ ရာသီဥတုဆိုးဝါးခြင်း၊ အစာရေစာငတ်ပြတ်ခြင်း၊ ရောဂါ ကပ်ဆိုးတွေ နဲ့ ရင်ဆိုင်ရခြင်း၊ မကောင်းဆိုးဝါးများ ခြောက်လှန့် အန္တရာယ်ပြုခြင်း စတာတွေကြောင့် များစွာသေ ဆုံးကြရပါတယ်။ ဒီလိုဘေးအန္တရာယ်ဆိုးအမျိုးမျိုးနဲ့ ကြုံတွေ့ ရတာကြောင့် ကြောက်လှန့် ပြီး တ
ချို့ တွေဆိုရင် မိမိကိုယ်မှာ ကပ်နေတဲ့ ၀ိညာဉ်လိပ်ပြာတွေ မိမိနဲ့ အတူကပ်မနေတော့ဘဲ ငှင်းဝိညာဉ် လိပ်ပြာများ မိမိကိုယ်နဲ့ အတူ ပြန်လည်ပူးကပ်ဖို့ အတွက် ပြန်လည်ခေါ်ယူကြရပါတယ်လို့  အဆိုရှိ 
ပါတယ်။ ထို့ အပြင် ကရင်လူမျိုးများ တရုတ်ပြည်ယူနန်ကုန်းပြင်မြင့်ကနေ မြန်မာပြည်ဒေသကို ခရီးထွက်လာတဲ့အချိန်မှာ မိုးရာသီဝါခေါင်လအချိန်အခါဖြစ်ပြီး  အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့  ခဲ့ရရတာကြောင့် ဒီလရာသီကိုအစွဲပြုပြီး ၀ါခေါင်လဟာ မကောင်းဆိုးဝါးတွေ မြူးတူးပျော်ပါးရာ လရာသီလို့ သတ်မှတ်ပြီး ၀ါခေါင်လရောက်တိုင်း မကောင်းဆိုးဝါးတွေကို ကါကွယ်တဲ့အနေနဲ့  ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ပြုလုပ်ကြတာလို့ ဆိုပါတယ်။
ရှေးမဇ္ဖျိမဒေသရှိ ပူရမ်းကျမ်းမှာတော့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ``ရက္ခဗန္ဒန`  `လို့ ခေါ်ဆိုကြပါတယ်။ရက္ခဆိုတာက စောင့်ရှောက်ခြင်း၊ဗန္ဒနဆိုတာက ဖွဲ့ ချည်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ဒါကြောင့်``အန္တရာယ်အသွယ်သွယ်ကင်းဝေးစေရန် ချည်ဖြူဖြင့်ဖွဲ့ နှောင်တားဆီးပေးခြင်း``လို့ အဓိပ္ပါယ်ရပါတယ်။
မဇ္ဖျိမဒေသက ပြုလုပ်ကျင်းပတဲ့ ချည်ဖြူဖွဲ့ ပွဲ့ နဲ့ ကျနော်တို့ ကရင်အမျိုးသားပြုလုပ်ကျင်းပတဲ့
ချည်ဖြူဖွဲ့ ပွဲဟာ ဟန်ပန်ခြင်းမတူပေမဲ့ ရည်ရွယ်ချက်ခြင်းကတော့ တူနေတာတွေ့ ရပါတယ်။
.......................
 ယနေ့ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ မိသားစုတစုကနေ ဆွေမျိုးစုအလိုက်၊ ကျေးရွာအုပ်စု
အလိုက် ၊ ခရိုင်အလိုက် ၊ မြို့ နယ်အလိုက် တစုတစည်းတည်း ချည်ဖြူဖွဲ့ ပွဲတော်ကို ပါဝင်
ဆင်နွှဲနိုင်အောင် ကျင်းပလာတာတွေ့ ရပါတယ်။
..........................................................
