Wednesday 14 September 2011

နယ်ချဲ့ နဲ့ ပဒေသရာဇ် ဘယ်ဒင်းကပိုဆိုးသလဲ




        ဆောင်းပါး - ဂ္ဂ

     ကဲ...ကဲ လိုရင်းတိုရှင်းဘဲလုပ်ရအောင်။ နယ်ချဲ့ စနစ်နဲ့ ပဒေသရာဇ်စနစ် ဘယ်ဒင်းကပိုဆိုးသလဲ ဆိုရာမှာ ကျုပ်တို့ နိုင်ငံသားတွေအဖို့ အဖြေနှစ်ခုထွက်ပါတယ်။ နိုင်ငံတွင်းမှာ နောက်ဆုံးပဒေသရာဇ်
စနစ် ထွန်းကားခဲ့တဲ့လူမျိုးစုကြီးအဖို့ မိမိတို့ ကို အပြုတ်ချလိုက်တဲ့နယ်ချဲ့ ဟာ အလွန်မုန်းစရာကောင်း
တဲ့ ရန်သူစစ်စစ်ဘဲပေါ့။ သူတို့ အနေနဲ့ တော့ နယ်ချဲ့ စနစ်ကို ပဒေသရာဇ်စနစ်ထက်ဆိုးတယ်လို့ 
သဘော ထားပါလိမ့်မယ်။ ဒါပေမဲ့ အခြားတဘက်မှာ ပဒေသရာဇ်ခေတ်တုံးက စစ်ရှုံးလို့ ပဒေသ ရာဇ်ကျေးကျွန်ဘ၀နဲ့ အာဏာမဲ့ခဲ့ရတဲ့ တခြားလူမျိုးစုအားလုံးအဖို့ တော့ မိမိကို တလျှောက်လုံးအနိုင်
ယူ ဓါးမိုး ကြီးစိုးခဲ့တဲ့လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက လာပြီးအနိုင်ယူခြင်းဟာ ၀မ်းနည်းစရာဟုတ်နိုင် ပါ့မလား။ 

         အဲဒါ ဆံဖြူအောင်စဉ်းစားမှ သိနိုင်တဲ့အဖြေမဟုတ်ပါဘူးနော်။ နောက်ပြီး တခုသိထားသင့်တာ
က ဒီအဖြစ် ဒီအခြေတွေနဲ့ ပါတ်သက်ပြီး ခံနေရတဲ့လူမျိုးစုတွေထဲက တချို့ ဟာ ဘာမှမခံစားရတဲ့ ဟန်ဆောင်ပြုနေကြတာရှိရင် ဒီအပြုအမူဟာ တကယ့်စိတ်ရင်းကလာတာလား၊ ကြောက်လို့ လား၊ သာပေါင်းညာစားစိတ်ဓါတ်ကြောင့်လား၊ ဒါမှမဟုတ် ဘာမှမသိတဲ့အရိုး၊ အ အ.တွေဖြစ်နေလို့ လားဆိုတာ သုံးသပ်ဖို့ လိုပါတယ်။ ဒါကတရားမျှတမှုကို ဖြစ်ပေါ်စေလိုတဲ့ စေတနာမှန်သူတွေအတွက်ပြောတာပါ။ မှန်ကန်တရားတဲ့လုပ်ရပ်တွေကို လုပ်နိုင်ဖို့ ဆိုတာက စေတနာမှန်ယုံနဲ့ မလုံလောက်ပါဘူး။ ရထား သိထားတဲ့အချက်အလက်တွေကလည်း အမှန်နဲ့ နီးစပ်ဦးမှဖြစ်မှာပါ။


     နယ်ချဲ့ ခေတ်အနှစ်တစ်ရာအတွင်းမှာ ဗမာပြည်ပဒေသရာဇ်စနစ် အမြစ်ပြုတ်သွားခဲ့တဲ့တချိန်ထဲမှာ
ဘဲ အခြားလူမျိုးစုတွေအားလုံးကို ဗမာနဲ့ တန်းတူအဖြစ် နယ်ချဲ့ တွေက သတ်မှတ်ခဲ့တယ်။ ဒါကလဲ လူမျိုးခြားတွေကို အုပ်ချုပ်ရာမှာ မိမိဘက်ပါသူရှိနေအောင် လုပ်တဲ့ နိုင်ငံရေးကလိမ်ဥာဏ် လုပ်ထုံး လုပ်နည်းတွေပါ။ မေတ္တာစေတနာသက်သက်နဲ့ လုပ်ပေးတာလို့ ဘယ်တိုင်းရင်းသားကမှ သဘောမထား ပါဘူး။ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီနယ်ချဲ့ ခေတ်မှာမှ မိမိရဲ့ သွေးချင်းဆိုတဲ့ပဒေသရာဇ်တွေက ပေးဖို့ လုံးဝစေ တနာမထားခဲ့တဲ့ မိမိဆိုင်ရာလူမျိုးစုအားလုံးရဲ့  စကား၊စာပေတွေ ဖေါ်ထုတ်အားပေးခြင်းခံရတယ်။ 


   ကချင်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် ခေတ်မှီကျောင်းတွေ တရားဝင်ဖွင့်လှစ်ခွင့်ရကြတယ်။
ငွေမလုံလောက်ရင် အစိုးရဆီဖြစ်ဖြစ်၊ နိုင်ငံတကါဘာသာရေးအဖွဲ့ အစည်းကိုဖြစ်ဖြစ်၊ တင်တောင်းလို့  ရတာတွေလဲရှိတယ်။ တချို့ ဆိုရင် ခုချိန်ထိ အစိုးရက မပယ်ဖျက်ရဲတဲ့ အမျိုးသားအလံတရားဝင်ထူခွင့်၊ အမျိုးသားသီချင်းဆိုခွင့်တောင် ရခဲ့ကြတယ်။ ဒါတွေဟာ နယ်ချဲ့ အုပ်စိုးမှုကြောင့် ရခဲ့တဲ့တိုင်းရင်းသား တို့ ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တွေမဟုတ်ဘူးလို့ မျက်စိစုံမိတ်ပြီး ငြင်းလို့ ရမလား။ ပဒေသရာဇ်ခေတ်တုံးကတော့ ဒါတွေလုပ်ရင်ခေါင်းဖြတ်ပြီး ရွာလည်မှာချိတ်ပြခံရဖို့ ပါဘဲ။ ဒီတော့ ဒီလူမျိုးစုတွေအဖို့  နယ်ချဲ့ နဲ့ ပဒေသရာဇ် ဘယ်ဒင်းကပိုဆိုးတယ်ဆိုတာကို ဘယ်နိုင်ငံရေးသင်တန်းမှ မတက်ဘူးဘဲနဲ့ လည်း ကောင်းကောင်းသိနိုင်ကြမှာဘဲပေါ့။ ဟုတ်တယ်မဟုတ်လား။


                        ဒီမှာ ကျုပ်တို့ ဝဲယါနိုင်ငံရေးသမားတွေ၊ စာပေသမားတွေကစပြီး ဆင်ခြင်ကြဖို့ က နယ်ချဲ့ လုပ်ရပ်နဲ့ ပါတ်သက်ပြီး တိုင်းရင်းသားတွေ ဘာမှနားမလည်ကြသယောင် ပြောဆိုရေးသားနေ ကြမှုပါဘဲ။ သူသိမှန်းမသိရင် ကိုယ်ကသါ တကယ်မသိတဲ့လူဖြစ်နေမှာပေါ့။နောက်တခု ကြားဖြတ်ပြော
ထားချင်တာက ဗမာပဒေသရာဇ်တွေဆိုးဝါးတယ်ဆိုတဲ့အချက်ဘဲ။ ဒါဟာ ကျုပ်တို့ နိုင်ငံမှာ တကယ်ဖြစ် ပျက်ခဲ့တဲ့အကြောင်းတွေကို ယူပြီးပြောရတာပါ။ ဗမာလူမျိုးတွေက တခြားလူမျိုးတွေထက် ထူးထူးကဲကဲ
ပိုပြီး ဆိုးဝါးတယ်လို့ ပြောနေတာမဟုတ်ဘူး။ တကယ်လို့ ပဒေသရာဇ်ခေတ်တုန်းက စစ်နိုင်ခဲ့တဲ့လူမျိုး
ဟာ ကရင်ဖြစ်နေရင်ရော၊ ရှမ်းဖြစ်နေရင်ကော၊ မွန်၊ရခိုင် စတဲ့တခြားလူမျိုးတစုစု ဖြစ်နေရင်ကော၊ တခြားလူမျိုးစုတွေအပေါ် ဗမာပဒေသရာဇ်တွေဆိုးတာထက်မနည်း ဆိုးကြမှာပါဘဲ။ 


              ဘာဖြစ်လို့ လဲဆိုတော့ ဒီမိုကရေစီတွေ၊ လူ့ အခွင့်အရေးတွေကို ဘာမှနားမလည်သေးတဲ့ 
အဲဒီခေတ်က တကမ္ဘာလုံးမှာရှိတဲ့ အုပ်စိုးသူဆွေမျိုးစုတိုင်းဟာ ပြည်သူတွေကို ကျွန်လို့ သတ်မှတ်ပြီး အနိုင်ကျင့်အုပ်စိုးလာကြတာချည်းပါဘဲ။ပဒေသရာဇ်ခေတ်တလျှောက်လုံးမှာ ဗမာဘုရင်က ဗမာပြည်
သူအချင်းချင်းကိုလည်း ကျွန်လို့ ဘဲသတ်မှတ်တာပါဘဲ။ ပဒေသရာဇ်ဆွေမျိုးတွေ အမျိုးပြုတ်သွား ပြီးနောက်ပိုင်းမှာ သာမန်ပြည်သူတွေလက်ထဲ အာဏာရောက်လာတဲ့အခါကျမှ တိုင်းတွေ၊နိုင်ငံတွေကို ပဒေသရာဇ်ဆွေမျိုးတစုပိုင်တဲ့ခေတ်ကနေ အမျိုးတူလူမျိုးတစုလုံး ပိုင်တဲ့ခေတ်အဖြစ် ပြောင်းလာ တာဖြစ်တယ်။ အဲဒီခေတ်အခြေအနေအောက်မှာမှ အုပ်စိုးသူလူမျိုးနဲ့ အုပ်စိုးခံလူမျိုးရယ်လို့  ပိုင်းခြားနိုင် တာတွေဖြစ်ပေါ်လာတယ်။ ဘာဖြစ်လို့ ဒီလိုပိုင်းခြားနိုင်တာလဲဆိုတော့ ဗမာလူမျိုးစုနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေမှာ မတူတဲ့ လူမျိုးသက်သက်ဆိုင်ရာ အခြေအနေတွေဖြစ်ပေါ်နေလို့ ပါဘဲ။


   လူမျိုးရေးသက်သက်ဆိုင်ရာဆိုတဲ့ ဝေါဟာရကို ရှင်းပြချင်ပါတယ်။ဒီဝေါဟာရက အခုဆောင်းပါးမှာမှ စပြီးတွေ့ ရတဲ့ နိုင်ငံရေးဝေါဟာရ အသစ်စက်စက်မို့ ပါ။ ဗမာပြည်မှာ စားဝတ်နေရေး၊ စီးပွားရေးဆိုင်ရာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကိုကြည့်ရင် ဗမာလူမျိုးစစ်စစ် တဦးစီတွေနဲ့ အခြားလူမျိုးတဦးစီတွေကြားမှာ ခွဲခြားမျက်နှာလိုက်တဲ့ ဥပဒေတွေချမှတ်ထားတာမရှိပါဘူး။ ဆင်းရဲ၊ချမ်းသာဆိုတဲ့ ဘ၀အခြေအနေတွေ
ဟာ လူမျိုးအလိုက်ဖြစ်နေတာမဟုတ်ဘဲ လူတဦးစီရဲ့  ဘ၀အခြေအနေအပေါ် တည်နေပါတယ်။ မြို့ ပြကြီးပေါ် မှာ မွေးဖွားကြီးပြင်းလာတဲ့ ဘွဲ့ ရက၇င်တယောက်ဟာ အလုပ်ကြီးအကိုင်ကြီးလုပ်ရပြီး ကြီးပွါးနေမယ်။ ဒါမှမဟုတ်လည်း အစိုးရအရာရှိကြီးတဦးအဖြစ် ထည်ဝါနေမယ်။ အညာဒေသကဆင်း
လာတဲ့ ဗမာဆင်းရဲ သားတယောက်ဟာ မြို့ ပေါ်မှာ ကျောက်သယ်၊ လမ်းခင်းအလုပ်ကြမ်းကို ပင်ပင် ပန်းပန်းလုပ်ရသလောက် ထမင်းနပ်မှန်အောင် မစားရတဲ့ဘ၀ရောက်နေမယ်။ ဗမာဖြစ်တယ်ဆိုယုံနဲ့  သခင်စတိုင်ဖမ်းခွင့် ရှိနိုင်မှာ မဟုတ်ဘူး။


      ဆိုလိုတာက ဒီလိုကိစ္စမျိုးတွေမှာ ဗမာနဲ့ အခြားလူမျိုးတွေအကြား သတ်မှတ်ခွဲခြားထားတဲ့နည်းတွေ၊ စနစ်တွေ၊ လုပ်ထုံးတွေမရှိဘူး။ ဒါပေမဲ့....ဒါပမဲ့ပေါ့...ဘာသာ၊ စာပေ၊ယဉ်ကျေးမှုအပိုင်းမှာကျတော့၊ လုံးဝ ရှင်းရှင်းဘွင်းဘွင်ကြီးကို၊ ခွဲခြားဖိနှိပ်ထားမှုတွေ တရားဝင်လုပ်နေတယ်။ အဲဒါ လူမျိုးရေးဆိုင်ရာသက် သက်လို့ ခေါ်တယ်။


     တိုင်းရင်းသားစာပေတွေဟာ ကျောင်းမှာရော ရုံးလုပ်ငန်းမှာပါ ဘယ်နေရာမှာမှ တရားမ၀င်ပါဘူး။ တိုင်းရင်းသားအားလုံးဟာ မိမိရဲ့ စာပေကို ဗမာစာနဲ့ ၊ တန်းတူတဲ့နည်းတွေနဲ့  ဆည်းပူးခွင့်မရဘူး။ တိုင်းရင်းသားတွေအားလုံးဟာ မိမိစာပေကို တိမ်ကောပပျောက်စေတဲ့ အခုလိုပြောင်ဖိနှိပ်မှုတွေကို သင့်မြတ်တဲ့လုပ်ရပ်အဖြစ် လက်ခံထားကြရတယ်။ တခြားတဘက်မှာ ဗမာလူမျိုး ပြည်သူအများစုကြီး ကိုယ်တိုင်ကလည်း တိုင်းရင်းသားတွေအပေါ် အစိုးရက ဒီလိုလုပ်တာကို ဖိနှိပ်တာလို့ မတွေးမိဘူး။ ဆိုးတယ်လို့ လဲမထင် ဖြစ်နေကြတယ်။ နားလည်ဖို့ ကိုယ်ချင်းစာဖို့ မကြိုးစားဘူး။ 

