Thursday 29 December 2011

၂၇၅၁ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ဒိန်းမတ်နိုင်ငံတွင် ကျင်းပပြီးစီး


29/12/2011.



ကရင့်သက္ကရာဇ် ၂၇၅၁- ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို၊ ပြည်တွင်းနှင့်
နိုင်ငံတကာရောက် ကရင်လူမျိုးများက အစဉ်အလာမပျက် စိတ်အားထက်သန်စွာ 
ကျင်းပကြသကဲ့သို့  ဒိန်းမတ်နိုင်ငံရောက် ကရင်လူမျိုးများကလည်း ကရင့်အမျိုး သားနှစ်သစ်ကူးပွဲတော်တရပ်ကို ဒီဇင်ဘာလ ၂၉-ရက်တွင် ၊ဒိန်းမတ်နိုင်ငံ Nyborg မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်းသိရသည်။ အခမ်းအနားအစီအစဉ်အရ ကရင်အမျိုးသားအလံတော် အလေးပြုခြင်း၊ အမျိုးသားသီးချင်း သီဆိုခြင်းနှင့် ကရင့်နှစ်သစ်ကူးဖြစ်ပေါ်လာပုံများဖတ်ကြားခြင်းများ ပြုလုပ်ပါသည်။


အခမ်းအနားတွင် ကရင်လူမျိုးများအပြင် ဒိန်းမတ်၊ရှမ်း၊ကချင်၊ မွန်၊ ချင်း၊ရခိုင်၊ ဗမာ အစရှိသည့် တိုင်းရင်းများစုံလင်စွာတက်ရောက်ကြပြီး ငှင်းတို့ ၏သက်ဆိုင်ရာ ယဉ်ကျေးမှုရိုးရာအကများ စုံလင်စွာ ကပြဖျော်ဖြေတင်ဆက်ကြသည်။

ဒိန်းမတ်နိုင်ငံရောက် ကရင်လူမျိုးများက နှစ်သစ်ကူးနေ့ ပွဲတော်ကျင်းပကြသည်မှာ ၇-ကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။

ကရင့်နှစ်သစ်ကူးနေ့ လှုပ်ရှားမှုပုံများကို အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။



karentimes.....