ပြီးခဲ့ တဲ့သြဂုတ်လ 12 -ရက်နေ့ တုန်းက ထိုင်းနိုင်ငံ၊ ချွန်ဘူရီအရပ်ဒေသမှာ ပြုလုပ်ကျင်းပတဲ့  ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲမှာ ကရင်လူမျိုးအပါအ၀င် အခြားတိုင်းရင်းသားများ၊ ထိုင်းနိုင်သားများ စုစုပေါင်း ပရိသတ် တသောင်းနီးပါး တက်ရောက်ဆင်နွှဲခဲ့ကြောင်း ကြားသိရပါတယ်။
ဒီပွဲတော်နဲ့ ပတ်သက်ပြီး ဘန်ကောက်အခြေစိုက် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ ( OKRSO) အမြဲတမ်းဗဟိုကော်မီတီဝင် တဦးဖြစ်သူ မန်းစိပ်ပလောင် က``ဒီနှစ်တော့ ပရိတ်သတ်က တော်တော်များတယ်...တသောင်းနီးပါးလောက်ရှိတာပေါ့.. ပရိတ်သတ်များရတဲ့အကြောင်းကတော့ ကျနော်တို့ ရွေ့ ပြောင်းအလုပ်သမားတွေ များသောအားဖြင့် အလုပ်သမားလက်မှတ်ရှိတာရယ်၊ နောက် သြဂုတ်လ 12-ရက်နေ့ က ထိုင်းနိုင်ငံရဲ့ ဘုရင်မ (မိဖုရား)မွေးနေ့ မို့ အလုပ်သမားတွေအားကြတယ်...နောက်တခုကြတော့ ပွဲတော်ကျင်းပတဲ့ နေရာ ထိုင်ခင်းပါ ...ခေတ်မှီလှပတဲ့ ဧရာမဟောခန်းမကြီးရယ် ဟောခန်းရဲ့ အရှေ့ မှာ ပန်းခြံအ ကျယ်ကြီးရှိ တယ်လေ...ဒါကြောင့်မို့ ပွဲတော်လာတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်လေ..လုံခြုံရေးအတွက်
လဲ ဘာမှစိုးရိမ်စရာမလိုဘူး။..နောက်တခုကတော့ စိတ်ဓါတ်လို့ ပြောယူလို့ ရမယ်ထင်တယ်.. .ကျနော်တို့ ရွေ့ ပြောင်းအလုပ်သမားတွေရဲ့ ဘ၀မှာ နိုင်ငံတကါမှာ သွားရောက်ကြတဲ့ ကရင်တွေလိုမျိုး လူအခွင့်အရေး...အလုပ်သမားတွေအခွင့်အရေးဆိုလို့ ..ဘာမှမယ်မယ်ရရရှိတာမဟုတ်ဘူး..သိတဲ့.
အတိုင်းဘဲလေ..အခုပွဲတော်ကိုလာကြတဲ့ ညီငယ်..ညီမငယ်လေးတွေဟာ ...မိမိကိုယ်မိမိ ကရင်လူမျိုးပါ လို့ ခံယူပြီးတော့ အခက်အခဲအမျိုးမျိုးကြားကနေ ဒီပွဲတော်ကို ရောက်အောင်လာကြ တယ်လေ... အရမ်းကို အားရကျေနပ်ဖို့ ကောင်းတယ်...ပျော်ရွှင်စရာလဲကောင်းတယ်`` လို့ ပြောကြားသွားပါတယ်။
ရှိတယ်...ပရိတ်သတ်ကတော့ ခါတိုင်းနှစ်ထက် ပိုများမယ်လို့ မျှော်လင့်တယ်..`` လို့ ပြောကြားသွားပါတယ်။မနှစ်က ချည်ဖြူဖွဲ့ မင်္ဂလာပွဲတုန်းက ပရိတ်သတ် တထောင်ကျော်တက်ရောက်တယ်လို့ သူကဆက်ပြောသွားပါတယ်။