လူထုမှာ ပြည်ထောင်စု စိတ်ဓါတ်ကောင်းကောင်းမ၀င်သေးဘူး။ ပြည်ထောင်စုညီနောင်တွေအပေါ်၊ အသိအမှတ်ပြုပေးရမဲ့အခွင့် အရေးတွေကိုလဲ အလေးအနက်မရှိသေးဘူး။ ပဒေသရာဇ်ဆန်ဆန် မျိုးချစ်စိတ်ဓါတ်တွေက အနိုင်ယူကြီး စိုးနေဆဲဘဲ။ ဒီလိုဖြစ်ရတာကလဲ လွတ်လပ်ရေးရပြီးကတည်းက ပဒေသရာဇ်အနွယ်ဝင် စိတ်မကုန်ခမ်းသေး တဲ့ အုပ်ဆိုးသူအဆက်ဆက်ဟာ ဗမာလူမျိုးကို မိမိတို့ ရဲ့ အခြေခံလူထုအဖြစ် သတ်မှတ်ပုံသွင်းအသုံးချခဲ့ လို့ ပါဘဲ။ အင်္ဂလိပ်ခေတ်က ကရင်၊ကချင် စတဲ့လူမျိုးစုတွေကို အင်္ဂလိပ်အစိုးရက ပုံသွင်းအသုံးချ မြောက်စား တဲ့နည်းနဲ့ သိပ်မခြားပါဘူး။


                   ဒီတော့ အင်္ဂလိပ်ကိုတော်လှန်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လူထုရဲ့ မျိုးချစ်စိတ်ဆိုတာက
နှစ်ပိုင်းဖြစ်နေတာတွေ့ ရတယ်။ တမျိုးက ပဒေသရာဇ်စိတ်ဓါတ် ပြန်လည်ခေါင်းထောင်လာခြင်းနဲ့ တူတဲ့၊ ပဒေသရာဇ်အမွေစားအမွေခံ၊ လူမျိုးခြားဆန့် ကျင်ရေး မျိုးချစ်စိတ်ဓါတ်ဖြစ်ပြီး၊ နောက်တမျိုးက လက်ဝဲ
ဆန် တဲ့အရင်ရှင် နယ်ချဲ့ ဆန့် ကျင်ရေး၊မျိုးချစ်စိတ်ဖြစ်တယ်။ အဲဒီအချိန်က လက်ဝဲနိုင်ငံရေးအင်အား စုတွေဟာ၊ လူထုကို အရင်းရှင်နယ်ချဲ့ဆန့် ကျင်ရေး မျိုးချစ်စိတ်ဓါတ်နဲ့ ရှေ့ ဆောင်ခဲ့တာဖြစ်ပေမဲ့၊
ပြည်သူအများစုက ကိုယ်ကျိုးစွန့် ရဲရင့်တဲ့ လက်ဝဲအင်သားစုတွေရဲ့ ဦးဆောင်မှုကို၊ ခံယူခဲ့ပေမဲ့ လူမျိုးခြားနယ်ချဲ့ ကို တိုက် ထုတ်ရေးဆိုတဲ့ လူမျိုးရေးစိတ်ဓါတ်ကသါ အဓိကတွန်းအားဖြစ်ခဲ့တာပါ။ ဗမာပြည်ထဲမဟုတ်ပါဘူး ၊ နယ်ချဲ့  ကိုတော်လှန်အောင်မြင်ခဲ့တဲ့နိုင်ငံတိုင်းက လူထုတွေရဲ့  အဲဒီအချိန်
က နားလည်သဘောပေါက်မှုတွေဟာ၊ ဆင်တူပါဘဲ။


    ဦးဆောင်နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့  ခံယူချက်နဲ့ အယူအဆတွေဟာ အဆင့်မြင့်နိုင်ငံရေးပညာရပ် ကျမ်းဂန်ကြီးတွေလိုဖြစ်နေတာမို့  သာမန်ပြည်သူတွေ ဂဃနဏ ကွဲအောင် နားလည်ခဲ့တယ်လို့ ယူဆရင် မမှန်နိုင်ပါဘူး။ ဟိုခေတ်ကိုမပြောနဲ့ ခုခေတ်အထိလဲ နိုင်ငံရေးကို သေသေချာချာ သင်ကြားရဘူးခြင်းမရှိ
ဘဲ နဲ့  လွယ်လွယ်နားလည်နိုင်တဲ့ အသေးစားပညာရပ်လေးတခု ဖြစ်မနေသေးပါဘူး။ ခေတ်ပညာတတ် 
ဘွဲ့  ရဖြစ်သည့်တိုင် အများစုဟာ နိုင်ငံရေးအယူအဆတွေကို ရှင်းရှင်းလင်းလင်းကြီး နားလည်နေကြတာ
မဟုတ်ပါဘူး။ ဟိုကိစ္စမှာဘွဲ့ ရတာနဲ့  ဒီကိစ္စကိုလည်း နားလည်တယ်လို့ အထင်တလုံးတွေ ဖြစ်နေကြတာ
ပါ။ ဒါမှမဟုတ် အတွေ့ အကြုံမပြည့်စုံတဲ့ ဘေးလူတွေက ၀ိုင်းထင်နေကြတာပါ။


    ကျုပ်တို့ အားလုံးမှာ တဘက်နဲ့ တဘက် ထူးထူးခြားခြား ကွဲပြားတယ်လို့  ကိုယ့်ကိုထင်နေကြပေမဲ့၊ တနိုင်ငံတည်းက နိုင်ငံသားတွေဖြစ်နေတာဆိုတာ ကျုပ်တို့ ရဲ့ စဉ်းစားတွေးခေါ်နည်းတွေဟာ အလွန်
အရေး ကြီးတဲ့ ကိစ္စတော်တော်များများမှာ တဘက်နဲ့ တဘက် ပြတ်ပြတ်သားသား ကွဲပြားမှုမရှိပါဘူး။ အထူးသဖြင့် လူမျိုးစုဆိုင်ရာ ပြသနာကိုဘဲကြည့်ပေါ့။ လက်ယာဓနရှင်ဝါဒီတွေနဲ့ လက်ဝဲလူတန်းစား
နိုင်ငံရေးသမားတွေဟာ ဒီလောက်ထင်ထင်ရှားရှားဖြစ်နေတဲ့ လူမျိုးစုပြသနာကို စားဝတ်နေရးဆိုင် ရာစားခွက်လုပြသနာတိုက်ပွဲတွေရဲ့  အကျိုးဆက်မျှဖြစ်တယ်လို့ ၊ မြင်တဲ့အတွက် တိုက်ရိုက်ဖြေရှင်းဖို့  ရည်ရွယ်ချက်မထားကြဘူး။ ဒါဟာ အစွန်းနှစ်ဘက်ရဲ့ ဆုံချက်ဘဲပေါ့။တချို့ နိုင်ငံရေးအုပ်စုတွေဟာ မိမိကိုယ်မိမိ ဒီမိုကရက်တစ်လို့ ထင်နေကြတဲ့ ပဒေသရာဇ်အမွေစား အမွေခံစိတ်ဓါတ်ကို မစွန့် နိုင်သူ ပဒေသရာဇ်မျိုးချစ်မျှသာ ဖြစ်နေကြတဲ့နည်းတူ မိမိကိုယ်မိမိ၊ ပစ္စည်းမဲ့ကွန်မြူနစ်လို့  ခံယူနေကြသူများ ဟာလည်း တကယ်တော့ သူတို့ က အမျိုးသားရေးလို့  အမည်ပေးထားတဲ့ လူမျိုးရေးစိတ်ဓါတ် ဂွင်ထဲမှာ
ဘဲ ပိတ်မိနေသေးတဲ့ ပဒေသရာဇ်မျိုးချစ်တွေ ဖြစ်နေကြတာပါဘဲ။


          ယခင်က နယ်ချဲ့ ဖြစ်ခဲ့ဘူးတဲ့နိုင်ငံက ပြည်သူလူထုတွေဟာ ခုအခါမှာ နယ်နိမိတ်မဲ့နိုင်ငံတကါစိတ်
ဓါတ်တွေ၊ တဖွားဖွားကြီးထွားနေချိန်မှာ ကျုပ်တို့ ဆီမှာတော့ အမျိုးသားရေးစိတ်ဓါတ်ထက် ပိုပြီးတိုးတက်
တဲ့ ခံစားချက်တွေ မြေတောင်အမြောက်မခံရသေးပါဘူး။ လက်ဝဲရော လက်ယာနှစ်ဘက်လုံးက ပုဂ္ဂိုလ် များထဲက တိုးတက်လှပြီဆိုသူများတောင်မှ တကယ်ဆန်းစစ်လိုက်ရင် ပဒေသရာဇ်မျိုးချစ်တွေမျှ သာ လျှင် ဖြစ်နေကြပါသေးတယ်။


    အဆိုးဆုံးကတော့ ဟန်မဆောင်တတ်တဲ့ အာဏာလက်ရှိစစ်အစိုးရက ပြသနာကို ဖြေရှင်းရမဲ့အစား ပဒေသရာဇ်ခေတ်ကလို စစ်ရေးနည်းနဲ့ ချေမှုန်းရင်း သံကြိုးကွင်းဆက်ပြသနာတွေကို ဖန်တီးနေ ကြခြင်းပါဘဲ။ တိုင်းရင်းသားတွေကြောက်ပြီး ဦးကျိုးကုန်ရင် ဒါမှမဟုတ် သွေးနှောကုန်ရင် ဗမာပြည်ပြသနာ လည်း အိုကေသွားမှာဘဲလို့  ထင်ကြတယ်။


ပဒေသရာဇ်ခေတ်က တိုင်းရင်းသားတွေကိုအနိုင်ကျင့်ခဲ့တဲ့ ဘုရင်တွေဘာတွေကိုလည်း ခုထိချီးမြောက်
ကိုးကွယ်ထားကြတယ်။ ဒါဟာ မိမိရော မိမိရဲ့ အအုပ်ချုပ်ခံလူထုကိုရော ပဒေသရာဇ်မျိုးချစ်စိတ် ဓါတ် ပြန်လည်လွှမ်းမိုးစေဖို့ ဒါမှမဟုတ် ဆက်လက်လွှမ်းမိုးစေဖို့  အတိအလင်းလုပ်နေခြင်းဘဲ။ တဘက်မှာလည်း တခြားလူမျိုးအားလုံးကို အငယ်အနှောင်းစိတ်ဓါတ် မ၀င် ၀င်အောင်လုပ်နေတာပါဘဲ။ အစိုးရက မိမိအာဏာတည်ဆောက်ရေးမှာ မိမိရဲ့ အခြေခံလူမျိုးစုအဖြစ်၊ အသုံးချခံထားတဲ့ ဗမာတိုင်း ရင်းသားများဟာ တခြားတိုင်းရင်းသားအားလုံးရဲ့  မလိုမုန်းတီးမှုကို အခံရဆုံးဖြစ်နေရတယ်။ ဗမာတွေ
ဟာ နယ်ချဲ့ လက်အောက်ကျရောက်ခဲ့တုန်းက အနောက်တိုင်းသားအားလုံးကို မနှစ်မြို့ ကြသလို အခြား တိုင်းရင်းသားတွေဟာလည်း ပေါ်လစီကိုင်သူတွေနဲ့ အားဏာပိုင်သူအားလုံး ဗမာသာဖြစ်တဲ့ဒီနေ့  အစိုးရအဖွဲ့ ကိုအခြေခံပြီး၊ ဗမာမှန်သမျှကို မနှစ်မြို့ စိတ်တွေ ပွင့်ပွင့်လင်းလင်းမဟုတ်ရင်တောင် အုံ့  ပုန်းတော့ခံစားနေကြရမှာပါ။ 

    တကယ်တော့ ဗမာရောတခြားတိုင်းရင်းသားအားလုံးမှာ လွှမ်းမိုးနေတာက တရားမျှတမှုဆိုတာထက် မိမိဆိုင်ရာလူမျိုးကိုသာ မဏ္ဍိုင်ထားတဲ့ ပဒေသရာဇ်စိတ်မျှသာဖြစ်နေလို့  ဒီကိစ္စအတွက် ထွက်ပေါက် မရှိဖြစ်နေတာပါ။မြန်မာပြည်တွင်းလူမျိုးရေးပြသနာဟာ ပဒေသရာဇ်ခေတ်ကစပြီး အပြင်းအထန်ဖြစ်ပွား
ခဲ့တာပါ။ အုပ်စိုးသူတို့ ရဲ့ နိုင်ငံရေးကစားကွက်တခုအဖြစ် ကြိုက်သလိုဖန်တီးထားတဲ့သမိုင်းကို သံယောင် လိုက်ပြီး တွေးတဲ့အတွေးအခေါ်၊ ကျေးကျွန်တွေက ပဲ့တင်ထပ်သလို၊ နယ်ချဲ့ ခေတ်ရောက်မှ ဖြစ်လာတာ လုံးဝမဟုတ်ပါဘူး။ တကယ်တော့ နယ်ချဲ့ ခေတ်က ဗမာပြည်တွင်းတိုင်းရင်းသားအားလုံးအကြား တန်းတူ မှုအရှိဆုံးခေတ်ဆိုတာ သမိုင်းကို ဒိုးယိုပေါက် ဖေါက်ထွင်းသုံးသပ်နိုင်သူတိုင်းက လက်ခံမှာပါ။ 


   ဒီလိုပြောလိုက်ခြင်းဟာ အကြောင်းမှန်ကို ဖေါ်ထုတ်ခြင်းသာဖြစ်ပါတယ်။ စာရေးသူကိုယ်၌ကတော့ 
နယ်ချဲ့ ဖြစ်စေ၊ ပဒေသရာဇ်ဖြစ်စေ အသံကောင်းဟစ်နေတဲ့ဘာစနစ်ဘဲဖြစ်ဖြစ်၊ လူလူချင်း ရက်ရက်စက်
စက် အနိုင်ကျင့်တဲ့စနစ်မှန်သမျှကို ပိုမုန်းပါတယ်။


           ဒီတော့ မြန်မာပြည်မှာ စစ်အစိုးရကရော လက်ဝဲ၀ါဒီကပါ အချိန်မဟုတ်အခါမဟုတ် စည်းချက်
ညီညီအော်နေကြတဲ့ နယ်ချဲ့ ဆန့် ကျင်ရေးဟစ်စံတွေဟာ မြန်မာပြည်အတွက် ပဒေသရာဇ်မျိုးချစ်စိတ်
ကို အမြစ်မပြတ်သွားအောင် နိုးဆွဖို့ ကလွှဲပြီး တခြားဘာမှအသုံးမ၀င်ပါဘူး။ စစ်အစိုးရက မိမိအာဏာ
ကိုင်ထားမှုကို သင်မြတ်ကြောင်း၊ လိုလားအပ်ကြောင်း၊ အကြောင်းပြနိုင်ဖို့ နယ်ချဲ့ စနစ်ချီးခြောက်ကို
ရေနူးနေတာဖြစ်ပေမဲ့ လက်ဝဲ၀ါဒီများကတော့ မိမိတို့ က မိတ်ဆွေအဖြစ် တဘက်သတ်ခံယူထားပုံရတဲ့ တရုတ်ပြည်လုံခြုံရေးအတွက် ၀ိုင်းလုပ်ပေးနေတာ ဖြစ်ပုံရပါတယ်။

       ဆင်ကြီးတကောင်ကို ကါကွယ်ရမှာက မိမိရဲ့ လူတန်းစားရေးတာဝန်လို့ ပုရွက်ဆိတ်လေးတွေက သဘောပေါက်ထားကြပုံပါဘဲ။ ပြည်တွင်းကလူထုအနေနဲ့  မျက်ဝါးထင်ထင်မြင်ရတာက တရုတ်ဟာ
မြန်မာပြည်သူတွေကို ရက်စက်ရိုင်းစိုင်းစွာ ဓါးမိုးအုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ အားကိုးအားထားပြုရာ တဦးတည်းသော အခင်မင်ဆုံး မိတ်ဆွေနိုင်ငံဖြစ်နေခြင်းပါဘဲ။ တရုတ်ကတော့ မြန်မာပြည်ကို စီးပွားရေး အကျိုးအမြတ်နဲ့  မဟာဗျူဟာခြံစည်းရိုးနိုင်ငံအဖြစ် လုပ်ထားဖို့ အတွက်သာဖြစ်ပါတယ်။ ရှေးရှေးက တရုတ်အစိုးရလို မြန်မာပြည်ကလူတန်းစားတိုက်ပွဲကို အထောက်အကူပြုဖို့ ဆိုတဲ့စေတနာ လုံးဝမတွေ့  ပါဘူး။ 

 
   ဒီတော့ ပြည်သူတွေဟာ စစ်အစိုးရကို တရုတ်အစိုးရကိုလဲ မုန်းမှာပါဘဲ။ တရုတ်အစိုးရကိုမုန်းတဲ့အ
တွက် တရုတ်ရှေ့ နေကိုလုပ်နေတဲ့ မြန်မာပြည်ကလူတန်းစားရေး ပါတီကိုလည်း ကြည်ကြမှာမဟုတ်ဘူး ဆိုတာ သဘောပေါက်ပြီး ဆင်ခြင်ပြုပြင်နိုင်ပါတယ်။ ဒီခေတ်ပြည်သူတွေဟာ နိုင်ငံရေးအယူဝါဒတခုကို နတ်တွေသိကြားတွေကိုယုံသလို မျက်စိစုံမိတ်ပြီး ယုံလေ့ရှိတဲ့ခေတ် မဟုတ်တော့ပါဘူး။


     ဒီနေ့ အရင်းရှင်စနစ်ကိုရော၊ ပစ္စည်းမဲ့ဝါဒကိုပါ လျှာနှစ်ခွလုပ်သုံးနေတဲ့တရုတ်နိုင်ငံဟာ မိမိနိုင်ငံကို ကါကွယ်ဖို့  အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ပဒေသရာဇ်မျိုးချစ်စိတ်ဓါတ်ကို ပြန်လည်ခေါင်းထောင်လာ
အောင် တဖက်လှည့်အားပေးခြင်းဖြင့် နယ်ချဲ့ ဆန့် ကျင်ရေးအရေးတော်ပုံကြီးကို ယာယီအားဖြင့် ထိန်း သိမ်းနိုင်မယ်လို့  ယူဆနေပုံရပါတယ်။ 

                                                   ဒီပေါ်လစီကြောင့်ဘဲ မြန်မာစစ်အစိုးရကို စစ်ပဒေသရာဇ်ကြီးတွေ
အဖြစ်က ကျဆုံးသွားစေမဲ့ နိုင်ငံတကါဖိအားမှန်သမျှကို မြန်မာပြည်သူတွေကို ထောက်ထားခြင်းမရှိတဲ့ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ကန့် လန့် လုပ်နေတာဖြစ်မှာပေါ့။ ဒီတော့ ဒီနေ့ အဖို့  ပဒေသရာဇ်နဲ့  နယ်ချဲ့ ၊ ဘယ်သူပိုဆိုးသလဲဆိုတာကို သိမြင်ဖို့ က တိုင်းရင်းသားပြည်သူအားလုံးရဲ့ ၊ မိမိဆိုင်ရာအကျိုးစီး
ပွါးအတွက် သဘောပေါက်မှုနဲ့  တွက်ချက်တတ်မှုအပေါ်မှာဘဲ မူတည်နေပါတော့တယ်။

ဂ္ဂ

ပဉ္စမအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်း(ဘန်ကောက်မြို့ အခြေစိုက်)
မှ ပြန်လည်ကူးယူဖေါ်ပြပါသည်။
Karentimes. 14-09-2011.



Tuesday 13 September 2011

မဟာလူမျိုးကြီးသွေးညှီစော်နံသော ဒေါက်တာလှိုင်မြင့်သို့ 


မန်းဒဲ့ဒိုး-12/09/2011.


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူငယ်ချင်းတယောက်က လက်တို့ လိုက်လို့  ဒီမိုဝေယံဘလော့ မှ ဒေါက်တာလှိုင်မြင့်ရေးတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ဆောင်းပါးတပုဒ်ကို သွားဖတ်လိုက်
ရပါတယ်။ ဆောင်းပါးရဲ့ အရေးအသားတွေဟာ ကိုယ်တွေ့ နေကျ၊ မြင်နေကျ၊ မဟာလူမျိုးကြီးဝါဒ
တို့ ရဲ့ ပင်ကိုယ်စရိုက်တွေဘဲ၊ ကိုယ့်အတွက်အထူးအဆန်းမဟုတ်ပေမဲ့ ဆောင်းပါးနဲ့  ပါတ်သက် တဲ့အကြောင်းအရာတွေ ပြောစရာ၊ ဆွေးနွေးစရာတွေရှိလို့ အခုလိုကောက်ရေးလိုက်တာပါ။

ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ အစွန်းရောက်တဲ့ဗမာကို မဟာလူမျိုးကြီးဝါဒလို့ ခေါ်တာ မနှစ်
မြို့ ကြောင်း၊ ဗမာလူမျိုးတွေက အခြားတိုင်းရင်းသားတွေနဲ့ သာတူညီမျှရတာကို မတရား၍ ပိုပြီးရသင့်ကြောင်း၊ဗမာအစိုးရကို တိုင်းရင်းသားတွေက အာမခံဘဲ၊ ဗမာတွေ ထားရာနေ၊
စေရာသွားဖို့ ၊လိမ်လိမ်မာမာနေကြဖို့  ပါပါတယ်။

` အရင်းဆုံးပြောချင်တာက ဘလော့ဂ်နဲ့ စာရေးဆရာပါ။ ကိုယ့်ဘလော့ဂ်နာမည်ကြီးချင် လို့ ၊
စာရေးဆရာ နာမည်ထင်ပေါ်ကျော်ကြားချင်လို့ ပွဲဆူနိုင်တဲ့အကြောင်းအရာတခုခုကို ရှာကြံ ပြီးရေးနေတာလား၊ ဒီလိုဆောင်းပါးမျိုး တင်ခြင်းအားဖြင့် ဘယ်လောက်ထိတာသွားသလဲ။ 
သက်ဆိုင်ရာ လူမျိုးတွေအပေါ် ဘယ်လောက်ထိရိုက်ခတ်သွားသလဲ၊စာရေးဆရာအနေနဲ့ အရှေ့ မှာ
ဒေါက်တာနာမည်တပ်ပေမဲ့ မိမိရဲ့ အတွေးအခေါ်တွေက ခေတ်ပညာတတ်တယောက်ရဲ့ အတွေး
အခေါ်အရေးအသားနဲ့ ကိုက်ညီသလား၊ ကိုယ်ရတဲ့ဒေါက်တာဘွဲ့ ဟာ လူကိုကုတဲ့ဒေါက်တာ လား၊ နေပြည်တော်က နွားတွေကိုကုတဲ့ဒေါက်တာလား၊ ဒါမှမဟုတ် ဒေါက်တာတိရိစ္ဆာန်လား၊ တိရိစ္ဆာန်ဒေါက်တာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ဗမာတယောက် အတန်းပညာဘယ်လောက်တတ်တတ်၊ဘယ်နေရာကိုဘဲရောက်ရောက်၊ ပင်ကိုယ်မူလ အကျင့်
စရိုက်၊ ဗီဇတွေ မဖျောက်ဖျက်နိုင်တာလဲ ပေါ်လွင်နေပါတယ်။

အုပ်ချုပ်သူဗမာအာဏာရှင်အဆက်ဆက်မှာ ငှင်းတို့ ရဲ့ အာဏာတည်မြဲရေးအတွက်၊ အာဏာကိုထိပါးလာနိုင်မဲ့သူတွေလို့ ယူဆရတဲ့သူတွေ၊ အင်အားစုတွေကို ဂုဏ်သိက္ခာကင်းမဲ့စွာ၊ ကလိမ်ကကျစ်နည်းပေါင်းစုံသုံးပြီး ဖြိုခွဲတာ၊အချင်းချင်းရန်တိုက်ပေးတာဟာ လုပ်ရိုးလုပ်စဉ်တခုပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဘဲ ကချင်တော်လှန်ရေးအဖွဲ့ တွေစိတ်ဝမ်းကွဲအောင် အရှက်မရှိ၊ မဟုတ် မမှန်သတင်းတွေ ဖြန့် တာ၊ ကရင်ဒီကေဘီအေတွေ မရှိတော့ကြောင်း ယခင်ဒီကေဘီအေ အငြိမ်း စားတွေထောင်ထားတဲ့ ပါတီတွေကို ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ခိုင်းတာတွေနဲ့ အခုလိုမျိုး ဗမာမဟုတ်တဲ့တိုင်းရင်းသားအင်အားစုတွေနဲ့  တိုင်းရင်းသားတွေကို တကယ်နားလည်တဲ့ဗမာတွေ (ယနေ့ ထိ လက်ရည်ချိုးလို့ ရတဲ့ အရေအတွက်ဘဲရှိ) စိတ်ဝမ်းကွဲအောင် ဒီလိုမျိုးဆောင်းပါးတွေ ထွက်လာတာဟာ တိုက်ဆိုင်မှုလား၊ သို့ မဟုတ် သခင်အားရကျွန်ပါးဝ၊တမင်တကာ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာလားဆိုတာလဲ တွေးစရာပါ။
..................................................


ဆောင်းပါးပါ အကြောင်းအရာတချို့ ကိုဆွေးနွေးချင်ပါတယ်။

၁။မဟာလူမျိုးကြီးလို့ ခေါ်တာ မနှစ်သက်ခြင်း။
အစွန်းရောက် မဟာဝါဒီသမားတွေကို မဟာလူမျိုးကြီးဝါဒလို့ ခေါ်ရင် ဆားထိတဲ့တီကောင်
တွေလို မလူးသာမလွန့် သာ ၊ အလွန်နာပါတယ်။ ဗမာကို မဟာလူမျိုးဝါဒရှိလို့ ပြောရတာလဲ အကြောင်းအရာခိုင်လုံနေလို့ ပါ။ ဖက်ဒရယ်၊ ဒီမိုကရေစီအကြောင်းအရင် မပြောသေးခင် အုပ်ချုပ်သူဗမာအာဏာရှင်အဆက်ဆက်မှာ တိုင်းရင်းသားတွေအတွက် အနည်းဆုံး ငှင်းတို့  ရဲ့ စာပေ၊ရိုးရာယဉ်ကျေးမှုတွေကို လွတ်လပ်စွာထုတ်ဖေါ်ပိုင်ခွင့်ရှိရဲ့ လား၊ လူသတ်တာ၊ မုဒိမ်းကျင့်
တာတွေ ထည့်မပြောသေးဘူး။ အဲဒါမဟာလူမျိုးကြီးဝါဒမဟုတ်ရင် ဘာလဲ။ မောင်လှိုင်မြင့်စဉ်းစား
မိသလား။

၂။ ရှစ်ပြည်နယ်မူကို မောင်လှိုင်မြင့် ကန့် ကွက်ခြင်း။    ။ မောင်လှိုင်မြင့်အနေနဲ့ ၊ ဗမာလူမျိုးတွေ
ဟာ အခြားတိုင်းရင်းသားတွေထက် မေးတဖျားသာနေလို့ လား၊ ဗမာလူဦးရေက အခြားတိုင်းရင်း သားဦးရေထက်များတယ်(ဗမာစစ်အာဏာရှင်အစိုးရရော၊ ပြည်ပရောက် ဗမာနိုင်ငံရေးသမားတွေ
ကပါ စာရင်းအတူတူဘဲ)လို့ ပြောတယ်။ ဒါကတော့ သူတောင်းစားဗိုက်ဝရင် လီးတောင်တယ်...
ဆိုတဲ့စကားပုံရှိတယ်...ဗမာလူမျိုးတွေ သန်း(၄၀)ရှိတယ်ဆိုပြီး လူပါးဝတဲ့ စကားပြောလာတာပါဘဲ။

ဗမာလူမျိုးတွေများလာအောင်ဘယ်သူတွေက လုပ်ဆောင်နေသလဲ၊ ပဒေသရာဇ်ခေတ်ပြိုင်ဖြစ်တဲ့ ရခိုင်ဘုရင်၊ မွန်ဘုရင်၊ ရှမ်းဘုရင်နဲ့ ဗမာဘုရင်ခေတ်တွေဆီ မောင်လှိုင်မြင့်ကို ပြန်ပြီးတွေးစေချင်ပါ
တယ်။ ဗမာလူမျိုးဘယ်လောက်ရှိလို့ လဲ။ ဗဟာဗမာခေါင်းဆောင် မောင်နေ၀င်းလက်ထက် ကတည်းက မောင်သန်းရွှေလက်ထက်အထိ၊ ဗမာလူမျိုးတွေများလာအောင် ဘယ်လိုလုပ်ဆောင်
သလဲ။ တိုင်းရင်းသားတွေရဲ့ နာမည်အစ သင်္ကေတအခ်ါအဝေါ်တွေကို မသိမသာသော်လည်းကောင်း၊ သိရင်းနဲ့ အာဏာသုံး၍သော်လည်းကောင်း ဖျောက်ဖျက်ပြီး ဗမာလူမျိုးအဖြစ် နိုင်ငံသား မှတ်ပုံ တင်တွေမှာ ပြောင်းလဲထည့်သွင်းစေပါတယ်။

                                                       အချို့ သူတွေက နာမည်ရဲ့ အရှေ့ မှာ တိုင်းရင်းသား
သင်္ကေတ အမည်တခုခုခံနေရင် အခြားဗမာလူမျိုးတွေလိုမျိုး အခွင့်အရေးတွေမရမှာစိုးရိမ်ပြီး ကိုယ့်ကိုယ်တိုင် ဖျောက်ဖျက်လိုက်တာလဲရှိပါတယ်။ အယုတ်ညံ့ဆုံးကတော့ ဖက်ဆစ်ဗမာ့တပ်မတော်
ထဲမှာ တိုင်းရင်းသားတွေကို သွေးနှောတဲ့စနစ်နဲ့ တိုက်တာလဲ ပါတဲ့အတွက် ဖက်ဆစ်ဗမာစစ်သားတွေ
က တိုင်းရင်းသားသမီးပျိုတွေကို သူကြီးသမီး၊ သူဌေးသမီး၊ ပညာတတ်တွေကို ရအောင်ယူနိုင်ရင် ဆုကြေးဘယ်လောက်၊ သာမန်တိုင်းရင်းသူကို ယူနိုင်ရင် ဆုကြေးဘယ်လောက်ဆိုပြီး ဆုပေး၊ဒဏ်ပေးတဲ့စနစ်ရှိပါတယ်။

ပဒေသရာဇ်ခေတ်ပြိုင် ကါလမှာ ဗမာလူမျိုးရဲ့ ရဲ့ လူဦးရေဟာ အများဆုံးရှိမှ ယနေ့ မြန်မာပြည် လို့ ခေါ်တဲ့ မြေပုံပေါ်မှာ လေးပုံတစ်ပုံလောက်ဘဲရှိမယ်။ ဗမာလူမျိုးတွေ အခြားကမ္ဘာမှာရှိတဲ့ လူသားတွေလိုမျိုး သာမန်သမရိုးကျ မျိုးပွါးမယ်ဆိုရင် အများဆုံးရှိမှ အခုမြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ပေါ့။ မောင်လှိုင်မြင့်ပြောသလိုမျိုး ယနေ့ ဗမာလူဦးရေ
ဟာ သဘာဝတိုးနှုန်းထက်ကျော်လွန်ပြီး သန်း(၄၀)လောက်ရှိတယ်ဆိုတာ ဗမာယောက်ျားတွေက ဖျံထီးလိုစွမ်းသလား၊ သို့ မဟုတ် ဗမာယောက်ျားတွေအားလုံး သီပေါမင်းအားတိုးဆေးများ သုံးလေသလားဆိုတာ ဗမာလူမျိုးမောင်လှိုင်မြင့်ကသါ အသိဆုံးပါ။