ပြည်တွင်းတနေရာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ မှာတော့ ဒီနှစ်မှာ ထူးခြားတယ်လို့ ဘဲဆိုရမှာဘဲ။ ခါတိုင်းနှစ်ဆိုရင် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို  KNU ထိန်းချုပ်ရာမြေ မဲ့ကသာ ဒေသမှာ တနေရာ၊ ဘုရားသုံးဆူမြို့ မှာတနေရာ ခွဲပြီးကျင်းပကြပါတယ်။ မကြာသေးခင်ကါလက ကေအင်န်ယူ ဆက်ဆံရေးရုံး ဘုရားသုံးဆူမြို့ မှာ သွားဖွင့်ပြီးကတည်းက ပြည်သူတွေ ၀င်ထွက်သွားလာရ လွယ်ကူသလိုရှိလာပြီး ဒေသခံပြည်သူတွေ စုစုရုံးရုံးနဲ့  တစုတစည်းတည်းဆုံတွေ့ နိုင်အောင် ဘုရားသုံးဆူမြို့ ပေါ်မှာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို စုပေါင်းကျင်းပကြမယ်လို့  ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့ ဝင် စောသိန်းဟန် ကပြောကြားသွားပါတယ်။ ``ဒီနှစ်တော့ ဘုရားသုံးဆူမြို့ ပေါ်မှာ ချည်ဖြူဖွဲ့ ပွဲကို မြို့ နယ်အဆင့် စုပေါင်းကျင်းပဖို့ ရှိတယ် ...ဟိုဘက်ကမ်းရော ဒီဘက်ကမ်းရော ကျနော်တို့ ကရင်ပြည်သူတွေအစုံလာကြမယ်..တကယ့်ပွဲတော်ကြီးဘဲ``လို့ သူကပြောသွားပါတယ်။
    ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဟာကရင်လူမျိုးတို့ ရဲ့ ရိုးရာယဉ်ကျေးမှုတခုဖြစ်ပြီး ချည်ဖြူ့ ဖွဲ့ ပွဲတော်ကာလရောက်တိုင်းလည်း ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူကလည်း ချည်ဖြူဖွဲ့ ပွဲတော်သ၀ဏ်လွှာများ ကရင်ပြည်သူတွေဆီ ရေးသားပေးပို့ တာ တွေ့ ရပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ 26-ရက်တုန်းက ဘားအံမြို့ မှာကျင်းပတဲ့ကရင့်ရိုးရာ ချည်ဖြူဖွဲ့ ပွဲမှာ ကေအင်န်ယူ မှ ခေါင်းဆောင်တချို့ တက်ရောက်ဆင်နွှဲခဲ့တယ်လို့ သတင်းထဲမှာ ကြားသိရပါတယ်။
.........................................................
ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ ကါလာရောက်တိုင်းလိုလို လူမျိုးခြားမိတ်ဆွေတွေရဲ့ မေးခွန်းမေး
တာကို ကျနော်ခံရတတ်ပါတယ်။ ကျနော် တတ်သလောက် မှတ်သလောက် ဖြေကြားပေးပေမဲ့ အချို့ မိတ်ဆွေတွေအတွက် ကျေနပ်အားရမှုမပေးနိုင်တာ သတိထားမိတယ်။အဲဒီမေးခွန်းတွေ ကတော့က  ``ကရင် ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ဘယ်ကနေစသလဲ... ဘာရည်ရွယ်ချက်နဲ့ ကျင်ပတာလဲ...ကရင်မျိုးနွယ်စုဝင်တွေအားလုံး၊ ကရင်တမျိုးသားရဲ့  ရိုးရာယဉ်ကျေးမှုလို့ ဆိုနိုင်ပါသလား...တဖက်မှာ ချည်ဖြူဖွဲ့ ပွဲတော်တွေ စည်ကားသိုက်မြိုက်အောင် ကြိုးစားကျင်းပသလောက် အခြားတဖက်မှာ ပူးပေါင်းပါဝင်ဖို့ ဘာဖြစ်လို့ အားနည်းနေသလဲ`` စသဖြင့်...မေးခွန်းတွေပါ...