ရှစ်ပြည်နယ်မူကို မောင်လှိုင်မြင့်အပါအ၀င် မဟာလူမျိုးကြီး သွေးညှီစော်တဲ့ဗမာတွေ လက်ခံသော်ရှိ၊ မလက်ခံသော်ရှိ အခုတော့နောက်ကျသွားပြီး၊ အခုပြည်နယ် ()ခုဘဲ ရာထားတော့တယ်။ ဗမာလူ မျိုးတွေအတွက် ပြည်နယ်မရှိတော့ဘူး။ ဗမားစစ်ဗိုလ်ချုပ်တွေက ၀ နဲ့ တရုတ်ဆီမှာ ရောင်းစား လိုက်ကုန်ပြီး။ နောက်တခေါက်ထပ်ပြောပါမယ် …. ဗမာလူမျိုးတွေအတွက် ပြည်နယ်မရှိတော့ဘူး။ ဗမားစစ်ဗိုလ်ချုပ်တွေက ၀ နဲ့ တရုတ်ဆီမှာ ရောင်းစားလိုက်ကုန်ပြီး။ဗမာတွေ ကိုယ့်ပြည်နယ်နဲ့ နေ
ချင်ရင် ၀နဲ့ တရုတ်တို့ နဲ့ သွားနေတော့။

၃။ တိုင်းရင်းသားအများစုက တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး(ဖက်ဒရယ်ကိစ္စ)တပြိုင်တည်း လုပ်ရမယ် တောင်းဆိုလာတော့ မြန်မာတွေက လက်ရှောင်ထွက်သွားကြပါတယ်....
သွေးထွက်အောင်မှန်တယ် မောင်လှိုင်မြင့်ရေ အဲဒီစကားက။ ဒီမိုကရေစီရေးကို ဖင်ကလိပ်ခေါင်းထွက်အောင်အော်နေတဲ့ဗမာတွေ၊ တကယ်တမ်း မိမိတို့ ရဲ့ ရင်ထဲ၊နှလုံးသားထဲမှာ သာတူညီမျှခြင်းဆိုတဲ့ ဒီမိုကရေစီကို လက်ခံနိုင်ရဲ့ လား။ (၂၃) နှစ်တာဒီမိုကရေစီတော်လှန်ရေးမှာ ဗမာလူမျိုးဒီမိုကရေစီအင်အားစုတွေက တိုင်းရင်းသားအင်အားစုတွေနဲ့ ပေါင်းပြီး ဗမာစစ်အာဏာ ရှင်ကိုတိုက်တာ အခြေအနေအရကြောင့်ပါ။ ဗမာတွေအချင်းချင်း ပြန်ပြီးအဝေတဲ့ တဲ့တနေ့ တိုင်း ရင်းသားတွေကို ပြန်ပြီးဘေးချိတ်သွားမှာသေချာတယ်။ အစည်းအဝေးတခုမှာတွေ့ ဘူးပါတယ်၊ ဗမာတွေအချင်းချင်း ငြင်းကြခုန်ကြနဲ့ ထိုးကြိတ်ကြတဲ့အဆင့်ထိရောက်သွားပြီး တိုင်းရင်းသားတွေ က ပြန်ဖြန်ဖြေပေးရတယ်။ အစည်းအဝေးပြီးတော့ ခုနကထိုးကြိတ်ကြတဲ့သူတွေ အတူတူဘဲ 
ပြန်ပြီးအရက်ထိုင်သေါက်ကြတယ်။

တိုင်းရင်းသားတွေသနားမှ ဗမာတွေက လုပ်ခွင့်ရမယ် ။ 
                                                                          တိုင်းရင်းသားတွေအများစုက ဗမာတွေကို အဲဒီလိုလုပ်လိမ့်မှာမဟုတ်ဘူး။တိုင်းရင်းသားတွေရဲ့ ပင်ကိုစိတ်ရင်းက ဗမာတွေလောက် ကောက် ကျစ်ယုတ်မာခြင်း၊ရက်စက်ခြင်းမရှိပါဘူး။ ဗမာတွေကသါ အကြောက်လွန်ရောဂါစွဲကပ်နေတာပါ။
လောကမှာ အကျိုးနဲ့ အကြောင်းဆိုတာ ဆက်စပ်နေပါတယ်။ တိုင်းရင်းသားတွေက ဗမာတွေကို 
ချဉ်တာ၊ မုန်းတာဟာ အကြောင်းမဲ့တော့မဟုတ်ပါ။ ဗမာလူမျိုးတွေက တိုင်းရင်းသားတွေအပေါ် ဘာတွေပြုမူထားသလဲ၊ ကိုယ်ပြုထားတဲ့ကံ ကိုယ့်ဆီပြန်အကျိုးသက်ရောက်မှာကို မဟာ ဗမာတွေကြောက်တတ်သားဘဲ။



၅။ ရှစ်ပြည်နယ်ရှိပြီး အခြားပြည်နယ်မရှိသေးတဲ့လူမျိုးတွေကို မောင်လှိုင်မြင့် မပူနဲ့ ၊၊ ။ မဟာဝါဒီ
ဗမာတွေ အဲဒီအတွက်မပူနဲ့ ၊ တိုင်းရင်းသားတွေအပေါ်မှာလဲ မယောင်ရာဆီလူး ရောဖြီးပြီး စေတနာ ပိုစရာမလို၊ သဘောထားလာကြီးပြစရာလဲ မလိုပါဘူး၊ ရှစ်ပြည်နယ်မူတောင် မောင်လှိုင်မြင့်အပါ
အ၀င် ဗမာအများစု သဘောမတူတဲ့ဟာကို ဟိုးလူမျိုးစုငယ်တွေအတွက် ပါးစပ်လိုက်ဟတာတော့ သဘာဝမကျလှပါဘူး။ ရှစ်ပြည်နယ်မူဘဲ ဗမာလူမျိုးတွေ လက်ခံနိုင်အောင် တရားတွေနဲ့  အရင်ဖြေသိမ့်လိုက်အုံး။ တိုင်းရင်းသားတွေတော့ အချင်းချင်းနားလည်မှုရှိပြီးသား သူ့ ဘာသာ
သူ အဆင်ပြေသွားမယ်။ အဓိကတော့ မဟာလူမျိုးကြီးဝါဒတွေ အမြစ်ပြုတ်ထွက်သွားဖို့ ဘဲ။

၆။ အာရှဘောစနီးယား။
ဗမာတွေအကြောက်လွန်ပြီး မဆိုင်ရာကိုလိုက်ပြောနေတာပါ။တိုင်းရင်းသားတွေရဲ့  ပင်ကိုယ်စရိုက်က အေးအေးဆေးဆေးနေထိုင်လုပ်ကိုင်စားသောက်ချင်တာပါ။ မဟာဗမာတွေလို စစ်သွေးကြွတဲ့လူမျိုးမဟုတ်ဘူး။နှစ်(၆၀)ကျော်ကြာ ပြည်တွင်းစစ်ရဲ့ တရားခံဟာ မဟာလူမျိုးကြီးဝါဒ ဗမာတွေကြောင့်ပါ။

ဗမာလူမျိုးတွေရဲ့ စရိုက်အမှန်ကို ဗမာလူမျိုးတဦးဖြစ်တဲ့ ဒေါက်တာဇာနည်က လွန်ခဲ့တဲ့နှစ်တုံးက ဗမာလူမျိုးတို့ ၏ကိုယ်တွင်းမကောင်းဆိုးဝါးများ နာမည်နဲ့ ဧရာဝတီဝက်ဆိုဒ်မှာ ရေးခဲ့ဘူးပါတယ်။ အွန်လိုင်းဆောင်းပါးလောကမှာ ပွဲအဆူဆုံးဆောင်းပါးလို့ ဆိုနိုင်ပါတယ်။ အမှန်တရားကို လက်မခံ
တတ်တဲ့ ဗမာတွေ နာတောင်မှ ဖုတ်လိုက်ဖုတ်လိုက်ဘဲ ရှော့ဖြစ်ပြီး လဲကျသေကုန်တယ်
။အဲဒါကတော့ အမှန်ကိုဖေါ်ထုတ်ရေးသားတဲ့ဆောင်းပါး။(ဒါပေမဲ့ ဗမာလူမျိုးဒေါက်တာ ဇာနည်က ရေးသါရေးတယ် သူ့ ရဲ့ ပင်ကိုယ်စိတ်ရင်းက ကိုယ်မမြင်ရဘူး)

အခုဒေါက်တာလှိုင်မြင့်ရေးတာက ဒေါက်တာဇာနည်နဲ့ လုံးလုံးဆန့် ကျင်ဘက်၊ မိုက်ရူးရဲ လူပါးဝတဲ့အတွေးအခေါ်နဲ့ ရေးတယ်။ တိုင်းရင်းသားတိုင်းမှာ ကိုယ်ပိုင်ခံစားချက်ရှိတယ်၊ 
ရင်ထဲမှာ ဒဏ်ရာဒဏ်ချက် ကိုယ်စီ ရှိကြတယ်။ မောင်လှိုင်မြင့်ရဲ့ အရေးအသားကြောင့် တိုင်းရင်းသားတွေအားလုံးကို စော်ကါးရာရောက်တယ်၊ စိန်ခေါ်လိုက်တာလဲဖြစ်တယ်။

လူတဦး၊ လူမျိုးတမျိုးစီမှာ ကိုယ်ပိုင်ဗီဇ၊လက္ခဏာတွေရှိပါတယ်။ ဗမာလူမျိုးတွေရဲ့ ကိုယ်ပိုင်ဗီဇ
ကတော့ ဒီကမ္ဘာပေါ်မှာရှိတဲ့ အခြားလူမျိုးတွေနဲ့ လုံးဝမတူပါဘူး၊ ယနေ့ မြန်မာပြည်ကြီး 
ကျန်းမာရေး၊ပညာရေး၊ လူမှုရေး၊ စီးပွါးရေး စသည်တို့ ကုန်းကောက်စရာမရှိလောက်အောင် ပျက်စီးယိုယွင်းနေတာ ဗမာလူမျိုးတွေရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဗီဇ၊ ၀ိသေသလက္ခဏာတွေကြေင့်ဖြစ်
တယ်။ ဗမာလူမျိုးတွေ ဖျက်ဆီးလို့ အကျင့်စာရိတ္တပျက်ဆီးသွားတာ ပြည်တွင်းနေ တိုင်းရင်းသား လူမျိုးတွေမကတော့ဘူး။

အိမ်နီးခြင်းနိုင်ငံတွေ၊ အာဆီယံအရာရှိတွေ၊ နိုင်ငံတကါခေါင်းဆောင်တွေ
ပါ ဖျက်ဆီးနေတာ။ဥပမာ- ဗမာလူမျိုးမရှိတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ နယ်မြေအေးချမ်း
တယ်၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတယ်။ သူခိုးဓါးပြမရှိဘူး ...အဲ...အဲဒီရွာမှာ ဗမာလူမျိုးတွေ ရောက်လာတာနဲ့ ခိုးမှုတွေ၊ မုဒိမ်းမှုတွေအပါအ၀င် ရာဇ၀တ်မှုတွေ
ထူပြောတော့တာဘဲ။

အိမ်နီးချင်းနိုင်ငံထိုင်း၊မလေးရှားအပါအ၀င် တတိယနိုင်ငံတွေမှာလဲ ဗမာလူမျိုးတွေ များ
လာတာနဲ့ အဲဒီမြို့ ရွာက လူမှုစရိုက်တွေ ပျက်ဆီးကုန်တော့ပါပဲ။ဗမာလူမျိုးတွေ 
အများစုဟာ လိမ္မာယဉ်ကျေးတဲ့ဘာသာတွေကို လက်ခံယုံကြည်တာ နည်းနည်း တော်သေးတယ်
လို့ ပြောရမှာပါ။ အကြမ်းဖက်ဗုံးခွဲသတ်ဖြတ်တာကို အားပေးတဲ့ဘာသာတရားကို လက်ခံယုံကြည်
မိရင်တော့ မတွေးဝံ့စရာဘဲ။ မဟာဗမာလူမျိုးတွေရဲ့ စရိုက်ဟာHIV/AIDS ဗိုင်းရပ်ရောဂါပိုး
ထက် ကြောက်စရာကောင်းပါတယ်။

မဟာဗမာတွေအကြောင်းပြောရင် ကုန်တတ်မယ်မထင်ပါဘူး။ အခုလဲကြည့် အရှက်မရှိ ဗမာဝန်ကြီးချုပ်သိန်းစိန်က ဆိုင်းမဆင့်ဗုံမဆင့် ပြည်ပရောက်သူတွေ ပြန်ချင်ကပြန်လာနိုင်ပြီး 
လို့ ပြောတယ်။ တိုင်းရင်းသားတွေက မဟာဗမာအစိုးရရဲ့ ခွေးပါးစပ်က ထွက်တဲ့စကားကို 
လုံးဝမယုံ။ဒါပေမဲ့ ဗမာတွေကတော့ အထုပ်အပိုးတွေပြင်လို့ အချို့ ဆိုပြည်တွင်း မှာတောင်ရောက်နှင့်နေပြီ။ရည်ရွယ်ချက်က နိုင်ငံရပ်ခြားမှာ ကိုယ်ပိုင်ကါယ၊ ဥာဏလုပ်အား နဲ့ ရိုးရိုးသားသားနဲ့ သမာအာဇီဝကျကျ၊ အသက်မွေးဝမ်းကြောင်းလုပ်ရတာကို မတင်း တိမ်တော့ပြီ။ နိုင်ငံခြားမှာတတ်ထားတဲ့အတန်းပညာနဲ့ နဂိုရှိထားတဲ့ ဗီဇဟောင်းတွေပေါင်းပြီး
ပြည်တွင်းကမသိနားမလည်တဲ့ပြည်သူတွေကို ပြန်ပြီးဂွင်ရိုက်ဖို့ လိမ်စားဖို့ ပြင်နေပါတယ်။

ပြည်တွင်းကို တကယ်ပြန်နိုင်နိုင်တဲ့အခြေအနေတခုရှိတဲ့တနေ့  ဗမာအများစုက ပြည်တွင်း
ကိုပြန်ဝင်ပြီး ယခင်သူတို့ ခိုလှုံခဲ့ဘူးတဲ့ တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွေ၊ အိမ်နီး
ချင်းနိုင်ငံတွေ၊ တတိယနိုင်ငံတွေကို သူတို့ လက်ခလယ်တချောင်းနဲ့ ပြန်ထောင်ပြပြီး
ဝှေ့ ရမ်းနှုတ်ဆက်မှာကိုလဲ မျက်စိထဲမှာ မြင်ယောင်နေမိတယ်။(မောင်လှိုင်မြင့် အပါအ၀င်)

အဲ...မြန်မာပြည်လဲ တနေ့ နိုင်ငံရေးစနစ်လဲခိုင်သွားပြီး လူတွေလဒ်စားတာ၊ခိုးတာဝှက်တာ လုပ်လို့ မရတော့ဘူးဆိုရင် ကောက်ကျစ်တဲ့ဗီဇရှိတဲ့ဗမာတွေ ဘယ်ကမ္ဘာမြေပေါ်မှာမှ နေလို့ 
မရတော့ဘဲ၊ မိမိတို့ ရဲ့ လည်ပင်းမှာ ကျောက်တုံးနဲ့ ချည်ပြီး ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရမဲ့ကိန်း ဆိုက်ရောက်နေပါတယ်။

ဗမာသရုပ်မှန်အကြောင်းပြောတာ နာတဲ့ဗမာတွေ ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ပေတော့။

မှတ်ချက်။ ။ ဗမာလူမျိုးတယောက် ဒီလောက်ထိ အရှက်တရားကင်းမဲ့ပြီး ရဲတင်းတဲ့အရေးအသားတွေ ရေးလာမှတော့ ပြန်တီးပေးလိုက်တဲ့အနေအထားနဲ့ ပါ။
ဒီလိုအရေးအသားမျိုး ဆက်ရေးရင် ဆက်တီးဖို့ လဲ ပြင်ဆင်ထားပါတယ်။ အလိုလိုနေရင်း မြှားပြစ်ချက်မှန်သွားတဲ့ အခြားဗမာတွေကိုတော့ အားနာပါရဲ့ ။

မန်းဒဲ့ဒိုး

ဆက်စပ် အကြောင်းအရာ..

ဖက်ဒရယ်ပြည်ထောင်စု--http://www.demowaiyan.co.cc/2011/09/blog-post_5384.html?showComment=1315541183356#c4094671647484695743


ဗမာတွေရဲ့ ကိုယ်တွင်းမကောင်းဆိုးဝါးများ---http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2106-2009-11-10-09-18-34

Monday 5 September 2011

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား


                                 ပဒိုမန်းငြိမ်းမောင်ရဲ့  ကိုယ်တိုင်ဖြတ်သန်းလာခဲ့တဲ့ ဖြစ်ရပ်ပါ...


အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား(နိဂုံးပိုင်း)

ရဲဘော်ရှောင်း

     အင်းစိန်ထောင်နဲ့ ကိုကိုးကျွန်းတွေမှာ သုံးနှစ်ကျော်အပြင်လောကနဲ့ ခွဲခွါခဲရပြီး အခုပထမဆုံး ရထားပေါ်မှာ တွေ့ ရတဲ့ခရီးသည်တွေကို ကြည့်ရတာ အားလုံးဟာ ကျက်သရေရှိတဲ့ မျက်နှာတွေလို့ ကျနော်ခံစားရတယ်။ ရထားတွဲကခရီးသည်တွေက ကျနော်ကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လေ့လာနေကြတယ်။ ကျနော်တို့ ထိုင်နေတဲ့ခုံ မျက်နှာချင်းဆိုင်မှာ အစ်ကိုကြီးတယောက်နဲ့ အစ်မကြီးတယောက်၊ အစ်မကြီးက တကိုယ်လုံးမှာ ရွှေတွေ
ညွတ်နေအောင် ၀တ်ထားတယ်။ ကျနော့်ကိုဂရုဏာသက်နေတာ သူ့ မျက်နှာတွေ က ဖေါ်ပြနေပါတယ်။မိန်းမသားတို့ ရဲ့ မွန်မြတ်တဲ့ မိခင်စိတ်ဟာ မြတ်နိုးကြည်ညိုဖွယ်ရာဘဲဖြစ်တယ်။ အစ်ကိုကြီးက ကျောက်ပေါက်ရာသက်သက် မျက်နှာမှာရှိပြီး၊ သက်လတ်ပိုင်းအရွယ်ရှိတယ်။ 

ကျနော့်ကိုစိတ်ဝင်စားတယ်၊ အဲဒီခေတ်ကါလက မှောင်ခိုတွေခေတ်ထတဲ့အချိန်ဆိုတော့ ရထားတတွဲ
လုံးဟာ အမျိုးသမီးတွေက အများစုဘဲ။ အမေအရွယ်၊အမအရွယ်၊ ကျနော်နဲ့ ရွယ်တူအရွယ်တွေ နဲ့ ညီမအရွယ်တွေ၊ သူတို့ ဟာတလမ်းလုံး စားကြသောက်ကြနဲ့ ၊ငွေရွှင်နေတာမှန်းသိသါတယ်။ 
ကျနော့်ကိုလဲ စားပါအုံး၊ သောက်ပါအုံး ဆိုပြီးတော့၊ လက်ဟန် ခြေဟန်၊ မျက်စိမျက်ကဲနဲ့ ၊ဖိတ်မန္တက
ဧည့် ၀တ်ပြုရှာကြပါတယ်။ ကျနော်ကတော့ ပြုံးရုံသာပြုံးပြီး ခေါင်းညိမ့်ပြပါတယ်။ 

သုံးနှစ်ကျော်ထောင်တွင်းမှာ နေခဲ့ရတဲ့ကါလအတွင်းမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့အပြုအမူ၊ ပတ်ဝန်းကျင်နဲ့ သာ တွေ့ ကြုံဆက်ဆံခဲ့ရပြီး၊ လူသားတွေရဲ့ လူ့ အကြင်နာ၊ လူ့ မေတ္တာ၊ ဂရုဏါတရားတွေနဲ့ လွှမ်းခြုံနေတဲ့ ပတ်ဝန်းကျင်အရိပ်ကလေးမှာ ကျနော်တခဏရောက် ရှိနေခိုက်မှာ အေးချမ်းမှုကိုခံစားနေရပါတယ်။

ကျနော့်အ၀တ်အစားတွေက ကျွန်းမှာတုံးကထုတ်ပေးထားတဲ့ လွှာချည်ခေါင်အဖြူခံ အပြာစင်းကို အုန်းခွံနဲ့ ပြန်ပြီးပတ်ဆိုးထားတဲ့အတွက် ညိုမွဲမွဲဖြစ်နေတယ်။ ကျနော်ရောက်နေတဲ့ လူသား ပတ်ဝန်းကျင်နဲ့ ကျနော်နဲ့ က အသွင်အပြင်ချင်းကလည်းမတူ အဆင်အယင်ချင်းကလည်းမတူ လွန်စွာဘဲခြားနားနေပါတယ်။

ခရီးသည်တွေက ကျနော့်ကိုကျွေးချင်မွေးချင်ပါတယ်။ တလမ်းလုံးရထားဆိုက်တဲ့ သထုံ၊ ဘီးလင်း၊
မုပ္ပလင်၊ စစ်တောင်းဘူတာတွေမှာ စားဖွယ်သေါက်ဖွယ်ရာတွေဝယ်ပြီး၊ အစောင့်တွေဆီက
ခွင့်တောင်းပြီး ကျနော့်ကိုကျွေးမွေးကြတယ်။ လူသားချင်းစာနာထောက်ထားတတ်တဲ့
မေတ္တာ၊ ဂရှုဏာလွှမ်းတဲ့ ပတ်ဝန်းကျင်ကလေးမှာ ခဏတာ ဖြတ်သန်းထိတွေ့ ခဲ့ရ ဆက်ဆံခဲ့ရတဲ့ ဘ၀ခဏတာလေးဟာ ခုဆိုရင် နှစ်ပေါင်းသုံးဆယ်ကျော်တောင် ကျော်လာခဲ့ပါပြီ။ ခုထိကျနော်မေ့ 
လို့  မရနိုင်သေးပါဘူး။

အထူးသဖြင့် ကျနော်နဲ့ ရထားထိုင်ခုံရဲ့ မျက်နှာချင်းဆိုင်မှာ တနေ့ တာဆုံတွေ့ ဆက်ဆံခဲ့ရတဲ့ အမကြီးနဲ့ အကိုကြီးကို ခုထိကျနော်မမေ့သေးပါဘူး။ ကျနော့်ကို တလမ်းလုံးပြုစုကျွေးမွေးပြီး၊ သူတို့ ရဲ့ မေတ္တာဂရုဏာကို ဖေါ်ပြသွားတာ ကျနော်တသက် မေ့လို့ မရနိုင်သေးပါဘူး။အခွင့်အခါ
ကြုံရင် အတုံ့  အလှည့်အနေနဲ့ ကျနော်ကျေးဇူးဆပ် ကန်တော့ချင်ပါသေးတယ်။

ညနေစောင်းမှာ ရထားက ရန်ကုန်ဘူတာကြီးကိုဆိုက်ပါတယ်။ တလမ်းလုံးတယောက်နဲ့ 
တယောက် စကားမပြောခဲ့ရတဲ့၊ ဘ၀တူခရီးသည်ချင်း အခုရထားဆိုက်လို့  နောက်ဆုံး
လူချင်းခွဲခွါနီးမှာ အစ်မကြီးက``သွားတော့မယ်နော်.."ဆိုတဲ့ မိခင်တို့ ရဲ့ သားငယ်ကို နှုတ်ဆက်တဲ့ ဂရုဏာလွှမ်းတဲ့အသံနဲ့ ၊တခွန်းတည်းသောနှုတ်ဆက်စကားကိုပြောပြီး၊ ရထားပေါ်ကဆင်း
သွားပါတယ်။ အစ်ကိုကြီးကလည်း ``သွားမယ်ညီလေး" ဆိုပြီးနှုတ်ဆက်သွားပါတယ်။

ခရီးသည်တွေအားလုံး ရထားပေါ်ကဆင်းပြီး ရန်ကုန်ဘူတာကြီးမှာ ခရီးသည်တွေအားလုံးနီးပါး ရှင်းလောက်မှ၊ သူတို့ ကျနော့်ကိုခေါ်ပြီးဆင်းပါတယ်။ စိတ်ထဲက လေးလေးလံလံနဲ့ ဘဲ ပါးကွက်အာဏာသားတွေနောက်ကို ခြေကျင်းခတ်ထားတဲ့ သံကြိုးစကိုကိုင်ပြီး ကျနော်လိုက်ပါ
သွားပါတယ်။

ပေါင်မုန့် ကါး(မိုက်ခရိုဘတ်စ်)နဲ့ ခေါ်လာပြီး ကားက အတော်လေးကြာအောင်မောင်းပြီးတော့၊ အင်းစိန်ထောင်ရဲ့  ထောင်ဗူးဝရှေ့ မှာ ၊ကားရပ်သွားပါတယ်။ ထောင်ဗူးဝမှာ ကျနော့်ကို ကါးပေါ်ကနေခေါ်ချပြီး၊ မြေပေါ်ကိုရောက်တာနဲ့ ထောင်ဗူးဝအပေါ်ကိုမော့ကြည့်လိုက်တော့ အဲဒီခေတ် အဲဒီအခါက အချက်အချာကျတဲ့နေရာတိုင်းမှာ တွေ့ ရတတဲ့(မဆလ)ရဲ့ ``ကျွန်ုပ်တို့ ယုံကြည်ချက်" ဆိုင်းဘုတ်ကြီးကို အပြာခံမှာ စာလုံးအဖြူနဲ့ ရေထားတဲ့ ``ဤလောကတွင် လူလူချင်းခေါင်းပုံဖြတ်၍ မတရားအမြတ်ရှာစားသော စီးပွါးရေးစနစ်ဆိုးများ တည်ရှိနေသမျှ ကါလပါတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေနိုင်လိမ့်မည်ဟုမယုံကြည်" ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ရိပ်ခနဲ 
ဖတ်လိုက်ရတယ်။

ထောင်ဗူးဝထဲကိုဝင်လိုက်ပြီးတော့ ကျနော့်ကို စောင်နဲ့ ခေါင်းကိုအုပ်ပြီး ခေါ်သွားပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မှာ အဖမ်းခံရပြီးတော့ အောက်တိုဘာလထဲမှာ
ပထမအကြိမ် အင်းစိန်ထောင်ကိုဝင်ခဲ့တယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖေါ်ဝါရီလထဲမှာ အင်းစိန်ထောင်
ကနေ ကိုကိုးကျွန်းကို ပို့ ခံခဲ့ရတယ်။အခု ဒုတိယအကြိမ် ပြန်ဝင်လာခဲ့ရရပြန်ပါတယ်။
…................................
တနေရာအရောက်မှာ စောင်စဆွဲပြီးခေါ်လာတဲ့ဝါဒါက ရပ်ပြီး ခေါင်းမှာအုပ်ထားတဲ့စောင်ကို ခွါလိုက်ပါတယ်။တာဝန်ကျထောင်မှူးကိုတွေ့ လိုက်ရတယ်။ ထောင်မှုးက ``ကျွန်းကနေထွက်ပြေးတာ ငါကဘယ်သူလဲလို့ အောင့်မေ့တယ် မင်းကိုး...``ဆိုပြီး ကျနော့်ကို နှုတ်ဆက်ပါတယ်။တဆက်တည်း သူကပြောလိုက်တယ်။ `` ဟေ့ကောင်တွေ သူ့ ချေကျင်းကိုဖြတ်လိုက်၊ မုန့် တွေ ဆေးလိပ်တွေကို မသိမ်းပါနဲ့ ``
တာဝန်ကျထောင်မှူးက ဦးသိန်းညွှန့် ၊ ကွန်းကိုမပို့ ခင် အင်းစိန်ထောင်အဆောင်()ကထောင်မှူး။ ()ဆောင်မှာ ကျနော်တို့ နေခဲ့ရတယ်။သူ့ လူတွေကို ညွှန်ကြားပြီးထွက်သွားပါတယ်။

           တိုက်အမှတ် ၅၊ အခန်း၂.....
တိုက်ခန်းရဲ့ သံတံခါးကို ၀ါဒါက``ဂျောင်း``ခနဲဆွဲဖွင့်ပြီး၊ ကျနော့်ကိုဝင်ခိုင်းတဲ့အချိန် ဟာ နေအတော်စောင်းနေပါပြီး။ ကျနော့်အပေါ်အင်္ကျီကိုချွတ်ပြီး သံတံခါးအကွယ်လေး ရဲ့ တိုက်ခန်းနံရံဘေးမှာ ဖုံတွေလှဲကျင်းလိုက်တယ်။ ပြီးတော့ အင်္ကျီကိုခေါက် ခေါင်းအုံးလုပ်ပြီး၊ လှဲလျောင်းအနားယူ မိန်းနေလိုက်တယ်။စိတ်ထဲကလဲ ရေရွတ်မိလိုက်တယ်။

``ဒီတိုက်ထဲမှာ တ၀ါ၊နှစ်ဝါလောက်တော့...၀ါဆိုရအုံးမယ်ထင်တယ်..``
တအောင့်လောက်ကြာမှ အရင်နေကြသွားတဲ့သူတွေက အုတ်နံရံမှာရေးခြစ်သွားတဲ့စာတွေကို လိုက်ကြည့်မိတယ်။ အုတ်နံရံမှာ တွေ့ လိုက်ရတဲ့နာမည်တွေက...မန်းအောင်ကြည်...မန်းဒါဝိတ်၊ သခင်ရန်ရွှေ။ ရခိုင်သေါတုဇန အရှင်ညာဏိန္ဒ....စိတ်ထဲမှာတော့. .``ဖထီးမန်းအောင်ကြည်...မန်းဒါဝိတ်..ခင်ဗျားတို့ နဲ့ ရေစက်မကုန်သေးပါလား..``လို့ .. 
ရေရွတ်လိုက်မိပါတယ်။ ဖထီးမန်းအောင်ကြည်နဲ့ ဆရာဦးအောင်ငွေတို့ ကို ပိုပြီးသတိရလာပါတယ်။
အနွှဲကြီး နွှဲလာပြီးမှ အကွဲကြီးကွဲခဲ့ရတဲ့ ကျနော်တို့ ရဲ့ အဖြစ်ကို ပြန်တွေးလိုက်ပြီးတော့၊ ရင်ထဲကဖေါ်ပြလို့ မရအောင် ခံစားရပါတယ်။