 ဒီမေးခွန်းတွေကို အသိမိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ သူတို့ တွေရဲ့ အမြင်သဘောထား၊ ခံစားချက်တွေကို စုစည်းတင်ဆက်လိုက်ရပါတယ်။
----------
စောဒါးဒါးဘို(ကိုဒီသွေးမီဒီယာ-မလေးရှား)---ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ရိုးရာယဉ်ကျေးမှု
                    ပွဲတော်စစ်စစ်ပါ။ပွဲတော်ကျင်းပတဲ့နေရာမှာလည်း ရိုးရာယဉ်ကျေးမှုပွဲတော်ဆန်ဆန် ကျင်းပဖို့ အထူးလိုအပ်လှပါတယ်..ကျနော်တို့ မလေးရှားမှာ ပြုလုပ်တဲ့ချည်ဖြူဖွဲ့ ပွဲဆိုရင် သိက္ခာတော်ရ တရားဟောဆရာတွေကိုယ်တိုင် ပွဲတော်မှာ လူထုပရိသတ်တွေကို ချည်ဖြူဖွဲ့ နှောင်ပေးတယ်...ဒါဟာ ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာ၊ မျိုးနွယ်စုတွေနဲ့ မဆိုင်ဘဲ လူတိုင်းပါဝင်ဆင်နွှဲလို့ ရတယ်။
စောအဲခေါင်သောင့်(ဆစ္စနီ)---ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ဗုဒ္ဒဘုရားမပွင့်ခင်၊ ယေရှုခရစ်   
                                             မပေါ်ခင်ကတည်းက ရှိထားတဲ့ ကရင့်ရိုးရာဓလေ့တခုပါ ...ဘာသာရေးနဲ့ လုံးဝမပါတ်သက်ပါဘူး..ဒီရိုးရာပွဲဟာ ကျနော်တို့ မိဘဘိုးဘွားတွေဆီက တန်ဖိုးမဖြတ်နိုင်တဲ့  ရိုးရာယဉ်ကျေးမှုအမွေအနှစ်တခုဖြစ်ပါတယ်။
စောကော်စူး(အမေရိကန်)
---ဒီမှာတော့ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကျင်းပလာတာ   
နန်းဘွာဘွာဖန်း(အင်္ဂလန်)---ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ကိုးကွယ်တဲ့ဘာသာ၊ 
                        ကရင်မျိုးနွယ်စုခွဲနဲ့ မဆိုင်ပါဘူး..ဒါဟာ ကျမတို့ ကရင်တမျိုးသားလုံးရဲ့  တကယ့်ရိုးရာဓလေ့ပွဲတော်တခုပါ...ကျမတို့ လူငယ်မျိုးဆက်သစ်တချို့ ကိုယ့်ရိုးရာဓလေ့ပွဲတော်တွေ မသိတော့တာကတော့ ရန်သူရဲ့ ဖိနှိပ်မှုကြောင့်လို့ ပြောလို့ ရတယ်။ ရန်သူက တိုင်းရင်းသားတွေ ရဲ့ ရိုးရာဓလေ့ပွဲတော်တွေကို လွတ်လပ်စွာ ကျင်းပခွင့်မပေးဘူး...စာပေသမိုင်းတွေကိုလည်း သင်ကြားခွင့်မပေးဘူး..ဒါကြောင့်မျိုးဆက်သစ်တချို့ ကိုယ့်လူမျိုးအကြောင်း၊ ကိုယ့်ရိုးရာဓလေ့ အကြောင်းကို မသိတော့တာပါ.။
စောကျော်အေး(စီးပွားရေး-မဲဆောက်)--- ကျနော်ကတော့ တရုတ်တွေနဲ့  အလုပ်တွဲလုပ်တယ် 
                       ဆိုတော့  တရုတ်လူမျိုးတွေရဲ့ စုစည်းမှုကို အရင်ပြောပြချင်တယ်...တရုတ်
 လူမျိုးတွေကြားမှာ ကိုးကွယ်တဲ့ဘာသာ ကွဲပြားခြားနားတာရှိတယ်၊ အချို့ ဆိုဘယ်ဘာသာမှ မကိုးကွယ်ဘူး ဒါပေမဲ့ သူတို့ တွေဟာ ရိုးရာဓလေ့ပွဲတွေမှာတော့ အတူတကွ ပါဝင်ဆင်နွဲကြတယ်။ ဂျပန်လူမျိုးတွေလည်း ထို့ နည်းလည်းကောင်းပါဘဲ။ ကျနော်ဆိုလိုချင်တာက ယနေ့ ကမ္ဘာမှာ တိုင်းပြည်ရှိတဲ့လူမျိုး တရုတ်တို့ ဂျပန်တို့ တွေတောင် သူတို့ ရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ထုံးတမ်းစဉ်လာတွေကို မပစ်ပယ်ဘူး ကိုးကွယ်တဲ့ဘာသာချင်းမတူပေမဲ့  အရမ်းကိုစုစည်းမှု ရှိကြပါတယ်...