``ဒူးယားသူကြီး ဦးအောင်ရင်ကြောင့်.....ဒူးယားသူကြီးဦးအောင်ရင်ကြောင့်...`` ဆိုတဲ့ဒေါသနဲ့ အာဃာတမီးတွေဟာလဲ တဖွားဖွားတောက်လောင်လာပါတယ်။

ကျွန်းကနေထွက်ပြေးသွားတယ်၊ တပါတ်လည်ပြီးမှ ထောင်ထဲကိုပြန်ဝင်ရတဲ့ ကိုယ့်အဖြစ်
ကိုယ်ပြန်တွေးပြီး အတော့ကိုရင်ထုမနာ ဖြစ်ပါတယ်။``ရထားပေါ်မှာတုန်းက ငါခုန်ချ လိုက်ရင်ကောင်းကောင်းလွတ်တယ်..ငါမခုန်ချခဲ့လို့ ဒီလိုဖြစ်ရတာ..``ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။ တခါ...ဆန့် ကျင်ဘက်အတွေးကလဲ ၀င်လာပြန်တယ်။

``ဒီလိုလဲဘယ်ဟုတ်မလဲလေ...ငါဟာ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာဘဲ၊ တကယ်လို့ ငါခုန်ချခဲ့တာ လွတ်သွားတယ်ဘဲထားအုံးတော့ နောင်တချိန်မှာ ငါ့အတွက်သမိုင်းမကောင်းတာဖြစ်နေမယ်၊ ငါဟာ တကိုယ်ကောင်းဆန်တယ်၊ ကိုယ်လွတ်ရုန်းတယ်၊ ဒီလောက်ခက်ခက်ခဲခဲ အတူရုန်းကန်လာခဲ့ပြီးတော့
မှ ရဲဘော်ရဲဘက်စိတ်မရှိဘဲ တကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းသွားတယ် မြင်ကြပြော
ကြတော့မယ်``

``အခု ဒီဆုံးဖြတ်ချက် ဒီလုပ်ရပ်သါလျှင်မှန်ပါတယ်၊ ဆရာဦးအောင်ငွေကို ကယ်လို့ ငါမလွတ်တာ ဘာဖြစ်သေးလဲ၊ ငါသေသွားလဲ တာဝန်ကျေတယ်။ သမိုင်းကောင်းတယ်၊ ငါ့ရဲ့ ရဲဘော်ရဲဘက်စိတ်ကို အကောင်းဆုံးဖေါ်ပြသွားတာဘဲ ဒီဆုံးဖြတ်ချက်သာလျှင် အမှန်ကန်ဆုံးဖြစ်ပါတယ်..``

ကျနော်မလွတ်ရကောင်းလားဆိုတဲ့ ကိုယ့်အဖြစ်ကို ကြိတ်မနိုင်ခဲမရအပေါ်မှာ စိတ်တွေက 
အစွန်းနှစ်ဘက်ကို ဟိုရောက်ဒီရောက်ဖြစ်နေ လွန်ဆွဲနေတယ်။ရထားပေါ်ကအဖြစ်အပျက်
ဟာ ကျနော်ကကျောင်းသားဆိုတော့ ကျနော့်ကိုစောင့်တဲ့စစ်သားက လျှော့တွက်တယ်။
သူ့ သေနတ်ကို သူ့ နဲ့ ကျနော်နဲ့ ကြားမှာ ထောင်ထားတယ်။ကျနော့်အတွက် အခွင့်အလမ်းက သိပ်သာတယ်။ ကျနော်ဒီသေနတ်ကိုကောက်ယူပြီး ခုန်ချလိုက်တာနဲ့ ကောင်းကောင်း လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့  ...ကျနော်ဒီလိုလုပ်လိုက်ရင် ဦးအောင်ငွေရဲ့ ကံကြမ္မာဟာ
မတွေးရဲစရာ သိပ်ဆိုးသွားမယ်။

ကျနော်ဆုံးဖြတ်လိုက်တာက သေနတ်ကိုယူပြီး တွဲအပြင်ခုန်ထွက်မယ်။ အစောင့်တွေကို ပစ်ချမယ်၊ ပြီးတော့မှ ဦးအောင်ငွေကိုပါ အရကယ်မယ်၊ နှစ်ယောက်သား လွတ်ရင်လဲအတူတူ သေရင်လဲ အတူတူဆိုပြီး..ဒီဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တယ်။

ကိုယ့်ကိုယ်ကို အားပေးနှစ်သိပ်လိုက်ပါတယ်..``လွန်ခဲ့ပါပြီ..ပြီးခဲ့ပါပြီ..``ရှေ့ ကိုကြုံလာမယ့်အခြေအနေ
ကိုသာ အကောင်းဆုံးရင်ဆိုင်နိုင်အောင် ပြင်ဆင်ရမယ်..``စိတ်ကိုလဲ တင်းလိုက်ပါတယ်။

              ၁၉၇၀ ခုနှစ်..အောက်တိုဘာလကနေ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်.....
အဲဒီနေ့ က သင်္ကြန်အကြိုနေ့ မှာ လွတ်လာခဲ့တယ်။လွတ်တဲ့နေ့ မှာ ကျွန်းမှာအတူနေခဲ့ရတဲ့ ရဲဘော်တွေနဲ့ ဗြုန်းခနဲပြန်တွေ့ ရတယ်။ အဲဒီရဲဘော်တွေပြန်တွေ့ မှဘဲ ကျွန်းကရဲဘော်တွေ ပြန်ခေါ် တာသိရတယ်။ အဲဒီနေ့ က ကျွန်းရဲဘော် ၁၃ ယောက်၊ လူထုစိန်ဝင်း၊ မြင်းခြံကိုအောင်ငြိမ်း (ယခုဗမာပြည်ကွန်မြူနစ်ပါတီ)၊ ကိုအောင်ဘော်(ရကသအတွင်းရေးမှူး ကိုဥာဏ်ဝင်း၊ ကိုဥာဏ်ဝင်းညီ ကိုခင်မောင်ဝင်း၊ ကိုအောင်ဘော်...ဒီကျွန်းပြန်သုံးဦးဟာ ၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမတွင် ကေအင်န်ယူ လက်ချက်နဲ့ ကျဆုံး)၊ မင်းလှကိုထွန်းကြည်(ကွယ်လွန်သွားပြီးဖြစ်တဲ့ ဦးအောင်မေသုရဲဘော်)၊ ကိုအောင်ထီ(ရခိုင်စစ်မျက်နှာတွင်ကျဆုံး)၊ စောယုစိန်၊ ကိုကံမြင့်(ရမ်းဗြဲ)၊ ကိုမြတ်အောင်၊ 
ကိုအောင်သိန်း၊ ကျန်တဲ့ရဲဘော်တွေ မမှတ်မိတော့ပါ။

ကိုမြတ်အောင်က ကျွန်းအခြေအနေကိုရှင်းပြတယ်။ ကျွန်းမှာ...ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ ဖြစ်ခဲ့
တယ်။ (၅၂)ကြာတယ်၊ ရဲဘော် ()ယောက်ကျဆုံးခဲ့တယ်။ ကျွန်းကိုဖျက်ပြီး ပြည်မကိုပြန်ခေါ်ခဲ့ရ
တယ်။ ကိုမြအောင်က ကျွန်းမှာထုတ်ပေးတဲ့ ထောင်ပုံစံ အင်္ကျီအဖြူစတစကို ကျနော်ကိုပေးတယ်။ ``ဒါ...ကျဆုံးသွားတဲ့ ကိုလေးမောင်ရဲ့ အင်္ကျီစဘဲ``
``ကျွန်းရဲဘော်တွေကို သုံးသုတ်ခွဲပြီးမှလွတ်တယ်။ ကျနော်တို့ ဟာ နောက်ဆုံးအသုတ်ဖြစ်တယ်..``

ထောင်ထဲမှာ နေခဲ့ရတဲ့ ကါလတလျှောက်လုံးမှာ သူကြီးဦးအောင်ရင်ကို ပြောခဲ့တဲ့စကားတခွန်းကို ကျနော်အမြဲသတိရနေတယ်။
``သူကြီး...ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား...မသေရင် တနေ့ ...ခင်ဗျားဆီအရောက်ပြန် လာမယ်``ဆိုတဲ့စကား။

ကျနော်အင်းစိန်ထောင်မှာ ပြန်လွန်လာတဲ့အချိန်ဟာ သင်္ကြန်ကာလ၊ ကျနော်ရွာကိုပြန်သွားပါတယ်။ ရွာကထွက်လာတာ (၁၅)နှစ် ကျော်သွားပါပြီး။ အခုရွာပြန်ရောက်တော့ ဆွေမျိုးတွေက ၀မ်းနည်းဝမ်းသာ.။ ကျတော်အကိုကြီးရဲ့ မိန်းမ၊ မုဆိုးမဟာ လေဖြတ်ထားပြီးတော့ ကျန်းမာရေးမကောင်းဘူး၊ ကျနော့်အကို
ကြီးဟာ ကျနော်တို့ ငယ်ငယ်တုံးက ရွာမှာ သူကြီးရွေးခံရတယ်။ သူကြီးဟောင်းက လူတေ လူရှုပ်သူကြီး၊ ကျနော်တို့ အကိုကြီးကို အငြိုးထားတယ်။ သူ့ လူမိုက်တွေနဲ့ ကျနော်တို့ အကိုကြီးကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ အဲဒီတုန်းက ကျနော်တို့ တမျိုးလုံး တဆွေလုံး ပူဆွေးသေါက ရောက်ခဲ့ကြရတယ်။မိဘတွေ ဦးတွေက ကျနော်တို့ ကို ဆုံးမခဲ့ကြတယ်...``ရန်ကိုရန်ချင်း မတုံ့ နှင်းနဲ့ ၊ ချစ်စကိုရှည်စေ...မုန်းစကိုတိုစေ၊ ဒီဃာဝုဇာတ်တော်ထဲက ဒီဃာဝုမင်းသားထုံးကိ နှလုံးမူပါ`` ဆိုပြီးဆုံးမခဲ့တယ်။

အရွယ်ရောက်လာတော့ ဒီဃာဝုဇာတ်တော်ကို လေ့လာဖတ်ကြည့်တယ်။ထောင်ထဲမှာတုန်း
က တလျှောက်လုံးထားခဲ့တဲ့ ဒူးယားသူကြီးဦးအောင်ရင်အပေါ် အာဃာတစိတ်၊ ဂလဲ့စားစိတ်၊ အငြိုးစိတ်တွေဟာ ပြောင်းလဲသွားခဲ့ပါပြီး...သေတွင်းသေ၀ကို ပို့ ခဲ့တဲ့သူကြီး ဦးအောင်ရင် ကိုလဲ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်လိုက်ပါတယ်။ ကျနော်စိတ်ထဲမှာ တချိန်လုံး ပူလောင်နေတဲ့ စိတ်တွေဟာ အေးချမ်းသွားပါတယ်။

ထောင်ထဲမှာ အတော်ဆိုးဆိုးရွားရွား ထိခိုက်လာခဲ့တဲ့ကျန်းမာရေးကို မွေးရပ်မြေမှာ တနှစ်လောက် အနားယူကုသခဲ့ပြီးတဲ့နောက် ကျန်းမာရေးအတော်လေးပြန်ကောင်းလာပါတယ်။ရှေ့ ခရီးကို
ဆက်ရအုံးမယ်။ သမိုင်းကိုဖြတ်သန်းရအုံးမယ်။ ၁၉၇၄ ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ ကို ရောက်ရှိလာပါတယ်။ တော်လှန်ရေးထဲမှာ ထုသားပေသားရအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပြုစု ပျိုးထောင်ရအုံးမယ်။
…....................

             ၁၉၇၆ ခုနှစ်၊ မေလ...မာနယ်ပလော၊ ကေအင်န်ယူဌာနချုပ်.....
တိုင်းရင်းသားတော်လှန်ရေးအင်အားစု အဖွဲ့ အစည်း(၁၃)ဖွဲ့ တက်ရောက်တဲ့၊ နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကနေတဆင့် မေလ(၁၀)ရက်နေ့ မှာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)ကို ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ နှီးနှောဖလှယ်ပွဲမှာ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ဒုဥက္ကဌကြီးနိုင်နွလာ(ကွယ်လွန်)၊ နိုင်ဟံသာ(ယခုလက်ရှိမွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး)၊ မွန်အမျိုးသားခေါင်းဆောင်ကြီးတွေကို ကျနော့်အဖြစ်အပျက်၊ ကျနော့်ခံစားချက်တွေကို ပြောပြခဲ့
ပါတယ်။
``ဒူးယားသူကြီးဦးအောင်ရင် မဆင်မခြင်လုပ်ခဲ့တဲ့အတွက် ကျနော်တို့  အန္တရာယ်တွေနဲ့ ကြုံခဲ့
ရပြီး အင်မတန်နစ်နာခဲ့ပါတယ်...ဒီအမှားတွေကိုပြန်ပြောပြပြီး သူကြီးဟာ သူ့ ရဲ့ အမှားကြွေးတွေ
ကို မွန်ပြည်သစ်ပါတီနဲ့ မွန်တော်လှန်ရေးကို ပိုပြီးအလုပ်အကျွေးပြုပါ..``

လူသည်..အမှားအယွင်းရှိတတ်ပါသည်။မှားမှန်းသိတဲ့အချိန်မှာ ဒီအမှားအပေါ် ဘယ်လိုသဘော
ထားသလဲ..၊ ဒီဟာသလျှင် အဓိကဖြစ်ပါသည်။လူသည် ပြုနိုင်ခဲ့သောအရာကို ပြုကျင့်ခြင်း
သည်သာလျှင် အမွန်မြတ်ဆုံးဖြစ်ပေသည်။

စကားချပ်................
ဒီဃာဝုမင်းသား၏ မယ်တော်နှင့်ခမည်းတော်အား ဖမ်းဆီးသတ်ဖြတ်ပြီး ထီးနန်းစည်းစိမ်နှင့် 
တိုင်းပြည်အား တိုက်ခိုက်သိမ်းပိုက်ခဲ့သော ရန်သူမင်းအား ဂလဲ့စားချေခွင့်ကြုံသော်လည်း ခွင့်လွှတ်သီးခံခဲ့သောကြောင့်၊ မယ်တော် ခမည်းတော်၏တိုင်းပြည်အား ၊ ပြန်လည်ရရှိခြင်း။ 
ရန်သူမင်းက တိုင်းပြည်နှင့်သမီးတော်ကိုပါ အပ်နှင်းခဲ့၍ တိုင်းကားနှစ်ပြည်ကို ရရှိတော်မူခဲ့သည်။

ရဲဘော်ရှောင်း
7/7/2003.

တတိယအကြိမ်မြောက် ထုတ်ဝေသည့် အားမာန်သစ် စာစောင်(ဘန်ကောက်) မှ ပြန်လည်ကူးယူဖေါ်ပြသည်။
karentimes.

Saturday 3 September 2011

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား


အတီးမန်းငြိမ်းမောင် ရေးသားခဲ့တဲ့ ဆောင်းပါးကောင်း တပုဒ်ကို မဖတ်ရသေးသူများ အတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ်။
Karentimes….3/9/2011.

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား

ရဲဘော်ရှောင်း

                ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ၂ ရက်နေ့ ….ဖြတ်ခဲ့ ရတဲ့ခရီးကကြမ်းသလောက် ဆုံးရှုံးမှုကလဲများပါတယ်။ မျှော်မှန်းထားတဲ့ခရီးမဆုံးခင်မှာ နှောက်ယှက်ဟန့် တားမှုကို ကြုံလိုက်ရတဲ့အတွက် အားလုံးကစဉ့် ကလျားဖြစ် သွားခဲ့ရတယ်။ယုံကြည်အားကိုးတဲ့
လူက သစ္စာဖေါက်တာခံလိုက်ရတဲ့အတွက် ရန်သူ့ လက်ထဲကိုကျသွားခဲ့ရပါတယ်။ 
ကျနော်တယောက်တည်းဆိုရင် ဖြေသိမ့်နိုင်ပေမဲ့ ခုတော့ဆရာဦးအောင်ငွေကိုပါ ဖမ်းပြီးတော့ 
ရန်သူ့ လက်ထဲကို ကွက်အပ်လိုက်ပါတယ်။

အဲဒီညတုန်းက သူကြီးကိုအဆက်အသွယ်ယူနေတဲ့အချိန် ကျနော်တို့ ()ဦးဟာ ဒူးယားရွာကြီးရဲ့ 
ရွာအစွန် မွန်အဒေါ်ကြီးရဲ့ အိမ်ကလေးမှာစောင့်နေကြတယ်။ အဲဒီနေ့ ဟာ တော်သလင်းလကွယ်နေ့ 
 (စက်တင်ဘာ ၃၀ ရက်၊လကွယ်ညဆိုတော့ မှောင်လိုက်တာ၊မိုးကပါဖွဲဖွဲရွာနေပြန်တော့ ပိုပြီးတော့မှောင် လွန်းလှပါတယ်)
 
သူကြီးကိုစောင့်နေတာ သူကြီးကပေါ်မလာဘဲ မှောင်ထဲမှာဓါတ်မီးလေးငါးလက် တပြိုင်တည်းလင်းလာပြီး ကျနော်တို့ စောင့်နေတဲ့ခြံထဲကို ဓါတ်မီးတွေထိုးပြီး စစ်သားတွေဗြုံးခနဲ ၀င်လာပါတော့သည်။ ဖထီးမန်းအောင်ကြည်နဲ့  ဆရာဦးအောင်ငွေတို့ နှစ်ယောက်က အိမ်ခြံဝိုင်းရဲ့ အနောက်ဖက်နဲ့ ကပ်လျှက် လယ်ကွင်းစပ်ကလေးမှာ ရှိနေကြ တာဆိုတော့ သူတို့ နှစ်ယောက်လွှတ်သွားကြတယ်။

ကျနော်က ခြံဝင်းရဲ့ အ၀င်ဝ ခြံစည်းရိုးအကွယ်လေးမှာ ရှိနေတဲ့လူဆိုတော့ ပြေးမလွှတ်ဘဲဖမ်းခံ
လိုက်ရတယ်။ ကျနော်ကိုမိရင်မိပါစေ ဒီလူကြီးနှစ်ယောက်လွှတ်သွားတာ ကျနော်ဖြေသိမ့်လို့ ရပါ တယ်။ခုတော့ကျနော်ထင်သလိုမဟုတ်ဘဲ ဆရာဦးအောင်ငွေပါ ကျနော်ရောက်နေတဲ့ ရေးမြို့ က ပုလိပ်အချုပ်ခန်းထဲကို မမျှော်လင့်ဘဲရောက်လာပါတယ်။

ဦးအောင်ငွေကို တွေ့ လိုက်ရတာနဲ့ ကျနော်စိတ်တွေဟာ လေးလံပြီး အတော့ကိုစိတ်ထိခိုက်သွား
ပါတယ်။ ဦးအောင်ငွေရဲ့ အဖြစ်အပျက်ကို မေးကြည့်တော့….အဲဒီညတုန်းက စစ်တပ်ကလာ
ဝိုင်းတော့ ဖထီးမန်းအောင်ကြည်နဲ့  သူဟာ လူချင်းကွဲသွားကြတယ်။မနက်မိုးလင်းတော့ ရွာ
သားတွေက သူ့ ကို သူကြီးဆီသွားပို့ ပေးကြတယ်။ဦးအောင်ငွေက သူကြီးကိုပြောပြတယ်… သူကြီး…ခင်ဗျာဆီကို လေ့လာစုံစမ်းပြီးမှလာခဲ့တာပါ သူကြီးဟာ ကူညီနိုင်တဲ့လူဆိုတာ 
ကျနော်တို့ သိလို့  သူကြီးကိုအားကိုးပြီး လာခဲ့တာပါ၊ဒါကြောင့်မို့ ကျနော့်ကို မွန်ပြည်သစ်ပါတီဆီ အရောက်ပို့ ပေးပါ”
ဆရာအောင်ငွေက ဆက်ပြီးပြောပြတယ်။
ကျနော်တို့ ဟာ တော်လှန်ရေးသမားတွေဘဲ တော်လှန်ရေးအဖွဲ့ အစည်းတွေဆီကို အရောက်
သွားရမယ် သူကြီးအကူအညီပေးပါ” ဆရာဦးအောင်ငွေက ရှင်းလင်းပြပေမဲ့ သူကြီးက ဦးအောင်ငွေ အရာက်သွားချင်တဲ့ မွန်ပြည်သစ်ပါတီဆီကိုတော့ ပို့ မပေးခဲ့ပါဘူး။ 

သူကြီးပို့ ပေးလိုက်တာကတော့ ရေးမြို့ မှာရှိတဲ့ ခလရ(၃၁)စခန်းကို ပို့  ပေးလိုက်တာပါ။ 
ဆရာဦးအောင်ငွေက သူ့ အဖြစ်အပျက်ကို ပြောပြအပြီးမှာ ကျနော်ဝမ်းလည်းနည်း၊ ဒေါသလည်း
အတော့ကို ထွက်မိပါတယ်။အစဉ်ဓမင်းဆိပ်မှာ ကျနော်တို့ လှေဆိုက်တဲ့ညနေတုံးက
ပင်လယ်ကမ်းခြေတဲကလေးမှာ ကျနော်တို့ ခဏခိုနား ခဲ့ရတဲ့ မွန်အဖိုးနဲ့ အဖွါး ပြောပြ ချက်အရရော မြင်မြင်ချင်းဒုက္ခရောက်နေတဲ့သူကို ကူညီတတ်တဲ့အသားဖြူဖြူနဲ့ မွန်အမျိုး
သားကြီး ဦးမောင်သိမ်းပြောပြချက်အရရော ဒူးယားသူကြီးဦးအောင်ရင်ဟာ မွန်ပြည်သစ်ပါတီ ကတင်ထားတဲ့သူကြီး၊ သူ့  ကိုဆက်သွယ်ပြီးအကူအညီတောင်းရင် မွန်ပြည်သစ်ပါတီရှိတဲ့နေရာ
ကို ချောချောမောမောနဲ့ ရောက်သွားနိုင်တယ်။

ဒူးယားသူကြီးဦးအောင်ရင်ကို ယုံစားမိခဲ့တာ အမှားကြီးမှားခဲ့ပါပြီ။ ဒူးယားသူကြီးကို တနုံ့ နုံ့ နဲ့ ဒေါသ ထွက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ အသက်လေးဆယ်ကျော်လောက် လူကြီး
တယောက် ကျနော်တို့ ရှိတဲ့အချုပ်ခန်းရဲ့ အ နားကို ရောက်လာတယ်။ဦးအောင်ငွေပြောပြလို့ 
ဒူးယားသူကြီး ဦးအောင်ရင်တဲ့….

အချုပ်ခန်းကိုကါထားတဲ့ သစ်သားတန်းနားကို ကျနော်ကပ်သွားလိုက်တယ်၊ ဒူးယားသူကြီး
ဦးအောင်ရင်နဲ့  ကျနော်နဲ့ ကြားထဲမှာ အချုပ်ခန်းကို ကါထားတဲ့သစ်သားတန်းဘဲခြားပါတယ်။ သူကြီးဦးအောင်ရင်က ကျနော့် ကိုပြုံးပြီးနှုတ်ဆက်လိုက်ပါတယ်။ သူကြီးဦးအောင်ရင်အပြုံးက ကျနော့်ရင်ဝကို ဓါးနဲ့ ဆောင့်ထိုးသလိုဘဲ ကျနော် ခံစားလိုက်ရတယ်။ ကျနော်ဒေါသတွေလဲ တလိမ့်လိမ့်တက်လာပါတော့တယ်။ ကျနော်ကတော့…သူကြီး…ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား….ကျနော်မသေသေး
ရင်..တနေ့ ..သူကြီးဆီကို ကျနော်အရောက်ပြန်လာခဲ့မယ်” 

ဒေါသအခိုးအငွေ့ တွေနဲ့ တင်းမာနေတဲ့ကျနော့်မျက်နှာ….တနေ့ မှာစာရင်းအပြတ်ရှင်း မယ်ဆိုတဲ့ မာကျောတဲ့ကျနော့အသံ…။ချက်ချင်းဘဲ သူကြီးဟာ မျက်စိမျက်နှာပျက်ပြီး လှည့်ထွက်သွားပါတယ်။
ဆရာဦးအောင်ငွေက ကျနော့်လက်ကို လာကိုင်ပြီး ကျနော်တို့ နေရာလေးကို ခေါ်သွားပြီး ထိုင်ခိုင်းပါတယ်။ကျနော့်ရင်ထဲက ပေါက်ကွဲထွက်လာတဲ့အသံက….တိုက်ပွဲဟာ အဆုံးအရှုံးတွေ များတဲ့ကြားထဲက သူကြီးကတခါလာပြီး စော်ကားလိုက်သေးတယ်” “ဦးအောင်ငွေ တိုက်ပွဲဟာ
မပြီးသေးဘူး အခြေအနေပေးရင် ဆက်တိုက်ရအုံးမယ်”ဆရာဦးအောင်ငွေမျက်နှာကို ကျနော်ကြည့် လိုက်တော့ ဦးအောင်ငွေက ခေါင်းတဆက်ဆက်ငြိမ့်ပြီး အဖြေပေးရင်း ပါးစပ်ကလဲ ဆက်တိုက်ရမယ်…ဆက်တိုက်ရမယ်”..

အောက်တိုဘာ ()ရက်နေ…………မနက်စောစောမှာဘဲ ကျနော်တို့ ကိုချုပ်ထားတဲ့ ရေးအချုပ်
ကနေ စစ်သားနှစ်ယောက်လာထုတ်သွားတယ်။ကျနော်တို့ ကိုမေးစမ်းကြည့်တော့ တယောက် ကကျောင်းဆရာ၊ တယောက်ကကျောင်းသား၊ သူတို့ သိပ်အထင်မကြီးတဲ့အမျိုးအစားထဲကလို့  ယူဆပုံရတယ်။ ကျနော်တို့ ကို ကြိုးမတုတ်ဘဲ ရေးကနေ သံဖြူဇရပ်ကို ရထားနဲ့ ခေါ်လာတယ်။
ကျနော်တို့ ကိုအထင်မကြီးတာ လျှော့တွက်တာတွေ ကျနော်တို့ ခဏလေးရလိုက်တဲ့အခွင့် အရေးလေးကို ကောင်းကောင်းအသုံးချလိုက်ပါတယ်။“ဆက်တိုက်ရမယ်”…ဆိုတဲ့ဆုံးဖြတ်ချက်ကို လက်တွေ့ အကောင်အထည် ဖေါ်လိုက်ပါတယ်။ဆရာဦးအောင်ငွေ ဂျီသရီးသေနတ်တလက်ရပြီး လွတ်မြောက်သွားပါတယ်။ကျနော်ကတော့ မလွတ်တဲ့လူဆိုတော့ စစ်သားတွေရဲ့ လက်ချက်နဲ့ 
သတိလစ်ပြီး မသေရုံတမယ်ခံလိုက်ရတယ်။

အောက်တိုဘာလ(၁၀) ရက်နေ့ ……..ဗိုလ်ကြည်ဝင်း၊ ခလရ(၃၁)တပ်ရင်း၊ထောက်လှမ်းရေး
ဗိုလ်ကြီး၊ကျောင်းသားဘ၀တုံးက တောင်ငူမြို့ အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး
အိမ်မှာလာနေပြီး ကျောင်းတက်ခဲ့တယ်၊ ကျောင်းအုပ်ဆရာမကြီးရဲ့ သားက ကိုသက်ဝင်း၊ ကိုကြည်ဝင်းနဲ့ ကိုသက်ဝင်းဟာ ရင်းနှီးတဲ့သူငယ်ချင်း၊ ကိုသက်ဝင်းက တကသခေါင်းဆောင်၊ အဖိနှိပ်ခံပြည်သူတို့ ဖက်က ရပ်ပြီးတိုက်ပွဲဝင်နေတယ်။ ကျနော်တို့ နဲ့ ကိုကိုးကျွန်းမှာအတူတူ၊ သူ့ သူငယ်ချင်းကိုကြည်ဝင်းက ဖိနှိပ်တဲ့မဆလပါတီ အာဏာရှင်ကို အလုပ်အကြွေးပြုနေ တဲ့ ကြေးစားစစ်ဗိုလ်တယောက်၊ တိုက်ဆိုင်မှု၊ ထူးဆန်းမှုက ဗိုလ်ကြည်ဝင်းဟာ မုံးဇာတိ၊ ဆရာဦးအောင်ငွေရဲ့  တူတယောက်ဖြစ်နေတယ်။ ဦးအောင်ငွေနဲ့ ခဏတာပြန်တွေ့ ရတုံးက ဦးအောင်ငွေပြောပြလို့ သိရ တယ်။ ရေးအချုပ်မှာရှိနေစဉ် ဦးအောင်ငွေမရောက်ခင်မှာ ကျနော့်ကို ဗိုလ်ကြည်ဝင်း ခဏလာစစ်သွားတယ်။ဒါကို ဦးအောင်ငွေကို ပြောပြတော့.. “အဲဒါ သူ့ တူ” တဲ့…။

မနက်()နာရီလောက်မှာ သံဖြူဇရပ် ခလရ(၃၁)တပ်ရင်း အချုပ်ကနေ ကျနော့်ကိုထုတ်တယ်၊ လက်ထိပ်ခတ်လိုက်တယ်၊ ပြီးတော့ စစ်ကားပေါ်တက်ခိုင်းတယ်။ ကျနော့်ကိုခတ်ထားတဲ့လက်ထိပ်
ကို သံကြိုးတခုနဲ့ တွဲပြီး သံကြိုးစကို ကါးနဲ့ တခါ ပြန်ချည်ထားတယ်။ ဗိုလ်ကြည်ဝင်းက ကါးခေါင်း ရဲ့ ရှေ့ ခန်းထဲက၊ကါးနောက်မှာ တပ်ကြပ်ကြီးတယောက်ဦးစီးပြီး တပ်သား()ယောက်၊ ဂျီသရီးသေနပ်
ကို လှံစွပ်တပ်ပြီး အသင့်အနေအထားနဲ့ ကါးပေါ်ထိုင် လိုက်လာပါတယ်။ တပ်ကြပ်ကြီးကတော့ သူ့ ကါဘိုင်သေနပ်လွယ်ကြိုးကို ဘယ်ဘက်လက်မှာ တပါတ်လိမ်ပါတ်ပြီးမှ သတိဝိရိယရှိရှိနဲ့ သူ့ 
တပ်စိပ်ကို ကွပ်ကဲလာတယ်။ ကျနော့်ကိုခေါ်လာတဲ့တပ်စပ်ဟာ “သတိဆိုတာ အပိုမရှိ”ဆိုတဲ့ဆောင်
ပုဒ်ကို အတိအကျလိုက်နာနေတယ်တယ်ဆိုတာကို သူတို့ ရဲ့ ပြုမူလှုပ်ရှားမှုတွေက ဖေါ်ပြနေပါတယ်။