ဒီတော့ ကိုယ်ပိုင်တိုင်းပြည်မရှိတဲ့ ကျနော်တို့ ကရင်လူမျိုး တမျိုးအနေနဲ့ မိမိတို့ ရဲ့  ရိုးရာဓလေ့အပါအ၀င် စာပေ၊ ယဉ်ကျေးမှုဘာသာစကားတွေကို မဖြစ်မနေ ထိန်းသိမ်းနိုင် ရမယ်...ကျနော်ကတော့ ဒီမဲဆောက်မြို့ မှာ နေတာကြာပြီဆိုတော့ ဒီမှာကျင်းပတဲ့ ကရင်နှစ်သစ် ကူးပွဲတို့ ..ကရင်လက်ချည်ပွဲတို့ အပါအ၀င် အခြားလူမှုရေး..သာရေးနာရေးတွေကို တတ်နိုင်သလောက်ကူညီပေးနေပါတယ်...ကိုယ်တတ်နိုင်သလောက်ပေါ့နော်။
ဦးသေ့ဖိုး---(ပြည်တွင်း)...ကျနော်တို့ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ သမန်ကါလျှံကါ  
                            လုပ်တဲ့ပွဲမဟုတ်ဘူး..ပွဲတော်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်၊ ပွဲတော်ကျင်းပပုံ၊ စည်းကမ်းချက်တွေ ချည်ဖြူဖွဲ့ ပွဲပါ အဆောင်အယောင်ပစ္စည်းတွေနဲ့ သူ့ ရဲ့ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ ချည်ဖြူဖွဲ့ တဲ့အခါ ဆုတောင်းပထနာပြုတဲ့ဆန္ဒတွေ စတာတွေကို အသေအချာလေ့လာခြင်းအားဖြင့် ဒီပွဲတော်ဟာ ဘယ်လောက်ထိနက်နဲသလဲဆိုတာ သိနိုင်မယ်...ကရင်လက်ချည်ပွဲဟာ ကျနော်တို့ ကရင်လူမျိုးတွေ ချစ်ကြည်ရင်းနှီးမှု စည်းလုံးညီညွတ်မှုကို လုပ်ဆောင်ပေးနိုင်မဲ့ ရိုးရာဓလေ့ပွဲတော်တရပ်လို့ မြင်တယ်။ဒီမှာတော့
ချည်ဖြူဖွဲ့ ပွဲမှာသက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေ စုံစုံလင်လင်တက်ရောက်ဆင်နွှဲတာ နှစ်တိုင်းလိုပါဘဲ။
နန်းစူးဖေါင်(ထိုင်းနိုင်ငံ-ချွန်ဘူရီ ကရင်လက်ချည်ပွဲတက်ရောက်ဆင်နွဲသူ
)
                                                          -ကျမတို့ ကရင်လူမျိုးတွေဟာ ရိုးရာယဉ်ကျေးမှုပွဲတော်ဆိုလို့ ကရင့်နှစ်သစ်ကူးပွဲတော်နဲ့ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတွေ ပိုပြီးစည်စည်ကားကားရှိတာပေါ့...အဲဒီထဲက ချည်ဖြူဖွဲ့ ပွဲက ကျမပိုပြီးတော့ နှစ်သက်မိ သလိုဘဲ..ဘာကြောင့်လဲဆိုတော့ ချည်ဖြူဖွဲ့ ပွဲမှာ ကျမတို့ ရဲ့  မိဘဘိုးဘွားတွေက ကျမတို့ ကို ချည်ဖြူရစ်ပတ် ဆုတောင်းပေးတဲ့အချိန်မှာ အရမ်းကိုခံစားရပါတယ်. .ပြီခဲ့တဲ့ချွန်ဘူရီခရိုင်က လက်ချည်ပွဲဆိုရင် ကျမချည်ဖြူရစ်ပါတ်ခံတဲ့အချိန်မှာ ကြက်သိမ်းတချက်
ထမိပြီး မျက်ရည်တောင်ဝဲလာမိပါတယ်။ ပြီးတော့ ကျမတို့ လူငယ်တွေအချင်းချင်းလည်း တဦးကို
တဦး လက်ကောက်ဝတ်မှာ ချည်ဖြူရစ်ပါတ်ချည်နှောင်ပေးတာ နာမည်တွေမိတ်ဆက်ကြတာ ခင်မင်ရင်းနှီးမှုတွေ ရကြတာ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တခုပါ။
.................................................
ဖတ်ရှုအားပေးသူများ အားလုံး...
                ပလူးလာ..ပလူးလာ ဟာ့ကေ..ဟာ့ကေ..ဂယ့်ထိုင်...ဂယ့်ထိုင်.ဂယ့်ထိုင်....
ဒေါနသစ္စာ
30/08/2012.
www.karentimes.blogspot.com