ကျနော့်စိတ်ထဲမှာတော့ ပြုံးလိုက်ပါတယ်။ လက်ထိပ်လဲခတ်ထားတယ် ဘယ်လိုလုပ်ပြီးမင်းတို့ သေနတ်ကို လုလို့ ရမှာလဲကွာ”.။ စိတ်ထဲက ကိုယ့်ဟာကိုယ် ပြောနေမိတယ်။ဒါပေမဲ့ သူတို့ ဟာ အပိုအလုပ်တွေလုပ်နေတာမဟုတ်ပါ။ ရထားပေါ်မှာတုံးက သူတို့ ဟာ သတိလိုခဲ့လို့  သူတို့ ခံလိုက်ရတာမဟုတ်လား။သူတို့ သင်ခန်းစာ ကောင်းကောင်းရခဲ့ပြီဆိုတော့ သူတို့ ဟာ အပိုအလုပ်တွေကို လျှောက်လုပ်နေကြတာမဟုတ်ပါဘူး။
………………….
လမ်းမှာ ကျနော့်ခေါင်းကို အလုပ်ပေးလာရတယ်။ ထုတ်ပြီးသတ်ဖို့ ခေါ်လာတာလား…၊ထောင်ကိုပို့ ဖို့ 
ခေါ်လာတာလား…ဘာဘဲဖြစ်နေဖြစ်နေ အခြေအနေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ကိုတော့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ပင်လယ်ပြင်ကိုဖြတ်နေတဲ့တချိန်လုံး ဖထီးမန်းအောင်ကြည် မကြာမကြာပြောဖူးတဲ့ စကား တခွန်းရှိတယ်..ရန်သူပြန်ဖမ်းမိလို့ သတ်မယ်ဆိုရင်..ပြန်ကော့ပေးလိုက်”။..ဒီစကားတခွန်းဟာ အခက်အခဲကြားထဲမှ ကျနော့်အတွက် ခွန်အားတခုဖြစ်နေတယ်။ ကျနော်ဘာလုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကို ရှင်းရှင်း လင်းလင်းသိနေတယ်။ 

တနာရီကျော်လောက်ကြတော့ မော်လမြိုင်မြို့ ထဲကို ရောက်လာပါတယ်။ ထောင်ဗူးဝရှေ့ မှာ ကါးကိုရပ်လိုက်တယ်။ ထောင်အာဏါပိုင်တွေနဲ့ အပြောင်းအလွှဲလုပ်ပြီး မော်လမြိုင်ထောင်ထဲကို သွင်းလိုက်ပါတယ်။ကြိုးတိုက်ကလေး အခန်းနံပါတ်()ကိုရောက်သွာပါတယ်။ထောင်ထဲကိုရောက်
သွားတာ တိုက်ပိတ်ခံလိုက်ရတယ်ဆိုတာ ထောင်ထဲကိုရောက်ဖူးသူတွေသာ နားလည်ပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့ က တော်လှန်ရေးသမားတွေ ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်။ အခက်ခဲဆုံး အခြေအနေမှာ အကောင်းဆုံးရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။ဒါလဲ ထောင်ကိုရောက်ဖူးတဲ့
သူတိုင်းသါ သိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအားပေးလိုက်တယ်၊ အားတင်းလိုက်တယ်။ ကြိုးတိုက်ခန်းရဲ့ ဖြူကျင့်ကျင့်အုပ်နံရံမှာ တွေ့ တဲ့သံချောင်းကလေးနဲ့ ကောက်ပြီးရေးလိုက်ပါတယ်။
ချေခွေဘားရားရဲ့  သြ၀ါဒဖြစ်တဲ့ ....
 တော်လှန်ရေးသမားတိုင်း တော်လှန်ရေးဆက်လုပ်ကြ”-
                                            “တာနက်စတိုချေဂွေဘားရား “ 
 
၁၀၊၁၀၊၁၉၇၀ အောက်တိုဘာ ()ရက်နေ့ တုန်းက ရထားပေါ်မှအဖြစ်အပျက်မှာ
ကျနော့်နောက်စေ့ ကို ရိုက်ခံရပြီးတော့ ခေါင်းကဒဏ်ရာမပျောက်သေးပါဘူး။ အားလည်းနည်းခေါင်းလည်းမူးနေသေးတယ်။ ဖထီးဦးအောင်ကြည်၊ ဆရာမန်းအောင်ငွေ..သူတို့ လွတ်မြောက်ကြရဲ့ လား၊ ဒီအကြောင်းတွေ ပြန်တွေးလိုက်ရင်တော့ ကျနော့်စိတ်တွေဟာ လေးလံထိုင်းမှိုင်းပြီးတော့ ကျနော့်ရင်မှာ တင်းကြပ်မွန်းသိပ် စို့ နင့်လို့ လာပါတယ်။ ခံလာခဲ့ရသမျှတွေဟာ ဒူးယားသူကြီးဦးအောင်ရင်ကြောင့် အကုန်လုံးသဲရေကျရတော့တာပါဘဲ။ ၀မ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ ယူကြုံးမရဖြစ်ခဲ့ရခြင်း စတဲ့ ဒေါမနသဝေဒနာပေါင်းစုံတွေက
ကျနော့်စိတ်ကို ဖိစီးနှိပ်စက်နေပါတော့တယ်။
ရက်ပိုင်းအတွင်းမှာဘဲ ဘ၀အလှည့်အပြောင်းတွေ တခုပြီးတခု မြန်ဆန်လွန်းတဲ့အတွက်ကြောင့်
ပြန်ပြီးတွေးလိုက်တိုင်း ရင်မှာမောဟိုက်လာပါတယ်။
………………………..
၁၆၊၀၉၊၁၉၇၀။ ကိုကိုးကကျွန်းကနေ စွန့် ခွါပြီးထွက်ပြေးခဲ့တယ်။ ရဲဘော်ရဲဘက်သံယော ဇဉ်၊တော်လှန်ရေးသံယောဇဉ်အလွန်ကြီးခဲ့တဲ့ ရဲဘော်ရဲဘက်တွေ၊ခေါင်းဆောင်တွေ၊ မိတ်ဆွေတွေနဲ့  ခွဲခွါခဲ့ရတယ်။ အင်မတန်ကြမ်းတမ်းပြင်းထန်တဲ့ ပင်လယ်ပြင်ကို(၁၀)ရက်ကျော်ဖြတ်ကျော်ခဲ့ရတယ်။ ကမ်းခြေရောက်ပြီးခါမှ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ခါနီး ရန်သူ့ လက်ကိုကျသွားတယ်။နောက် ဆုံးတော့ထောင်ထဲကို ရောက်သွားတယ်။ တိုက်လိုက်ရှုံးလိုက် နောက်ဆုံးတော့ လုံးဝအောင်ပွဲခံရမယ် ဆိုတာ ကျနော်တို့ ရဲ့ ယုံကြည်ချက်၊ ရောက်တဲ့ဘ၀မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလိုက်တယ်။

အမှုတွဲနဂိုမူလက ရန်ကုန်ဘောင်ထရီ ထောက်လှမ်းရေးကဖမ်းတယ်၊ အခုရောက်နေတာ က မော်လမြိုင်ထောင်၊ လွန်ခဲ့တဲ့တရက် နှစ်ရက်က ရတခ တိုင်းထောက်လှမ်းရေးကလာစစ်တယ်။ တကယ်လို့ ဒီအမှုတွဲကို တိုင်းကဆက်ကိုင်ရင် မော်လမြိုင်ထောင်ထဲမှာဘဲဆက်နေရမယ်။ နဂိုမူလ အမှုတွဲအတိုင်းဆက်ကိုင်ရင် ရန်ကုန် အင်းစိန်ထောင်ကို ပြန်ပြောင်းရမယ်။ တကယ်လို့ သာ အင်းစိန်ထောင်ကို ပြောင်းရမယ်ဆိုရင် ကျနော်စဉ်းစားပါ တယ်…ကျနော့်အတွက် ဘာတွေများ အခွင့်အလမ်းရှိလဲ…ကျနော့်ခေါင်းထဲမှာ လင်းလက်တဲ့အတွေး က၀င်လာပါတယ်။ ကျနော့်စိတ်တွေ လည်း ပေါ့ပါးသွားပါတယ်။ 
 
ကျနော့်စိတ်ထဲက ရေရွတ်လိုက်တယ်။ “ပြင်ရမယ်..ပြင်ဆင်ရမယ်…ပြင်ဆင်မှုတွေလုပ်ရမယ်” ။ ပင်လယ်ထဲမှာ ထမင်း(၁၀)ရက်ကျော်ငတ်လာခဲ့တယ်၊ အခု နေသားကျလာတော့ ထမင်းကသိပ်ဆာ တယ်၊ ဝေပေးတဲ့ ပုံစံထမင်းတပန်းကန်၊ ပဲဟင်းရည်ကြို နို့ ဆီခွက်နဲ့ တခွက်စာမစို့ မပို့ ၊လက်မလောက် ငါးပိမကျက်တကျက်က မ၀ရေစာဖြစ်နေတယ်။ ထမင်း ဝေတဲ့တိုက်တန်းစီးကို စည်းရုံးလိုက် တယ်။နောက်တရက်မှာ ပုံစံပန်းကန်ပြားထဲမှာ ထမင်းမို့ မောက်ပြီးတက်လာပါတယ်။တလကျော်လောက်
မှာ ကျန်းမာရေးလဲ ကောင်းလာပါပြီ၊ ကျနော့်စိတ်ကူးကို စတင်အကောင်အထည်ဖေါ်ပါတယ်။ 
 လေထီးစစ်သားတွေရဲ့ လေ့ကျင့်ခန်းကိုစပြီးလေ့ကျင့်တယ်၊ဘယ်ရီခေါက်တယ် 
(၀မ်းဗိုက်ခေါက်တယ်)၊ လက်ကိုခေါင်းပေါ်တင် ဘယ်ခြေညာခြေတပြန်စီ ရှေ့ ထုတ်ခုန်တယ်၊
ဒူးကို စပရိန်လို ညွတ်ချခုန်တယ်၊ ခြေစုံရပ်ပြီးအမြင့်ခုန်တယ်၊ ပြန်အကျမှာ ကိုယ်ကို ကြမ်းပြင်လှိမ့်ချတယ်၊ ဒိုက်ထိုးတယ်၊ သက်လုံကောင်းအောင်၊ ကြံ့  ခိုင်မှုရှိအောင်လေ့ကျင့်တယ်။
ကျနော့်ကြိုတင်တွက်ချက်မှုက ငါ့ကိုတကယ်လို့ မော်လမြိုင်ထောင်ကနေ အင်းစိန်ထောင်ကိုပြန်ခေါ်မယ်ဆိုရင် ရထားနဲ့ ပြန်ခေါ်ဖို့ များတယ်။ ရထားနဲ့ တကယ်ခေါ်ဖြစ်ရင် ..လက်ထိပ်ဘဲခတ်မယ်ဆိုရင်..ရထားပေါ်ကနေခုန်ချမယ်၊ ခုန်ချဖို့ အကောင်းဆုံးနေရာကတော့ သထုံနဲ့ ဘီးလင်းကြားဟာ ခုန်ချဖို့ အကောင်းဆုံးနေရာဘဲလို့ သတ်မှတ်လိုက်တယ်။ ဒီနေရာတွေဟာ ကရင့်တော်လှန်ရေးရဲ့ သြဇာသက်ရောက်မှုက ကါးလမ်း၊ ရထားလမ်းအထိရှိတယ်။ လွတ်မြောက်နိုင် တဲ့အခွင့်အလန်းရှိတယ်။ စွန့် စားရမယ်၊ စွန့် စားဖို့ ဝန်မလေးပါဘူး။
……………..
………ခုနှစ်၊မတ်လနှောင်းပိုင်း(ရက်မမှတ်မိတော့)……..
သွားပြီး ပန်းဘဲအလုပ်ရုံဘက်ကိုခေါ်သွားတယ်။ပြီးတော့သံခြေကျင်းခတ်လိုက်တယ်၊ မနက်လေးနာရီခွဲလောက် မှာ လာပြီးခေါ်ထုတ်သွားတယ်။ထောင်ဗူးဝရောက်တော့ လက်ထိပ်ခတ်လိုက်တယ်၊ အရပ်ဝတ်နဲ့ လူသုံးယောက်တွေ့  ရတယ်၊အင်းစိတ်ထောင်က အထူးအရာရှိ ဗိုလ်သိန်းတိုးလက်ထောက် ဗိုလ်တင်ကွန့် ၊နောက်တယောက်က ဗိုလ်သိန်းတိုးရဲ့  ဘတ်စမင်း(Bestman)(သူ့ နာမည် အောင်ပုလို့ ထင်တယ်)နောက်တယောက်က ဈေးတိုက်ထောင်မှူး (နာမည်မေ့နေ)။ ဗိုလ်တင်ကွန့် က မျက်နှာထားခပ်တင်းတင်းနဲ့ ကျနော့်ကိုမေးတယ် နာမည်၊ အဖေနာမည်၊ဇာတိမေးတယ်။ ပြီးတော့အသံက ပြတ်ပြတ်နဲ့ …“ရထားပေါ်မှာ ဒို့ ကိုစကားမပြောနဲ့ ..ဘေးခရီးသည်တွေကိုလဲ စကားမပြောနဲ့ ..မင်းကောင်းကောင်း သတိထား…”။

ထောင်ဗူးဝကထွက်လာတယ်၊ ဝေလီဝေလင်းအချိန်လောက်မှာ မော်လမြိုင်- မုတ္တမ ကူးတို့ သင်္ဘော(ဇက်)နဲ့  ကူးတယ်။ မုတ္တမဘက်ကမ်းရောက်ပြီးမကြာခင်မှာ မော်လမြိုင်-ရန်ကုန် အမြန်ရထားပေါ်တက်တယ်။ ကျနော့်ကို ထိုင်ခိုင်းတဲ့ခုံရဲ့ ဘေးခုံမှာ ထောင်ဝါဒါဝင်ထိုင်တယ်၊ ကျနော့်လက်တဖက်နဲ့ သူ့ လက်တဖက်ကိုတွဲပြီး လက်ထိပ် ခတ်လိုက်ပါတယ်။
ရန်သူက အကွက်စေ့သားဘဲ၊ ကျနော့်ကို သူတို့ လျှော့မတွက်ဘူး၊ ကျနော်ကြိုတင်စဉ်းစား
ထားမှု၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားမှုတွေ ကျနော်စဉ်းစားခဲ့တဲ့ အခွင့်အလမ်းတွေက တခုမှပေးအပ်မှု မရှိတော့ပါဘူး။

..........................................
နိဂုံးပိုင်း စောင့်မျှော်ဖတ်ရှုရန်............
karentimes.... 03-08-2011.

တတိယအကြိမ်မြောက် အားမာန်သစ်စာစောင်(ဘန်ကောက်မြို့ အခြေစိုက်)မှ ပြန်လည်ဖေါ်ပြသည်။